အရက်နာကျတယ် ဆိုတာက
အရက်နာကျတာက လူတစ်ယောက်နဲ့ တစ်ယောက်မှာ မတူနိုင်ပါဘူး။ အဖြစ်များတဲ့ လက္ခဏာတွေ ကတော့ အရက်နာကျတဲ့အခါ ခေါင်းကိုက်မယ်၊ မအီမသာ ဖြစ်ပြီး ပျို့အန်ချင်သလို ဖြစ်နေမယ်၊ ခြေကုန်လက်ပန်း ကျနေမယ်၊ ခန္ဓါကိုယ်မှာ ရေဓါတ် ကုန်ခန်းသလို ဖြစ်နေတာတွေပါပဲ။ အရက်နာကျတဲ့ သူတွေမှာ အဖြစ်များဆုံး လက္ခဏာက ခန္ဓါကိုယ်မှာ ရေဓါတ် ကုန်ခမ်းနေသလို ခံစားရတာပါပဲ။
အရက်နာကျတဲ့အခါ အာရုံစိုက်ဖို့ မလွယ်တာမျိုး ဖြစ်နိုင်သလို စိတ်ထဲ မကြည်မလင် ဖြစ်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ အရက်နာကျရတဲ့အဓိက အကြောင်းအရင်းကတော့ အရက်ထဲမှာ ပါတဲ့ အီသနောပါပဲ။ အီသနောက အဆိပ်ရှိတဲ့ ဓါတုပစ္စည်း တစ်မျိုး ဖြစ်ပြီး ဆီးခဏခဏသွားစေတာကြောင့် ခန္ဓါကိုယ်ထဲက ရေဓါတ်ကို ဆုံးရှုံးစေပါတယ်။
အရက်နာကျတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ
ရေသောက်ပါ – ခန္ဓါကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓါတ်တွေကို ပြန်လည် ဖြည့်တင်းနိုင်စေဖို့အတွက် ရေသောက်ပေးဖို့ လိုပါမယ်။ ရေများများသောက်ပေးလေလေ ခန္ဓါကိုယ်ထဲက အဆိပ် ဖြစ်စေတဲ့ အရာတွေကို သန့်စင်နိုင်လေလေပါ။ ဖြစ်နိုင်ရင်တော့ ညဘက် အရက် သောက်နေချိန်မှာကိုက ရေကို သောက်ပေးသင့်တာပါ။
ရေဓါတ် ပြည့်ဝစေမယ့် ဖျော်ရည်တွေ သောက်ပေးပါ – ရေသောက်ပေးရုံ နဲ့ ရေဓါတ် ကုန်ခန်းသွားတာတွေကို ဖြည့်နိုင်ပြီလို့ မဆိုသာပါဘူး။ အရက်နာကျတဲ့အခါ ခန္ဓါကိုယ်ထဲမှာ ဆားဓါတ်နဲ့ ပိုတက်ဆီယမ်ဓါတ်ကိုပါ ဆုံးရှုံးနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရက်နာကျနေချိန်မှာ အချိုရည်၊ အုန်းရည်လိုမျိုး အရာတွေကို သောက်သုံးပေးလို့ ရသလို စွပ်ပြုတ် တစ်ခုခုကို သောက်ပေးလို့လည်း ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။