သားသမီး ဆိုတာ ရတနာလေးတွေလို့ ပြောရင် မေမေတို့ အပြည့်အဝထောက်ခံကြမှာပဲ။ မိဘတွေဆိုတာ ကိုယ့်ကလေးတွေ ကျန်းမာနေမှ၊ သူများနဲ့ယှဉ်ရင် အားပြည့် ဖွံ့ဖြိုးနေမှ၊ ထွားနေမှ ၊ ဉာဏ်ကောင်း ထက်မြက်နေမှာ ပျော်ရွှင်နိုင်တာမလား။ ဒီကလေးတွေရဲ့ အနာဂတ်သာလျှင် ကိုယ့်ရဲ့ဘဝကြီး၊ ကိုယ့်ရဲ့ကမ္ဘာကြီး ပေါ့လေ။