brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Waist trainer ကို ဆိုးကျိုးကင်းအောင် ဘယ်လိုဝတ်မလဲ

သူ့ကိုဝတ်လိုက်တဲ့အခါ ချပ်ရပ်သွားစေတာကြောင့် ကိုယ်လုံးပေါ်စေတဲ့ မြန်မာဝတ်စုံလေးတွေဝတ်မယ်ဆို ကွက်တိပါပဲ။ သီအိုရီအရလည်း ကြာကြာဝတ်ထားရင် တဖြည်းဖြည်းနဲ့ ဒီအတိုင်းအချိုးအစားကျလာမယ်လို့ ဆိုပါတယ်။

Waist trainer ကို ဆိုးကျိုးကင်းအောင် ဘယ်လိုဝတ်မလဲ

Waist trainer ဝတ်ထားလို့ ကိုယ်အလေးချိန်ကျနိုင်ပါတယ်။ တင်းတင်းကျပ်ကျပ် စည်းထားတဲ့အတွက် အစာအိမ်ကို ညှစ်ထားမှာဖြစ်လို့ အစားနည်းသွားမယ့်အပြင် ရေသောက်လည်းနည်းသွားနိုင်ပါတယ်။

တကယ်တော့ ဒါကိုပဲလုံးဝအားကိုးပြီး တောက်လျှောက်ဝတ်ထားတာထက် သင့်တော်တဲ့အချိန်အပိုင်းအခြားသာ ဝတ်ပြီး လေ့ကျင့်ခန်းနဲ့ အစားဆင်ခြင်နည်း ကိုပါ တွဲဖို့ Waist trainer ရောင်းချတဲ့ကုမ္ပဏီတွေကတောင် အကြံပြုထားတာတွေ့ရပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်မှာပါဝတ်ထားဖို့ တချို့က ပြောကြပေမယ့် အားကစားလုပ်ချိန်မှာ မဝတ်ထားတာကောင်းပါလိမ့်မယ်။

ဒါ့ကြောင့် ကိုယ်စားမိတဲ့ နည်းနည်းလေးက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေဖို့လိုပါတယ်။ ဒါမှ ကျန်းမာရေးကို ထိန်းထားနိုင်ဖို့ လုံလောက်မှာပါ။ မဟုတ်ရင် အားနည်းလာပါလိမ့်မယ်။

Waist trainer ဝတ်ထားတဲ့အချိန်မှာ နဂိုခါးကိုင်းကိုင်းနေတတ်တဲ့သူတောင် ကျော့ကျော့မတ်မတ်လေး နေဖြစ်သွားပါလိမ့်မယ်။ လူကို ကိုယ်နေဟန်ထား ပုံစံကျသွားစေပါတယ်။ ဒါပေမယ့် အမြဲဝတ်ထားရင်တော့ ပင်မကြွက်သားတွေကို အားနည်းစေပြီး သူ့ကိုချွတ်လိုက်တာနဲ့ ခါးနာတာ၊ အနေအထားပျက်တာတွေ ဖြစ်နိုင်တဲ့အန္တရာယ်ရှိပါတယ်။

ဘေးကင်းအောင် ဘယ်လိုလုပ်ရမလဲ

တကယ်တော့ တန်ဆေး၊ လွန်ဘေး ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ကောင်းကျိုးလေးတွေလည်းရှိ၊ အသုံးဝင်တဲ့ အသုံးအဆောင်တစ်ခုမို့ ကိုယ့်အတွက်အန္တရာယ်ဖြစ်မလာအောင် ဉာဏ်ရှိရှိသုံးနိုင်ဖို့ပဲလိုပါတယ်။

အကောင်းဆုံးက –

  • အမြန်ပိန်ချင်ဇောနဲ့ သူ့ကို အရမ်းတင်းကျပ်ကြီးမဝတ်ပါနဲ့၊ ကိုယ်ခံနိုင်သလောက်ပဲ ဝတ်ပါ။
  • တစ်နေ့တာမှာ အများဆုံး ၈ နာရီထက် ပိုမဝတ်ထားပါနဲ့။
  • နေ့တိုင်းဝတ်မယ်ဆိုရင် အချိန်ကာလကို အရမ်းမကြာပါစေနဲ့။
  • ကိုယ်ဝယ်ယူခဲ့တဲ့ ကုမ္ပဏီ သို့မဟုတ် ကိုယ့်ရဲ့အားကစားနည်းပြရဲ့ အကြံပြုချက်အတိုင်း ဝတ်ဆင်ပါ။
  • အလွန်အကျွံကြီး တင်းကျပ်အောင် မဝတ်သရွေ့ ထိခိုက်မှုမရှိနိုင်ပါဘူး။
  • အသက်ရှူကျပ်တယ်၊ ဗိုက်အောင့်တယ် စတဲ့ လက္ခဏာတွေဖြစ်လာရင် ချက်ချင်းချွတ်ပစ်ပါ။

ခါးလေးချပ်ရပ်နေဖို့ ဘာတွေလုပ်ရဦးမလဲ

ဘေးအကင်းဆုံးနဲ့ အဆီကျချပ်ရပ်ချင်ရင်တော့ ဒါတွေလုပ်လို့ရပါတယ် –

အစားအသောက်ချင့်ချိန်ပါ –

လတ်ဆတ်တဲ့အစားအသောက်တွေပဲစားပါ။ ပမာဏချင့်ချိန်စားပါ။ အချိုနဲ့ အဆီကို သိသိသာသာလျှော့ပါ။ ပြုပြင်စီမံထားတာတွေ ရှောင်ပါ။

ကိုယ်လက်လှုပ်ရှားမှုရှိပါစေ –

ကယ်လိုရီတွေလောင်ကျွမ်းစေဖို့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပါ။

Waist trainer ကို အနေတော်ဝတ်ပါ –

အရမ်းကိုချပ်ရပ်ချင်ဇောနဲ့ အကျပ်မဝတ်လိုက်ပါနဲ့။ သိပ်ကျပ်ရင် ဆိုးကျိုးတွေရှိလာနိုင်လို့ ကိုယ်နေရမခက်လောက်တဲ့အနေအထားလောက်ပဲ ဝတ်ပါ။ ကိုယ်အချိုးအစားကို ထိန်းပေးပါလိမ့်မယ်။

ပညာရှင်ရဲ့အကြံဉာဏ်ရယူပါ –

Diet Specialist သို့မဟုတ် Gym Trainer တို့လို အဆီချခြင်းနဲ့ဆိုင်တဲ့ ပညာရှင်တွေဆီက အကြံဉာဏ်ကိုရယူပါ။ ကိုယ့်ဘာသာရမ်းလုပ်မယ့် နည်းလမ်းမှားတွေ မလုပ်မိတော့ဘူးပေါ့။ နည်းလမ်းမှန်နဲ့ အဆီချမယ်ဆို ဘေးကင်းစွာနဲ့ ရလဒ်သိသာလာဖို့က အနှေးနဲ့အမြန်သာကွာခြားမှာပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။