backup og meta

နေကြတ်ခြင်း နဲ့ ကျန်းမာရေး အယူအဆများ

နေကြတ်ခြင်း နဲ့ ကျန်းမာရေး အယူအဆများ

နေကြတ်တာက သဘာဝ ဖြစ်စဉ်ဆိုပေမယ့် ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ယူဆမှုတွေ၊ ယုံကြည်မှုတွေ ရှိနေပါတယ်။ ဒီ အယူအဆတွေက ဘာတွေများ ဖြစ်မလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ဖတ်ကြည့်စေချင်ပါတယ်။

နေကြတ်တယ် ဆိုတာ သဘာဝဖြစ်စဉ် တစ်ရပ်ပါ။

နေကြတ်တယ်ဆိုတာက  လက နေ နဲ့ ကမ္ဘာကြားကို ဖြတ်သန်းသွားတဲ့ အချိန်ပါ။ လက ကမ္ဘာမြေပေါ်ကို ကျရောက်နေတဲ့ နေရဲ့ အလင်းလာရာ လမ်းကြောင်းကို ပိတ်ဆို့မှုကြောင့်  လရဲ့ အရိပ်က ကမ္ဘာမြေပေါ် ကျလာတာကို နေကြတ်တယ် ခေါ်တာပါ။ နေကြတ်တဲ့အခါ နေအပြည့်ကြတ်တာ ရှိသလို နေတစ်စိတ်တစပိုင်း ကြတ်တာမျိုးလည်း ရှိပါတယ်။

နေအပြည့်ကြတ်တယ်ဆိုတာက ကမ္ဘာရယ် နေရယ် လရယ် တစ်ထပ်တည်း ကျရောက်ပြီး လည်ပတ်မင ဖြစ်စဉ် အသစ်တစ်ရပ် ဖြစ်ပေါ်လာမယ့် အခြေအနေပါ။ ဒီအခြေအနေက သဘာဝဖြစ်စဉ် တစ်ခုသာဖြစ်ပြီး လူတွေရဲက စိတ်ရော ကိုယ်ပါ ကျန်းမာရေး အပေါ်မှာ သက်ရောက်မှု မရှိပါဘူး၊လို့ နာဆာ အဖွဲ့ကြီးက ဆိုပါတယ်။

ဒါပေမယ့် စိတ်နယ်လွန်ဖြစ်ရပ်တွေကို ယုံကြည်တဲ့သူတွေကတော့ နေရယ်၊ ကမ္ဘာရယ်၊ လရယ် တစ်ထပ်တည်း ကျတာက မတူကွဲပြားမှုကို ဖြေရှင်းနိုင်တဲ့ သဘော သက်ရောက်နေပြီး နေကြတ်တာက စိတ်ဒဏ်ရာတွေကို သက်သာစေသလို ဆက်ဆံရေးတွေကို ပိုမိုကောင်းမွန် ခိုင်မာလာစေတယ်။ လို့ ယုံကြည်မှုတွေလည်း ရှိကြပါတယ်။

တကယ်ကတော့ သိပ္ပံနည်းကျတွေးကြည့်မယ်ဆိုရင် နေကြတ်တာက စ​ကြဝဠာ ဖြစ်စဉ်တစ်ခုဖြစ်ပြီး သဘာဝဖြစ်စဉ် တစ်ရပ်ဆိုတာထက် မပိုပါဘူး။

နေကြတ်ခြင်း နဲ့ ကျန်းမာရေး အယူအဆများ

နေကြတ်တာက သဘာဝဖြစ်စဉ် တစ်ခုဆိုပေမယ့် လူတော်တော်များများကတော့ နေကြတ်တာက ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေ ရှိနိုင်တယ်၊ လို့ ယူဆမှုတွေ ရှိနေပါတယ်။ အချို့ ကိစ္စတွေက သိပ္ပံနည်းကျ အထောက်အထားရှိပေမယ့် အချို့ကတော့ အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ ယုံတမ်းစကားတွေမျှသာဖြစ်နေတာပါ။ ဒါတွေက ဘာတွေများဖြစ်မလဲ။

ကိုယ်ဝန်ဆောင်တွေကို ထိခိုက်စေတယ်

နေကြတ်တာက ကိုယ်ဝန်ဆောင်တွေအတွက် ကောင်းကျိုးဖြစ်စေတဲ့အရာ မဟုတ်ပါဘူး။ ဒဏ္ဍာရီလာ အယူအဆတွေအရ ကိုယ်ဝန်ဆောင် အမျိုးသမိးတွေအနေနဲ့ နေကြတ်ချိန်မှာ အပြင်သွားနေမယ်ဆိုရင် မိခင်ကိုရော ကလေးကိုပါ ထိခိုက်စေနိုင်တယ်၊ လို့ ဆိုပါတယ်။

ကိုယ်ဝန်ဆောင်မိခင်က နေကြတ်ချိန်မှာ အပြင်ထွက်မိတဲ့အခါ မွေးဖွားရ ခက်ခဲတာ၊ ကလေးက ပုံမှန်မဟုတ်တဲ့ အ​ခြေအနေမျိုး ဖြစ်နေတာတွေ ကြုံရနိုင်တယ်လို့ ယုံကြည်တာတွေရှိပါတယ်။ တကယ်ကတော့ ဒီအယူအဆက သိပ္ပံနည်းကျ အထောက်အထားမရှိပါဘူး။

မျက်လုံး ထိခိုက်စေနိုင်တယ်

နေကြတ်တာကို ထိုက်သင့်တဲ့ ကာကွယ်မှု မလုပ်ဘဲ သာမန် မျက်စိနဲ့ တိုက်ရိုက် ကြည့်တာက အမြင်လွှာကို ဆိုးဆိုးရွားရွား ထိခိုက်စေပြီး မျက်လုံးကွယ်တာမိုး ဖြစ်စေနိုင်ပါတယ်။ ဒါက သိပ္ပံနည်းကျ အထောက်အထားရှိတဲ့ အယူအဆပါ။ နေကြတ်နေတဲ့အခါ နေရောင်ရိပ်နေတယ်ဆိုပြီး သာမန်မျက်လုံးနဲ့ ကြည့်တတ်ကြပါတယ်။

နေကြတ်နေတာက အပြည့်ကြတ်နေရင် ခေတ္တခဏ သာမန် မျက်လုံးနဲ့ ကြည့်လို့ ရနိုင်ပေမယ့် နေက တစ်စိတ်တစ်ပိုင်းပဲ ကြတ်နေတဲ့အခါ သာမန် မျက်လုံးနဲ့ ကြည့်မိမယ်ဆိုရင် နေကနေ ထုတ်လွှတ်တဲ့ အပူဒဏ် နဲ့ ခရမ်းလွန်ရောင်ခြည်တန်းတွေကြောင့် အမြင်အာရုံ ထိခိုက်ပျက်စီးနိုင်ပါတယ်။

အစာခြေစနစ်ကို ထိခိုက်စေတယ်

နေကြတ်တာက အစာခြေစနစ်ကို အနှောင့်အယှက် ဖြစ်စေတယ်၊ လို့ ယုံကြည်တာတွေရှိကြပါတယ်။ ဒါကြောင့် လူတော်တော်များများက နေကြတ်နေချိန်မှာ အစားစားတာ၊ ရေသောက်တာတွေကို လုံးဝ မလုပ်တာမျိုး ရှိကြပါတယ်။ ဒီ အယူအဆက သိပ္ပံနည်းကျ အထောက်အထား မရှိပါဘူး၊ လို့ ပြောပါရစေ။

အားအင်ကုန်ခမ်းသလို ခံစားရနိုင်တယ်

နေကြတ်တာက အပြည့်ကြတ်မယ်။ လုံးဝ အမှောင်ကျသွားမယ်ဆိုရင် တစ်နေ့တာ လှုပ်ရှားမှုတွေပြီးလို့ ညရောက်သွားသလို ခံစားရတာကြောင့် ခန္ဓာကိုယ်မှာ ပင်ပန်းတာ၊ အားပင်ကုန်ခမ်းတာ၊ ခြေကုန်လက်ပမ်း ကျတာတွေကို ခံစားရနိုင်ပါတယ်။

နေက တစ်စိတ်တစ်ပိုင်းပဲ ကြတ်တာဆိုတာရင်တော့ ဒီ ခံစားမှုမျိုး မခံစားရနိုင်ပါဘူး။ နောက်တစ်ချက်က ဒီခံစားရမှုက လူတိုင်းမှာ မခံစားရနိုင်ပါဘူး။

စိတ်ခံစားမှု ပြောင်းလဲနိုင်တယ်

ဒါကတော့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ သဘောထားနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။ လူတိုင်းက နေကြတ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ဝမ်းနည်းတာ၊ ဒေါသဖြစ်တာတွေ မဖြစ်နိုင်ပါဘူး။ နေကြတ်တာအပေါ်မှာ ခံယူထားတဲ့ သဘောထားအတိုင်း ခံစားရတာသာ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Effects Of The Solar Eclipse On The Human Body That Will Kind Of Freak You Out https://www.elitedaily.com/life/solar-eclipse-affects-on-the-body/2044952 Accessed Date 22 June 2020

How Solar Eclipse will affect human health? Dos, Don’ts and precautionary measures to take during Surya Grahan https://timesofindia.indiatimes.com/life-style/health-fitness/de-stress/how-solar-eclipse-will-affect-human-health-what-to-do-what-not-to-know-and-precautions-to-take-during-surya-grahan/photostory/76479997.cms Accessed Date 22 June 2020

The Effect of a Solar Eclipse on Your Mind, Body and Soul https://foreverconscious.com/effect-solar-eclipse-mind-body-soul Accessed Date 22 June 2020

ယခုပုံစံ

15/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နေရောင်ခြည် ကြောင့် ဘယ်လို ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်လဲ။

ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement