အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခရီးသွားရင် ဘာဆေးတွေဆောင်သွားကြမလဲ

ပွင့်လင်းရာသီလည်း ရောက်ပြီ။ ရုံးတွေကျောင်းတွေကလည်းပိတ်ပြီ ဆိုတော့ အားလုံး ခရီးသွားဖို့ ပြင်ဆင်နေကြပြီ ထင်ပါတယ်နော်။ ခရီးမသွားခင်၊ ဒါမှမဟုတ် သွားနေရင်း ဖျားနာတာတွေဖြစ်ပြီး မပျော်လိုက်ရတာတွေမဖြစ်စေဖို့ ခရီးသွားရာသီမှာဖြစ်တတ်တဲ့ ရောဂါလေးတွေနဲ့အတူ ဆောင်သွားသင့်တဲ့ဆေးတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။ ကဲ ...... ခရီးသွားရင် ဘာဆေးတွေဆောင်သွားကြမလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။ ခရီးသွားရင် ဘာဆေးတွေဆောင်သွားကြမလဲ ၁။ ရာသီအကူးအပြောင်းကြောင့် ဖျားနာတာတွေ။ ဒါကြောင့် ခရီးသွားရင် သွားမယ့်နေရာနဲ့ သင့်တော်တဲ့ အနွေးထည်၊ အင်္ကျီတို့ကို ယူသွားပါ။ အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေး၊ ပါရာစီတမော၊ အအေးမိတာကြောင့်ဖြစ်တဲ့ နှာချေ နှာမွှန် ပျောက်ဆေး တို့လည်းဆောင်သွားပါ။ ဒါတွေဟာ အိမ်သုံးဆေးဝါးတွေပဲဖြစ်တဲ့အတွက် ဆေးဆိုင်မှာလည်း အလွယ်တကူ ဝယ်လို့ရပါတယ်နော်။ ၂။ ကားမူးတတ်တဲ့သူတွေအတွက်။ ကားစီးရင် ကားမူးတတ်တဲ့သူတွေအတွက်လည်း dimenhydranite ပါဝင်တဲ့ ကားမူးပျောက်ဆေးကို ကားပေါ်မတက်ခင်တည်းက ကြိုသောက်ထားသင့်ပါတယ်။ ၃။ အစားအသောက်မတည့်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းတွေအတွက် အားလုံးက ခရီးသွားရင်း ဒေသစာတွေက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အကြောဆေးမလိုအောင် ဘာကိုဆောင်မလဲ

ဆေးခန်းအများစုတွင် ထိုးပေးနေသည့် အကြောဆေး ဆိုသည်မှာ ခန္ဓာကိုယ် သွေးကြောထဲသို့ ဂလူးကို့စ်ဓာတ်၊ ဗီတာမင် B အုပ်စု ( များသောအားဖြင့် B1, B6, B12 )၊ ဗီတာမင် C တို့ကို ရောစပ်၍ ဖြစ်စေ၊ အသားဓာတ်အားဆေး ( ဥပမာ - မိုရီယာမင်) ဖြစ်စေ  ထိုးသွင်းပေးခြင်းဖြစ်သည်။ အဓိကအားဖြင့်  ပါးစပ်မှမစားနိုင်တော့သော သက်ကြီးရွယ်အိုများ ၊ အစာချေဖျက်စုပ်ယူမှုအားနည်းသည့် ရောဂါသည်များ၊ နာတာရှည်ရောဂါသည်များ၊ နလန်ထလူမမာများနှင့် ရုတ်တရက် သွေးတွင်းအချိုဓာတ်ကျနေသော (သို့) သွေးပေါင်ကျနေသော လူနာများအတွက်သာ ထိုးပေးရန် လိုအပ်လေ့ရှိသည်။ ခန္ဓာကိုယ်တွင်း