ထိုကိရိယာဟာ အသံလှိုင်းများသုံးကာ သွေးစီးဆင်းမှု ပုံရိပ်များကို ကွန်ပြူတာပေါ်တွင် မြင်တွေ့စေနိုင်ပါတယ်။
Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း ) ကို ဘယ်လိုကုသပါသလဲ
ကုသခြင်းဟာ အချက်များစွာပေါ် မူတည်ပါတယ်။ ဥပမာ ရောဂါဖြစ်ရခြင်းအကြောင်း၊ ကျန်းမာရေး အခြေအနေ၊ ရောဂါရာဇဝင်။ အခြားသော အချက်များမှာ-
-သင့် ရောဂါ လက္ခဏာများ
-အသက်
-ရောဂါ၏ ပြင်းထန်မှု အခြေအနေ
-ဆေးနှင့် ကုထုံးများ အပေါ်တုံ့ပြန်မှု
အသုံးများဆုံး ကုသနည်းမှာ ဆရာဝန်ညွှန်ကြားသော Compression stockings ခြေအိတ်များစွပ်ခြင်း ဖြစ်ပါတယ်။ သူတို့ဟာ အီလက်စ်တစ် ဆွဲသားဖြင့် အထူးပြုလုပ်ထားပြီး ခြေထောက်နဲ့ ခြေကျင်းဝတ်ကို ကောင်းစွာ ထိန်းထားပေးပါတယ်။ သွေးလည်ပတ်မှုကို ကောင်းစေပြီး ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ထို stockings များဟာ အားအမျိုးမျိုး၊ အရှည်အမျိုးမျိုးနဲ့ လာပါတယ်။ မည်သည့် အမျိုးအစားဟာ သင့်အတွက် အသင့်တော်ဆုံးဆိုသည်ကို ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။
Venous insufficiency ကုထုံးတွင် ပါဝင်သော အချက်များမှာ
-သွေးလည်ပတ်မှုကို ကောင်းစေခြင်း
-သွေးလည်ပတ်မှုကောင်းစေရန်
- မကြာခဏ ခြေထောက်ကို ထောင်ထားခြင်း
- Compression stockings များဝတ်ဆင်ခြင်း
- ထိုင်လျှင် ခြေထောက်နှစ်ဘက်ကို ထပ်၍ မထိုင်ခြင်း
- ပုံမှန် ကိုယ်လက်လှုပ်ရှားခြင်း
Venous Insufficiency ကိုအထောက်အကူပြုသော ဆေးများမှာ
-ဆီးဆေး- ခန္ဓါကိုယ်ရှိ ပိုနေသော အရည်များကို ကျောက်ကပ်မှ တစ်ဆင့် စွန့်ထုတ်ပေးပါတယ်။
-သွေးကျဲဆေး
-Pentoxifylline(tental)- သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။
-ခွဲစိပ်ခြင်း
ရောဂါအခြေနေ အလွန်ပြင်းထန်ပါက အောက်ပါခွဲစိပ်မှုများထဲမှ တစ်ခုကို ပြုလုပ်ရနိုင်ပါတယ်။
-သွေးပြန်ကြောတွင်း အဆို့ရှင်များ သို့မဟုတ် သွေးပြန်ကြော ကိုယ်တိုင်ကို ခွဲစိပ်ပြုပြင်ခြင်း
-Endoscopy သုံး၍ အသေးစားခွဲစိပ်ခြင်း- ခွဲစိပ်ဆရာဝန်သည် ပါးလွှားသော ပြွန်တွင် ကင်မရာလေး တပ်ဆင်ကာ ထိုပြွန်ကို သွေးပြန်ကြောနားထိုး၍ ဖေါင်းကြွ သွေးပြန်ကြောများကို ချည်ခြင်း
-ကာယကံရှင်၏ ခန္ဓါကိုယ်တစ်နေရာမှ သွေးပြန်ကြောအကောင်းတစ်ခု ကိုယူ၍ မကောင်းသော သွေးပြန်ကြောနေရာတွင် အစားထိုးခြင်း- ထိုနည်းကို ပေါင်အပေါ်ပိုင်း သွေးပြန်ကြောများ အတွက်သာ ပြုလုပ်ပြီး အခြားကုသနည်း များနှင့် အဆင်မပြေမှသာ ပြုလုပ်ပါသည်။
-လေဆာသုံး၍ ခွဲစိပ်ခြင်း- လေဆာဖြင့် ပျက်ဆီးနေသော သွေးပြန်ကြောများကို ပြုပြင်ခြင်းဖြစ်ပြီး ထိုနည်းသည် ဓါးဖြင့် ခွဲစိပ်ရန်မလိုပါ။
-Ambulatory phlebectomy- ရောဂါဖြစ်သော ခြေထောက်တွင် ထုံသော အမှတ်လေးများလုပ်ကာ ထိုအမှတ်များထဲထိုးဖေါက်၍ သွေးပြန်ကြောငယ်များကို ဖယ်ထုတ်ခြင်းဖြစ်ပါတယ်။
Sclerotherapy- ပြင်းထန်သော ရောဂါအခြေနေတွင် အသုံးပြုသည်။ သွေးမသယ်နိုင်စေသော ဓါတ်ပစ္စည်းတစ်ခု ကို ပျက်ဆီးနေသော သွေးပြန်ကြောတွင်းထည့်ကာ သွေးကို အခြားသွေးပြန်ကြောများမှ တစ်ဆင့် နှလုံးသို့ စီးစေခြင်းဖြစ်သည်။ ထိုသို့ဖြင့် ပျက်ဆီးနေသော သွေးပြန်ကြောသည် ပျောက်ကွယ်သွားသည်။ သေးငယ်သော သို့မဟုတ် အလယ်အလတ်အရွယ် သွေးပြန်ကြောများအတွက် သုံးသည်။
-ဆီးပိုက်အသုံးပြုသော procedures- ကြီးသော သွေးပြန်ကြောများတွင် အသုံးပြုသော နည်းဖြစ်သည်။ ပါးလွှာသော ဆီးပိုက်ကို သွေးပြန်ကြောတွင်းထည့်ပြီး အဆုံးကို အပူပေးကာ ပြန်ဆွဲထုတ်ခြင်း ဖြင့် သွေးပြန်ကြောပါ တစ်ပါတည်းပါလာခြင်း ဖြစ်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက venous insufficiency ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် venous insufficiency ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
မိသားစုရာဇဝင်ရှိပါက အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်ပါသည်။
-ခန္ဓါကိုယ် အနေအထား တစ်ခုတည်းဖြင့် အချိန်ကြာစွာ ထိုင်ခြင်း/မတ်တပ်ရပ်ခြင်းများ မပြုလုပ်သင့်ပါ။ မကြာခဏ လှုပ်ရှားပေးသင့်ပါတယ်။
-ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
-ပုံမှန် ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်သင့်ပါတယ်။
-ပုံမှန် ကိုယ်အလေးချိန် ထိန်းထားသင့်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။