အရေပြားမှာ ပိုးကောင် ကိုက်လို့ ဖြစ်ဖြစ်၊ ပျားတုပ်လို့ ဖြစ်ဖြစ် ယားယံ နာကျင်တဲ့အခါ သက်သာစေဖို့ မိခင်နို့ရည်ကို လိမ်းပေးလို့ ရပါတယ်။ ယားယံ နာကျင်မှုကို သိသိသာသာ သက်သာစေမှာပါ။
အသားအရေတွေ ခြောက်သွေ့ ကွဲအက်တာ၊ နှုတ်ခမ်းကွဲတာတွေ သက်သာစေဖို့အတွက်လည်း မိခင်နို့ရည်ကို လိမ်းပေးလို့ ရပါတယ်။ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ခြောက်သွေ့မှုကြောင့် နောက်ဆက်တွဲ အရေပြား ပြဿနာ ဖြစ်တာကို ကာကွယ်နိုင်မှာပါ။
ဘေဘီလေးတွေ သေးခံလောင်တဲ့အခါ သေးခံလောင်တဲ့နေရာကို မေမေ့ နို့ရည်လေး လိမ်းပေးလိုက်ပါ။ နာကျင်မှု သက်သာပြီး ပိုးဝင်တာမျိုး မဖြစ်အောင် ကာကွယ်ပေး နိုင်မှာပါ။
မေမေတွေ နို့သီးခေါင်း ကွဲအက်တဲ့အခါ မိခင်နို့ရည်ကို ပွတ်လိမ်းပြီး လေနဲ့ အခြောက်ခံပေးပါ။ ရင်သားထိပ် ကွဲအက်တာကို သိသိသာသာ သက်သာစေပါလိမ့်မယ်။
လည်ချောင်းနာ တဲ့အခါ မိခင်နို့ရည်ကို ရေနွေး နဲ့ရောပြီး ပလုပ်ကျင်း ပေးတာက လည်ချောင်းနာတာကို သက်သာ စေနိုင်ပါတယ်။
မျက်နှာကို မိခင်နို့ရည် လိမ်းပေးတာက အသားအရေကို ကြည်လင် သန့်စင်စေပြီး ဝက်ခြံ သက်သာ စေနိုင်ပါတယ်။
နေလောင်တာကို သက်သာစေဖို့လည်း မိခင်နို့ရည်ကို အသုံးပြုပေးလို့ ရပါတယ်။ နေလောင်ရာတွေ အပေါ်မှာ မိခင်နို့ရည်ကို ခပ်ပါးပါး လိမ်းပေးရုံပါ။
သတိထားရမှာက မိခင်မှာ ကူးစက်ရောဂါတစ်မျိုးမျိုး ရှိနေတယ်ဆိုရင် မိခင်နို့ရည်ကို အသုံးမပြုသင့်ပါဘူး။ အထက်ပါ ရောဂါလက္ခဏာတွေမှာ မိခင်နို့ရည်နဲ့ မသက်သာဘူးဆိုရင် အချိန်မဆွဲဘဲ ထိရောက်တဲ့ ကုသမှုကို ခံယူသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။