အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လေကြောင်းခရီးသွားတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ

မနက်ဖြန် သဘက်ခါလောက်ဆိုရင်ပဲ ကိုယ်က လေကြောင်းနဲ့ ပြည်တွင်း ဒါမှမဟုတ် ပြည်ပကို နာရီပေါင်းများစွာ စီးနင်းလိုက်ပါရတော့မယ်၊ ဒါကလည်း ကိုယ့်ရဲ့ ပထမဆုံးအကြိမ် လေကြောင်းခရီးစဉ်ဖြစ်မယ်ဆိုရင် အနည်းနဲ့ အများတော့ စိတ်လှုပ်ရှားနေမိမှာပါ။ အထူးသဖြင့် ကားမူးတတ်တဲ့ရောဂါရှိတဲ့သူတွေဆိုရင် ပိုဆိုးမှာပေါ့။ ဒီလိုမဖြစ်ရလေအောင် ကျန်းမာရေးရှုထောင့်ကနေ ဦးစားပေးပြီး လေကြောင်းခရီးသွားတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ ဆိုတာကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်ခင်ဗျ။ လေကြောင်းခရီးသွားတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ လေကြောင်းခရီးသွားတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ ဆိုတော့- ၁။ ကိုယ်သွားရမယ့် နိုင်ငံအကြောင်း လေ့လာပါ။ ကိုယ်က ပူနွေးစိုစွတ်တဲ့ နိုင်ငံကို သွားမှာလား၊ ဒါဆိုရင်တော့ အင်္ကျီချည်သား အပါးလေးတွေ၊ စွပ်ကျယ်၊ ချိုင်းပြတ်အကျီ၊ ဘောင်းဘီတိုတွေကို များများထည့်သွားသင့်ပါတယ်။ ဦးထုပ်ကတော့ ထည့်သွားလို့လည်း အဆင်ပြေပါတယ်။ အေးပြီး ခြောက်သွေ့တဲ့ နိုင်ငံဆိုရင်တော့ အနွေးထည်၊ မာဖလာ၊ ကုတ်၊ ဂျာကင်စတာတွေကို အဓိကထည့်သွားပါ။ ၂။ အချိန်ကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အချိန်မရွေးအသုံးဝင်မယ့် ကိုယ့်ကိုယ်ကို နှိပ်နယ်နည်း (၇) နည်း

အကြောအခြင်တွေပြေဖို့ဆိုပြီး Spaတွေ၊ အကြောပြေစင်တာတွေသွားကြတယ်မဟုတ်လား။ အဲဒီမှာ တစ်နာရီလောက် အနားယူဖြေလျှော့လိုက်တာက နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ ဖိစီးမှုတွေကိုလည်းလျော့ပါးစေနိုင်တာလည်းပါတာပေါ့လေ။ ဒါပေမယ့် အမြဲသွားလို့တော့ အဆင်မပြေနိုင်ဘူးလေ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို နှိပ်နယ်လို့ရတဲ့ အလွယ်နည်းလေးတွေသိထားရင် အချိန်မရွေးသက်သောင့်သက်သာဖြစ်စေနိုင်တာပေါ့။ နှိပ်နယ်နည်းတွေ အများကြီးရှိတဲ့အထဲကမှ အလွယ်ကူဆုံးလေးတွေကို ရွေးပေးထားတာနော်။ ဒီလိုအကျိုးကျေးဇူးရှိမှန်းမသိဘဲ ကိုယ်လုပ်နေကျအမူအကျင့်လေးတွေတောင်ဖြစ်နေနိုင်ပါသေးတယ်။ အချိန်မရွေးအသုံးဝင်မယ့် ကိုယ့်ကိုယ်ကို နှိပ်နယ်နည်း (၇) နည်း (၁) မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လက်သီးဆုပ်နဲ့ ဖွဖွနှိပ်ပါ လက်သီးဆုပ်ကို သုံးပြီး ခန္ဓာကိုယ်နောက်ခြမ်းတစ်ခုလုံးကို လက်မောင်းကစပြီး အထက်ကနေအောက်ကို ခပ်ဖွဖွထုပါ။ ခပ်ဆတ်ဆတ်လေးပါပဲ၊ အားသိပ်မသုံးနဲ့နော်။ ဒီလိုလုပ်ခြင်းအားဖြင့် ကြွက်သားနဲ့အရိုးကို သန်မာစေပြီးသွေးလည်ပတ်မှုကောင်းစေတယ်၊ အာရုံကြောအစွန်တွေကို ပြေလျော့စေတယ်။ ဒါပေမယ့် ကိုယ်က သွေးကျဲဆေးသောက်နေရတဲ့သူတွေဆိုရင်တော့ အားနဲ့ ထုတာမျိုး မလုပ်သင့်ပါဘူး။ (၂) အစာစားပြီး ဗိုက်ကိုပွတ်ပါ ဒါကတော့ ကလေးလေးတည်းကတောင် လူတိုင်းလိုလို လုပ်မိတတ်ကြတဲ့ အကျင့်လေးတစ်ခုပါ။ စားချင်ရာစားပြီးလို့ ဗိုက်ကားနေပြီဆို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ အပြာရုပ်ရှင်ကြည့်ခြင်း

လူကြီး တော်တော်များများ ကတော့ ဒီလို အပြုအမူကို ဘာသာရေးအရ၊ လူမျိုးရေးအရ ရှက်စရာ ကောင်းတယ်၊ မလုပ်သင့်ဘူးလို့ မြင်တတ်ကြပေမယ့် ကျန်းမာရေးအရတော့ ဒါသည် လူတိုင်းလုပ်နေကျ ပုံမှန်အပြုအမူတစ်ခုပါပဲ။ ဒါပေမယ့်လည်း တန်ဆေး၊ လွန်ဘေးဆိုသလို နေ့စဉ်ရက်ဆက် ဘာမှမလုပ်ဘဲ အပြာရုပ်ရှင် မကြည့်ရမနေနိုင်တာ၊ လွန်လွန်ကျူးကျူး အာသာဖြေတတ်တယ်ဆိုရင်တော့ ဘယ်ကောင်းပါ့မလဲ။ ခုဆောင်းပါးမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ အပြာရုပ်ရှင်ကြည့်ခြင်း နဲ့ လိင်ကျန်းမာရေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ အပြာရုပ်ရှင်တွေကို ဘယ်အရွယ်တွေမှာ အများဆုံးကြည့်ကြလဲ။ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး အပြာရုပ်ရှင်ကြည့်ကြပါတယ်။ အထူးသဖြင့် လူပျို၊ အပျိုဖြစ်ကာစအရွယ်၊ လိင်မှုကိစ္စဆိုတာကို အသစ်အဆန်းကိစ္စတစ်ခုလို စမ်းသပ်လေ့လာချင်ကြတဲ့ လူငယ်သဘာဝတွေကတော့ ပိုပြီးကြည့်တာ များပါတယ်။ ချစ်သူရည်းစားရှိသူတွေ၊ အိမ်ထောင်ရှိသူတွေအနေနဲ့လည်း အပြာရုပ်ရှင်ကြည့်ခြင်းဖြင့် ကျနေတဲ့ ကိုယ့်ရဲ့ လိင်စိတ်ကို မြှင့်တင်ပေးနိုင်သလို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မြန်မြန် အရပ်ရှည် ထွက်လာဖို့ ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ

မြန်မြန် အရပ်ရှည် ထွက်လာဖို့ ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ ..... ခန္ဓာကိုယ်အလေးချိန်ဆိုတာ ကိုယ်စိတ်ရှိသလို ပြောင်းလဲပစ်လို့ရပေမယ့် အရပ်နဲ့ ပတ်သက်လာရင်တော့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိကြတာ လူတော်တော်များများပါပဲ။ ဈေးကွက်ထဲမှာ အရပ်ရှည် ဆေးဆိုပြီး ရောင်းတာမျိုးတွေ ရှိပေမယ့်လည်း တကယ်တမ်း အကျိုးအာနိသင်ရှိ၊ မရှိဆိုတာ သေချာစစ်ဆေးလေ့လာထားခြင်းမရှိပါဘူး။ လူတိုင်း အရပ်ရှည်နိုင်လား။ အရပ်ရှည် ဖို့အတွက် ကလေးဘဝမှာကတည်းက နေထိုင်စားသောက်မှုပုံစံကို ဖြည်းဖြည်းချင်း လေ့ကျင့်သွားရမှာဖြစ်ပြီး ချက်ချင်းလုပ်၊ ချက်ချင်းရှည်ထွက်လာနိုင်တာမျိုး မဟုတ်ပါဘူး။ နောက်တစ်ချက်က မိဘမျိုးရိုးနဲ့လည်း သက်ဆိုင်ပါတယ်။ ကိုယ့်မိဘက အရပ်သိပ်မရှည်ဘူးဆိုရင်တော့ ကိုယ့်အတွက် အရပ်ရှည်လာနိုင်ဖို့က တော်တော်လေးကို ကြိုးစားရမှာဖြစ်သလို မဖြစ်နိုင်သလောက်နီးနီးလည်း ရှိပါတယ်။ ဒါပေမယ့် စိတ်တော့မပျက်ပါနဲ့။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကိုသာ သေချာဂရုစိုက်မယ်ဆိုရင် အများကြီးမဟုတ်တောင် အနည်းငယ်တော့ ရှည်လာနိုင်ပါတယ်။ လူတော်တော်များများ သိထားတာကတော့ အသက် ၁၈ ပြည့်ပြီးသွားရင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကိုယ့်မနက်ခင်းတိုင်း လှပနေစေဖို့။

အင်တာနက်ေခတ်၊ မိုဘိုင်းဖုန်းထဲ ဂိမ်းလေး အလွယ်ဆော့နိုင်တဲ့ ခေတ်ဆိုတော့ ညပိုင်းတွေ ဆို မျက်လုံးတွေက ပြူးကျယ်နေတတ်ပြီး မနက်ဆို လုံးဝမဖွင့်ချင်ကြတဲ့ လူတွေချည်းပါပဲ။ ဆယ်ကျော်သက် တွေနဲ့ သက်လတ်ပိုင်းသမားတွေ ပိုဆိုးတာပေါ့။ အလုပ်တွေ ကျောင်းတွေကလည်း ရှိသေးတယ်မလား။ ညညဆို မအိပ်နိုင် မနက်ဆို မထနိုင်နဲ့ ကျောင်းနောက်ကျ ရုံးနောက်ကျတာတွေဖြစ်ကုန်ရော။ နောက်ကျရင် လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးတယ်မလား။ ဒီတော့ မနက်စောစောထဖြစ်ပြီး ရုံးတို့ ကျောင်းတို့ အေးဆေးသွားနိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဒါလေးတွေ လုပ်ကြည့်ပါလား။ ( ၁ ) alarm ကို ကိုယ်နဲ့ဝေးတဲ့နေရာမှာထားပါ။ ဖုန်းနဲ့ ဖြစ်ဖြစ် နာရီနဲ့ပဲဖြစ်ဖြစ် နှိုးစက်နဲ့ဖြစ်ဖြစ် alarm ပေးထားတဲ့အခါ အားလုံးကို ကိုယ့်အိပ်ရာနဲ့ မမှီနိုင်တဲ့နေရာမှာထားပါ။ alarm ရဲ့ ringtone က ကိုယ်မကြိုက်တဲ့ တီးလုံးသံလေးဖြစ်ရင်ပိုကောင်းပါလိမ့်မယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင်အားဆေး သောက်ဖို့လိုအပ်နေပြီလား ။ ။

အားဆေး မဖြစ်မနေသောက်ပေးမှ ကျန်းမာရေး ကောင်းမှာလား ဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ ရှိတတ်ကြမှာပါ။ ကိုယ်ကလည်း စားလို့ကောင်း သောက်လို့ကောင်းတဲ့ အရွယ်၊ ကျန်းမာရေး ကလည်း ကောင်းနေတယ် ဆိုရင် အားဆေး မသောက်လို့ ရလား။ သင်အားဆေး သောက်ဖို့လိုအပ်နေပြီလား ။ သင်အားဆေး သောက်ဖို့လိုအပ်နေပြီလား ။ ။ အမှန်က အားဆေး ဆိုတာ အာဟာရဓာတ်တွေ ချို့တဲ့နေတဲ့ သူတွေ ရှိတာကြောင့် သူ့တို့ကို ပြန်ပြီး အာဟာရ ဖြည့်ပေးဖို့ အတွက် ပေါ်လာရတာပါ။ ဒါပေမယ့် စားလို့ကောင်း သောက်လို့ကောင်းတဲ့ သူတွေလည်း တချို့အခြေအနေတွေမှာ အားဆေးသောက်ပေးဖို့ လိုနိုင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးလည်း ဆိုတော့ ကိုယ်က အစားရွေးလွန်းတယ်။ သက်သတ်လွတ်စားနေတယ်။ စားတော့စားတယ် အစားနည်းတယ်။ အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားအရွယ်တွေ၊ ရောဂါအခံတွေ ရှိတဲ့ အခြေအနေမျိုးမှာပေါ့။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကာကွယ်ဆေးထိုးထားရင် မဖြစ်နိုင်တဲ့ရောဂါ ၁၀ မျိုး။ ။

ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတာကို အားလုံးကြားဖူးကြမှာပါ။ ဟိုးအရင်တုန်းက တကယ်ကိုကြောက်ခဲ့ရတဲ့ ပိုလီယို ရောဂါတို့၊ ကျောက်ကြီးရောဂါဆိုတာတွေကို ခုခေတ်ကလေးတွေ ကြားတောင်မကြားတော့တာ ကာကွယ်ဆေးတွေကို ကျေးဇူးတင်ရမှာပါ။ ဒီတော့ ကာကွယ်ဆေးတွေရဲ့ အရေးပါပုံကို ခန့်မှန်းမိကြတော့လောက်ပြီပေါ့။ ဒီဆောင်းပါးထဲမှာတော့ ကာကွယ်ဆေးထိုးထားရင် မဖြစ်နိုင်တဲ့ ရောဂါ ၁၀ မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။ (၁ ) ဝက်သက်ရောဂါ။ ။ ဝက်သက်ကာကွယ်ဆေးဆိုပြီး ကလေးအသက် ၉ လ မှာတစ်ကြိမ် ၁နှစ်ခွဲမှာတစ်ကြိမ် ထိုးပေးကြတာ ကြားဖူးကြမှာပါ။ လေထဲက တစ်ဆင့်ကူးစက်ပြီး အဆုတ်ပွ၊ အဆုတ်ရောင်တာ၊ ဦးနှောက်အမြှေးပါးရောင်တာကနေ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့ ဒီဝက်သက်ရောဂါဟာ ကာကွယ်ဆေးထိုးထားလိုက်ရင် ဖြစ်နိုင်ချေနည်းသွားမယ့် ရောဂါတစ်ခုပါ။ ( ၂ ) ရက်တစ်ရာချောင်း ကြက်ညှာချောင်း Diptheria pertussis ဆိုတဲ့ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်တဲ့ ဒီ အဆုတ်ရောဂါဟာ နာတာရှည်ချောင်းဆိုးခြင်းကို အဓိကဖြစ်စေတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့

လူတွေရဲ့ စည်းကမ်းမဲ့မှုနဲ့အတူ ကမ္ဘာကြီး ပူနွေးလာပြီး ရေခဲမြစ်တွေ အရည်ပျော်တာ၊ သစ်တောတွေ ပြုန်းတီးမှုရဲ့ အကျိုးဆက်အနေနဲ့ မိုးတွင်း ရောက်လာတိုင်း ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့ အနေအထားကို ကျော်လွန်ပြီး ရေကြီး ရေနစ်မြုပ်တဲ့ အဆင့်ကို ရောက်ရှိလာနေပါတယ်။ တစ်နှစ်ထက် တစ်နှစ် ရေကြီးမှုတွေ က ပိုများလာသလို ပိုပြီးလည်း ပြင်းထန်လာနေပါတယ်။ ဒီတစ်ခေါက်တော့ မိုးတွင်းမှာ မျှော်လင့်မထားတဲ့ ရေကြီးမှုတွေ အန္တရာယ်ကနေ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ကာကွယ်နိုင်စေမယ့် နည်းလမ်းလေးတွေကို ဒီ ဆောင်းပါးလေးထဲမှာ ဖော်ပြပေးလိုက်ပါတယ်။ ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့ လိုက်နာစရာလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့ ရေကြီးမှုကြောင့် ထိခိုက်မှု ကင်းစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။ ရေမကြီးခင် ဘာတွေပြင်ဆင်ရမလဲ ရေကြီး လာနိုင်တဲ့ အလားအလာတွေ ရှိနေမယ်၊ ကြိုတင် သတိပေးချက်တွေ ထုတ်ပြန်တဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အားဆေးဝယ်တော့မယ်ဆိုရင် ဒီအချက်တွေပါမပါ ကြည့်ပြီးမှ ဝယ်ပါ။

ဗီတာမင်ချို့တဲ့ နေလို့ပဲဖြစ်ဖြစ်၊ အားဆေး သောက်သင့်တယ်ဆိုလို့ သူများပြောလို့ပဲ ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် အားဆေးသောက်ချင်လို့ဖြစ်ဖြစ် အားဆေးဝယ်တော့မယ်ဆိုရင် သင်ပထမဆုံး ဘာကို စဉ်းစားပါသလဲ။ အားဆေးဝယ်တော့မယ်ဆိုရင် ဒီအချက်တွေပါမပါ ကြည့်ပြီးမှ ဝယ်သင့်ပါတယ်။ ဈေးကွက်ထဲမှာရှိနေတဲ့ ဖြည့်စွက်အားဆေးတွေ ဆိုတာ ရေတွက်လို့မရနိုင်လိုက်အောင် များပြားတဲ့အတွက် အားဆေးဝယ်တော့မယ်ဆိုရင် ဘယ်အားဆေးက ယုံကြည်စိတ်ချရလဲ၊ အရည်အသွေးပိုကောင်းလဲ ဆိုတဲ့ မေးခွန်း ခေါင်းထဲ အရင်ဆုံး ရောက်လာတယ်မဟုတ်လား။ လူတော်တော်များများက အားဆေးကို ကြော်ငြာအားကောင်းလို့၊ လူပြောများနေလို့ ဆေးဆိုင်တွေမှာ တင်ထားတာတွေ့လို့ဆိုပြီး ဝယ်လာကြတာများပါတယ်။ အကောင်းဆုံး အားဆေးတစ်ခုမှာ ဘယ်လို အချက်တွေ ပါသင့်လဲ၊ ဘာလို့ ဒီအားဆေးကို ဝယ်သောက်သင့်လဲ ဆိုတဲ့ အကြောင်းတွေကို များများစားစား မသိကြပါဘူး။ တွေ့ကရာ အားဆေးတွေဝယ်လာတာထက်စာရင် အားဆေးတစ်ခုကို ဘယ်လို အချက်တွေနဲ့ စိစစ်ရွေးချယ်ပြီး ဝယ်ယူရမလဲဆိုတာ သိထားရင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးတွင်းဆိုဒီယမ်ဓါတ်နည်းခြင်း ဆိုတာ ဘာလဲ

ဆိုဒီယမ်ဓါတ်နည်းရင် ဘာဖြစ်မလဲဆိုတာ မပြောခင် ဆိုဒီယမ်ဓါတ်ရဲ့ လုပ်ဆောင်ချက်တွေအကြောင်း ရှင်းပြပေးချင်ပါတယ်။ ဆိုဒီယမ်ဓါတ်သည် ရေနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ ဆဲလ်တွေရဲ့ မျှခြေကိုထိန်းသိမ်းပေးတဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ကြွက်သားနဲ့ အာရုံကြောတွေ ကောင်းစွာအလုပ်လုပ်နိုင်စေဖို့ ကူညီပေးတယ်။ သွေးပေါင်ချိန်ကိုလည်း ငြိမ်အောင် ထိန်းပေးထားနိုင်ပါတယ်။ ဒီလို ဆိုဒီယမ်ဓါတ်က သွေးထဲမှာ နည်းသွားတဲ့အခြေအနေကို Hyponatremia လို့ခေါ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင် ရေကို တစ်နေ့တာလိုအပ်တဲ့ ပမာဏထက် ပိုပြီးသောက်မိတဲ့အခါ ကိုယ်ခန္ဓါထဲကမျှခြေပျက်ယွင်းသွားပြီး ဆိုဒီယမ်ဓါတ်တွေက သွေးထဲမှာ အရမ်းနည်းသွားတာဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာ သွေးတွင်းဆိုဒီယမ်ပမာဏသည် ၁၃၅ မှ ၁၄၅ mEq/L ရှိပြီး ၁၃၅ အောက်ရောက်သွားပြီဆိုမှ ဆိုဒီယမ်ဓါတ်နည်းသွားတာကို ဆိုလိုပါတယ်။ ရေကို တစ်နေ့တာ ၅လီတာနဲ့အထက် သောက်တဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ သွေးတွင်းဆိုဒီယမ်နည်းနေပြီဆိုရင် ဘယ်လိုသိနိုင်မလဲ။ သွေးထဲမှာ ဆိုဒီယမ်ဓါတ်နည်းလာတဲ့အခါ အားမရှိသလို ပျော့ခွေနေမယ် မောပန်းနေမယ် ခေါင်းကိုက်နေမယ် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း