အာဟာရဖြည့်တင်းခြင်းကို ပုံမှန်လုပ်နေနိုင်သည့် သူတစ်ယောက်အဖို့ အကြောဆေးသွင်းစရာ မလိုပါ။ အကြောဆေးသွင်းသည့်အတိုင်း အာနိသင်လည်းရ အန္တရာယ်လည်းကင်းအောင် မည်သို့စားသောက်ရမည် ဆိုသည်ကိုသာ သိရန်လိုပါသည်။ ဒီတော့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူတိုင်းအသုံးပြုနေကြသော ပလတ်စတစ်နှင့် လူတိုင်းသတိမထားမိကြသော ကြီးမားသည့် ကျန်းမာရေးအန္တရာယ်များ

သင့်အိမ်မှာ လှည့်ပတ်ကြည့်ရှုလိုက်မယ်ဆိုရင် ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းအမျိုးမျိုးကို တွေ့ရမှာပါ။ ကိုယ်ပေါပေါလောလော အသုံးပြုနေတဲ့ ဒီပစ္စည်းတွေက ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ ကျန်းမာရေးကို တစ်စတစ်စ ဝါးမြိုနေတယ်ဆိုတဲ့ အမှန်တရားကိုရော သိထားပြီးပြီလား။ ပလတ်စတစ်ကို အသုံးမပြုခင် ထုတ်လုပ်တဲ့ နေရာမှာတင် သူက ကျန်းမာရေးကို ခြိမ်းခြောက်နေပါပြီ။ ဘယ်လိုများခြိမ်းခြောက်နေတာလဲဆိုရင်….. ပလတ်စတစ်ထုတ်လုပ်တဲ့အခါမှာ လူကိုအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေဟာ လေထုထဲကို ထွက်သွားကြတယ်။ စဉ်းစားကြည့်ပါ… ဒီလေတွေကိုပဲ ကျွန်မတို့က ပြန်ရှူရှိုက်နေရတာလေ။ ဒီလေတွေကို ရှူမိတဲ့အခါ ဘာရောဂါတွေဖြစ်လာဖို့ အားပေးနေသလဲဆိုရင်… အာရုံကြောနဲ့သက်ဆိုင်တဲ့ ရောဂါတွေ မျိုးပွားခြင်းဆိုင်ရာ ပြဿနာ၊ ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေသော ပြဿနာတွေ သွေးကင်ဆာ နှင့် အခြားသော ကင်ဆာရောဂါတွေ ပေါင်မပြည့်တဲ့ ကလေးမွေးဖွားခြင်းကဲ့သို့သော မျိုးရိုးဗီဇနှင့်ဆိုင်သော လက္ခဏာရပ်တွေ စတာတွေ ကြုံတွေ့လာရဖို့ တိုက်တွန်းအားပေးနေပါတယ်။ အဓိကကတော့ စက်ရုံလုပ်သားတွေနဲ့ အဲ့ဒီစက်ရုံတွေတည်ရှိနေတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဓာတ်မှန်ပညာ မြစ်ဖျားခံရာ

၁၈၉၅ ခုနှစ်တွင် ဂျာမနီနိုင်ငံသား Wilhelm Röntgen သည် ရူပဗေဒအသိုင်းအဝိုင်းတွင် လူအများလေးစားခံရသော ဂုဏ်ထူးဆောင်ပါမောက္ခတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ Röntgen သည် သုတေသနနယ်ပယ်တွင် အတွေ့အကြုံများစွာရင့်ကျက်ပြီးလုပ်ရည်ကိုင်ရည်ကောင်းသူဖြစ်‌ကြောင်း ခေတ်ပြိုင်ပညာရှင်များရော လုပ်ဖော်ကိုင်ဖက်များကပါ အသိအမှတ်ပြုပြီးဖြစ်သော်လည်း သူကတော့ လေ့လာမှုများကိုမလျှော့ခဲ့ချေ။ Röntgen တစ်ယောက်ထိုအချိန်က စိတ်ဝင်စားနေသည့် ကိရိယာမှာ Crookes Tube ဆိုသည့် မှန်ပေါင်းချောင် ကိရိယာလေးပင်ဖြစ်သည်။ ရူပဗေဒနယ်ပယ်တွင် ပညာရှင်အတော်များများလေ့လာလျက်ရှိသော ထိုကိရိယာအား ဗြိတိသျှအင်ဂျင်နီယာ William Crookes မှ ၁၈၇၀ တွင် တီထွင်ခဲ့ခြင်းဖြစ် ဖြစ်ပြီး Cathode rays များကိုလေ့လာရန် ရည်စူးပေသည်။ ထိုကိရိယာသည် ၁၉ ရာစုနှောင်းပိုင်းပညာရှင်တို့အတွက် စိတ်ဝင်စားစရာပစ္စည်းတစ်ခုဖြစ်နေသည်။ Crookes Tube သည်အလုံပိတ်ဖန်ပေါင်းချောင်ပုံစံရှိသည့် ကိရိယာတစ်ခုဖြစ်ပြီး အတွင်းတွင် အောက်ဆီဂျင်မရှိချေ၊ ဖန်ပေါင်းချောင်တွင် အပေါင်း၊ အနုတ် electrode […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေခြည်ဖြာမှ နွေးသောကြောင့်

နေခြည်ဖြာမှ နွေးသောကြောင့် လက်ဝဲသုန္နရ အမတ်ကြီးရဲ့ ကဗျာထဲမှာ ကြားဖူးခဲ့ကြမှာပါ။ သစ်ပင်တွေဟာ ကြီးမားတဲ့ စွမ်းအင်ရင်းမြစ် တစ်ခုဖြစ်တဲ့ နေရောင်ခြည်ကို အစာချက်ရာမှာသုံးဖို့ လိုအပ်ကြောင်း အားလုံးသိကြပြီးသားပါ။ သစ်ပင်မှမဟုတ်ပါဘူး။ သက်ရှိအားလုံး နေစွမ်းအင်ကို လိုအပ်ကြပြီး ပုံစံ အမျိုးမျိုးနဲ့ အသုံးချနေကြတာပါပဲ။ လူသားတွေရဲ့ ကျန်းမာရေးရှုထောင့်ကကြည့်ရင်ရော နေရောင်ခြည်က ဘယ်လောက် အရေးပါနေသလဲ ဆိုတာကို ဒီဆောင်းပါးလေးမှာ မျှဝေပေးထားပါတယ်။ https://hellosayarwon.com/health/general-health-knowledge/pros-and-cons-of-sun/ နေခြည်ဖြာမှ နွေးသောကြောင့် နေခြည်ဖြာမှ နွေးသောကြောင့် လို့ ပြောရတာက - ၁။   မနက်ခင်း နေရောင်ခြည်ခံပေးခြင်းဟာ ဇီဝနာရီကို အချိန်မှန် (ပုံမှန်) အလုပ်လုပ်အောင် လှုံ့ဆော်ပေးတယ်။ ဇီဝနာရီက ခန္ဓာကိုယ်မှာ ဘယ်အချိန်တော့ ဘာဓာတ်ထွက်ရမယ်၊ ဘယ်အချိန် ဘယ်ကလီစာက ဘာအလုပ်လုပ်ရမယ်၊ ဘယ်အချိန် ဗိုက်ဆာရမယ် စသဖြင့် ထိန်းညှိပေးနေတာမို့ တစ်နေ့တာမှာ သူသာပုံမှန်ဖြစ်ပြီဆိုရင် ကျန်တဲ့ဇီဝဖြစ်စဉ်တွေဟာလည်း သူ့နေရာနဲ့သူ အစီအစဉ်တကျဖြစ်သွားပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Waist trainer ဝတ်သူတွေအတွက် အကျိုးအကြောင်း အဆိုးအကောင်းလေးတချို့

ဗိုက်ချပ်ဝတ်စုံ သို့မဟုတ် waist trainer လေးတွေ အခုနောက်ပိုင်းခေတ်စားလာတယ်နော်။ အဆီကျ ချပ်ရပ်ချင်တဲ့ပျိုမေတွေကလည်း ဝတ်ထားကြတယ်၊ အဝတ်အစားဝတ်တဲ့အခါ ပုံကျချပ်ရပ်ချင်တဲ့သူတွေကလည်း လိုတဲ့အချိန်ခဏဝတ်ကြတယ်။ တကယ်စွမ်းတယ်ဆိုတဲ့ သတင်းတွေကလည်း မွှေးတယ်ကိုး။ ဒါပေမယ့် တစ်ဖက်မှာလည်း ဘာဆိုးကျိုးများရှိနေမလဲ စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါဝတ်ထားလို့ ဘာတွေကောင်းကျိုးရှိမလဲ၊ ဘယ်အချက်တွေကို စိုးရိမ်ဖို့လိုမလဲဆိုတာ ကျန်းမာရေးပညာရှင်တွေ ဘယ်လိုသုံးသပ်ကြလဲ ကြည့်ရအောင်။ Waist trainer ကြောင့် ဖြစ်လာနိုင်တယ်လို့ဆိုကြတဲ့ ကောင်းကျိုးတချို့ ခါးသေးဗိုက်ချပ် ကိုယ်နေဟန်ထား လက်တွေ့သူ့ကိုဝတ်လိုက်တဲ့အခါ ချပ်ရပ်သွားစေတာက အသိသာဆုံးကောင်းကျိုးပေါ့။ အထူးသဖြင့် ကိုယ်လုံးပေါ်စေတဲ့ မြန်မာဝတ်စုံလေးတွေဝတ်မယ်ဆို ကွက်တိပါပဲ။ သီအိုရီအရလည်း ကြာကြာဝတ်ထားရင် တဖြည်းဖြည်းနဲ့ ဒီအတိုင်းအချိုးအစားကျလာမယ်လို့ဆိုပါတယ်။ အမေရိကန်ကျန်းမာရေးဌာနတစ်ခုရဲ့လေ့လာမှုအရတော့ ဗိုက်ချပ်ဝတ်စုံဝတ်ထားတာက ကိုယ်နေဟန်ထားကို သိသိသာသာပြောင်းလဲစေမှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ ကိုယ့်ခန္ဓာကိုယ်က ခဏတာဒီပုံသဏ္ဍာန်ဖြစ်သွားတယ်ဆိုရင်တောင်မှာ Waist trainer ကြောင့် ဒီအနေအထားကို ကြာရှည်မထိန်းထားနိုင်ဘူးလို့ဆိုပါတယ်။ ဆိုလိုတာက သူ့ကိုအမြဲဝတ်ထားပြီးနောက်ပိုင်း ပြန်ချွတ်ထားလိုက်တဲ့ ခဏတာအတွင်းမှာပဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Waist trainer ကို ဆိုးကျိုးကင်းအောင် ဘယ်လိုဝတ်မလဲ

သူ့ကိုဝတ်လိုက်တဲ့အခါ ချပ်ရပ်သွားစေတာကြောင့် ကိုယ်လုံးပေါ်စေတဲ့ မြန်မာဝတ်စုံလေးတွေဝတ်မယ်ဆို ကွက်တိပါပဲ။ သီအိုရီအရလည်း ကြာကြာဝတ်ထားရင် တဖြည်းဖြည်းနဲ့ ဒီအတိုင်းအချိုးအစားကျလာမယ်လို့ ဆိုပါတယ်။ Waist trainer ဝတ်ထားလို့ ကိုယ်အလေးချိန်ကျနိုင်ပါတယ်။ တင်းတင်းကျပ်ကျပ် စည်းထားတဲ့အတွက် အစာအိမ်ကို ညှစ်ထားမှာဖြစ်လို့ အစားနည်းသွားမယ့်အပြင် ရေသောက်လည်းနည်းသွားနိုင်ပါတယ်။ တကယ်တော့ ဒါကိုပဲလုံးဝအားကိုးပြီး တောက်လျှောက်ဝတ်ထားတာထက် သင့်တော်တဲ့အချိန်အပိုင်းအခြားသာ ဝတ်ပြီး လေ့ကျင့်ခန်းနဲ့ အစားဆင်ခြင်နည်း ကိုပါ တွဲဖို့ Waist trainer ရောင်းချတဲ့ကုမ္ပဏီတွေကတောင် အကြံပြုထားတာတွေ့ရပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်မှာပါဝတ်ထားဖို့ တချို့က ပြောကြပေမယ့် အားကစားလုပ်ချိန်မှာ မဝတ်ထားတာကောင်းပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်စားမိတဲ့ နည်းနည်းလေးက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေဖို့လိုပါတယ်။ ဒါမှ ကျန်းမာရေးကို ထိန်းထားနိုင်ဖို့ လုံလောက်မှာပါ။ မဟုတ်ရင် အားနည်းလာပါလိမ့်မယ်။ Waist trainer ဝတ်ထားတဲ့အချိန်မှာ နဂိုခါးကိုင်းကိုင်းနေတတ်တဲ့သူတောင် ကျော့ကျော့မတ်မတ်လေး နေဖြစ်သွားပါလိမ့်မယ်။ လူကို ကိုယ်နေဟန်ထား ပုံစံကျသွားစေပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြေထောက်ကပြောပြနေတဲ့ ကျန်းမာရေး

ခြေထောက်လေးတွေက လမ်းလျှောက်ဖို့၊ ပြေးလွှားဖို့ မတ်မတ်ရပ်ဖို့လောက်ပဲ အသုံးဝင်တာလား။ လိုချင်တဲ့နေရာဆီကို အရောက်လှမ်းသွားနိုင်ဖို့ အထောက်အပံ့ပေးထားတဲ့ ခြေထောက်လေးတွေက ကျန်းမာရေးရဲ့ အချက်ပြအရာလေးတွေအဖြစ်လည်း လုပ်ဆောင်ပေးပါသေးတယ်။ ဘယ်လိုလက္ခဏာတွေများပြတာလဲ! ခြေထောက်ကပြောပြနေတဲ့ ကျန်းမာရေး အကြောင်း သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ခြေထောက်ကပြောပြနေတဲ့ ကျန်းမာရေး ကဲ ခြေထောက်ကပြောပြနေတဲ့ ကျန်းမာရေး အခြေအနေကို ကြည့်ပြီး ခြေထောက်လေးကို သေချာလေးဆေးလို့ တစ်ချက်ချင်းစီ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်နော်။ ခြေမလေးက အပေါ်ကော့ကော့လေးဖြစ်နေရင် ခြေမကအရင်ကထက် အပေါ်ကို ခပ်ကော့ကော့လေးဖြစ်လာပြီဆိုရင် ပြင်းထန်တဲ့ ကျောက်ကပ်ရောဂါခံစားနေရတာဖြစ်နိုင်သလို နှလုံးရောဂါ၊  အစာအိမ်အူနံရံရောင်တဲ့ရောဂါ ကိုခံစားနေရတာဖြစ်နိုင်ပါတယ်။ ခြေချင်းဝတ်တွေ၊ ခြေဖမိုးတွေရောင်နေရင် တကယ်လို့ သင့်ရဲ့ ခြေချင်းဝတ်တွေ၊ ခြေဖမိုးတွေက ရောင်နေမယ်ဆိုရင်တော့ သွေးတိုးနေတာဖြစ်နိုင်သလို၊ နှလုံးကျန်းမာရေး အားနည်းတာ၊ ကောက်ကပ်ထိခိုက်နေတာ၊ အသည်းထိခိုက်နေတာတွေကိုခံစားနေရတာဖြစ်ပါတယ်။ ခြေဖျားတွေအေးနေရင် ခြေဖျားတွေက အေးစက်နေမယ်ဆိုရင်တော့ သွေးလည်ပတ်မှုသိပ်မကောင်းတာကြောင့်ဖြစ်နိုင်သလို သိုင်းရွိုက်ပြဿနာရှိနေတာလည်းဖြစ်နိုင်ပါတယ်။ ဒီပြဿနာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါ။ တကယ်လို့ သင်က […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အပူအအေးမမျှတတဲ့ ရာသီဥတုမှာ လေအေးပေးစက် ကို ဘေးကင်းအောင် ဘယ်လိုသုံးကြမလဲ။

အခုခေတ်မှာတော့ ဘယ်နေရာသွားသွား လေအေးပေးစက် နဲ့ သိပ်မကင်းနိုင်ပါဘူး။ အိမ်မှာမတပ်ထားရင် တောင် ရုံးမှာ၊ ကားပေါ်မှာ၊ စျေးဝယ်စင်တာမှာ စသည်ဖြင့် တစ်နေရာရာမှာတော့ ကြုံရမှာပဲ။ လေအေးပေးစက်နဲ့ဆို နေမကောင်းဖြစ်လွယ်တယ်လို့ စိုးရိမ်တတ်ကြတော့ ဘေးအကင်းဆုံး ဖြစ်အောင် ဘယ်လိုသုံးရမလဲ၊ ဘယ်လိုအန္တရာယ်ကင်းအောင် နေရမလဲဆိုတာ သိထားဖို့သင့်ပါတယ်။ အပူအအေးမမျှတတဲ့ ရာသီဥတုမှာ လေအေးပေးစက် ကို ဘေးကင်းအောင် ဘယ်လိုသုံးကြမလဲ။ အပူအအေးမမျှတတဲ့ ရာသီဥတုမှာ လေအေးပေးစက် ကို ဘေးကင်းအောင် ဘယ်လိုသုံးကြမလဲ။ အပူအအေးမမျှတတဲ့ ရာသီဥတုမှာ လေအေးပေးစက်ကို ဘေးကင်းအောင် ဘယ်လိုသုံးကြမလဲ ဆိုတော့ လေအေးပေးစက် သုံးမယ်ဆို ဘာတွေသတိထားသင့်သလဲ လေအေးပေးစနစ်ကြောင့် ဖျားနာမှု ကင်းဝေးပြီး ကျန်းမာစေဖို့အတွက် လေအေးပေးစက် အပူချိန်ကို ၂၃ ဒီဂရီ စင်တီဂရိတ်နဲ့ ၂၅ ဒီဂရိစင်တီဂရိတ်အကြားမှာပဲထားပါ။ လေအေးပေးစက် ရဲ့ air filter […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသံချဲ့စက်ကပေးတဲ့ ဝေဒနာ (၆) မျိုး

အသံဆိုတာ အမျိုးမျိုးရှိပါတယ်။ ဂီတသံ၊ စကားပြောသံ၊ ဆူညံသံ၊ စက်သံ စတာတွေအပြင် ဂီတသံထဲမှာတောင် သာယာငြိမ့်ညောင်းတဲ့အသံ၊ မြူးကြွတဲ့အသံ၊ ဆူညံပြင်းတဲ့အသံ ဆိုပြီးကွဲပါသေးတယ်။ ခုနေ ဘယ်အသံကို အကြောက်ဆုံးလဲမေးရင် လူ ဆယ်ယောက်မှာ ကိုးယောက်လောက်ဖြေမှာက လော်သံလို့ ပြောကြမလားပဲ။ လော် သို့မဟုတ် လော်စပီကာလို့ ခေါ်ကြတဲ့ အသံချဲ့စက် တွေက ဟိုမှာ ဒီမှာ တပြင်တခွင် ရှိနေတာကိုး။ ပိုဆိုးတာက လော်တင်မက sound box ကြီးတွေပါ တွဲပြီး ကျဲနေကြတာပါပဲ။ သုတေသနတွေအရ အသံချဲ့စက် အပါအဝင် ကားဟွန်းသံ၊ လေယာဉ်သံ၊ စက်မောင်းသံ၊ စတဲ့ ဆူညံသံ တစ်မျိုးမျိုးကို မကြာခဏ သို့မဟုတ် ကြာရှည်ကြားနေရတဲ့သူတွေမှာ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာတယ်လို့ သိရပါတယ်။ ဒီဆောင်းပါးမှာတော့ အသံချဲ့စက်ကပေးတဲ့ ဝေဒနာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း