အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ငလျင်အတွက် အကူအညီများ ရယူရန်

ငလျင်ဆိုင်ရာ သတင်းထုတ်ပြန်ချက်နှင့် သတိပေးချက်များ Mind- Mentoring New Dimensions >> ဖျက်အားပြင်းငလျင်လှုပ်ချိန် ဘာတွေလုပ်ဆောင်သင့်သလဲ..။ https://www.facebook.com/share/14y3krU3DT/?mibextid=wwXIfr Project i >> Red Crosss Guideline အရ ငလျင် မလှုပ်ခင်၊ လှုပ်နေစဉ်နှင့် လှုပ်ပြီး ချိန် များတွင် နေထိုင်ရန် ညွှန်ကြားချက် https://m.facebook.com/story.php?story_fbid=122147447084487413&id=61564622411439&mibextid=wwXIfr My earthquake alert application >> https://www.facebook.com/share/1HWvdy4HRt/?mibextid=wwXIfr ငလျင်လှုပ်ခတ်မှုအတွက် အသိပေးချက်များ စစ်ဆေးနိုင်ရန်် Free အက်ပ် ၅ ခု https://www.facebook.com/share/p/1HczuCdCQT/?mibextid=wwXIfr ငလျင်ပြီးနောက် Afterquake နှင့် လုပ်ထားသင့်သည့် အရေးကြီး ပြင်ဆင်မှုများ https://www.facebook.com/share/p/155N2a8UmV/?mibextid=wwXIfr mental heal >> ငလျင်ဒဏ်နောက်ဆက်တွဲကာကွယ်ရေးအချက်အလက်များ မျှဝေခြင်း https://www.facebook.com/share/p/1NRoRqx8Ao/?mibextid=wwXIfr Dr Yadanar >> ငလျင် လှုပ်ပြီးနောက် ခေါင်းမူး ဝေဒနာ ခံစားနေရလျှင် https://www.facebook.com/share/p/19AAEDqyVm/?mibextid=wwXIfr […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိခင်နို့ရဲ့ အသုံးဝင်မှု အဖုံဖုံ

မိခင်နို့က ဘေဘီလေးတွေကို ကျန်းမာစေရုံ အာဟာရ ပြည့်စေရုံတင် မဟုတ်ဘဲ ရောဂါတွေကိုလည်း ကာကွယ် ပေးသေးတယ်နော်။ ဘေဘီလေးတို့ကို အာဟာရ ဖြည့်ပေးတဲ့နို့က ဘေဘီလေးတွေရဲ့ ကျန်းမာရေးကိုတင် မဟုတ်ဘဲ အရွယ်ရောက်ပြီး သူတွေရဲ့ ကျန်းမာရေးကိုပါ အထောက်အကူပြုပေးနိုင်ပါသေးတယ်။ ဘယ်လိုများ အထောက်အကူပြုပေးလဲ သိချင်ရင် မိခင်နို့ရဲ့ အသုံးဝင်မှု အဖုံဖုံ အကြောင်းကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ မိခင်နို့ရဲ့ အသုံးဝင်မှု အဖုံဖုံ မိခင်နို့က ဘေဘီလေးကို အားဖြည့်ပေးတာ အပြင် အခုလို အသုံးဝင် ပါသေးတယ်။ မိခင်နို့ရဲ့ အသုံးဝင်မှု အဖုံဖုံ ကတော့ မျက်စိနာ သက်သာစေတယ် မျက်စိနာတာကို သက်သာချင်တယ် ဆေးလည်း အလွယ်တကူ မရှိဘူးဆိုရင် မိခင်နို့ရည်ကို မျက်စဉ်းလို ခပ်ပေးလို့ ရပါတယ်။ မျက်လုံး ပိုးဝင်တာ၊ မျက်စိနာတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အမိုနီယံ နိုက်ထရိတ်ဆိုတာ ဘာလဲ၊ ဘယ်လောက် အန္တရာယ်များသလဲ

ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့တုန်းကပေါ့။ ပြင်းထန်တဲ့ မြည်ဟီးသံကြီးနဲ့အတူ ဘေရွတ်မြို့ရဲ့ ကောင်းကင်ယံမှာ ကြောက်မက်ဖွယ် မီးတောက်ကြီးက မှိုပွင့်ကြီးတစ်ခုလို အလိပ်လိုက်တက်လာတယ်။ အရှေ့-အနောက် ကမ္ဘာနှစ်ခုရဲ့ ယဉ်ကျေးမှုဆုံရပ်လို့ တင်စားခံခဲ့ရတဲ့ မြေထဲပင်လယ်ထဲက ဆိပ်ကမ်းမြို့လေးဟာ မျက်စိတစ်မှိတ်လျှပ်တစ်ပြက်ကာလအတွင်းမှာ အပျက်အစီးပုံတွေ အထပ်ထပ်နဲ့ တုန်လှုပ်ခြောက်ခြားဖွယ် အနိတ္ထာရုံအရပ်ဖြစ်သွားခဲ့တာပါ။ လူ ၂၂၀ ကျော်သေဆုံးပြီး၊ ၇၀၀၀ ကျော် ဒဏ်ရာရကာ၊ လူ သုံးသိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့ ဒီပေါက်ကွဲမှုရဲ့ လက်သည်ဟာ အမိုနီယံ နိုက်ထရိတ် (Ammonium Nitrate) ဖြစ်တယ်လို့ လက်ဘနွန် အစိုးရက ကြေညာခဲ့ပါတယ်။ ဒေါ်လာ ၁၅ သန်းဖိုးလောက် ပျက်စီးဆုံးရှုံးစေခဲ့ပြီး အဓိက ကုန်သွယ်ရေးဆိပ်ကမ်းကို တစ်စစီဖြစ်သွားစေခဲ့တဲ့ တရားခံလို့ ဆိုရပါမယ်။ ပေါက်ကွဲမှုအားက ၁.၂ ကီလိုတန်လောက်အထိရှိခဲ့တာကိုး။ အမိုနီယံ နိုက်ထရိတ်ဆိုတာဘာလဲ ဒေသအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်တွေအရဆိုရင်တော့ ဆိပ်ကမ်းမှာဆိုက်ကပ်ထားတဲ့ သင်္ဘောတစ်စီးပေါ်က […]


အခြေခံကျန်းမာရေး

ယုန်မွေးတာ ကျန်းမာရေးကို ထိခိုက်စေသလား။

အိမ်မွေးတိရိစ္ဆာန်လို့ ဆိုလိုက်ရင် ခွေးလေး ကြောင်လေးတွေသာမက ငါးလေးတွေ၊ ငှက်လေးတွေ၊ ယုန်လေးတွေကိုပါ မွေးမြူတတ်ကြပါသေးတယ်။ ဒီတစ်ခေါက်တော့ အိမ်မွေး တိရစ္ဆာန် အနေနဲ့ ယုန်လေးတွေကို မွေးမြူသင့်လား။ ဘာတွေ သတိထားရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ ယုန်ကလေးတွေကို မွေးမြူသင့်လား။ ယုန်လေးတွေက ပုံမှန်အားဖြင့်တော့ ချစ်စရာကောင်းသလို သေသေချာချာ သန့်သန့်ရှင်းရှင်း ထားမယ်ဆိုရင် စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ပျော်ရွှင်မှုကိုတောင် ပေးစွမ်းနိုင်ပါတယ်။ ဒီတော့ ချစ်စရာကောင်းတဲ့ ယုန်လေးတွေကို မွေးမြူသင့်လားဆိုတော့ သေချာလေး ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မယ်ဆိုရင် မွေးပါလို့ ရတယ်လို့ ပြောပါရစေ။ ယုန်လေးတွေက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး၊ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေတဲ့ ကျန်းမာရေး အာနိသင်ကို ပေးပါတယ်။ အခြား အိမ်မွေးတိရစ္ဆာန်တွေထက် ထိန်းသိမ်းရလွယ်တာကြောင့် မွေးရလွယ်တဲ့ အိမ်မွေးတိရစ္ဆာန်လေး တစ်မျိုးပါ။ ယုန်လေးတွေ မွေးမယ်ဆိုရင် ဘာတွေသတိထားရမလဲ............... ယုန်လေးတွေက ချစ်စရာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကြက်သွန်နီလှီးရင် ဘာကြောင့်မျက်ရည်ကျသလဲ

သင့်အနေနဲ့ မီးဖိုချောင်ဝင်ရင်း ကြက်သွန်လှီးချိန်မှာ မျက်ရည်ကျလာတာကို ကြုံဖူးမှာပါ။ ကြက်သွန်နီကို အခွံချွတ်ပြီး အတွင်းသားကို လှီးလိုက်တာနဲ့ မျက်စိမှာ ပူစပ်လာပြီး မျက်ရည်လည်းကျလာတတ်ပါတယ်။ ဘာကြောင့် ဒီကြက်သွန်နီဟာ သင့်မျက်စိကို အနှောင့်အယှက်ပေးရပါသလဲ။ ကြက်သွန်နီမှာ မကောင်းတဲ့ အငွေ့အသက်တွေ ရှိနေတာကြောင့်လား။ ဒါမှမဟုတ် သင့်မျက်စိကပဲ အားနည်းနေလို့လား။ သိပ္ပံပညာရှင်များရဲ့အဆိုအရ သတ္တဝါများနဲ့ အပင်များဟာ သူတို့ရဲ့ရှင်သန်ရပ်တည်နိုင်ရေး၊ မျိုးပွားနိုင်ရေးအတွက် သဘာဝတရားရဲ့လက်ဆောင်တွေ ရှိပါတယ်။ ကြက်သွန်နီမှာလည်း ဒီသဘောပဲလို့ ဆိုနိုင်ပါတယ်။ မိမိကို ရန်ပြုချေမွလာမယ့် ရန်သူကို တုံ့ပြန်ဖို့ ဓာတုငွေ့တချို့ ထုတ်လွှတ်ပေးပါတယ်။ ဒီအငွေ့များဟာ သင့်ရဲ့မျက်ဝန်းများကို ရွှဲစိုသွားစေနိုင်တဲ့ အငွေ့တွေပဲ ဖြစ်ပါတယ်။ ကြက်သွန်နီလှီးရင် ဘာကြောင့်မျက်ရည်ကျသလဲ ကြက်သွန်နီလှီးရင် ဘာကြောင့်မျက်ရည်ကျသလဲ ဆိုတော့ ကြက်သွန်ကို အခွံနွှာလိုက်ချိန်မှာ ဓာတုပစ္စည်းတစ်မျိုး ထွက်ပေါ်လာပါတယ်။ အဆိုပါ ဓာတ်ပစ္စည်းကို propanethial S-oxide လို့ ခေါ်ဝေါ်ပြီး မျက်ရည်ထုတ်ဂလင်းများကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပိုးသတ်ဆေးတွေ သောက်နေရလို့ နုံးခွေပြီးအားမရှိတော့ရင်

ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကုသဖို့ ပဋိဇီဝ ပိုးသတ်ဆေး (Antibiotics) တွေကို သောက်ပေးဖို့ လိုအပ်ပါတယ်။ ပိုးသတ်ဆေးဟာ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ရောဂါတွေကို ကုသတဲ့နေရာမှာ အာနိသင်ရှိသလို ဘေးထွက်ဆိုးကျိုးတွေကိုလည်း အတန်အသင့် ခံစားရနိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေထဲက အဖြစ်များတဲ့ လက္ခဏာကတော့ မောပန်းပြီး အားမရှိသလို ဖြစ်တာပါ။ ဒီတော့ ပိုးသတ်ဆေးတွေ သောက်နေရလို့ နုံးခွေပြီးအားမရှိတော့ရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။ ၁။ ပိုးသတ်ဆေးတွေ စစချင်း သောက်တဲ့အခါ လူက အားမရှိသလို ဖြစ်သွားနိုင်ပါတယ်။ နဂိုဖျားနာနေတဲ့ အရှိန်ကြောင့် ကိုယ်ခံအားစနစ် အားပျော့နေတဲ့အချိန်မှာ ဆေးပြင်းတွေ သောက်လိုက်တာကြောင့်လည်း ပါပါတယ်။ ၂။ ပိုးသတ်ဆေးတွေဟာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကိုသာမက ခန္ဓာကိုယ်အတွက် အကျိုးပြု ဘက်တီးရီးယားတွေကိုပါ သေစေနိုင်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ

ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ ....... ပဋိဇီဝ ပိုးသတ်ဆေး (Antibiotics) ဆိုတာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ ဆေးတစ်မျိုးပါ။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတွေကို ခံစားနေရချိန်မှာ ဆရာဝန်အနေနဲ့ ပိုးသတ်ဆေး သောက်ဖို့ ညွှန်ပေးပါလိမ့်မယ်။ ကိုယ့်သဘောနဲ့ကိုယ် သောက်လို့ရတဲ့ ဆေးထဲမှာတော့ ပိုးသတ်ဆေး မပါဝင်ပါဘူး။ ပုံမှန်ဆေးတွေမှာလည်း အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သလို ပိုးသတ်ဆေးတွေမှာလည်း ရှိပါတယ်။ ဆေးသောက်တဲ့အခါ ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို အောက်မှာ ဖော်ပြထားပါတယ်။ ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ ဘေးထွက်ဆိုးကျိုးတွေဟာ ဆေးတံဆိပ်နဲ့ ဆေးအမျိုးအစားပေါ် မူတည်သလို သောက်တဲ့လူနဲ့ ဆေး တည့်၊ မတည့်ပေါ် မူတည်ပြီးတော့လည်း တစ်ယောက်နဲ့ တစ်ယောက် ခံစားရပုံခြင်း ကွာခြားသွားနိုင်ပါတယ်။ ခုပြောပြပေးမှာကတော့ လူအများစုကြုံတွေ့ရတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သူငယ်ချင်းအဆင့် (Friend Zone) ထဲက ရုန်းထွက်နိုင်စေမယ့် ခြေလှမ်း ၇ လှမ်း

သူငယ်ချင်းအဆင့် (Friend Zone) ထဲမှာ ပိတ်မိနေပြီလား။ ဘယ်လိုရှေ့ဆက်ရမယ် မသိတော့ဘူးလား။ ကိုယ်နဲ့ အရင်းနှီးဆုံး သူငယ်ချင်းဆိုတဲ့အချက်က ကိုယ့်ရဲ့ အချစ်ရေးကို ချည်နှောင်ထားနေတာလား။ ဒီအချက်တွေက သင့်ရဲ့ စိတ်ကို လေးလံနေစေပြီလား။ လူအတော်များများ ဒီလိုအခြေအနေမျိုးနဲ့ ကြုံဖူးကြမှာပါ။ သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က ချစ်သူဘဝကို အဆင့်တက်ချင်ပြီး နောက်တစ်ယောက်က ဟင့်အင်းဆိုတဲ့ အခြေအနေမျိုးပေါ့။ သူငယ်ချင်းဘဝ ဆက်ဆံရေးဟာ အပေးအယူမျှပါတယ်။ မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးမှာ အားလုံးဟာ သာတူညီမျှပါပဲ။ ဒါပေမယ့် ရုတ်တရက်ဆိုသလို သင့်ရဲ့သူငယ်ချင်းလေးမှာရှိတဲ့ ထူးခြားဆန်းကြယ် ချစ်စဖွယ်ကောင်းလှတဲ့အချက်တွေကို သင်သတိထားမိလာတဲ့အခါ ဇာတ်လမ်းစပါပြီ။ သင်ချစ်မိနေပါပြီ။ ဒါပေမယ့် ဒါဟာ တစ်ဖက်သတ်အချစ်လို့ခေါ်ပါတယ်။ တကယ်တော့ အချစ်မှာ ချစ်ခြင်းမေတ္တာကသာ အရေးအကြီးဆုံးပါ။ သူငယ်ချင်းဖြစ်ခြင်းမဖြစ်ခြင်းထက် သူ့ကိုကိုယ် ဘယ်လို မေတ္တာထားပြီး ကြင်နာပေးနိုင်မလဲဆိုတာက ပိုအရေးပါပါတယ်။ ကိုယ့်ရဲ့ မေတ္တာတရားကို ပြသနိုင်ဖို့၊ ကိုယ့်ရဲ့ အနာဂတ်ခရီးဆီ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခေါင်းစည်းကြိုးကို လက်ကောက်ဝတ် မှာ ဘယ်တော့မှ မပတ်ပါနဲ့

ခေါင်းစည်းကြိုး လှလှလေးတွေကို လက်မှာ အလှပတ်ကြတာ၊ လိုတဲ့ အခါ ခေါင်းစည်းဖို့ ဆိုပြီး လက်ကောက်ဝတ် မှာ ပတ်ထားကြတာ တွေ့ဖူးပါတယ်။ အမှုမဲ့ အမှတ်မဲ့နဲ့ မိန်းကလေးတွေ လုပ်လေ့ရှိတဲ့ အပြုအမူပါပဲ။ ဒါပေမယ့် ခေါင်းစည်းကြိုးတွေ၊ သရေကြိုးတွေကို လက်မှာ စည်းထားတာက ဘယ်လောက် အန္တရာယ် များလဲ ဆိုတာ ပျိုမေတို့ မသိသေးလို့ပါ။ ဒီလို လက်မှာ မပတ်ကြဖို့ ဘာကြောင့် သတိပေးရသလဲ ဆိုတဲ့ အကြောင်းရင်းကို ဆက်ပြီး ဖတ်ကြည့်လိုက်ပါ - (၁) သွေးလည်ပတ်မှု မကောင်းတော့ဘူး။ သားရေကြိုး ပါတဲ့ ခေါင်းစည်းကြိုး ကို လက်ကောက်ဝတ် မှာ ပတ်စည်းလိုက်မယ် ဆိုရင် လက်ကောက်ဝတ်မှာ ရှိတဲ့ သွေးကြောတွေကို ဖိညှစ်ထားလိုက်သလိုပါပဲ။ ဒီလိုဆို သွေးလည်ပတ်မှုက ဘယ်လို ဖြောင့်ဖြူးနိုင်တော့မလဲ။ အထူးသဖြင့် […]


အခြေခံကျန်းမာရေး

အရက်နာကျခြင်းနှင့်သက်ဆိုင်သော အယူအဆမှားများ

ညက အတော်များသွားပြီလို့ မနက်အိပ်ရာနိုးနိုးချင်းမှာ တွေးနေမိပြီဆိုရင် သေချာတယ် သင် အရက်နာကျနေပြီဆိုတာပါပဲ။ တကယ်လို့ အရက်နာကျနေမယ်ဆိုရင် ခေါင်းတွေကိုက်၊ မကြည်မလင်တွေဖြစ်ပြီး အာခံတွင်းကနေလည်း ဆိုးရွားတဲ့အနံ့တွေ ထွက်နေမှာဖြစ်ပါတယ်။ ဘာမှမလုပ်ချင်မကိုင်ချင်နဲ့ နေရတ မအီမသာကြီးဖြစ်နေမှာပါ။ ပြီးရင်တွေးပါလိမ့်မယ် “တော်ပြီ နောက်တစ်ခါ ငါမသောက်တော့ဘူးကွာ” ဆိုပြီးပေါ့။ ဒီလိုတွေ ကြုံဆုံရပေမယ့် ယမကာလုလင်တွေကတော့ အရက်ကို ဖြတ်တော်မမူပဲ ဆက်ပြီး စွဲစွဲမြဲမြဲ မှီဝဲကြပြန်ပါတယ်။ နောက်တစ်ခါ အရက်နာပြန်ကျရင် ထပ်တွေးမယ်၊ “ငါထပ်မသောက်တော့ဘူး” ဆိုပြီးပေါ့။ ဒီလိုပဲ သံသရာလည်နေတာမဟုတ်လား။ ခုလိုဖြစ်နေစေရတဲ့ အကြောင်းအရင်းတွေထဲမှာ အရက်နာကျတာက ဆိုးရွားတဲ့ ပြဿနာတစ်ခုမဟုတ်ဘူးလို့ အစဉ်အဆက် ယူဆထားကြတာကြောင့်ဖြစ်ပါတယ်။ ယုံတမ်းအမှားတွေကြောင့် အရက်နာကျတာနဲ့ ပတ်သက်ပြီး တလွဲတွေ ရှုမြင်လာမိကြတာပေါ့။ တကယ်တော့ အရက်နာကျတာဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ပြဿနာတစ်ရပ်ပါ။ ဒါကြောင့် အရက်နာကျခြင်းနဲ့ ပတ်သက်ပြီး လူအများစုယူဆနေကြတာတွေရဲ့ အမှန်အမှားတွေကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင် ပလတ်စတစ်တွေကို စားမိနေပြီလား

အမေရိကန်လူမျိုးတစ်ယောက်ဟာ တစ်နေ့ကို မိုက်ခရိုအရွယ် ပလတ်စတစ်အစ သေးသေးကွေးကွေး ၂၀၀ လောက်ကို စားမြိုနေမိကြပါတယ်တဲ့။ Journal Environmental Science & Technology ရဲ့ ဖော်ပြချက်ဟာ အံ့သြစရာကောင်းတဲ့ တွေ့ရှိချက်ဖြစ်ပါတယ်။ မိုက်ခရိုပလတ်စတစ်စ အများစုဟာ ရေချိုးခန်းသုံးပစ္စည်းတွေ၊ ရေတွေ၊ အဖျော်ယမကာတွေ၊ အစားအစာတွေ၊ လေထုနဲ့ ကိုင်တွယ်ထိတွေ့နေတဲ့ ပလတ်စတစ်အသုံးပြုထားတဲ့ ပစ္စည်းပစ္စယတွေကနေတဆင့် လူ့ခန္ဓာကိုယ်ထဲကို ဝင်နေတော့တာပေါ့။ ပလတ်စတစ်ကို ကိုယ်တိုင်တော့ ကိုက်မစားပါဘူး။ ဒါပေမယ့် သေးငယ်လှတဲ့ မိုက်ခရိုပလတ်စတစ်တွေဟာ မထင်မှတ်ထားတဲ့ နည်းလမ်းတွေကနေတဆင့် ပါးစပ်ထဲကို ဝင်သွားတတ်ကြတာပါ။ မိုက်ခရိုပလတ်စတစ်ဆိုတာက ဆံချည်မျှင်ထက် သေးငယ်တဲ့ အမှုန်အမွှားတွေကိုဆိုလိုတာပါ။ ဒီလို မိုက်ခရိုပလတ်စတစ်အစလေးတွေ (Microplastics) ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတာဟာ ကျန်းမာရေးအတွက် ဘယ်လိုမှ အကျိုးမရှိစေနိုင်ပါဘူး။ ဘေးထွက်ဆိုးကျိုးတွေကိုသာ ဖြစ်စေတာပါ။ ပလတ်စတစ်ရဲ့ ဆိုးကျိုးတွေ ပါးစပ်ထဲဝင်သွားတာတွေကို အသာထား၊ ပုံမှန်ကိုင်တွယ် အသုံးပြုနေတဲ့ ပလတ်စတစ်တွေက […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း