အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Urethrotomy (ဆီးလမ်းကြောင်းချဲ့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဆီးလမ်းကြောင်းချဲ့တယ်ဆိုတာဘာလဲ။ ဆီးလမ်းကြောင်း (ဆီးအိမ်ကဆီးတွေကိုလိင်တံထိပ်ထိပို့ပေးတဲ့လမ်းကြောင်း)ကျဉ်းတာကိုကုသဖို့အတွက်ဒီခွဲစိတ်မှုကို ပြုလုပ်ပါတယ်။ ဆီးလမ်းကြောင်းရောင်ရမ်း၊ပိုးဝင်တာဒါမှမဟုတ်ထိခိုက်ဒဏ်ရာရတာတွေကြောင့်အမာရွတ်တစ်သျှူးဖြစ်ပေါ်ပြီးဆီးလမ်းကြောင်းကျဉ်းလာရပါတယ်။ နောက်ဆက်တွဲအနေနဲ့ဆီးခဏခဏသွားခြင်း၊ဆီးမအောင့်ထားနိုင်ခြင်း၊ဆီးသွားတဲ့အရှိန်နည်းခြင်း၊ဆီးလုံးသေးခြင်းနဲ့ဆီးသွားတာအားမရတဲ့ခံစားမှုမျိုးဖြစ်ခြင်းစသည်တို့ကိုခံစားရစေပါတယ်။ ဘာကြောင့်ဆီးလမ်းကြောင်းချဲ့ဖို့လိုတာလဲ။ အမာရွတ်တစ်သျှူးတွေကြောင့်ဆီးလမ်းကြောင်းကျဉ်းလာတဲ့လူနာတွေမှာဆီးကောင်းကောင်းသွားနိုင်ဖို့အတွက်ဒီခွဲစိတ်မှုကို ပြုလုပ်ရပါတယ်။ သင့်အနေနဲ့ဆီးအလွယ်တကူသွားနိုင်ဖို့၊ဆီးမကျန်စေဖို့နဲ့ညဖက်ဆီးခဏခဏထမသွားရစေဖို့ဒီခွဲစိတ်မှုကကူညီပေးမှာ ဖြစ်တဲ့အပြင်ပိုးဝင်တာမျိုးကိုလည်းနည်းပါးသွားစေမှာပါ။ အန္တရာယ်ဆီးလမ်းကြောင်းချဲ့တဲ့ ခွဲစိတ်မှုက ဘာအန္တရာယ်တွေရှိသလဲ။ ဆီးလမ်းကြောင်းမချဲ့ခင်မှာ အောက်ဖော်ပြပါနည်းလမ်းတွေနဲ့အရင်ကုသထားနိုင်ပါသေးတယ်။ • ဆီးပိုက်ထည့်ခြင်း။ သင့်ဆီးအိမ်ထဲကို ဆီးပိုက်တိုက်ရိုက်ထည့်ထားမယ်ဆိုရင် ဆီးသွားရတာအဆင်ပြေစေမှာပါ။ လမ်းကြောင်းတိုတိုလေးပဲ ကျဉ်းတယ်ဆိုရင်တော့ ဆီးပိုက်ကို မိမိဖာသာထည့်နိုင်ပါတယ်။ • ဆီးပိုက်အမြဲထည့်ထားခြင်း။ လမ်းကြောင်းအရမ်းကျဉ်းနေရင် ဒါမှမဟုတ် ခွဲစိတ်မှုမလုပ်ချင်ဘူးဆိုရင် ဆီးလမ်းကြောင်းပွင့်နေစေဖို့အတွက် stent လို့ခေါ်တဲ့ ပြွန်လေးထည့်ထားတာ ဒါမှမဟုတ် ဆီးပိုက်အမြဲထည့်ထားတာမျိုးကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ထားတာတွေဟာ (ဆီးအိမ်ကို ထိခိုက်တာ၊ဆွနေသလို ဖြစ်တာ၊ နေရထိုင်ရအဆင်မပြေတာ၊ ဆီးလမ်းကြောင်းပိုးဝင်တာအစရှိတဲ့) ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေပါတယ်။ တခြားကုသမှုတွေနဲ့အဆင်မပြေတော့မှသာ stent ပြွန်ထည့်တာကို ပြုလုပ်လေ့ရှိပြီး အင်မတန်အသုံးပြုခဲပါတယ်။ • ဘောလုံးထည့်ပြီး လမ်းကြောင်းချဲ့ခြင်း။ ဆီးလမ်းကြောင်းကိုချဲ့ဖို့အတွက် ဘောလုံးကိုလည်း အသုံးပြုနိုင်ပါတယ်။ ဆီးလမ်းကြောင်း အတော်ကျဉ်းပြီး တခြားပြဿနာတွေလည်းရှိနေသေးတဲ့ လူနာတွေဆိုရင်တော့ ပလတ်စတစ်ဆာဂျရီနည်းကို အသုံးပြုပြီး ခွဲစိတ်ကုသမှုအကြီးစား […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Vaginal Hysterectomy (မိန်းမကိုယ်မှတဆင့် သားအိမ်ခွဲစိတ်ထုတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်မိန်းမကိုယ်မှတဆင့် သားအိမ်ထုတ်ခြင်းဆိုတာဘာလဲ။ သင့်ရဲ့သားအိမ်နဲ့သားအိမ်ခေါင်းတို့ကို ဖယ်ထုတ်တဲ့ခွဲစိတ်မှုကို ဆိုလိုတာဖြစ်ပါတယ်။ ဒီခွဲစိတ်မှုကနေ မမျိုးဥအိမ်ကိုပါ ဖယ်ထုတ်နိုင်ပေမယ့် အများအားဖြင့်တော့ ဖယ်ထုတ်လေ့မရှိဘဲ ဒီအတိုင်းပဲထားခဲ့လေ့ရှိပါတယ်။ သားအိမ်ကျွံခြင်း၊ ဓမ္မတာသွေးဆင်းများခြင်း၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းနဲ့သားအိမ်အလုံးတည်ခြင်းအစရှိတဲ့အခြေအနေတွေကြောင့် သားအိမ်ထုတ်ပစ်ရတတ်ပါတယ်။ ဘာလို့ဒီခွဲစိတ်မှုကို ပြုလုပ်သင့်တာလဲ။ သားအိမ်ထုတ်လိုက်မယ်ဆိုရင် သင့်ရောဂါလက္ခဏာတွေ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။ ဓမ္မတာလာတာမျိုးရှိမှာမဟုတ်တော့ပါဘူး။ ကုသမှုဒီခွဲစိတ်မှုအစားပြုလုပ်နိုင်တဲ့ ကုသမှု နဲ့ ခွဲစိတ်မှု အန္တရယ်တွေက ဘာတွေလဲ တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေ သန်စွမ်းလာစေဖို့လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် သားအိမ်ကျွံကျတဲ့ လက္ခဏာတွေကို သက်သာလာစေမှာပါ။ ဆေးသောက်ခြင်း၊ သားအိမ်တွင်းထည့်ပစ္စည်းအသုံးပြုခြင်း ဒါမှမဟုတ် သားအိမ်ရဲ့အပေါ်ယံအလွှာကိုပဲ ဖယ်ရှားပစ်ခြင်းစတဲ့ ကုသမှုတွေလုပ်ပေးခြင်းအားဖြင့်လည်း ဓမ္မတာသွေးအဆင်းများတာကို သက်သာစေနိုင်ပါတယ်။ သားအိမ်အလုံးရဲ့ အရွယ်အစားနဲ့တည်နေရာတို့အပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေကို လျော့ပါးသက်သာလာစေဖို့အတွက် သောက်ဆေးတွေသောက်နိုင်ပါတယ်။ သားအိမ်အလုံးကိုပဲ ဖယ်ရှားတာမျိုး ဒါမှမဟုတ် အလုံးကိုသွေးထောက်ပံ့ပေးနေတဲ့ သားအိမ်သွေးကြောကိုပိတ်ဆို့ပစ်တာမျိုးတွေလည်း လုပ်နိုင်ပါတယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် […]


ဆေးစစ်ချက်များ

Tissue Type Test (ကိုယ်ခန္ဓါဆဲလ်များရှိ ပဋိဓါတ်ရှာဖွေသော သွေးစစ်ဆေးမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tissue Type Test (ကိုယ်ခန္ဓါဆဲလ်များရှိ ပဋိဓါတ်ရှာဖွေသော သွေးစစ်ဆေးမှု) ကဘာလဲ။ Tissue Type Test ဟာ ကိုယ်ခန္ဓါ ဆဲလ်တွေနဲ့ တစ်ရှူးတွေရဲ့ မျက်နှာပြင်ပေါ်က ပဋိဓါတ် (antigens) တွေကို ရှာဖွေတဲ့ သွေးစစ်ဆေးမှုဖြစ်ပါတယ်။ antigens တွေကို စစ်ဆေးခြင်းဟာ အစားထိုးကုသမှုတွေမှာ လှူဒါန်းတဲ့ တစ်ရှူးက သင့်လျော် စိတ်ချရမှုရှိမရှိ ဆိုတာကို ပြောပြနိုင်ပါတယ်။ ဒီစစ်ဆေးမှုကို HLA typing လို့လည်း ခေါ်ပါတယ်။ ပဋိဓါတ် (Antigens) တွေဟာ ပုံမှန် ကိုယ်ခန္ဓါ တစ်ရှူးတွေ သို့ ပြင်ပတစ်ရှူး တွေရဲ့ ကွာခြားချက်ကို ဖေါ်ပြနိုင်ပါတယ်။ အချို့အခြေအနေတွေမှာ Tissue Type Test ကို လူတစ်ယောက်မှာ ကိုယ်ခန္ဓါက သူ့ရဲ့ ဆဲလ်တွေကို ပြန်တိုက်တဲ့ရောဂါဖြစ်တဲ့ […]


ဆေးစစ်ချက်များ

Tonometry (မျက်လုံးတွင်းဖိအားတိုင်းတာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tonometry (မျက်လုံးတွင်းဖိအားတိုင်းတာခြင်း) ကဘာလဲ။ Tonometry ဟာ မျက်လုံးအတွင်းမှာ ရှိတဲ့ ဖိအား (intraocular pressure IOP) ကို တိုင်းတာခြင်း ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကို ရေတိမ်စစ်ဆေးမှုအတွက် အသုံးပြုပါတယ်။ ရေတိမ်ဟာ မျက်လုံးနောက်ဘက်အာရုံကြော ထိခိုက်မိပြီး မျက်စိကွယ်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ မျက်စိအာရုံကြော (Optic nerve) ကို ထိခိုက်မိခြင်းဟာ မျက်လုံးထဲက အရည်တွေ အပြင်ကို ကောင်းကောင်းမထွက်နိုင်ခြင်းကြောင့် အရည်စုပြုံခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ Tonometry ဟာ မျက်ကြည်လွှာမှ ဖိအားကို ခံနိုင်မှု ကို တိုင်းတာခြင်းအားဖြင့် မျက်လုံးတွင်းဖိအား (IOP) ကို တိုင်းတာဖြစ်ပါတယ်။ မျက်လုံးကို ထုံသွားအောင် မျက်စဉ်းတွေကို အသုံးပြုပြီး အောက်ပါနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ • Applanation (Goldmann) tonometry – ဒီနည်းလမ်းကတော့ မျက်လုံးဖိအားကို တိုင်းတာဖို့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Anal Fistula Surgery (ဂရင်ဂျီနာ ခွဲစိတ်ကုသမှု)

ဂရင်ဂျီနာခွဲစိတ်ကုသခြင်းဆိုတာ ဘာလဲ မည်သည့်ဂရင်ဂျီနာမဆို ရောဂါပိုးဝင်ပြီး နာကျင်မှု ရှိနိုင်ပါတယ်။ ဒီရောဂါဟာ ခွဲစိတ်မှုမလုပ်ရင် ပိုဆိုးလာနိုင်ပါတယ်။ ဂရင်ဂျီနာအများစုဟာ စအိုလမ်းကြောင်းအတွင်း ပြည်တည်နာ ဖြစ်လာခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ပြည်တည်တဲ့လမ်းကြောင်းဟာ အရေပြားပေါ်ထိရောက်ပြီး အနာအပေါက်ဖြစ်သွားတဲ့အခါ ဂရင်ဂျီနာဖြစ်နိုင်ပါတယ်။ ပြည်များဟာ အရေပြားပေါ်က အနာပေါက်မှာ သူ့ဖာသာဖြစ်ဖြစ်၊ ခွဲစိတ်ပေးလို့ပဲဖြစ်ဖြစ် စီးထွက်နိုင်ပါတယ်။ ခွဲစိတ်ကုသခြင်းရဲ့ ရည်ရွယ်ချက်ဟာ နောက်ထပ်မနာကျင်စေဖို့၊ ရောဂါပိုးဝင်ခြင်း မရှိဖို့ ဖြစ်ပါတယ်။ ဂရင်ဂျီနာခွဲစိတ်မှုကို ဘယ်အချိန်မှာ ခံယူသင့်သလဲ လက်ရှိကာလမှာတော့ ဂရင်ဂျီနာအတွက် ဆေးပေးရုံနဲ့ ကုသမှုမပြုနိုင်သေးပါဘူး။ ခွဲစိတ်မှုနဲ့ပဲ ကုသနိုင်ပါတယ်။ ခွဲစိတ်မှုကို စအိုနားက အရေပြားမှာ ပြုလုပ်ပေးခြင်းဖြင့် ပြည်များကို စီးထွက်သွားစေပါတယ်။ ဂရင်ဂျီနာကို ခွဲစိတ်ပြီးအပြီးသတ် မကုသနိုင်သေးခင်ထိ လူနာအများဟာ နာကျင်ခြင်း၊ ပြည်ထွက်ခြင်း၊ ခဏတာသက်သာသလိုဖြစ်ပြီး ပြန်ဖြစ်ခြင်းစတဲ့ အခြေအနေတွေ ကြုံနိုင်ပါတယ်။ ဂရင်ဂျီနာမခွဲခင် ဘာတွေသိထားသင့်သလဲ ပြည်ထုတ်နေချိန်မှာပဲ ခွဲစိတ်ကုသမှုကို တချိန်တည်း ပြုလုပ်နိုင်ပါတယ်။ တခါတရံမှာ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Benign Scrotal Lump Surgery

Benign Scrotal Lump Surgery (ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးခြင်းအား ခွဲစိတ်ကုသခြင်း) ကဘာလဲ။ ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးခြင်းဆိုတာ ကပ်ပယ်အိတ်ထဲမှာ ကင်ဆာမဟုတ်တဲ့ အဖုအကျိတ် ဖြစ်ပေါ်လာခြင်းကို ဆိုလိုပါတယ်။ များသောအားဖြင့် လက္ခဏာမပြတတ်လို့ ခွဲစိတ်ကုသဖို့ မလိုပါဘူး။ ဒါပေမယ့် တချို့အကျိတ်တွေဟာ လက္ခဏာတွေ ပြလာတတ်ပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အကျိတ်နှစ်မျိုး ရှိတတ်ပါတယ်။ • ရေမုတ်။ ဝှေးစေ့ကိုဖုံးထားတဲ့ အလွှာမှာ အရည်စုပြီး ကြီးလာခြင်း ဖြစ်ပါတယ်။ • သုတ်လွှတ်ပြွန်အရည်အိတ်ဖြစ်ခြင်း။ သုတ်ရည်ထွက်လာတဲ့ လမ်းကြောင်းမှာ အရည်များစုလာခြင်း ဖြစ်ပါတယ်။ ဘာကြောင့် ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးခြင်း ခွဲစိတ်ကုသခြင်း လုပ်ဆောင်သလဲ အကျိတ်ကြီးလာတဲ့အခါ ခွဲစိတ်ကုသမှသာ နေထိုင်ရတာ သက်တောင့်သက်သာရှိမှာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကပ်ပယ်အိတ်ကြီးခြင်းဟာ ဒီအတိုင်းထားနိုင်ပေမယ့် အောက်ပါ အခြေအနေတွေကြောင့် ခွဲစိတ်ခြင်း၊ ပြုပြင်ခြင်း ပြုလုပ်ကြပါတယ်။ • နေရထိုင်ရခက်ခြင်း၊ နာကျင်ခြင်း • […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Laparoscopic Gastric Bypass (Laparoscopic gastric bypass ဆိုတာ ဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Laparoscopic gastric bypass ဆိုတာဘာလဲ? Gastric bypass ကသင့်ကိုတစ်သက်စာ ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်ပါတယ်။ Gastric bypass ကို Roux-en-Y လို့လည်းခေါ်ပြီး အဲဒီခွဲစိတ်မှုမှာ သင့်ရဲ့အစာအိမ်ကို အိတ်အသေးလေးဖြစ်သွားအော င်ကျန်ရှိနေတဲ့အစာအိမ်နဲ့ အူမကြီးတွေကိုရှောင်ပြီးညှပ်ချုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းက အစားစားတဲ့အခါ စောစောဗိုက်ပြည့်စေခြင်းဖြင့် အစားနည်းစေတဲ့အပြင် သင့်ရဲ့အစာထဲက တချို့ကယ်လိုရီတွေနဲ့အာဟာရတွေကို စုပ်ယူခြင်းမှ ကာကွယ်ပါတယ်။ ဒီခွဲစိတ်မှုအောင်မြင်ခြင်းက စားသောက်မှုအစီအစဉ်အသစ်နဲ့ လေ့ကျင့်ခန်းတွေအပေါ်မှာလည်း မူတည်ပါတယ်။ ဘာကြောင့် Laparoscopic bypass ကိုလုပ်ကြလဲ ? တကယ်လို့သင့်ရဲ့ BMI က၄၀ ကျော်နေရင်ဒီခွဲစိတ်မှုက တစ်သက်တာကိုယ်အလေးချိန်ကျစေပါတယ်။ တကယ်လို့သင့်ရဲ့ BMI က၃၅ ကျော်နေတာပဲ ဖြစ်ဖြစ်၊သင့်မှာဆီးချို type 2 ရှိနေတာပဲဖြစ်ဖြစ် သင့်ကို ဒီခွဲစိတ်မှုကကူညီပါလိမ့်မယ်။ သင့်ရဲ့ BMI နဲ့တခြားသော စစ်ဆေးမှုတွေအပေါ် မူတည်ပြီး ဒီခွဲစိတ်မှုကသင့်အတွက်သင့်တော်မှုရှိ၊ မရှိဆုံးဖြတ်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ ခွဲစိတ်မှုအပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Retinal Detachment Surgery (မြင်လွှာကွာခြင်း ခွဲစိတ်ကုသမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Retinal Detachment Surgery (မြင်လွှာကွာခြင်း ခွဲစိတ်ကုသမှု) ကဘာလဲ။ မျက်စိထဲဝင်လာတဲ့ အလင်းတန်းတွေကို ပုံရိပ်အဖြစ်ပြောင်းပြီး ဦးနှောက်ကိုပို့ပေးတဲ့ မျက်စိအနောက်ဖက်ပိုင်းက အတွင်းပိုင်းအလွှာလေးကို မြင်လွှာ (retina) လို့ခေါ်ပါတယ်။ တစ်ခါတစ်ရံမှာ ဒီမြင်လွှာလေးဟာ ကွာကျပြီး အမြင်ဝေဝါးတာ ဒါမှမဟုတ် ကြည့်တဲ့အခါ အရိပ်တွေထင်နေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ မျက်စိရဲ့အလယ်ခေါင်နေရာမှာရှိတဲ့ ဂျယ်လီလိုခပ်ပျစ်ပျစ်အရည်လေးတွေကျုံ့ပြီး မြင်လွှာပေါ်ရောက်လာကာဆွဲခွာသလိုဖြစ်တာကြောင့် မြင်လွှာကွာတာအများဆုံးဖြစ်တတ်ပေမယ့် မျက်လုံးကို ထိခိုက်မိတာ ဒါမှမဟုတ် အရင်ကလုပ်ခဲ့ဖူးတဲ့ မျက်စိခွဲစိတ်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မြင်လွှာကွာတာကို ခွဲစိတ်ပြုပြင်ဖို့ဘာလို့လိုအပ်တာလဲ။ တကယ်လို့သင့်မြင့်လွှာကွာနေရင် ဒါကိုပြုပြင်ဖို့အတွက် ခွဲစိတ်မှု ပြုလုပ်ဖို့လိုပါတယ်။ လေဆာနဲ့ပစ်ပြီးဒါမှမဟုတ်အေးခဲပစ်ပြီးခွဲစိတ်ပြုပြင်လေ့ရှိကာ ခွဲစိတ်ဆရာဝန်အနေနဲ့ဘယ်လိုအကြံပြုမလဲဆိုတာကတော့ သင့်ရောဂါရဲ့ အသေးစိတ်အနေအထားပေါ်မူတည်ပြီး ကွာခြားပါလိမ့်မယ်။ ဒီခွဲစိတ်မှုကဘာအန္တရာယ်တွေရှိနိုင်သလဲ။ ခွဲစိတ်တယ်လို့ယေဘုယျသုံးနှုန်းပေမယ့် တကယ်တမ်းကျတော့ လေဆာနဲ့ပစ်ပြီး ဒါမှမဟုတ် အေးခဲပစ်ပြီး ပေါက်နေတဲ့နေရာ၊ စုတ်ပြဲနေတဲ့နေရာကို ဖာထေးတာဖြစ်တဲ့အတွက် ဘယ်လိုလှီးဖြတ်ခွဲစိတ်မှုမျိုးကိုမှ ပြုလုပ်တာမဟုတ်ပါဘူး။ တစ်ခါတစ်ရံ ကုသမှုအောင်မြင်ဖို့အတွက် ဒုတိယအကြိမ်ထပ်မံခွဲစိတ်ဖို့တော့ လိုကောင်းလိုတတ်ပါတယ်။ ဒီနေရာမှာသိထားသင့်တဲ့အချက်တွေက […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Revision Total Hip Replacement (ပေါင်ရိုးအစားထိုးမှု ထပ်မံပြုလုပ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါင်ရိုးအစားထိုးမှုထပ်လုပ်တယ်ဆိုတာဘာလဲ။ သင့်ရဲ့အစားထိုးထားတဲ့ပေါင်ရိုးအဟောင်းကို ထုတ်ပြီး ပေါင်ရိုးအသစ်နဲ့အစားထိုးလဲလှယ်တဲ့ ခွဲစိတ်မှုလုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ အောက်ပါအချက်တွေကြောင့် ပေါင်ရိုးအစားထိုးတာ မအောင်မမြင် ဖြစ်တတ်ပါတယ်။ • အစားထိုးထားတဲ့ ပေါင်ရိုးအဆစ်နေရာပျက်စီးခြင်း • အစားထိုးထားတဲ့ ပေါင်ရိုးမှာပိုးဝင်ခြင်း • အစားထိုးထားတဲ့ ပေါင်ရိုး နေရာရွေ့ခြင်း၊လွဲခြင်း • ပေါင်ရိုးကျိုးခြင်း ဒီခွဲစိတ်မှုရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။ သင့်အနေနဲ့ပိုပြီးလမ်းကောင်းကောင်း လျှောက်နိုင်မယ်။ နိစ္စဓူဝလုပ်ငန်းဆောင်တာတွေကို ပိုလုပ်လာနိုင်မယ်။ ဒီခွဲစိတ်မှုကဘာနောက်ဆက်တွဲ ပြဿနာအန္တရာယ်တွေရှိသလဲ။ အချိန်ကြာလာတာနဲ့အမျှ ပြန်ပြီးပျက်စီးသွားနိုင်ပါတယ်။ ခွဲစိတ်မှုအပြင်တခြားရောဘာတွေလုပ်လို့ရသေးလဲ။ တကယ်လို့ ရောဂါလက္ခဏာတွေက မပြင်းထန်ဖူးဆိုရင် အချိန်အနည်းငယ် စောင့်ကြည့်နိုင်ပါတယ်။ တကယ်လို့ပိုးဝင်တာမျိုးရှိတယ်ဆိုရင် ခွဲစိတ်မှုအောင်မြင်နိုင်ဖို့အတွက် ပဋိဇီဝပိုးသတ်ဆေးတွေသုံးစွဲဖို့လိုပါလိမ့်မယ်။ တကယ်လို့ခွဲစိတ်ထားတဲ့ ပေါင်ရိုးအဆစ်ကအပြင်ကို ပြန်ပြန်ပြီး ထွက်လာနေတယ်ဆိုရင် ပေါင်ကိုထောက်ပံ့ပြီး ပတ်စည်းပေးထားဖို့အပတ်(brace) လိုပါလိမ့်မယ်။ တကယ်လို့သင့်ပေါင်ရိုးကျိုးနေတယ်ဆိုရင် ခဲဆွဲထားဖို့လိုကောင်းလိုပါလိမ့်မယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့ မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။ ပြင်ဆင်မှုခွဲစိတ်မှုမခံယူခင် ဘာတွေကြိုတင် ပြင်ဆင်ထားရမလဲ။ သင့်ရဲ့ လတ်တလောသောက်နေတဲ့ ဆေးတွေ၊ ဓါတ်မတည့်တာတွေရှိမရှိနဲ့ရောဂါတစ်ခုခုရှိတာမျိုးစတဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Small Toes Surgery (ခြေချောင်းလေးများ ခွဲစိတ်ကုသမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်ခြေချောင်းလေးတွေမှာ ဘာပြဿနာတွေ ဖြစ်လာနိုင်သလဲ။ အဖြစ်များဆုံး ပြဿနာသုံးခုက ခြေချောင်းလေးတွေပုံမမှန်တာ၊ အဆစ်တွေနာတာနဲ့ခြေဖဝါးနာကျင်တာတို့ပဲ ဖြစ်ကြပါတယ်။ သင့်ခြေချောင်းလေးတွေကို လှုပ်ရှားအောင်လုပ်ပေးတဲ့ အရွတ်ကြောလေးတွေတင်းလွန်းတာ ဒါမှမဟုတ် အနေအထားမမှန်တာမျိုးကြောင့် ခြေချောင်းလေးတွေ ပုံမမှန်တာမျိုး ဖြစ်နိုင်ပါတယ်။ ခြေချောင်းအချင်းချင်း ပွတ်တိုက်တာ ဒါမှမဟုတ် ရှူးဖိနပ်အတွင်းပိုင်းနဲ့ပွတ်တိုက်တာတွေကြောင့်လည်း ဒဏ်ဖြစ်ပြီး နာလာစေပါတယ်။ rheumatoid arthritis လို အဆစ်အမြစ်ရောင်ရောဂါတွေကြောင့် သင့်ခြေဆစ်တွေကို ထိခိုက်စေ၊ ဒဏ်ဖြစ်စေပြီးပုံသဏ္ဍာန် မမှန်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ခြေချောင်းလေးတွေ ခွဲစိတ်မှုကဘာတွေအကျိုးဖြစ်စေသလဲ။ သင့်ခြေချောင်းလေးတွေ ပိုပြီးဖြောင့်လာမှာဖြစ်တဲ့အတွက် ရှူးဖိနပ်ထဲမှာ ပိုပြီးနေသားတကျဖြစ်လာတာကြောင့် နာကျင်ရောင်ရမ်းတာတွေကို သက်သာပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်။ ပြင်ဆင်မှုခြေချောင်းခွဲစိတ်မှုက ဘာအန္တရာယ်တွေရှိနိုင်သလဲ။ ရေမြှုပ်ပျော့ပျော့လေးတွေကို ခြေချောင်းလေးတွေကြားထဲ ခံထားမယ်ဆိုရင် နာကျင်တာတွေကို သက်သာစေမှာ ဖြစ်ပါတယ်။ အရည်အသွေးကောင်းပြီး နူးညံ့တဲ့ရှူးဖိနပ်တွေကို အသုံးပြုမယ်ဆိုရင်လည်း အဆင်ပြေသွားနိုင်ပါတယ်။ တကယ်လို့ ဒါတွေနဲ့မလုံလောက်ဖူးဆိုရင်တော့ ဆရာဝန်နဲ့မေးမြန်းတိုင်ပင်ပါ။ အထူးစီမံထားတဲ့ ဖိနပ်အခံပြား ဒါမှမဟုတ် ဖိနပ်တွေကို အသုံးပြုဖို့သင့်ဆရာဝန်ကအကြံပေးပါလိမ့်မယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း