backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ascites (ရေဖျဉ်းဆွဲခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ascites (ရေဖျဉ်းဆွဲခြင်း) ကဘာလဲ။

ရေဖျဉ်းဆွဲခြင်း သည် ဝမ်းဗိုက်ထဲတွင် အဝါရောင်ဖျော့ဖျော့အရည်များနှင့် အရည်ကြည်များစုပုံလာခြင်းဖြစ်သည်။ ရင်ဘတ်ခေါင်းပေါက်အောက်တွင် ဝမ်းဗိုက်ခေါင်းရှိပြီး ရင်ဝမ်းခြားကြွက်သားကခြားထားပေး

သည်။ ထိုအရည်များသည် အသည်းရောဂါ၊ကင်ဆာများ၊နှလုံး(သို့)ကျောက်ကပ်ရောဂါများ ကြောင့်ဖြစ်သည်။

Ascites (ရေဖျဉ်းဆွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Ascites (ရေဖျဉ်းဆွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရေဖျဉ်းဆွဲခြင်း ၏လက္ခဏာများသည် အရည်များစုပုံစေရသည့် အကြောင်းအရင်းပေါ်မူတည်ကာ နှေးကွေးစွာ (သို့)ရုတ်တရက်ဖြစ်ပေါ်လာနိုင်သည်။ ထို လက္ခဏာများသည် အမြဲတမ်း အရေးပေါ်ကုသရန်မလိုအပ်သော်လည်း အောက်ပါ ကဲ့သို့ခံစားလာရပါက သင့်ဆရာဝန်အား သင် သည် ပြသသင့်ပါသည်။

  • ရုတ်တရက်ကိုယ်အလေးချိန်များလာခြင်း
  • ဝမ်းဗိုက်ဖောင်းကားလာခြင်း
  • လှဲနေသောအခါ အသက်ရှူရခက်ခြင်း
  • အစားစားချင်စိတ်လျော့နည်းလာခြင်း
  • ဗိုက်အောင့်ခြင်း
  • လေထိုးလေအောင့်ဖြစ်ခြင်း
  • ပျို့ခြင်း၊အန်ခြင်း
  • ရင်ပူခြင်း

ရေဖျဉ်းဆွဲသည့် လက္ခဏာများသည် အခြားရောဂါများကြောင့်ဖြစ်ပွားနိုင်သည်ကို လည်း သိရှိမှတ်သားထားပါ။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Ascites (ရေဖျဉ်းဆွဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အသည်းခြောက်ခြင်းကြောင့်အများဆုံးဖြစ်ပွားတတ်သည်။ အသည်းခြောက်ပါက အသည်းသွေးကြောများအတွင်းရှိဖိအားကို တက်စေကာ အရည်များကို ဝမ်းဗိုက်ထဲသို့စိမ့်ထွက်စေပြီး ရေဖျဉ်းဆွဲလာစေသည်။ ရေဖျဉ်းဆွဲခြင်း၏ အကြီးမားဆုံးတခုတည်းသော ဖြစ်နိုင်ချေမှာ အသည်းထိခိုက်ပျက်စီးခြင်းပင်ဖြစ်သည်။ အသည်းပျက်စီးမှု၏ အချို့သောအကြောင်းအရင်းများမှာ – အသည်းခြောက်ခြင်း

  • အသည်းရောင်ရောဂါ ဘီ (သို့)စီ
  • အရက်သောက်နေကျဖြစ်ခြင်း စသည်ဖြင့်ဖြစ်သည်။

ဖြစ်နိုင်ခြေများ

Ascites (ရေဖျဉ်းဆွဲခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ရေဖျဉ်းဆွဲခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • သားဥအိမ်၊ပန်ကရိယ၊အသည်း(သို့)သားအိမ်ကင်ဆာ
  • နှလုံး(သို့)ကျောက်ကပ်ရောဂါ
  • ပန်ကရိယ ရောင်ရမ်းခြင်း
  • တီဘီရောဂါ

သိုင်းရွိုက်ဟော်မုန်းချို့တဲ့ရောဂါစသည်ဖြင့်

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Ascites (ရေဖျဉ်းဆွဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရေဖျဉ်းဆွဲခြင်းအား အဖြေရှာအတည်ပြုရန် အဆင့်ပေါင်းများစွာလိုအပ်သည်။ သင့်ဆရာဝန်သည် သင့်ဝမ်းဗိုက်တွင် ဖောင်းကားတင်းမာနေမှုရှိမရှိ အရင်စစ်ဆေးလေ့ရှိသည်။ ထို့နောက် ဓါတ်မှန်ရိုက်ခြင်း(သို့)နောက်ထပ် အရည်စစ်ဆေးသည့် နည်းစနစ်များကို ပြုလုပ်တတ်သည်။ဥပမာ

  • အယ်ထရာဆောင်းရိုက်ခြင်း
  • ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း
  • သံလိုက်ဓါတ်မှန်ရိုက်ခြင်း
  • သွေးစစ်ဆေးခြင်း
  • ကိုယ်အား အပေါက်ဖောက်၍ကြည့်ရှူစစ်ဆေးခြင်း
  • သွေးကြောဓါတ်မှန်ရိုက်ခြင်း စသည်ဖြင့်ဖြစ်သည်။

Ascites (ရေဖျဉ်းဆွဲခြင်း) ကို ဘယ်လိုကုသပါသလဲ

ရေဖျဉ်းဆွဲခြင်းအား ကုသမှုသည် သင့်ရောဂါအပေါ်မူတည်သည်။

ဆီးရွှင်ဆေးများ

ဆီးရွှင်ဆေးများကို ရေဖျဉ်းဆွဲခြင်းအား ကုသရန် အများဆုံးသုံးတတ်ကြပြီး ထိုဆေးများသည် သင့်ကိုယ်မှထွက်သည့်ဆားနှင့်ရေပမာဏကိုများစေခြင်းဖြင့် အသည်းပတ်လည်မှ သွေးပြန်ကြောများအတွင်းရှိဖိအားကို ကျစေသည်။ သင်သည် ဆီးရွှင်ဆေးများအားသောက်နေစဉ်တွင်သင့်ဆရာဝန်မှ သင့်သွေးအားဓါတ်ခွဲစစ်ဆေးတတ်သည်။ သင့်၏အရက်သောက်

သုံးမှုနှင့် ဆားစားသုံးမှုတို့ကိုလျှော့ချရန်လည်း လိုအပ်တတ်သည်။

ရေဖျဉ်းဆွဲနေသောအရည်များအား ဖောက်ထုတ်ခြင်း Paracentesis

ပါးလွှာရှည်လျောင်းသောအပ်တခုကို အရည်ပိုများအား ဖောက်ထုတ်ရန်လိုအပ်တတ်သည်။ သင့်အရေပြားမှတဆင့် ဝမ်းဗိုက်အတွင်းသို့ထိုးသွင်းရသည်။ ပိုးဝင်နိုင်ချေလည်းရှိသော

ကြောင့် ထိုကဲ့သို့ဖောက်ထုတ်ကုသမှု paracentesis ပြုလုပ်ခံရသောသူများသည် ပိုးသတ်ဆေးများလိုအပ်သည်။ ရေဖျဉ်း

ခဏဏဆွဲလာပါက(သို့)ပြင်းထန်လာပါက ထိုကုသမှုအားအများဆုံးပြုလုပ်တတ်သည်။ ဆီးရွှင်ဆေးများသည် ရောဂါအဆင့်မြင့်သွားသောအခါ အာနိသင်သိပ်မရှိတော့ပေ။

ခွဲစိတ်ကုသခြင်း

ဆိုးဆိုးဝါးဝါးပြင်းထန်နေပါက shunt ဟုခေါ်သောပြွန်တခုအားကိုယ်ထဲသို့ အံသေ စိုက်သွင်းကာအသည်းပတ်လည်ရှိ သွေးလည်ပတ်မှုကို လမ်းကြောင်းပြောင်းကာကောင်းမွန်စေသည်။ အကယ်၍ ရေဖျဉ်းဆွဲခြင်းကို ထိရောက်စွာမကုသနိုင်သေးပါက သင့်ဆရာဝန်သည် အသည်းအစားထိုးကုသရန်လည်း

ညွှန်ကြားတတ်သည်။ နောက်ဆုံးအဆင့်အသည်းရောဂါများတွင် ထိုကဲ့သို့ပြုလုပ်တတ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ရေဖျဉ်းဆွဲခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

ရေဖျဉ်းဆွဲခြင်းအား ကာကွယ်၍မရနိုင်ပါ။ သို့သော် သင်သည် အောက်ပါအလေ့ကျင့်ကောင်းများကို ပြုလုပ်၍ သင့်အသည်းကိုကာကွယ်ခြင်းဖြင့် သင့်၏ရေဖျဉ်းဆွဲနိုင်ချေကို လျှော့ချနိုင်ပါသည်။

  • အရက်ကို သင့်တော်ရုံမျှသာ သောက်ခြင်းဖြင့် အသည်းခြောက်ခြင်းကို ကာကွယ်ပါ။
  • အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးပါ။
  • လုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုကိုသာ ပြုလုပ်ပါ။

အသည်းရောင်ရောဂါများသည် လိင်ဆက်ဆံမှုမှ ကူးနိုင်

သောကြောင့်ဖြစ်သည်။

  • အကြောမှ သွင်းရသည့် မူးယစ်ဆေးများသုံးခြင်းကိုရှောင်ကြဉ်ပါ။ အပ်များကို မျှဝေသုံးစွဲခြင်းဖြင့်လည်း အသည်းရောင်ရောဂါကူးစက်နိုင်ပါသည်။
  • သင့်ဆေးဝါးများ၏ ဖြစ်ပွားနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို သတိပြုပါ။ အကယ်၍ သင့်အသည်းပျက်စီးနိုင်ချေရှိပါက သင့်ဆရာဝန်အားပြသတိုင်ပင်၍ သင့်အသည်းလုပ်ဆောင်မှုစွမ်းအားကို စမ်းသပ်ခံသင့်ပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement