backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tissue Type Test (ကိုယ်ခန္ဓါဆဲလ်များရှိ ပဋိဓါတ်ရှာဖွေသော သွေးစစ်ဆေးမှု)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 18/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Tissue Type Test (ကိုယ်ခန္ဓါဆဲလ်များရှိ ပဋိဓါတ်ရှာဖွေသော သွေးစစ်ဆေးမှု) ကဘာလဲ။

Tissue Type Test ဟာ ကိုယ်ခန္ဓါ ဆဲလ်တွေနဲ့ တစ်ရှူးတွေရဲ့ မျက်နှာပြင်ပေါ်က ပဋိဓါတ် (antigens) တွေကို ရှာဖွေတဲ့ သွေးစစ်ဆေးမှုဖြစ်ပါတယ်။ antigens တွေကို စစ်ဆေးခြင်းဟာ အစားထိုးကုသမှုတွေမှာ လှူဒါန်းတဲ့ တစ်ရှူးက သင့်လျော် စိတ်ချရမှုရှိမရှိ ဆိုတာကို ပြောပြနိုင်ပါတယ်။ ဒီစစ်ဆေးမှုကို HLA typing လို့လည်း ခေါ်ပါတယ်။ ပဋိဓါတ် (Antigens) တွေဟာ ပုံမှန် ကိုယ်ခန္ဓါ တစ်ရှူးတွေ သို့ ပြင်ပတစ်ရှူး တွေရဲ့ ကွာခြားချက်ကို ဖေါ်ပြနိုင်ပါတယ်။ အချို့အခြေအနေတွေမှာ Tissue Type Test ကို လူတစ်ယောက်မှာ ကိုယ်ခန္ဓါက သူ့ရဲ့ ဆဲလ်တွေကို ပြန်တိုက်တဲ့ရောဂါဖြစ်တဲ့ autoimmune diseases တွေ ဖြစ်နိုင်ဖို့ ရာနှုန်းရှိမရှိ သိရှိဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။

ထူးခြားတဲ့ ပုံစံတွေနဲ့ antigens တွေဟာ လူတစ်ယောက်ချင်းစီရဲ့ ဆဲလ်တွေနဲ့ တစ်ရှူးတွေအတွင်းမှာ ပါဝင်ပါတယ်။ ဒီလူတစ်ယောက်ချင်းစီရဲ့ antigens တစ်ဝက်လောက်ဟာ အမေဆီကလာပြီး ကျန်တစ်ဝက်ကတော့ အဖေဆီကလာပါတယ်။ အမွှာတွေမှာတော့ ပုံစံဆင်တူနိုင်ပေမယ့် အခြားသူတွေမှာတော့ မတူညီတဲ့ ပုံစံတွေ ပိုင်ဆိုင်ကြပါတယ်။ မောင်နှမတွေမှာ ဆင်တူ ၄ ယောက်မှာ တစ်ယောက် ဖြစ်နိုင်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ antigen ပုံစံတွေကို Tissue Type Test ကနေ ထုတ်ယူနိုင်ပါတယ်။

• Antigens ပုံစံတူလေလေ ကိုယ်အင်္ဂါ၊ တစ်ရှူး အစားထိုးကုသမှု အောင်မြင်နိုင်လေလေပဲဖြစ်ပါတယ်။

• Antigens ပုံစံ ဟာ လူနှစ်ယောက်မှာ တူလေလေ သူတို့နှစ်ယောက်ဟာ အမျိုးတွေ ဖြစ်နိုင်လေလေ ပဲဖြစ်ပါတယ်။

• အချို့ရောဂါတွေဖြစ်တဲ့ ဦးနှောက်နှင့် ကျောရိုးမ အာရုံကြောဆဲလ်များကို ဖုံးအုပ်ထားသော အလွှာပျက်စီးစေသော နာတာရှည်ရောဂါ multiple sclerosis (သို့) ကျောရိုးဆစ်များ ရောင်ရမ်းသောရောဂါ ankylosing spondylitis တွေဟာ antigen ပုံစံ တူသူတွေမှာ ပိုအဖြစ်များပါတယ်။ အကြောင်းရင်းကိုတော့ သိရှိခြင်း4 မရှိပါဘူး။

Antigen အုပ်စု အဓိကနှစ်မျိုးကို tissue type test အတွက် အသုံးပြုနိုင်ပါတယ်။ အုပ်စု(၁) မှာတော့ antigen အမျိုးအစားသုံးခုပါဝင်ပြီး (HLA-A၊ HLA-B၊ HLA-C) သူတို့ကို သွေးဆဲလ်အချို့ပေါ်မှာ တွေ့ရပါတယ်။ အုပ်စု(၂) မှာတော့ HLA D antigens ပါဝင်ပြီး ကိုယ်ခန္ဓါ အချို့ဆဲလ်တွေမှာ တွေ့ရပါတယ်။ အမျိုးအစားတစ်ခုစီမှာ မတူညီတဲ့ antigens အမျိုးမျိုး ရှိနိုင်ပါတယ်။

Tissue Type Test တွေကို ဘာကြောင့် လုပ်ကြတာလဲ။

Tissue type test ကို အောက်ပါအခြေအနေတွေအတွက် ပြုလုပ်ကြပါတယ်။

• လှူမယ့် တစ်ရှူး (သို့) ကိုယ်အင်္ဂါ (သွေးခဲခြင်းကိုလုပ်ဆောင်ပေးသော သွေးမွှားဥ သွင်းခြင်း၊ ရိုးတွင်းခြင်ဆီအစားထိုးကုသမှု အပါအဝင်) တွေရဲ့ antigen pattern ပုံစံ ဟာ သင့်လျော်လားဆိုတာ သိရှိဖို့။ အစားထိုးကုသမှုတွေရဲ့ အောင်မြင်နှုန်းဟာ antigen patterns တွေ ဘယ်လောက်ကိုက်ညီလဲဆိုတာပေါ် မူတည်ပါတယ်။ တကယ်လို့ လှူမယ့် တစ်ရှူး (သို့) အင်္ဂါဟာ ဆွေမျိုးတွေဆီကလာတယ်ဆိုရင် antigen patterns တွေဟာ တူညီနိုင်ဖို့ ရာနှုန်းများပါတယ်။

• လူနှစ်ယောက်ဟာ ဘယ်လိုဆက်နွယ်နေလဲဆိုတာ သိရှိဖို့။ တကယ်လို့ antigen patterns တွေဟာ အလွန်ဆင်တူရင် သူတို့နှစ်ယောက်ဟာ ဆက်နွယ်ဖို့ များပါတယ်။ ဒါပေမယ့် tissue type test က လူနှစ်ယောက် ဆက်နွယ်နေတယ်လို့ သက်သေမပြနိုင်ပါဘူး။ Tissue type test ဟာ ကလေးအဖေ ဟုတ်မဟုတ်သိရှိဖို့ စစ်ဆေးမှု အစိတ်အပိုင်းတစ်ခုအဖြစ် ပြုလုပ်နိုင်ပါတယ်။

• အချို့ autoimmune disease ရောဂါဖြစ်နှုန်း အလွန်မြင့်မားတဲ့ လူတွေကို ရှာဖွေရန်လည်း အသုံးပြုပါတယ်။

ပြင်ဆင်မှု

Tissue Type Test ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

Tissue Type Test ဟာ လူနှစ်ယောက် ဆက်စပ်မှုကို သက်သေမပြနိုင်ပေမယ့် သူတို့ အမျိုးတော်ဖို့ ဘယ်လောက် အခွင့်အလမ်းများတယ်ဆိုတာကိုတော့ ပြသနိုင်ပါတယ်။ Tissue Type Test ကို သွေးအရဆက်စပ်မှု ပြဿနာတွေအတွက် တရားရုံးမှာ စစ်ဆေးချက်တွေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပြုလုပ်နိုင်ပါတယ်။ အချို့ရောဂါတွေနဲ့ ဆက်စပ်နေတဲ့ antigen patterns တွေ တွေ့ရှိခြင်းဟာ ရောဂါရှိနေခြင်း (သို့) ရောဂါသေချာပေါက်ဖြစ်မယ် ပြောနိုင်ခြင်း မရှိပါဘူး။ သင့်ရောဂါဖြစ်ပွားမှုနှုန်းနဲ့ ပတ်သက်လို့ ဆရာဝန်က ဆွေးနွေးမှာ ဖြစ်ပါတယ်။

Tissue Type Test တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ

ဒီစစ်ဆေးမှုအတွက် ပြင်ဆင်ဖို့မလိုပါဘူး။

တကယ်လို့ သင်ဟာ တစ်ရှူး (သို့) သွေးဆဲလ်တွေကို လှူဒါန်းမယ့်သူဆိုရင် သင့်ဆရာဝန်က သင့်ရဲ့ ကျန်းမာရေးရာဇဝင်ကို မေးမြန်းပါလိမ့်မယ်။ ဥပမာ ကင်ဆာဖြစ်ဖူးခြင်း၊ ရောဂါပိုး ဝင်ခြင်း၊ ရောဂါဖြစ်နှုန်းများတဲ့ အပြုအမူများ၊ ဆေးသုံးခြင်း၊ အဆိပ်တွေနဲ့ ထိတွေ့မှု ရှိခြင်း၊ နိုင်ငံခြားကို ခရီးသွားခြင်း တွေပဲဖြစ်ပါတယ်။ ဒီအချက်တွေက သင့်တစ်ရှူးကို အသုံးပြုလို့ရမရ ဆုံးဖြတ်ရာမှာ အရေးကြီးပါတယ်။

စစ်ဆေးမှု

Tissue Type Test နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

သင့်ဆရာဝန်ဟာ လက်မောင်း (သို့) တံတောင်ဆစ်နားက နေရာကို ပိုးသတ်ဆေးနဲ့ သန့်စင်မှာ ဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာ လက်မောင်းအပေါ်မှာ သားရေကြိုးကိုချည်နှောင်ပြီး သွေးပြန်ကြောကို ဖောင်းစေမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ သွေးပြန်ကြောတွေကနေ သွေးယူဖို့ လွယ်ကူစေပါတယ်။

သင့်လက်မောင်းကို အပ်နဲ့ဖေါက်ပြီး သွေးပြန်ကြောထဲကို အပ်ထည့်လိုက်မှာ ဖြစ်ပါတယ်။ သွေးယူမယ့် ဖန်ချောင်းကိုတော့ အပ်ရဲ့ အခြားထိပ်တစ်ခုမှာ ဆက်လိုက်မှာ ဖြစ်ပါတယ်။

သွေးအလုံအလောက်ရသွားရင်တော့ ဆရာဝန်ဟာ အပ်ကိုဖယ်လိုက်မှာ ဖြစ်ပြီး အပ်ဖေါက်ထားတဲ့နေရာကို ဂွမ်းနဲ့ သွေးတိတ်သွားအောင် ဖိထားမှာ ဖြစ်ပါတယ်။

ပြုလုပ်ပြီးနောက်

Tissue Type Test လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

သွေးအဖြေကို ရရှိဖို့ ရက်ချိန်းပေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်က သွေးအဖြေက ဘာကို ဆိုလိုတယ်ဆိုတာ ရှင်းပြမှာ ဖြစ်ပြီး ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာသင့်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Tissue Type Test (ကိုယ်ခန္ဓါဆဲလ်များရှိ ပဋိဓါတ်ရှာဖွေသော သွေးစစ်ဆေးမှု) အဖြေတွေက ဘာကို ဆိုလိုတာလဲ။

ကိုယ်အင်္ဂါ သို့ တစ်ရှူး အစားထိုးမှုအတွက် HLA typing လုပ်စဉ်အတွင်းမှာ အချို့ HLA genes တွေ၊ antigens တွေကို တိကျစွာသိရအောင် ပြုလုပ်မှာ ဖြစ်ပါတယ်။ ကိုယ်အင်္ဂါလက်ခံမယ့်သူရဲ့ မျိုးရိုးဗီဇ နဲ့ antigens တွေကို ဖြစ်နိုင်ခြေရှိတဲ့ လှူဒါန်းသူနဲ့ ယှဉ်ကြည့်မှာဖြစ်ပါတယ်။

အဖြေတွေက antigens ဘယ်လောက်ဟာ ကိုက်ညီပြီး ဘယ်လောက်ဟာ မကိုက်ညီဘူးဆိုတာပဲ ဖြစ်ပါတယ်။ ကိုက်ညီမှုများလေလေ အစားထိုးကုသမှု အောင်မြင်နိုင်လေလေ ဖြစ်ပါယတ်။ မကိုက်ညီမှု သုည လို့ပြောခြင်းဟာ လက်ခံသူက လှူဒါန်းသူရဲ့ တစ်ရှူး သို့ အင်္ဂါကို ငြင်းပယ်မှုအလွန်နည်းတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

လှူဒါန်းသူရဲ့ HLA antigens တွေအတွက် လက်ခံသူမှာ ငြင်းပယ်တဲ့ HLA antibodies မရှိခြင်းဟာ အလွန်အရေးကြီးပါတယ်။ လှူဒါန်းသူနဲ့ antibodies ဖြစ်ပေါ်နိုင်တဲ့ လက်ခံသူကို တိုက်ကြည့်ခြင်းဟာ အလွန်ဂရုစိုက်ရမယ့်အရာတစ်ခု ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ လက်ခံသူမှာ HLA antibodies တွေများလေလေ ကိုယ်ခန္ဓါက ငြင်းပယ်မှုနှုန်း မြင့်မားလေလေပဲဖြစ်ပါတယ်။

Postive crossmatch အဖြေဟာ ဆိုးကျိုးများတဲ့ အစားထိုးမှုလို့ ယူဆနိုင်ပါတယ်။ ဒီလူတွေဟာ အစားထိုးကုသမှုကို ငြင်းပယ်နိုင်တဲ့ အခွင့်အလမ်းများပြီး ဒါကို ကိုယ်ခံအားဖိနှိပ်တဲ့ဆေးတွေနဲ့ ကုသလို့ ရချင်မှ ရမှာ ဖြစ်ပါတယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Tissue Type Test ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Tissue Type Test နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 18/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement