အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ငလျင်အတွက် အကူအညီများ ရယူရန်

ငလျင်ဆိုင်ရာ သတင်းထုတ်ပြန်ချက်နှင့် သတိပေးချက်များ Mind- Mentoring New Dimensions >> ဖျက်အားပြင်းငလျင်လှုပ်ချိန် ဘာတွေလုပ်ဆောင်သင့်သလဲ..။ https://www.facebook.com/share/14y3krU3DT/?mibextid=wwXIfr Project i >> Red Crosss Guideline အရ ငလျင် မလှုပ်ခင်၊ လှုပ်နေစဉ်နှင့် လှုပ်ပြီး ချိန် များတွင် နေထိုင်ရန် ညွှန်ကြားချက် https://m.facebook.com/story.php?story_fbid=122147447084487413&id=61564622411439&mibextid=wwXIfr My earthquake alert application >> https://www.facebook.com/share/1HWvdy4HRt/?mibextid=wwXIfr ငလျင်လှုပ်ခတ်မှုအတွက် အသိပေးချက်များ စစ်ဆေးနိုင်ရန်် Free အက်ပ် ၅ ခု https://www.facebook.com/share/p/1HczuCdCQT/?mibextid=wwXIfr ငလျင်ပြီးနောက် Afterquake နှင့် လုပ်ထားသင့်သည့် အရေးကြီး ပြင်ဆင်မှုများ https://www.facebook.com/share/p/155N2a8UmV/?mibextid=wwXIfr mental heal >> ငလျင်ဒဏ်နောက်ဆက်တွဲကာကွယ်ရေးအချက်အလက်များ မျှဝေခြင်း https://www.facebook.com/share/p/1NRoRqx8Ao/?mibextid=wwXIfr Dr Yadanar >> ငလျင် လှုပ်ပြီးနောက် ခေါင်းမူး ဝေဒနာ ခံစားနေရလျှင် https://www.facebook.com/share/p/19AAEDqyVm/?mibextid=wwXIfr […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးရွာရင် မိုးရေချိုးမယ်၊ ဘယ်လိုအကျိုးတွေရမလဲကွယ်

ခုလို မိုးတွင်းကာလ မိုးတွေ သည်းသည်းမည်းမည်း ရွာပြီဆိုရင် “မိုးရွာရင် မိုးရေချိုးမယ်၊ မေမေလာရင် နို့စို့မယ်၊ ဖေဖေလာရင် အုန်းသီးခွဲစားမယ်” လို့ အော်ဟစ်ပြီး မိုးရေပြေးချိုးခဲ့ကြဖူးမှာပါ။ ဒီတော့ မိုးရွာရင် မိုးရေချိုးမယ်၊ ဘယ်လိုအကျိုးတွေရမလဲကွယ် ..... အနောက်နိုင်ငံတွေမှာတော့ မိုးရေကို အိမ်သုံးအဖြစ် သုံးတဲ့ အလေ့အထရှိပေမယ့် မိုးရေထွက်ချိုးတဲ့ အလေ့အထမျိုးတော့ နည်းပါးလှပါတယ်။ ဒါပေမယ့် အာရှဒေတွေမှာတော့ မိုးရေထွက်ချိုးတယ်ဆိုတာဟာ ငယ်ဘဝအမှတ်တရတွေကြားထဲက ရှင်းလင်းပြတ်သားလွန်းလှတဲ့ ပုံရိပ်တချို့လို့တောင်ဆိုလို့ရပါတယ်။ မိုးရွာရင် မိုးရေချိုးမယ်၊ ဘယ်လိုအကျိုးတွေရမလဲကွယ် မိုးရွာရင် မိုးရေချိုးမယ်၊ ဘယ်လိုအကျိုးတွေရမလဲကွယ် မြန်မာပြည်မှာဆိုရင် မိုးရေချိုးရင် မိတ်ပျောက်တယ်ဆိုတဲ့ အယူအဆကလည်းရှိတော့ လူကြီးတွေကလည်း မိုးရွာရင် ကလေးတွေကို မိုးရေချိုးဖို့ တိုက်တွန်းတတ်ကြပါတယ်။ မိုးရေချိုးရင် ကျန်းမာတယ်လို့လည်း ပြောတတ်ကြပါသေးတယ်။ မိုးရေချိုးရင် တကယ်ရော ကျန်းမာမယ်ဆိုတာ ဟုတ်ရဲ့လား။ မြန်မာပြည်လို မိုးများတဲ့ မုတ်သုံရာသီဥတုရှိတဲ့တိုင်းပြည်မျိုးမှာ ဒီမေးခွန်းလေးက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပျော်ပျော်နေ သေခဲ

ငယ်ငယ်က ကြားခဲ့ဖူးတဲ့ ပျော်ပျော်နေ သေခဲ ဆိုတဲ့ စကားလေးက တကယ်ကို မှန်တာပါ။ ပျော်ရွှင်နေတဲ့ စိတ်ကလေးက စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရသလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ပျော်ပျော်နေ သေခဲ ပျော်ရွှင်နေတဲ့ စိတ်ကလေးက ပေးတဲ့ ကျန်းမာရေး တွေက ဘာတွေများ ဖြစ်မလဲ။ ပျော်ပျော်နေ သေခဲ ........ နေ့ရက်တိုင်းမှာ စိတ်ပျော်ရွှင်မှုရနေသူတွေက စိတ်ပျော်ရွှင်မှုတင် မဟုတ်ဘဲ အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကိုပါ ရရှိနိုင်ပါတယ်။ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်ကြတယ် စိတ်ပျော်ရွှင်နေတာက ကျန်းမာတဲ့ လူနေမှုပုံစံကို လိုက်နာဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ပျော်ရွှင်နေသူတွေက စိတ်ညစ်နေသူတွေထက် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးမိတတ်​ကြပါတယ်။ လေ့လာမှုတွေအရ စိတ်ပျော်ရွှင်နေသူတွေဟာ လတ်ဆတ်တဲ့ သစ်သီးတွေ။ ဟင်းသီးဟင်းရွက်တွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကောက်နှံတွေကို ပိုမို စားသုံးမိကြတယ်၊ […]


အခြေခံကျန်းမာရေး

နေကြတ်ခြင်း နဲ့ ကျန်းမာရေး အယူအဆများ

နေကြတ်တာက သဘာဝ ဖြစ်စဉ်ဆိုပေမယ့် ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ယူဆမှုတွေ၊ ယုံကြည်မှုတွေ ရှိနေပါတယ်။ ဒီ အယူအဆတွေက ဘာတွေများ ဖြစ်မလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ဖတ်ကြည့်စေချင်ပါတယ်။ နေကြတ်တယ် ဆိုတာ သဘာဝဖြစ်စဉ် တစ်ရပ်ပါ။ နေကြတ်တယ်ဆိုတာက  လက နေ နဲ့ ကမ္ဘာကြားကို ဖြတ်သန်းသွားတဲ့ အချိန်ပါ။ လက ကမ္ဘာမြေပေါ်ကို ကျရောက်နေတဲ့ နေရဲ့ အလင်းလာရာ လမ်းကြောင်းကို ပိတ်ဆို့မှုကြောင့်  လရဲ့ အရိပ်က ကမ္ဘာမြေပေါ် ကျလာတာကို နေကြတ်တယ် ခေါ်တာပါ။ နေကြတ်တဲ့အခါ နေအပြည့်ကြတ်တာ ရှိသလို နေတစ်စိတ်တစပိုင်း ကြတ်တာမျိုးလည်း ရှိပါတယ်။ နေအပြည့်ကြတ်တယ်ဆိုတာက ကမ္ဘာရယ် နေရယ် လရယ် တစ်ထပ်တည်း ကျရောက်ပြီး လည်ပတ်မင ဖြစ်စဉ် အသစ်တစ်ရပ် ဖြစ်ပေါ်လာမယ့် အခြေအနေပါ။ ဒီအခြေအနေက သဘာဝဖြစ်စဉ် […]


