အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကလေးများအတွက် အိမ်မွေးတိရစ္ဆာန်များမှပေးသော အကျိုးကျေးဇူးများ

သုတေသနတွေအရ လူနဲ့ တိရစ္ဆာန်များကြား အပြန်အလှန် ဆက်နွယ်မှုဟာ ကလေးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေး ကိစ္စတွေမှာ အကျိုးရှိစေတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အော်တစ်ဇင်နဲ့ စာဖတ်ခြင်းပြဿနာရှိသူ ကလေးငယ်များဟာ တိရိစ္ဆာန်များနဲ့ ထိတွေ့ ဆက်ဆံခြင်းကနေ ဖွံ့ဖြိုးတိုးတက်မှု ရှိစေတယ်လို့ ဆိုပါတယ်။ ကျန်းမာရေး ကောင်းတဲ့ ကလေးတွေတောင်မှ ခွေးများ၊ ကြောင်များ မွေးခြင်းဟာ အကျိုးရှိစေတယ်လို့ သိရပါတယ်။ သင့်ကလေးတွေအတွက် အိမ်မွေးတိရစ္ဆာန်များမှပေးသော အကျိုးကျေးဇူးများ က အောက်ပါအတိုင်း ဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်များမှပေးသော အကျိုးကျေးဇူးများ အိမ်မွေးတိရစ္ဆာန်များမှပေးသော အကျိုးကျေးဇူးများ ကတော့ အိမ်မွေးတိရစ္ဆာန်မွေးခြင်းဟာ သင့်ကလေး စာဖတ်နိုင်စေဖို့ အထောက်အကူပြုသလား ကလေးတွေကို ခွေးတွေအတွက် စာဖတ်ပြခိုင်းတာ တွေ့ဖူးပါသလား။ ဒါက ကလေးတွေရှေ့မှာ ခွေးလေးတွေကို ပရိသတ်အနေနဲ့ ရှိစေပြီး စာဖတ်ခြင်းမှာ ပျော်မွေ့လာစေဖို့ စိတ်ကူးစိတ်သန်း ဖြစ်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Pseudohypoparathyroidism (ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pseudohypoparathyroidism (ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း) ကဘာလဲ။ ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်းဆိုတာ ခန္ဓါကိုယ်မှ ပါရာသိုင်းရွိုက်ဟော်မုန်းကို တုန့်ပြန်နိုင်စွမ်း ကျဆင်းသော မျိုးရိုးလိုက်တတ်သည့် ရောဂါတစ်မျိုးဖြစ်သည်။   လက္ခဏာများPseudohypoparathyroidism (ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသော ရောဂါလက္ခဏာများမှာ ကယ်လ်ဆီယမ်ချို့ယွင်းခြင်းနှင့်ဆိုင်သော မျက်စိအတွင်းတိမ်ဖြစ်ခြင်း သွားရောဂါများ ထုံကြဉ်ခြင်း တက်ခြင်း အကြောကပ်ခြင်း (ကြွက်သားလှုပ်ခြင်း၊ ခြေလက်ကပ်ခြင်းတို့ ပါဝင်သည်။) တို့ဖြစ်သည်။ ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း၊ အရိုးဖွဲ့စည်းပုံမမှန်ခြင်း၏ လက္ခဏာများမှာ အရေပြားအောက်တွင် ကယ်လ်ဆီယမ်များ တင်ကျန်နေခြင်း ရောဂါဖြစ်သော လက်ချောင်း၏အဆစ်နေရာတွင် ချိုင့်ဝင်သွားခြင်း မျက်နှာဝိုင်း၍ လည်ပင်းတိုခြင်း လက်ချောင်းများ အထူးသဖြင့် လက်သူကြွယ် အရိုးတိုခြင်း အရပ်ပုခြင်းတို့ဖြစ်သည်။ အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါ ရောဂါလက္ခဏာများရှိပါက၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုန်.ပြန်မှုများသည် မတူညီနိုင်သောကြောင့် သင့် ရောဂါလက္ခဏာအတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။ အကြောင်းရင်းများPseudohypoparathyroidism (ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ပါရာသိုင်းရွိုက်ဂလင်းသည် ပါရာသိုင်းရွိုက်ဟော်မုန်းကို ထုတ်ပေးသည်။ ပါရာသိုင်းရွိုက်ဟော်မုန်းသည် သွေးထဲနှင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

low potassium (ပိုတက်စီယမ်နည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်low potassium (ပိုတက်စီယမ်နည်းခြင်း) ကဘာလဲ။ သွေးထဲရှိပိုတက်စီယမ်ပမာဏ နဂိုရှိသင့်သည်ထက် နည်းနေခြင်းကို ပိုတက်စီယမ်နည်းခြင်း(ဟိုက်ပိုကယ်လီးမီးယား) လို့ခေါ်ပါတယ်။ ပိုတက်စီယမ်က ကိုယ်ခန္ဓါအတွင်းရှိ ဆဲလ်များတစ်လုံးကနေတစ်လုံး လျှပ်စစ်အချက်ပြမှုတွေ ပို့ဆောင်ပေးတဲ့နေရာမှာ ကူညီပေးပါတယ်။ ထိုစွမ်းရည်ဟာ အာရုံကြောဆဲလ်တွေနဲ့ ကြွက်သားဆဲလ်တွေ အထူးသဖြင့် နှလုံးကြွက်သားဆဲလ်တွေ ပုံမှန်အလုပ်လုပ်ဖို့အတွက် အရေးကြီးပါတယ်။ ပုံမှန်သွေးတွင်းပိုတက်စီယမ်ပမာဏကတော့ 3.6 ကနေ 5.2 millimoles per liter (mmol/L) ပါ။ ပိုတက်စီယမ်အရမ်းနည်းခြင်း ( 2.5 mmol/L အောက်) ဟာ အသက်အန္တရာယ်ရှိပြီး အရေးပေါ်ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ low potassium (ပိုတက်စီယမ်နည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများlow potassium (ပိုတက်စီယမ်နည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အာရုံကြောနှင့် ကြွက်သားဆဲလ်များ စွမ်းအင်ထုတ်လွင့်ခြင်း (Depolarization) နှင့် စွမ်းအင်ပြန်လည်ပြည့်ဖြိုးခြင်း (Repolarization) တို့အပေါ်မှာ ပိုတက်စီယမ်က […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Temporal Arteritis (နားထင်သွေးလွှတ်ကြောရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Temporal Arteritis (နားထင်သွေးလွှတ်ကြောရောင်ခြင်း) ကဘာလဲ။ နားထင်သွေးလွှေတ်ကြောများ ရောင်ခြင်းပျက်စီးခြင်းဖြစ်ပါတယ်။ ဦေးခါင်းနဲ့ဦးနှောက်ကို ထောက်ပံ့ပေးတဲ့သွေးကြောတွေ ဖြစ်ပါတယ်။ နားထင်သွေးလွှတ်ကြောတွေမှာ အဓိကဖြစ်တတ်ပေမယ့် အခြားသွေးလွှတ်ကြောအရွယ်အစားအလယ်အလတ်ကနေ အကြီးအထိ အကုန်လုံးနီးပါးမှာ ဖြစ်နိုင်ပါတယ်။ နားထင်သွေးလွျှွှ်ကြောရောင်ခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ဦးခေါင်းခွံအရေပြား ဦေးရတင်းခြင်း၊ မေးရိုးနာကျင်ခြင်းနဲ့ အမြင်အာရုံပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်နိုင်ပါတယ်။ မကုသဘဲထားမယ်ဆိုရင် လေဖြတ်ခြင်း၊ မျက်စိကန်းခြင်းအမြင်အာရုံဆုံးရှုံးခြင်းတွေ ဖြစ်နိုင်ပါတယ။ သွေးကြောရောင်ခြင်းလက္ခဏာတွေကို သက်သာဖို့နဲ့ အမြင်အာရုံဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ဖို့ ကော်တီကိုစတီးရွိုက်ဆေးတွေနဲ့ ချက်ချင်ကုသမှုပေးနိုင်ဖို့ အရေးကြီးပါတယ်။ ကုသမှုစပြီး ရက်အနည်းငယ်တွင်းမှာ ပြန်သက်သာလာနုငိပါတယ်။ ကုသမှုပေးလျက်နဲ့တောင်မှ ပြန်ဖောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ နားထင်သွေးလွှတ်ကြောရြောင်နေပြီလို့ သံသယရှိနေမယ်ဆိုရင် ဆရာဝန်မနဲ့တတ်နိင်သမျှမြန်မြန်ပြသသင့်ပါတယ်။ အလွန်ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာတွေ ဖြ်စန်ုငပေမယ့်လည်း ချက်ချင်းကုသမှုပေးခြင်းက နောက်ဆက်တွဲတွေဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။ Temporal Arteritis (နားထင်သွေးလွှတ်ကြောရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Serotonin syndrome (ဆီရိုတိုနင် ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Serotonin syndrome (ဆီရိုတိုနင် ရောဂါစု) ကဘာလဲ။ ဦးနှောက်ဆဲလ်တွေနဲ့ အခြားအာရုံကြောအဖွဲ့အစည်းဆဲလ်တွေကို အချင်းချင်းဆက်သွယ်ရာမှာ ခန္ဓါကိုယ်ကထုတ်ပေးတဲ့ကယ်မီကယ်တစ်ခုဖြစ်ပါတယ်။ ဆီရိုတိုနင်ဦးနှောက်ထဲမှာအရမ်းနည်းခြင်းက စိတ်ဓါတ်ကျခြင်းမမှာအဓိကကျပါတယ်။ အရမ်းများခြင်းက နာဗ်ဆဲလတွေအရမ်းတက်ကြွစေပြီး ဆီရိုတိုနင်ရောဂါစုလို့ခေါ်တဲ့ သေစေန်ုငလောက်တဲ့လက္ခဏာအစုအဝေးကြီးကိုဖြစ်စေပါတယ်။ Serotonin syndrome (ဆီရိုတိုနင် ရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်ထပ်မံသိရှိလိုပါက ဆရာဝန်နှင့်ဆွေးနွေးပါ။ လက္ခဏာများSerotonin syndrome (ဆီရိုတိုနင် ရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆီရိုတိုနင် ရောဂါစု ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဆီရိုတိုနင် ရောဂါစု ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့- မရေမရာဖြစ်ခြင်း ဂဏှာမငြိမ်ခြင်း ခေါင်းကိုက်ခြင်း သွေးပေါင်ချိန်ကိုယ်ပူချိန်အပြောင်းအလဲရှိခြင်း မူးဝေခြင်း ပျို့အြန်ခင်း ဝမ်ေးလျှာခြင်း နှလုံးခုန်နှုန်းမြန်ခြင်း တုန်ြခ်ငး ကြွက်သားများပေါင်းစည်းလုပ်ဆောင်နိုင်စွမ်းမရှိတော့ခြင်း၊ ကြွက်သားများတွနြေ့ဲခင်း ချမ်းတုန်ခြင်း၊ ကြက်သီးထခြင်း ချွေးထွက်များခြင်း ပိုပြီးပြင်းထန်တဲ့အခြအနေတွေမှာ အသက်အန္တရယ.်ပေးနိုင်ပါတယ်။ ဒီလက္ခဏာတွေထဲက တစ်ခုခုခံစားနေရမယ်ဆိုရင် ချက်ချင်းဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ အဖျားကြီးခြင်း တက်ခြင်း နှလုံးခုန်မမှန်ခြင်း သတိလစ်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင်ဆေးအသစ်သောက်တဲ့အခါမျိုးမှာ ဒါမှမဟုတ်သောက်နေကျဆေးကိုပမာဏတိုးလိုက်တဲ့အခါမျိုးမျာ ဆီရိုတိုနင်ရောဂါစုရှိနေပြီလို့ သံသယရှိနေပြီဆိုရင် ဆရာဝန်နဲ့ချက်ချင်းပြသပါ ဒါမှမဟုတ်အရေးပေါ်ခန်းကိုချက်ချင်းသွားပါ။ ဆိုးဆိုးရွားရွားလက္ခဏာတွေ ပြင်းထန်လာရင်ဒါမှမဟုတ် ရုတ်တရက်ပိုဆိုးလာတယ်ဆိုရင် ချက်ချင်းကုသမှုခံယူသင့်ပါတယ်။ အကြောင်းရင်းများSerotonin […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ှReye's syndrome (ရိုင်းစ် ဆင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Reye’s syndrome (ရိုင်းစ် ဆင်ဒရုန်း) ကဘာလဲ။ Reye’s syndrome ဆိုတာဟာ ရှားပါးပေမယ့် ပြင်းထန်တဲ့ ရောဂါတမျိုးဖြစ်ပြီး အသည်းနဲ့ ဦးနှောက်တို့ကို ရောင်ရမ်းဖောင်းကားစေပါတယ်။Reye’s syndrome ဟာ တုပ်ကွေး ဒါမှမဟုတ် ရေကျောက်ကဲ့သို့သော ဗိုင်းရပ်စ်ပိုးကူးစက်ရောဂါတွေကနေ ပြန်ကောင်းလာတဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိပြီး စိတ်ရှုပ်ထွေးခြင်း၊တက်ခြင်း၊သတိလစ်ခြင်း အစရှိသော ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာရင်တော့ အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။Reye’s syndrome ကို စောစောသိ၊စောစောကုနိုင်ရင်တော့ ကလေးငယ်ရဲ့ အသက်ကို ကယ်တင်နိုင်မှာပါ။ Reye’s syndrome နဲ့ အက်စ်ပရင်ဆေးတို့အကြားမှာ ဆက်စပ်မှု တစုံတရာရှိနေတာကြောင့် ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ ဒီဆေးကို သတိထားပြီး သုံးစွဲသင့်ပါတယ်။ အသက်နှစ်နှစ်အထက် ကလေးတွေမှာ အက်စ်ပရင်ဆေးပြားကို အသုံးပြုနိုင်တယ်ဆိုပေမယ့် ရေကျောက် ဒါမှမဟုတ် တုပ်ကွေးလက္ခဏာတွေကနေ ပြန်ကောင်းလာတဲ့ ကလေးငယ်နဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Lyme Disease (Lyme ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lyme Disease (Lyme ရောဂါ) ကဘာလဲ။ Lyme ရောဂါဟာ Borrelia burgdorferi ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပြီး အဆိုပါ ဘက်တီးရီးယားပိုးကူးစက်ခံနေရတဲ့ (ခြေထောက်အမည်းရောင်ရှိတဲ့) မွှားကိုက်ခံရတာကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဒီလို မွှားကိုက်ခံရပြီး သုံးရက်ကနေ ရက်သုံးဆယ်အတွင်းမှာ ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပြီး ကူးစက်ရောဂါအဆင့်ပေါ်မူတည်ပြီး လက္ခဏာအမျိုးမျိုး ပြလာနိုင်ပါတယ်။ မွှားကိုက်ခံရခြင်းကြောင့် Lyme ရောဂါ ရမရဆိုတာကတော့ မွှားအမျိုးအစား၊မွှားကိုက်ခံရတဲ့ နေရာဒေသ၊ခန္ဓါကိုယ်မှာ မွှားတွယ်နေတဲ့ အချိန်ပမာဏ စတာတွေအပေါ်မှာ မူတည်နေတယ်လို့ စီဒီစီ (ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန)ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။Lyme ရောဂါဖြစ်ဖို့ဆိုရင် မွှားဟာ သင့်ခန္ဓါကိုယ်မှာ အနည်းဆုံး ၂၄နာရီ ကပ်တွယ်နေရမှာ ဖြစ်ပါတယ်။ Lyme Disease (Lyme ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန (စီဒီစီ)အထိ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Congenital Adrenal Hyperplasia (မွေးရာပါ Adrenal ဂလင်းဆဲလ်အပွားလွန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Congenital Adrenal Hyperplasia (မွေးရာပါ Adrenal ဂလင်းဆဲလ်အပွားလွန်ခြင်း) ကဘာလဲ။ Adrenal ဂလင်းဆိုတာ ကျောက်ကပ်တစ်ခုစီအပေါ်မှာ ကပ်နေတဲ့ သစ်ကြားသီးပုံစံရှိတဲ့ ဂလင်းတွေဖြစ်ပြီး Cortisol နဲ့ Aldosterone ကဲ့သို့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ ထိုဟော်မုန်းတွေက ခန္ဓါကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်ခြင်း၊ ကိုယ်ခံအားစနစ်၊ သွေးဖိအားနဲ့ တခြားလိုအပ်တဲ့လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးပါတယ်။ မွေးရာပါ adrenal ဂလင်းဆဲလ်အပွားလွန်ခြင်းရောဂါ ရှိသူတွေအတွက်တော့ အင်ဇိုင်းလုံလောက်မရှိဘဲ steroid ဟော်မုန်းသုံးမျိုးထဲမှ တစ်မျိုးဒါမှမဟုတ် တစ်မျိုးထပ်ပိုတဲ့ ထုတ်လုပ်ခြင်းကို ထိခိုက်စေပါလိမ့်မယ်။ Cotisol ဟော်မုန်းတွေဟာ ခန္ဓါကိုယ်ရဲ့ဖျားနာခြင်းနဲ့ ဖိစီးမှုတွေကိုတုံ့ပြန်မှုတွေကို ထိန်းချုပ်ပေးတယ်။ Aldosterone ကဲ့သို့ mineralocorticoid တွေကတော့ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်ပမာဏတွေကို ထိန်းညှိပေးတယ်၊ testosterone ကဲ့သို့ androgen ဟော်မုန်းတွေကတော့ လိင်ဟော်မုန်းတွေဖြစ်ပါတယ်။ မွေးရာပါ adrenal ဂလင်းဆဲလ်အပွားလွန်ခြင်းရောဂါက များသောအားဖြင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Enlarged spleen (သရက်ရွက်ကြီးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Enlarged spleen (သရက်ရွက်ကြီးခြင်း) ကဘာလဲ။ သရက်ရွက်သည် နံရိုးအိမ်အောက်ဖက် ဗိုက်အပေါ်ဘယ်ဖက်မှ ကျောဖက်အထိရှိသော အင်္ဂါဖြစ်ပါသည်။ ၎င်းသည် ပြန်ရည်စနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရောဂါပိုများကိုတိုက်ထုတ်ရာ၌ စွန့်ထုတ်အင်္ဂါအဖြစ် အလုပ်လုပ်၏။ သရက်ရွက်မှထုတ်သော သွေးဖြူဥများမှာ ဘက်တီးရီးယား၊ တစ်ရှူးသေများနှင့် ပြင်ပမှပစ္စည်းများကို ငုံပြီးသွေးများနှင့်အတူ ၎င်းဆီစီးဆင်းလာကာ ဖယ်ထုတ်ပေးပါသည်။ သရက်ရွက်သည် သွေးနီဥ၊ သွေးဖြူဥ၊ သွေးမွှားဥများကို မျှတအောင်လည်း ဆောင်ရွက်ပေး၏။ သွေးမွှားဥမှာ သွေးခဲခြင်းအတွက် အရေးပါပါသည်။ သရက်ရွက်သည် သွေးမှမကောင်းသော သွေးဆဲလ်များကို စစ်ထုတ်ပေးပါသည်။ ပုံမှန်အားဖြင့် သရက်ရွက်သည် လက်သီးအရွယ်သာရှိ၏။ ပုံမှန်စမ်းသပ်ကြည့်ပါက ထိုအရာကို မစမ်းမိပါ။ သို့သော် ရောဂါများသည် ၎င်းကိုဖောင်းလာစေပြီး ပုံမှန်ထက် အဆများစွာ ကြီးလာနိုင်ပါသည်။ သရက်ရွက်မှာ လုပ်ငန်းစဉ်များစွာကို လုပ်နေရသောကြောင့် အခြေအနေအမျိုးမျိုးက ၎င်းကိုထိခိုက်စေနိုင်ပါသည်။ သရက်ရွက်ကြီးတိုင်း ပြဿနာဖြစ်နေပြီတော့မဟုတ်ပါ။ သရက်ရွက်ကြီးလာသည့်အခါ သူ့အလုပ်ကိုပုံမှန်ထက်ပိုပြီး လုပ်နေရသည်ဟု ဆိုလိုပါသည်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Factor V Leiden (ဖက်တာဖိုက်လီဒန်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Factor v leiden (ဖက်တာ ဖိုက် လီဒန်) ကဘာလဲ။ Factor V Leiden သည် Factor V ဟုခေါ်သော သွေးခဲပစ္စည်းဗီဇပြောင်းခြင်းဖြစ်ပါသည်။ ထိုဗီဇပြောင်းခြင်းသည် ပုံမှန်မဟုတ်သော သွေးခဲများ အထူးသဖြင့် သွေးပြန်ကြောများထဲတွင် ဖြစ်ပေါ်လာနိုင်ချေကိုမြင့်မားစေပါသည်။ Factor V Leiden ရှိသော လူအများစုတွင် ပုံမှန်မဟုတ်သော သွေးခဲများ ဖြစ်ပေါ်လေ့ရှိ၏။ သို့သော် တစ်ချို့တစ်ချို့တွင်သာ သွေးခဲခြင်းမှ နာတာရှည်ပြဿနာများ သို့မဟုတ် အသက်အန္တရာယ် ရှိလာခြင်းများ ဖြစ်နိုင်ပါသည်။ Factor v leiden (ဖက်တာ ဖိုက် လီဒန်) က ဘယ်လောက်အဖြစ်များသလဲ Factor V Leiden မှ Thrombophilia တွင် အဖြစ်အများဆုံး မွေးရာပါရောဂါမျိုး ဖြစ်ပါသည်။ ဥရောပအနွယ်များတွင် ၃ – ၈ % […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း