အားလပ်ချိန်တွေမှာ Social Media သုံးနေတာမျိုး၊ ရုပ်မြင်သံကြားထိုင်ကြည့်နေတာမျိုးထက် အကျိုးရှိစေမယ့် စာအုပ်လေးဖတ်လိုက်တာမျိုး၊ ကိုယ်ချစ်ခင်နှစ်သက်ရသူတွေနဲ့ အချိန်ဖြုန်းလိုက်တာမျိုးက ကိုယ့်ရဲ့ စိတ်ကို ပိုငြိမ်းချမ်းစေပါလိမ့်မယ်။ ဒါကလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းတစ်မျိုးဖြစ်ပါတယ်။
-
အချိန်ဇယားဆွဲပါ၊ သေချာ အစီအစဉ်ချပါ
အချိန်က တန်ဖိုးရှိပါတယ်။ ဒါကြောင့် အချိန်လုပြီး အလုပ်လုပ်နေရသူတစ်ယောက်ဆိုရင် ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတဲ့ စာရင်းတစ်ခုလုပ်ထားတာက အကောင်းဆုံးပါပဲ။ အလုပ်များတဲ့သူတွေဟာ အချိန်ပိုတွေ ဖန်တီးဖို့ မလွယ်ကူပါဘူး။
ရှိလာတဲ့အချိန်တွေထဲက ဘယ်အချိန်မှာ အားကစားလုပ်မယ်၊ ဘယ်အချိန်မှာ အနားယူမယ်၊ ဘယ်အချိန်မှာ အလုပ်လုပ်မယ် စသဖြင့်သေချာ ခွဲခြားသတ်မှတ်ထားတာဟာ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။
-
နည်းနည်းနဲ့ ဖြည်းဖြည်းစတင်ပါ
အလုပ်တွေလည်းများနေတယ်၊ လေ့ကျင့်ခန်းတွေလည်း လုပ်ချင်တယ်၊ ဒါပေမယ့် အချိန်နည်းပါးနေလို့ဆိုပြီး စိတ်မညစ်နေပါနဲ့။ စိတ်ရှည်ပါ။ တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့လို့ ဆိုရိုးစကားရှိတယ်မဟုတ်လား။ တစ်နေ့ကို ၁၅ မိနစ်၊ နာရီဝက်လောက် အချိန်ပေးတာရုံနဲ့တင် ရေရှည်မှာ အကျိုးဖြစ်ထွန်းနိုင်စေပါတယ်။
ပုံမှန် လုပ်ဖြစ်ဖို့ပဲ လိုတာပါ။ နေ့စဉ် Squats တို့ Lunges တို့ကို ၂ မိနစ်စီလောက်၊ Kettle Bell တို့ Abs Work တို့ကို ၄ မိနစ်စီလောက်လုပ်ပေးရင်တောင်မှ သင်အကျိုးရှိနိုင်ပါတယ်။
အထက်ပါ နည်းလမ်းတွေဟာ အလုပ်များပြီး အချိန်ပိုနည်းပါးလှတဲ့ ကိုကို မမတွေ အတွက် ကျန်းမာရွှင်လန်းစွာနေထိုင်နိုင်စေဖို့ နည်းနာကောင်းတွေဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို သုံးပြီး ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာပြီး သင့်လျော်တဲ့ ကိုယ်အလေးချိန်မျိုး ရရှိအောင် ဖန်တီးယူနိုင်ပါလိမ့်မယ်။
အလုပ်များတဲ့ ကိုကို မမတွေ ကျန်းမာလှပစေမယ့် နည်းလမ်းလေးတွေကို ဒီနေ့ကစပြီး လုပ်ဆောင်ကြည့်လိုက်နော်။