အခြေခံကျန်းမာရေး

Body piercing လုပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

Body piercing ဆိုတာကတော့ အလွယ်ပြောရရင် ခန္ဓာကိုယ်ရဲ့ ပြင်ပအစိတ်အပိုင်းတစ်ခုခု (ဥပမာ- နားရွက်၊ ချက်၊ နှုတ်ခမ်း၊ လျှာ၊ နှာခေါင်း စတဲ့ နေရာတွေ) မှာ ရတာနာပစ္စည်းလေးတွေ၊ fancy အလှပစ္စည်းလေးတွေ တပ်ဖို့အတွက် အလှသဘောနဲ့ အပေါက်ဖောက်တာကို ခေါ်တာပါ။ မြန်မာနိုင်ငံမှာဆိုရင်လည်း များသောအားဖြင့် နားမှာ ဖောက်ကြပြီး နားကပ်လေးတွေ အလှတပ်ကြတဲ့အပြင် အထူးသဖြင့် လူငယ်တွေမှာ ချက်၊ နှုတ်ခမ်း စတဲ့အခြား နေရာတွေမှာလည်း body piercing လုပ်တာတွေ ခေတ်စားလာပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲလို body piercing လုပ်မယ်ဆိုရင် ဘယ်လို ဆိုးကျိုးတွေ ဖြစ်နိုင်တယ်၊ ဘယ်အချက်တွေကို ဂရုစိုက်သင့် ဆိုတာလေးတွေကို မျှဝေပေးသွားမှာပါ။ Body piercing လုပ်ပြီးတဲ့အခါမှာ ဘာတွေဖြစ်လာနိုင်လဲ။ ပုံမှန်အားဖြင့်တော့ သေသေချာချာ ပိုးသတ်ထားပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မျက်ရည်တို့ရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ

ဝမ်းနည်းတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ဝမ်းသာတဲ့အခါမှာပဲ ဖြစ်ဖြစ် မျက်ရည် ဝဲတတ်ကြ၊ ငိုကြွေးတတ်ကြတာဟာ လူ့သဘာဝပါပဲ။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ အကြောင်းမရှိဘဲ ငိုကြွေးဖြစ်နေတာမျိုးတွေလည်း ဖြစ်နိုင်သလို အလိုလိုမျက်ရည်ကျလာတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ ဥပမာ စိတ်ဓာတ်ကျတာမျိုး၊ စိတ်ဖိစီးမှုများတာမျိုးလို စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်ပေါ့။ တစ်ခုရှိတာက အထက်ပါပြဿနာတွေမရှိဘဲ တခြားသောကျန်းမာရေးပြဿနာတွေကြောင့်လည်း မျက်ရည်တွေ တသွင်သွင်စီးကျတာမျိုး ဖြစ်နိုင်တယ်ဆိုတာပါပဲ။ မျက်ရည်တို့ရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ က ဘာတွေဖြစ်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ရုတ်တရက်အကြောင်းအရင်း မသိနိုင်ဘဲ မျက်ရည်တွေ စီးကျလာနိုင်တဲ့ အကြောင်းအရင်းတွေ အများအပြားရှိထားပါတယ်။ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေပါ။ ဘာတွေလဲဆိုတာ သိထားဖို့တော့ လိုအပ်ပါတယ်။ တချို့ပြဿနာတွေဟာ ပေါ့ဆလို့မဖြစ်တဲ့ ပြဿနာတွေဖြစ်နေတာကြောင့်ပါပဲ။ မျက်ရည်တို့ရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ လူတစ်ယောက် ငိုကြွေးစေရတဲ့ အကြောင်းပြချက် အမျိုးမျိုးရှိပါတယ်။ ပျော်ပြီး မျက်ရည်ကျတာမျိုးဖြစ်နိုင်သလို စိတ်ခံစားချက်လွန်ကဲတာကြောင့်ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများတာ၊ ဝမ်းနည်းတာနဲ့ ပတ်ဝန်းကျင်က […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသက်ကယ်ဖို့ သွေးလှူ ကြပါစို့

ဇွန်လ ၁၄ ရက်နေ့ဟာ ကမ္ဘာ့သွေးလှူရှင်များနေ့ဖြစ်ပါတယ်။ လူတစ်ယောက်အတွက် စိတ်ချရတဲ့သွေးရရှိဖို့ ဘယ်လောက်အရေးပါသလဲဆိုတာနဲ့ သွေးလှူ ဖို့ ဘာလို့အရေးကြီးလဲဆိုတာတွေကို ပြောပြချင်ပါတယ်။ ကမ္ဘာ့ သွေးလှုရှင်များနေ့ နှစ်စဉ် ဇွန်လ ၁၄ ရက်နေ့ဟာ ကမ္ဘာ့သွေးလှူရှင်များနေ့ ဖြစ်ပါတယ်။ လူတိုင်းအသက်ရှင်နေနိုင်ဖို့ သွေးကို မရှိမဖြစ်လိုအပ်ပါတယ်။ အခုချိန်ထိလည်း ကမ္ဘာ့အနှံ့အပြားမှာ သွေးအရေးပေါ်လိုအပ်နေတဲ့သူတွေ အများကြီး ရှိပါတယ်။ ထိခိုက်ဒဏ်ရာရလို့ အရေးပေါ်ကုသမှု ခံယူရမယ်ဆိုရင် သွေးလိုပါတယ်။ ကလေးမွေးမယ့် မိခင်တွေဆိုလည်း အရေးပေါ်သွေးဆောင်ထားဖို့လိုသလို သွေးပုံမှန်သွင်းဖို့ လိုအပ်နေတဲ့ နာတာရှည်ဝေဒနာရှင်တွေလည်း သန်းပေါင်းများစွာရှိပါတယ်။ ဒါ့ကြောင့် တစ်ကမ္ဘာလုံးက သွေးလိုအပ်နေတဲ့သူတွေအတွက် လုံခြုံစိတ်ချရတဲ့ သွေးရရှိဖို့ အင်မတန်အရေးကြီးပါတယ်။ ဒီသတင်းစကားကို ဖြန့်ဝေချင်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၀၅ ခုနှစ်ကစပြီး နှစ်တိုင်းဇွန်လ ၁၄ ရက်နေ့ကို ကမ္ဘာ့သွေးလှူရှင်များနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ အသက်ကယ်ဖို့ သွေးလှူ ကြပါစို့ သန့်စင်တဲ့ […]


အခြေခံကျန်းမာရေး

မဂ္ဂနိစ်ဓာတ် (Manganese) အကြောင်း သိကောင်းစရာ

မဂ္ဂနိစ်ဆိုတာ သဘာဝအတိုင်းတွေ့ရတဲ့ ဓာတုဒြပ်စင်တစ်မျိုးဖြစ်ပြီး periodic table မှာ အက်တမ်နံပါတ် ၂၅ သတ်မှတ်ထားပါတယ်။ မဂ္ဂနိစ် (Manganese) ကို စာလုံးပေါင်းဆင်တဲ့ မဂ္ဂနီဆီယမ် (Magnesium) နဲ့ မကြာခဏ မှားတတ်ကြပါတယ်။ မဂ္ဂနိစ်ဟာ ပမာဏများလာရင် လူကို ထိခိုက်နိုင်ပေမယ့် သင့်တော်တဲ့ပမာဏမှာဆိုရင် လူသားတို့ရဲ့ ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ မဂ္ဂနိစ်ချို့ယွင်းလာရင်လည်း ကျန်းမာရေးမှာ ထိခိုက်မှု ရှိနိုင်ပါတယ်။ မဂ္ဂနိစ်ဟာ ဘာအတွက် အရေးပါသလဲ မဂ္ဂနိစ်ဟာကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာမျိုးစုံအတွက် အရေးပါပါတယ်။ အထူးသဖြင့် အောက်ပါ ကိစ္စရပ်များ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်ခြင်းလုပ်ငန်းစဉ် ကိုယ်ခန္ဓာထဲမှာ အင်ဇိုင်းလို့ခေါ်တဲ့ ပရိုတိန်းပေါင်းစုံရှိပါတယ်။ အင်ဇိုင်းများဟာ ခန္ဓာကိုယ်တွင်း ဓာတုဖြစ်စဉ်များကို အရှိန်မြန်လာစေပါတယ်။ မဂ္ဂနိစ်ဟာ အရေးကြီးအင်ဇိုင်းပေါင်းစုံရဲ့ မရှိမဖြစ်ပါဝင်ပစ္စည်းဖြစ်ပြီး ကာဘိုဟိုက်ဒရိတ်၊ အမိုင်နိုအက်ဆစ်၊ ကိုလက်စထရော စတာတွေကို ချေဖျက်ရာမှာ အထောက်အကူပြုပါတယ်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ဖရီးရယ်ဒီကယ်များဟာ ဆဲလ်များကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Screen Timeကို လျှော့ချပါ

ယနေ့ခေတ်မှာ လူတိုင်းရဲ့ တစ်နေ့တာ အချိန်မှာ Screen Time က မပါမဖြစ်နော်။ အလုပ်လုပ်တာဖြစ်ဖြစ်၊ စိတ်အပန်းဖြေတဲ့ အနေနဲ့ဖြစ်ဖြစ် ဂိမ်းဆော့တာ၊ ဖေ့ဘုတ်ခ်သုံးတာတွေ လုပ်နေတာကြောင့် စခရင်မ်တွေကို ကြည့်ဖြစ်တဲ့ အချိန်က တော်တော်လေးများနေတယ် ဆိုရပါမယ်။ Screen Time ဆိုတဲ့နေရာမှာ ဒါ​တွေပဲလားဆိုတော့ မဟုတ်သေးပါဘူး။ Screen Time ဆိုတဲ့ထဲမှာ တီဗွီ၊ ကွန်ပျူတာ၊ ဖုန်း၊ ဂိမ်းဆော့တဲ့ ကိရိယာတွေ၊ iPads စတာတွေ ပါဝင်နေတာပါ။ ဒါတွေသုံးတာက စိတ်အပန်း‌ပြေစေပေမဲ့ ကျန်းမာရေးကို အနည်းနဲ့ အများ ထိခိုက်နိုင်တာကြောင့် Screen Timeကို လျှော့ချပါ လို့ အကြံပြုချင်ပါတယ်။ Screen Time များတာက ဘာတွေများ ဖြစ်စေနိုင်လို့လဲ...... Screen Time များတာက ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူးလို့ ယူဆကောင်းယူဆနိုင်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ချွေးထွက်ခြင်း ၏ အကျိုးကျေးဇူးများ

ချွေးထွက်ခြင်း ဆိုတာ သဘာဝအလျောက် ကိုယ်ခန္ဓာရဲ့ အပူချိန်ကို ထိန်းညှိတဲ့လုပ်ဆောင်ချက်တမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ပူအိုက်တဲ့အချိန်မှာ ချွေးထွက်တတ်ခြင်း ဖြစ်ပါတယ်။ ချွေးထွက်လာတဲ့အခါ အရေပြားကတဆင့် အငွေ့ပျံသွားပြီး ကိုယ်ခန္ဓာအပူချိန်ကို ကျဆင်းစေပါတယ်။ ချွေးမှာ အဓိကအားဖြင့် ရေပါဝင်ပြီး အမိုးနီးယား၊ ယူရီးယား၊ ဆား၊ သကြား စတဲ့ ဓာတ်ပစ္စည်းတွေ အနည်းငယ်စီ ပါဝင်ပါတယ်။ ကိုယ်ခန္ဓာအတွင်းပိုင်း အပူချိန်တက်လာတဲ့အခါ ချွေးဂလင်းများဟာ အရေပြားရဲ့ အပေါ်ကို ရေတွေ ထုတ်လွှတ်ပေးပါတယ်။ အဲဒီရေဟာ ချွေးပေါက်များမှတဆင့် ချွေးအဖြစ်ထွက်ပေါ်လာပါတယ်။ ချွေးထွက်ခြင်းကို လူအတော်များများက စိတ်ပျက်စရာလို့ မြင်ကြပေမယ့် တကယ်တော့ ချွေးထွက်ခြင်းက ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ချွေးထွက်ခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။ လေ့ကျင့်ခန်း ပြုလုပ်ချိန် ချွေးထွက်ခြင်း ကိုယ်ကာယပိုင်းဆိုင်ရာ လှုပ်ရှားမှုပြုလုပ်ခြင်းကြောင့် ချွေးထွက်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ချိန် ချွေးထွက်ခြင်းက စွမ်းအင်ကို မြှင့်တင်ပေးခြင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေဆိပ်တက်တယ်ဆိုတာ ဘာလဲ

‘ရေအသက်တစ်မနက်’ ဆိုတဲ့ဆိုရိုးအတိုင်း အသက်ရှင်ဖို့အတွက် ရေသောက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကဆဲလ်တွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့ ရေဓာတ်လိုအပ်ပေမဲ့ လိုတာထက်ပိုပြီး သောက်မိရင်လည်း ရေဆိပ်တက်ပြီး ကျန်းမာရေးထိခိုက်နိုင်တာကို သိထားသင့်ပါတယ်။ ကဲ ... ရေဆိပ်တက်တယ်ဆိုတာ ဘာလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ ရေဆိပ်တက်တယ်ဆိုတာ ဘာလဲ လူတိုင်းဖျော်ရည် သောက်သုံးဖူးကြမှာပါ။ ဖျော်ရည်ဖျော်တဲ့အခါမှာ ထည့်ဖျော်ရမယ့် ရေပမာဏအနည်းအများက အရေးကြီးပါတယ်။ ရေနည်းနေရင် ဖျော်ရည်က လိုတာထက် ပိုချိုနေပြီး များလွန်းရင်လည်း ဘာအရသာမှမရှိဘဲ ဖြစ်သွားတတ်ပါတယ်။ ရေဆိပ်တက်တဲ့အခြေအနေကလည်း ဒီပုံစံနဲ့ဆင်တူပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ သက်စောင့်ဓာတ်အမျိုးမျိုးရှိပြီး ဆိုဒီယမ်ဓာတ်ကလည်း အရေးကြီးဆုံး သက်စောင့်ဓာတ်တွေထဲက တစ်ခုပါ။ ရေကို လိုအပ်တဲ့ပမာဏထက် အလွန်အကျွံသောက်သုံးမိရင် သွေးတွင်း ဆိုဒီယမ်ဓာတ်တွေ ကျဲပါးသွားပါတယ်။ ဆိုဒီယမ်ဓာတ်ဟာ ဆဲလ်ရဲ့အတွင်းနဲ့ အပြင်မှာရှိရမယ့် ရေဓာတ်ပမာဏကို ချိန်ညှိပေးနိုင်စွမ်းရှိတဲ့အတွက် ဆိုဒီယမ်ဓာတ်ကို သတ်မှတ်ပမာဏအတိုင်း ထိန်းထားဖို့က အလွန်ပဲ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း