backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Lactic Acid Dehydrogenase Test


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Lactic acid dehydrogenase test ဆိုတာဘာလဲ။

Lactic acid dehydrogenase (LDH) ဟာ စွမ်းအင်ထုတ်လုပ်မှုကို ကူညီပေးတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်ပါတယ်။ သူဟာ ကိုယ်ခန္ဓါရဲ့ တစ်ရှူးအတော်များများမှာ ပါရှိပြီး ဆဲလ် ပျက်စီးမှုတွေဖြစ်ရင် မြင့်တက်လာတတ်ပါတယ်။ LDH ပမာဏတွေကို သွေးပြန်ကြောအတွင်းက ထုတ်ထားတဲ့ သွေးတွေမှာ တိုင်းတာနိုင်ပါတယ်။

Lactic acid dehydrogenase test တွေကို ဘာကြောင့် လုပ်ကြတာလဲ။

LDH ကို များသောအားဖြင့် တစ်ရှူးပျက်စီးမှုကို တိုင်းတာဖို့အတွက် အသုံးပြုကြပါတယ်။ LDH ပရိုတင်းကို တစ်ရှူးတွေများစွာမှာ တွေ့ရပါတယ်။ အထူးသဖြင့် နှလုံး၊အသည်း၊ ကျောက်ကပ်၊ ကြွက်သား၊ ဦးနှောက်နဲ့ အဆုတ်တွေမှာ တွေ့ရပါတယ်။ ဒီစစ်ဆေးမှု ပြုလုပ်တဲ့ အခြားအခြေအနေတွေကတော့

• သွေးအားနည်းခြင်း

• ကင်ဆာ (သွေးကင်ဆာ)၊ ပြန်ရည်ကျိတ်ကင်ဆာ

ပြင်ဆင်မှု

Lactic acid dehydrogenase test ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

ရောဂါအတော်များများဟာ LDH ပမာဏ မြင့်တက်စေတာကြောင့် ရောဂါအတိအကျ သိရစေဖို့ အခြားစစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ရှေးအခါက LDH စစ်ဆေးခြင်း ကို နှလုံးရပ်ခြင်းကို သိရှိစေရန်နဲ့ စောင့်ကြည့်ဖို့ ပြုလုပ်ကြပေမယ့် ယနေ့ခေတ်မှာတော့ Troponin စစ်ဆေးမှုက ကျယ်ပြန့်စွာ အစားထိုးလိုက်ပြီး ဖြစ်ပါတယ်။ LDH ဟာ နှလုံး ပျက်စီးမှု စစ်ဆေးဖို့အတွက် တိကျမှုမရှိတာကြောင့် နှလုံးသွေးကြောကျဉ်းခြင်း ရှိတယ်လို့ သံသယရှိသူတွေမှာ စမ်းသပ်ဖို့ အသုံးပြုခြင်း မရှိတော့ပါဘူး။

Lactic acid dehydrogenase test တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

စစ်ဆေးမှုအပေါ်အကျိုးသက်ရောက်မှု ရှိစေတဲ့ ဆေးတွေကို ရပ်လိုက်ဖို့ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ LDH ပမာဏ ကိုတက်စေတဲ့ဆေးတွေကတော့ anesthetics၊ aspirin၊ clofibrate၊ fluorides၊ mithramycin၊ narcotics နဲ့ procainamide တို့ပဲဖြစ်ပါတယ်။ တကယ်လို့ ဒီဆေးတွေ အသုံးပြုနေတယ်ဆိုရင် စစ်ဆေးမှု မပြုခင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

စစ်ဆေးမှု

Lactic acid dehydrogenase test နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

သင့်ဆရာဝန်ဟာ လက်မောင်း (သို့) တံတောင်ဆစ်နားက နေရာကို ပိုးသတ်ဆေးနဲ့ သန့်စင်မှာ ဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာ လက်မောင်းအပေါ်မှာ သားရေကြိုးကိုချည်နှောင်ပြီး သွေးပြန်ကြော ကို ဖောင်းတင်းစေမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ သွေးပြန်ကြောတွေကနေ သွေးယူဖို့ လွယ်ကူစေပါတယ်။

သင့်လက်မောင်းကို အပ်နဲ့ဖေါက်ပြီး သွေးပြန်ကြောထဲကို အပ်ထည့်လိုက်မှာ ဖြစ်ပါတယ်။ သွေးယူမယ့် ဖန်ချောင်းကိုတော့ အပ်ရဲ့ အခြားထိပ်တစ်ခုမှာ ဆက်လိုက်မှာ ဖြစ်ပါတယ်။ သွေးအလုံအလောက်ရသွားရင်တော့ ဆရာဝန်ဟာ အပ်ကိုဖယ်လိုက်မှာ ဖြစ်ပြီး အပ်ဖေါက်ထားတဲ့နေရာကို ဂွမ်းနဲ့ သွေးတိတ်သွားအောင် ဖိထားမှာ ဖြစ်ပါတယ်။

စစ်ဆေးပြီးနောက်

Lactic acid dehydrogenase test လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

စစ်ဆေးမှု ပြုလုပ်အပြီးမှာ ပုံမှန်လှုပ်ရှားမှုတွေကို ပြုလုပ်နိုင်ပါတယ်။ သင့်ဆရာဝန်ဟာ သင့်ရောဂါအခြေအနေကို ဆွေးနွေးပြီး သင့်လျော်တဲ့ ကုသမှုတွေ ပေးမှာ ဖြစ်ပါတယ်။ တခါတရံမှာ သင့်ဆရာဝန်ဟာ ထပ်မံစစ်ဆေးမှုတွေကို တောင်းဆိုနိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Lactic Acid Dehydrogenase Test အဖြေတွေက ဘာကို ဆိုလိုတာလဲ။

LDH ဟာ စွမ်းအင်ထုတ်လုပ်ဖို့ ကူညီပေးတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်ပါတယ်။

ပုံမှန်ပမာဏတွေဟာ မတူညီတဲ့ ဓါတ်ခွဲခန်းတွေမှာ အနည်းငယ်ကွဲပြားခြားမှု ရှိနိုင်ပါတယ်။ အချို့ဓါတ်ခွဲခန်းတွေဟာ မတူညီတဲ့ အတိုင်းအတာတွေ၊ နမူနာ တွေကို စစ်ဆေးတတ်ပါတယ်။ သင့်အဖြေရဲ့ ဆိုလိုရင်းကို သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ပုံမှန်ပမာဏ

ပုံမှန် LDH ပမာဏဟာ 140 units per liter (U/L) ကနေ 280 U/L (သို့) 2.34 mkat/L ကနေ 4.68 mkat/L အထိ ရှိတတ်ပါတယ်။

ပမာဏများခြင်း

ပုံမှန်ထက်များတဲ့ LDH ပမာဏဟာ အောက်ပါအချက်တွေကို ညွှန်ပြနိုင်ပါတယ်။

• သွေးစီးဆင်းမှု မလုံလောက်ခြင်း (သွေးကြောကျဉ်းခြင်း)

• ရုတ်တရက် နှလုံးဖောက်ခြင်း

• သွေးနီဥပြိုကွဲသော သွေးအားနည်းရောဂါ

• ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းကို ဖြစ်စေသော ဗိုင်းရပ်စ်ကူးစက်ရောဂါ Infectious mononucleosis

• အသည်းရောဂါ (အသည်းရောင်ခြင်း)

• သွေးပေါင်ကျခြင်း

• ကြွက်သား ထိခိုက်မိခြင်း

• ကြွက်သားအားနည်းခြင်း၊ ကြွက်သားဆုံးရှုံးခြင်း

• ပုံမှန်မဟုတ်သော တစ်ရှူး ဖြစ်ပေါ်လာခြင်း (ဥပမာ ကင်ဆာ)

• မုန့်ချိုအိတ်ရောင်ခြင်း

• လေဖြတ်ခြင်း

• တစ်ရှူးများ ပျက်စီးသေဆုံးခြင်း

LDH ပမာဏ များလာပြီဆိုရင် သင့်ဆရာဝန်က တစ်ရှူးပျက်စီးမှုရဲ့ နေရာကို သိရှိဖို့ LDH isoenzymes တွေကို စစ်ဆေးစေနိုင်ပါတယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး lactic acid dehydrogenase (LDH) စစ်ဆေးမှု ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

lactic acid dehydrogenase test နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement