အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မလိုအပ်ဘဲ ဆေးထိုးတာကောင်းလား

မလိုအပ်ဘဲ ဆေးထိုးတာကောင်းလား အားဆေးအဖြစ်သွင်းတဲ့ အကြောဆေးဆိုတာ ကျွန်တော်တို့နိုင်ငံက လူနာတော်တော်များများ ဆေးရုံဆေးခန်းသွားတဲ့အခါ…. မကြာမကြာပြောလေ့ရှိတာကတော့…. “ဆရာ.. ကျွန်တော်ခေါင်းမူးလို့ အကြောဆေးသွင်းချင်လို့” “ကျွန်မအားနည်းနေလို့ ဆလိုင်းချိတ်ပေးပါ” “ကျွန်တော်က တစ်လတစ်ခါ အကြောဆေးသွင်းနေကျ… မသွင်းရင် နေမကောင်းဘူး… ခု ဆေးသွင်းဖို့ ရက်ပြည့်နေပြီ ဆိုတော့ လုပ်ပေးပါဦးဆရာ” …. ဒီလိုတွေ ပြောပြီး အကြောဆေးသွင်းပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေကို တောင်းဆိုလေ့ရှိကြပါတယ်… ဆေးအနီလေးတွေ… အဝါလေးတွေ အကြောထဲဝင်သွားတာ… ပုလင်းကြီးထဲကဆေးရည်တွေ တစက်စက်ကျတာကို မြင်နေ ရရင်ပဲ သဘောကျကြသူအများသား။ ကိုယ်လက်ကိုက်ခဲရင် အကြောဆေးထိုး… ခေါင်းမူးခေါင်းကိုက်ရင် အကြောဆေးထိုး ကြ… အိပ်ရေးပျက်ရင်လည်း အကြောဆေးထိုးကြတယ်။ ထိုးပေးဖို့လည်း တောင်းဆိုကြတယ်။ အကြောဆေးမထိုးရင်ဘဲ ရောဂါမပျောက်သလို ထင်ကြတာလဲရှိ…အကြောဆေးထိုးတာကို စွဲနေသူတွေတောင်ရှိကြပါတယ်..။ တကယ်တော့ အကြောဆေးထဲမှာ ဂလူးကို့စ်အရည်နဲ့ ဗီတာမင် ဘီ ဒါမှမဟုတ် ဗီတာမင်စီနည်းနည်းပဲပါတာပါ..။ ပုလင်း ကြီးချိတ်တယ်ဆိုတဲ့ […]


အခြေခံကျန်းမာရေး

Benign essential tremor (တုန်ခါခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်။Essential tremor ဆိုတာဘာလဲ။ Essential tremorဆိုသည်မှာ ခန္ဓါကိုယ်ရှိအစိတ်အပိုင်းများတွင် ထိန်းမရအောင်တုန်ခါမှုနေစေသည့် အာရုံကြောရောဂါတခုဖြစ် သည်။ အဖြစ်များသောအစိတ်အပိုင်းများတွင် လက်များ၊လက်မောင်း၊ခေါင်း၊အသံအိုး၊လျှာနှင့်မေးစေ့တို့ပါဝင်သည်။ ခန္ဓါကိုယ်အောက်ပိုင်းတွင် ဖြစ်ပွားခဲသည်။ ထိုရောဂါသည် အသက်ဘေးရန်ကိုမထိခိုက်စေသော်လည်း အချိန်ကြာလာသည်နှင့်အမျှပိုဆိုးလာတတ်သည်။ တခါတရံတွင် ပါကင်ဆန် ရောဂါနှင့်မှားယွင်းနိုင်သည်။ Essential tremor ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အမေရိကန်ရှိ လူဆယ်သန်းမှာ ဒီရောဂါရှိပါတယ်။ အဖြစ်များဆုံးသောရောဂါတခုဖြစ်ပါတယ်။ အသက်အရွယ်မျိုးစုံမှာ ဖြစ်ပွားနိုင်ပေမယ့်မြှီးကောင်ပေါက်အရွယ်(သို့)အသက်40-50များတွင် ပထမဦးဆုံးအကြိမ်အဖြစ်မကြာခဏဖြစ်ပွားနေတာတွေ့ရပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ။Essential tremor ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Essential tremor ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ယာယီမျှ ထိန်းချုပ်မရအောင် တုန်နေခြင်း အသံတုန်ခြင်း ခေါင်းတဆက်ဆက်ငြိမ့်သွားခြင်း စိတ်ပိုင်းဆိုင်ရာဖိစီးမှုများချိန်တွင် ပို၍ဆိုးဝါးစွာ တုန်ခါခြင်း မိမိမှ စိတ်သဘောဆန္ဒဖြင့်လှုပ်ရှားလိုက်လျှင်ပို၍ဆိုးဝါးစွာ တုန်ခါလာခြင်း ထိုသို့တုန်ခါမှုများသည်နားလိုက်လျှင်သက်သာသွားခြင်း မိမိကိုယ်ကို ငြိမ်အောင်မထိန်းနိုင်ခြင်း(ရှားပါးသည်) အလိုလို ခေါင်းငြိမ့်ခြင်း (သို့)ခေါင်းခါခြင်း စိတ်ဖိစီးမှု၊ပင်ပန်းနွမ်းနယ်ခြင်း၊ကဖီးန်ဓါတ်(သို့)အစွန်းရောက်နေသော အပူချိန်များကြောင့်လည်း ပိုမိုဆိုးဝါးစေနိင်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ […]


ရောဂါလက္ခဏာများ

Water retention (ဖောခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်။Water retention ဆိုတာဘာလဲ။ Water retention ဆိုသည်မှာ ခန္ဓါကိုယ်ရှိ သွေးလည်ပတ်မှုစနစ်၊ တစ်ရှူးများ၊ သို့မဟုတ် အခေါင်းပေါက်နေရာလေးများထဲတွင် အရည်များ ပိုလျှံစုပုံလာခြင်း ဖြစ်ပါတယ်။ ဖေါခြင်း ဟုလည်းခေါ်ကြပါတယ်။ ခန္ဓါကိုယ်ရဲ့ မည်သည့်နေရာတွင်မဆို အကြောင်းအမျိုးမျိုးကြောင့် ဖေါနိုင်ပါတယ်။   Water retention ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ။Water retention ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Water retention ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အရည်များစုပြုံနေသော ခန္ဓါကိုယ်၏ အစိတ်အပိုင်း များ တွင် ဖေါင်းကားလာပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။     ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ (ယေဘူယျအသိပေးချက် – ယခုအပိုင်းရဲ့အစပိုင်းမှာထည့်သွင်းပါ သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ (တကယ်လို့ တခြားဘာအချက်အလက်မှမရှိဘူးဆိုရင် ဒီအောက်ကစာသားကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Drug overdose (ဆေးလွန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Drug overdose ဆိုတာဘာလဲ။ Drug overdose ဟာ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မတော်တဆ မူးယစ်ဆေး အသုံးလွန်သွားခြင်းဖြစ်သည်။ ဆေးပညာအရ ညွှန်းဆိုထားသော ပမာဏထက် ကျော်လွန်ပြီး အသုံးပြုပါက ဖြစ်တတ်ပါတယ်။ သို့သော် အချို့လူများတွင် ထိုပမာဏ မကျော်လွန်သော်လည်း သူတို့အတွက် အန္တာရာယ် ဖြစ်သော အခြေအနေသို့ရောက် သွားနိုင်ပါတယ်။     မူးယစ်ဆေးကို ပမာဏ များစွာသုံးစွဲခြင်း ဖြင့် ခန္ဓါကိုယ်မှ ထိုဆေးများကို လျှင်မြန်စွာ လိုက်မချေဖျက်နိုင်ပါက နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရစေနိုင်ပါတယ်။   လူတွေဟာ မူးယစ်ဆေး အသုံးလွန်သွားပါက ပုံစံ မျိုးစုံ တုံ့ပြန်ကြပါတယ်။ ကုသမှုက ဝေဒနာရှင်ပေါ်မူတည်ပါတယ်။   မူးယစ်ဆေး အသုံးလွန်သွားခြင်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ မူးယစ်ဆေး အသုံးလွန်သွားခြင်းဟာ အလွန်အဖြစ်များပါတယ်။ ကလေး၊ ဆယ်ကျော်သက်နှင့် လူငယ်တွေမှာ ပိုအဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ […]


ဆေးစစ်ချက်များ

Sperm Penetration Tests (သုတ်ပိုးဖောက်ဝင်နိုင်မှုစစ်ဆေးခြင်း)

အခြေခံအချက်များသုတ်ပိုးဖောက်ဝင်နိုင်မှုစမ်းသပ်ခြင်းဆိုတာ ဘာလဲ အမျိုးသားတဦးရဲ့ သုတ်ပိုးဟာ သားအိမ်ခေါင်းထိပ်က အချွဲများနဲ့ သားဥပြွန်ကို ဖြတ်သန်းသွားနိုင်ပြီး မမျိုးဥနဲ့ ပေါင်းစပ်သွားနိုင်ခြင်း ရှိမရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။ စုံတွဲများ ကိုယ်ဝန်မဆောင်နိုင်ရင် စစ်ဆေးခြင်း ဖြစ်ပါတယ်။ စစ်ဆေးနည်းမျိုးစုံရှိပါတယ်။ အချွဲများကို ဖြတ်သန်းနိုင်မှုရှိမရှိ စစ်ဆေးခြင်း သားအိမ်ခေါင်းဝန်းကျင်က အချွဲများကို ဖြတ်သန်းနိုင်မှု ရှိမရှိ စစ်ဆေးပါတယ်။ ဒီနည်းကို သိပ်တော့ မပြုလုပ်ပါဘူး။ တခြားနည်းလမ်းတွေကနေ အချက်အလက် ပိုသိရလို့ ဖြစ်ပါတယ်။ သုတ်ပိုးဖောက်ဝင်မှုစစ်ဆေးခြင်း ဟမ်းစတား စစ်ဆေးနည်းလို့ ခေါ်ပါတယ်။ ယေက်ျားသုတ်ပိုးဟာ ဟမ်းစတားကြွက်ဥနဲ့ ပေါင်းစပ်နိုင်မှု ရှိမရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဓါတ်ခွဲခန်းမှာ သုတ်ပိုးနဲ့ ဟမ်းစတားကြွက်ဥနဲ့ ပေါင်းစပ်ပြီး ဥထဲကို ဖောက်ဝင်နိုင်တဲ့ သုတ်ပိုးအရေအတွက်ကို မှတ်တမ်းတင်ပါတယ်။ ဖန်ပြွန်သန္ဓေသား ပြုလုပ်ပေးတဲ့ ဆေးရုံတွေမှာ အများဆုံး ပြုလုပ်တတ်ပါတယ်။ သုတ်ပိုးဖောက်ဝင်နိုင်မှု စမ်းသပ်ခြင်း ဘယ်အချိန်မှာ ပြုလုပ်သလဲ အောက်ပါအခြေအနေတွေမှာ ပြုလုပ်ပါတယ်။ ကိုယ်ဝန်မဆောင်နိုင်ရခြင်း၏ အကြောင်းအရင်းကို […]


အခြေခံကျန်းမာရေး

Finger infection (လက်ချောင်းလေးများ ပိုးဝင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Finger infection (လက်ချောင်းလေးများ ပိုးဝင်ခြင်း ) ကဘာလဲ။ လက်ချောင်းလေးများ ပိုးဝင်ခြင်း ဆိုသည်မှာ လူတိုင်း ဖြစ်နိုင်သော ကျန်းမာရေး ပြသနာဖြစ်ပါသည်။ သာမန်အခြေအနေမှသည် အလွန် ပြင်းထန်သော အခြေအနေ အထိ ပုံစံ အမျိုးမျိုးဖြစ်နိုင်ပြီး တစ်ခါတစ်ရံ ယင်းလက်ချောင်း တစ်ချောင်းလုံး အလုပ်မလုပ်တော့ သည်အထိ ဖြစ်ပွားနိုင် ပါသည်။ လက်ချောင်းလေးများ ပိုးဝင်ခြင်းတွင် ဖြစ်ပွားသော နေရာ၊ ဖြစ်ပွားသော အခြေအနေပေါ် မူတည်ပြီး အောက်ပါအတိုင်း ခွဲခြားနိုင်ပါသည်။ လက်စွယ်ငုတ်ခြင်း။ လက်စွယ်ငုတ်ခြင်း ဆိုသည်မှာ လက်သည်း၏ ဘေးအသားများတွင် ပိုးဝင်ခြင်း ဖြစ်ပါသည်။ သို့သော် အရေပြား အပေါ်လွာတွင်သာ ထိခိုက်ခြင်းဖြစ်ပြီး လက်ချောင်းလေးများ ပိုးဝင်ခြင်းတွင် အတွေ့ရ အများဆုံး အခြေအနေပင်ဖြစ်ပါသည်။ Felon။ Felonဆိုသည်မှာ လက်ချောင်းထိပ်တွင် ပိုးဝင်ခြင်း ဖြစ်ပြီး ယင်းနေရာရှိ […]


အခြေခံကျန်းမာရေး

Overhydration (ရေဓါတ်များခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Overhydration (ရေဓါတ်များခြင်း) ကဘာလဲ။ Overhydration ဆိုတာ ခန္ဓါကိုယ်တွင်းတွင် ရေများ များနေခြင်းကို ခေါ်ပါတယ်။ ခန္ဓါကိုယ်၏ ရေသောက်သုံးမှုဟာ ဆုံးရှံးမှုထက် ပိုသောအခါ ဖြစ်ပါတယ်။ တနည်းအားဖြင့် ရေကို ခန္ဓါကိုယ်မှ လိုအပ်တာထက် ပိုပြီး သောက်သုံးသည့်အခါ ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားသမားများသည် ရေဓါတ်ခမ်းခြောက်မည်ကို ကြောက်၍ ရေကို အလွန်အကျွံသောက်သုံးတတ်ကြသည်။ ထိုသို့သောက်သုံးခြင်းဖြင့် အခန့်မသင့်ပါက overhydration ရေဓါတ်ပိုလျှံခြင်း ဖြစ်ကြပါတယ်။ စိတ်ရောဂါကြောင့် ရေများ အလွန်အကျွံသောက်သုံးခြင်းကို psychogenic polydipsia ဟုခေါ်သည်။ နောက်ဆုံးရလဒ်ဟာ ရေဓါတ်များပြီး ဆားဓါတ် နည်းလာခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ရေဓါတ်ပိုလျှံခြင်းဟာ သွေးထဲတွင် sodium ဟူသော ဆားဓါတ်ကို နည်းစေပါသည်။ ထိုသို့ ဆားဓါတ်နည်းခြင်းဟာ ခန္ဓါကိုယ် အတွက် အန္တရာယ်ဖြစ်စေပါတယ်။ သို့သော် သာမန်အားဖြင့် ခန္ဓါကိုယ်တွင်းရှိ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း ) ကဘာလဲ။ Venous insufficiency ဆိုတာ ခြေထောက်သွေးပြန်ကြောများမှ သွေးများ နှလုံးသို့ပြန်စီးဆင်းရာတွင် ပြသနာဖြစ်ခြင်းဖြစ်ပါတယ်။ နာတာရှည် ပြန်သွေး မလုံလောက်ခြင်း သို့မဟုတ် နာတာရှည် ပြန်သွေး တည်နေခြင်း ဟုခေါ်ပါတယ်။ သွေးပြန်ကြောများတွင် သွေးများကို နှလုံးသို့ ဦးတည်စီးဆင်း နိုင်ရန် ထိန်းပေးသော အဆို့ရှင်များ ပါရှိပါတယ်။ နာတာရှည် ပြန်သွေး မလုံလောက်ခြင်း တွင် ထိုအဆို့ရှင်များဟာ ကောင်းကောင်း အလုပ်မလုပ်တော့ပါ။ ထိုအခါ ခြေထောက် သွေးပြန်ကြောဖေါင်းရောဂါ ဖြစ်လာပါတယ်။ Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ချီကာဂို တက္ကသိုလ် တစ်ခု၏ ဆေးပညာဌာနက ဒီရောဂါဟာ အသက် ၄၀ နှင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) ကဘာလဲ။ အကြောင်းရင်းမသိပဲဖောခြင်းသည် မိန်းမများတွင် ရေများစုပြုံလာပြီးဖောလာခြင်းအဖြစ်အများဆုံးအကြောင်းဖြစ်သည်။ ဖောခြင်းသည် အချိန်ခဏ သို့မဟုတ် တောက်လျောက်ဖြစ်နေတတ်သည်။ Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာမိန်းကလေးများ အသက်အလယ်အလတ်လောက်တွင်ဖြစ်တတ်သည်။ အသက်ကြီးလာသည်နှင့်ပိုဆိုးလာနိုင်သည်။ အမျိုးသမီးတော်တော်များများက လတလ၏အချို့အချိန်များတွင်ပိုဆိုးတတ်သည် ဟုဆိုကြသည်။( ရာသီမလာခင်အချိန်) အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများIdiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက်ခြေ ချက် (ဝမ်းဗိုက်) ရင်သား မျက်နှာများတွင် ဖောခြင်းအနည်းငယ်ဖြစ်တတ်သည်။ ညနေပိုင်းတွင်ပိုဆိုးတတ်ပြီး ညအိပ်ချိန်ပြီးကပြန်သက်သာသွားတတ်သည်။ အကြောင်းရင်းမသိပဲဖောသောသူများသည် မနက်တွင် ကီလိုနှစ်ကီလို (လေးပေါင်) ညနေထက်တက်တတ်သည်ဟုဆိုသည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများIdiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) […]


ရောဂါလက္ခဏာများ

Ascites (ရေဖျဉ်းဆွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ascites (ရေဖျဉ်းဆွဲခြင်း) ကဘာလဲ။ ရေဖျဉ်းဆွဲခြင်း သည် ဝမ်းဗိုက်ထဲတွင် အဝါရောင်ဖျော့ဖျော့အရည်များနှင့် အရည်ကြည်များစုပုံလာခြင်းဖြစ်သည်။ ရင်ဘတ်ခေါင်းပေါက်အောက်တွင် ဝမ်းဗိုက်ခေါင်းရှိပြီး ရင်ဝမ်းခြားကြွက်သားကခြားထားပေး သည်။ ထိုအရည်များသည် အသည်းရောဂါ၊ကင်ဆာများ၊နှလုံး(သို့)ကျောက်ကပ်ရောဂါများ ကြောင့်ဖြစ်သည်။ Ascites (ရေဖျဉ်းဆွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAscites (ရေဖျဉ်းဆွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရေဖျဉ်းဆွဲခြင်း ၏လက္ခဏာများသည် အရည်များစုပုံစေရသည့် အကြောင်းအရင်းပေါ်မူတည်ကာ နှေးကွေးစွာ (သို့)ရုတ်တရက်ဖြစ်ပေါ်လာနိုင်သည်။ ထို လက္ခဏာများသည် အမြဲတမ်း အရေးပေါ်ကုသရန်မလိုအပ်သော်လည်း အောက်ပါ ကဲ့သို့ခံစားလာရပါက သင့်ဆရာဝန်အား သင် သည် ပြသသင့်ပါသည်။ ရုတ်တရက်ကိုယ်အလေးချိန်များလာခြင်း ဝမ်းဗိုက်ဖောင်းကားလာခြင်း လှဲနေသောအခါ အသက်ရှူရခက်ခြင်း အစားစားချင်စိတ်လျော့နည်းလာခြင်း ဗိုက်အောင့်ခြင်း လေထိုးလေအောင့်ဖြစ်ခြင်း ပျို့ခြင်း၊အန်ခြင်း ရင်ပူခြင်း ရေဖျဉ်းဆွဲသည့် လက္ခဏာများသည် အခြားရောဂါများကြောင့်ဖြစ်ပွားနိုင်သည်ကို လည်း သိရှိမှတ်သားထားပါ။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း