backup og meta

သွေးလှူ ကြတဲ့ စေတနာရှင်တို့ သိထားသင့်တဲ့ အချက်လေးတွေ

သွေးလှူ ကြတဲ့ စေတနာရှင်တို့ သိထားသင့်တဲ့ အချက်လေးတွေ

“သင့်သွေးဖြင့် အသက်ကယ်ပါ” ဆိုတဲ့ စာကြောင်းလေးက မွန်မြတ်တဲ့ အဓိပ္ပာယ် အပြည့်ရှိပါတယ်။ ကိုယ်လှူလိုက်တဲ့ သွေးက ရောဂါအခြေအနေ အမျိုးမျိုးကြောင့် သွေးသွင်းဖို့ လိုအပ်တဲ့ လူနာတွေ အတွက် အသက်ကယ်နိုင်လောက်အောင် တန်ဖိုးကြီးတဲ့ လက်ဆောင်ပါပဲ။ ဒီစိတ်ကလေးနဲ့ပဲ ပုံမှန် သွေးလှူ နေကြသူတွေ၊ အရေးပေါ်လိုအပ်ချိန်မှာ ပြေးပြီး သွေးလှူ ပေးကြသူတွေ၊ လူနာ နဲ့ ကိုက်ညီတဲ့ သွေးအလှူရှင် ရဖို့ အပြေးအလွှား ကူရှာပေးသူတွေ၊ သွေးလှူကြဖို့ တိုက်တွန်းနှိုးဆော်သူတွေ ရှိနေတာပါ။

သွေးလှူ ကြတဲ့ စေတနာရှင်တို့ သိထားသင့်တဲ့ အချက်လေးတွေ

ဒီလိုမွန်မြတ်တဲ့ စိတ်ထားလေးတွေ ရှိနေတဲ့ သွေးအလှူရှင်တွေရဲ့ ကျန်းမာရေး ကလည်း အရေးကြီးတယ် ဆိုတာ မေ့မထားသင့်ပါဘူး။ လူက ကျန်းမာနေမှ၊ သွေးအားကောင်းနေမှလည်း ဒီအလုပ်တွေ ဆက်လုပ်နိုင်မှာလေ။ ဒါ့ကြောင့် သွေးအလှူရှင်တွေ အတွက် သိထားသင့်တဲ့ သတိပြုစရာ အချက်လေးတွေ အကြံပေးလိုက်ရပါတယ်။

ဒီလိုမျိုးဆို သွေးလှူ လို့ မရပါ

အဓိကအားဖြင့် –

  • လက်ရှိမှာ နေမကောင်းဖြစ်တတ်ရင်
  • အသက် ၁၈ နှစ် မပြည့်သေးရင်
  • သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန် မပြည့်ရင်
  • ကိုယ်ဝန် ရှိနေရင်
  • အိတ်ချ်အိုင်ဗီ၊ အသည်းရောင် ဘီ၊ စီ၊ အေ တို့လို ရောဂါအခံ တစ်ခုခု ရှိနေရင် စတဲ့ အခြေအနေတွေ ရှိရင် သွေးမလှူသင့်ပါဘူး။

သွေးမလှူခင်

သွေးမလှူခင်မှာ –

  • ရက်ပိုင်းအလို ကတည်းက အားပြည့်စေမယ့် အစားအသောက်တွေ စားပါ။ ဥပမာ – အသား၊ ငါး၊ ပဲတို့လို သံဓာတ် ကြွယ်ဝတာတွေ အပြင် သံဓာတ် ဖြည့်စွက်ထားတဲ့ ကွေကာနဲ့ အာဟာရပြည့် သောက်စရာတွေကို စားသုံးပါ။
  • အိပ်ရေး ဝအောင် အိပ်ပါ။
  • သွေးမလှူ ခင် အနည်းဆုံး ၃ နာရီအလိုမှာ အစားအစာ ပြည့်ဝအောင်စားပါ၊ အဆီများတာတွေ ရှောင်ပါ။
  • ရေ များများ သောက်ပါ။
  • တံတောင်ဆစ် အပေါ်ကို ခေါက်တင်လို့လွယ်စေမယ့် ဒါမှမဟုတ် လက်တိုအင်္ကျီ အဝတ်အစားကို ရွေးဝတ်ပါ။
  • သွေးမလှူခင် သုံးနာရီအတွင်း ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။

သွေးလှူပြီးတဲ့ အခါ

သွေးလှူပြီး ၁၅ မိနစ်လောက် အနားယူ၊ ကြက်ဥပြုတ်လေး စားပြီး ပြန်လို့ ရပါပြီ။ ဒါပေမယ့် သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်လေး တွေက –

  • သွေးလှူစဉ်က ဆုံးရှုံးသွားတဲ့ အရည်ဓာတ် တွေကို ပြန်ဖြည့်တင်းဖို့ ၁ ရက်-၂ရက် အတွင်း ရေ သို့မဟုတ် အရည် များများ သောက်ပါ။
  • အစားကို အချိန်မှန်အောင် စားပါ။
  • သွေးလှူ ပြီး နောက် ၅ နာရီအတွင်း ပြင်းပြင်းထန်ထန် မလှုပ်ရှားပါနဲ့။
  • ခေါင်းမူးတယ် ဆိုရင် ခဏ လှဲနေ သို့မဟုတ် ထိုင်နေပြီး နားပါ။ အတင်း ထမပြန်ပါနဲ့။
  • သွေးဖောက်တဲ့ နေရာက သွေးထွက်နေတာ ဒါမှမဟုတ် အနာဖြစ်လာတာ ဆိုရင် ပထမဆုံး ၂၄နာရီ အတွင်း ရေခဲကပ် ပေးပါ။

တကယ်လို့ –

  • အနားယူပြီး၊ အစာစားပြီးတာတောင် မအီမသာ ဖြစ်လာတာ၊ ခေါင်းမူးတာတွေ ဆက်ပြီး ဖြစ်လာတယ် ဆိုရင်၊
  • ပလာစတာ ခွာလိုက်တဲ့ အခါ သွေးဖောက်တဲ့ နေရာက ရောင်နေတာ၊ သွေး ဆက်ထွက်နေတာ၊ နာကျင်တာတွေ ဆက်ဖြစ်လာရင်၊
  • သွေးလှူ ပြီး ၃-၄ ရက်အတွင်း အအေးမိ၊ တုပ်ကွေးလို ဖျားနာ၊ လည်ချောင်းနာ လက္ခဏာတွေ ဖြစ်လာရင် ဆရာဝန် ပြပြီး စစ်ဆေးကုသသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.blood.co.uk/who-can-give-blood/

https://www.webmd.com/a-to-z-guides/what-to-expect-when-you-give-blood#2

https://www.healthline.com/health/what-to-eat-before-donating-blood#takeaway

https://www.mayoclinic.org/tests-procedures/blood-donation/about/pac-20385144

https://www.redcrossblood.org/donate-blood/blood-donation-process/before-during-after.html

 

ယခုပုံစံ

07/02/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေဖြတ် တဲ့အခါ အဓိက ကုသမှုတွေက ဘာတွေလဲ

သွေးသွင်းရတော့မယ်ဆိုရင် ဒါလေးတွေ သိထားသင့်တယ်နော် ။ ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Yun Sandi Nan Mon မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement