အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

Anthrax (ထောင့်သန်းရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Anthrax (ထောင့်သန်းရောဂါ ) ကဘာလဲ။ anthrax (ဒေါင့်သန်းရောဂါ)ဆိုတာ Bacillus antharcis ဆိုတဲ့ ဘက်တီးရီးယား ရောဂါပိုးကြောင့်ဖြစ်တဲ့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဘက်တီးရီးယားပိုးက အသက်မဝင်သေးတဲ့ spore လေးတွေကို ထုတ်ပြီး ၎င်း spore တွေက မြေဆီလွှာထဲမှာ နေထိုင်နေကြပါတယ်။ အဲ့ဒီ spore လေးဟာ တိရာစ္ဆာန် သို့ လူထဲဝင်သွားတဲ့ အခါမှာတော့ အသက်စဝင်လာပါတော့တယ်။ သက်ဝင်လှုပ်ရှားလာပြီ ဖြစ်တဲ့ အဲ့ဒီ spore လေးတွေက ပွားများလာပြီး အဆိပ်အတောက်တွေ ထုတ်ပြီး ခန္ဓါ အနှံ့ ပြန့်စေကာ ဆိုးဝါးတဲ့ ရောဂါတွေကို ဖြစ်စေပါတယ်။ ၎င်းဟာ အရေပြား၊ အဆုတ်နှင့် တချို့ရှားပါးဖြစ်စဉ်တွေမှာ အစာချေလမ်းကြောင်းကိုပါ ထိခိုက်စေပါတယ်။ anthrax ဟာ အသက် အန္တရာယ်ရှိသော်လည်း စောစောစီးစီး […]


ဆေးစစ်ချက်များ

Microscopic Colitis (ဝမ်းစစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Microscopic Colitis (ဝမ်းစစ်ခြင်း) ကဘာလဲ။ ဝမ်းစစ်ခြင်း ဆိုတာ အစာချေလမ်းကြောင်းမှာ ဖြစ်နေတဲ့ တချို့သော အခြေအနေတွေကို ရှာဖွေနိုင်ရန် မစင်နမူနာတစ်ခု အပေါ်ပြုလုပ်တဲ့ စမ်းသပ်ချက်တွေကို ဆိုလိုတာပါ။ ဒီအခြေအနေတွေမှာ ကူးစက်ရောဂါတွေ (ကပ်ပါးပိုး၊ ဗိုင်းရပ်စ် ၊ ဘက်တီးရီးယား)၊ အာဟာရစုပ်ယူမှု အားနည်းခြင်း (သို့) ကင်ဆာတို့ ပါဝင်နိုင်ပါတယ်။ ဝမ်းစစ်ခြင်း လုပ်ဖို့ မစင်နမူနာတစ်ခုကို ဘူးအသန့်တစ်ခုထဲ ထည့်ပြီး ဓါတ်ခွဲခန်းကို ပို့ရပါတယ်။ ဓါတ်ခွဲခန်းမှာ မိုက်ခရိုစကုပ်ဖြင့် ကြည့်ခြင်း၊ ဓါတုစမ်းသပ်မှုတွေ၊ နှင့် အဏုဇီ၀ စစ်ဆေးခြင်း တွေ ပြုလုပ်ပါလိမ့်မယ်။ မစင် ရဲ့ အရောင်၊ သိပ်သည်းမှု၊ အရေအတွက်၊ ပုံပန်းသဏ္ဍာန်၊ အနံ့ နှင့် ချွဲပါမပါ ကြည့်ရပါမယ်။ မစင် အတွင်း သွေး၊ အဆီ၊ အသားမျှင်၊ သည်းခြေရည်၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Varicose Veins (သွေးကြောထုံးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Varicose Veins (သွေးကြောထုံးရောဂါ) ကဘာလဲ။ varicose veins ဆိုတာ သင့်ခြေထောက်မှာရှိတဲ့ ဖောင်းကားပြီး တွန့်လိမ်နေတဲ့ သွေးကြောထုံးလေးတွေကို ဆိုလိုပါတယ်။ ဒီလိုဖြစ်တာဟာ မျိုးရိုးလိုက်လေ့ရှိပြီး ကိုယ်ဝန်ဆောင်တဲ့အချိန်တွေနဲ့ မတ်တပ်ကြာကြာရပ်ရတဲ့ အလုပ်လုပ်ကိုင်သူတွေမှာ ပိုဆိုးလေ့ရှိပါတယ်။ ခြေထောက်ကသွေးတွေကို နှလုံးဆီပြန်ပို့ပေးတာကို ကူညီပေးနိုင်ဖို့အတွက် ခြေထောက်က သွေးကြောတွေမှာ တဖက်တည်းကိုပဲ ပွင့်တဲ့ အဆို့ရှင်လေးတွေ များစွာ ပါရှိပါတယ်။ ဒီအဆို့ရှင်လေးတွေ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့ အခါ သွေးတွေဟာ နှလုံးဆီကို ဖြောင့်ဖြောင့်တန်းတန်း မတက်နိုင်တော့ဘဲ အောက်ကိုပြန်စီးလာကာ ခြေထောက်သွေးကြောတွေမှာ စုပုံပြီး ဖောင်းကားလာပါတော့တယ်။ varicose veins (သွေးကြောဖောင်းတွေ) ကို ဘာလို့ခွဲစိတ်သင့်သလဲ။ ရောဂါလက္ခဏာတွေကို သက်သာပျောက်ကင်းစေတဲ့အပြင် နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့အတွက် ခွဲစိတ်မှုကို ပြုလုပ်သင့်ပါတယ်။   ခွဲစိတ်မှု အန္တရာယ်varicose veins ဒီခွဲစိတ်မှုကနေ ဘာအန္တရာယ်တွေ ရှိနိုင်မလဲ။ ခြေအိတ်ခပ်ကျပ်ကျပ် စွပ်ပေးထားခြင်းအားဖြင့်လည်း သွေးကြောဖောင်းတာကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေကို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Pyloric Stenosis (ထူပြီးကျဉ်းနေသော အစာအိမ်အဆို့ ရှင် ခွဲစိတ်ကုသခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pyloric Stenosis (ထူပြီးကျဉ်းနေသော အစာအိမ်အဆို့ ရှင် ခွဲစိတ်ကုသခြင်း) ကဘာလဲ။ Pyloric stenosis ဆိုတာ အစာအိမ်နှင့် အူကြား အဆို့ရှင်ထူခြင်းကြောင့် ဖြစ်တဲ့ ကလေးငယ်တွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ Pylorus ဆိုတာ အဆို့ရှင်ကြွက်သားဖြစ်ပြီး အစာအိမ်အတွင်း အစာချက်လုပ်ငန်းစဉ်ပြီးသည်အထိ အစာများကို အစာအိမ်အတွင်းထိန်းသိမ်းထားပေးတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။     ရောဂါလက္ခဏာများPyloric Stenosis (ထူပြီးကျဉ်းနေသော အစာအိမ်အဆို့ ရှင် ခွဲစိတ်ကုသခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Pyloric stenosis ဖြစ်တဲ့အခါ pyloric ကြွက်သားတွေဟာထူလာပြီး အူငယ်အတွင်းသို့ အစာများပို့ဆောင်မှုကို သွားပိတ်ပါတယ်။ Pyloric stenosis က ဆိုးရွားစွာ အန်ခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်း နှင့် ကိုယ်အလေးချိန်ကျခြင်းတို့ကို ဖြစ်စေပါတယ်။ ဒီရောဂါရှိတဲ့ ကလေးတွေဟာ အမြဲ ဗိုက်ဆာနေတတ်ပါတယ်။ Pyloric stenosis အစာအိမ်အဆို့ရှင်ကျဉ်းခြင်း ဟာ ခွဲစိပ်ကုသလို့ရတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Rabies (ခွေးရူးပြန်ရောဂါ)

Rabies (ခွေးရူးပြန်ရောဂါ) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Rabies (ခွေးရူးပြန်ရောဂါ) ကဘာလဲ။ ခွေးရူးပြန်ရောဂါဆိုတာ Rabies အမည်ရှိ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်တဲ့ ဆိုးရွားတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ခွေးရူးပြန်ခြင်း ရောဂါပိုး ကူးစက်ထားတဲ့ ရှဉ့်၊လင်းနို့၊မြေခွေးနဲ့ လေလွင့်ခွေး (စွန့်ပစ်ခံ)တွေ ကိုက်ခံရခြင်းဖြင့် ကူးစက်နိုင်ပါတယ်။ ခွေးရူးပြန်ခြင်း လက္ခဏာတွေ စပြလာပြီး ကုသမှုမခံလျှင် ထိုသူသည် သေဖို့များပါတယ်။ ထို့ကြောင့် ခွေးရူးပြန်ခြင်း ဖြစ်နေပြီလို့ သံသယရှိနေလျှင် အရေးပေါ် ကုသမှုခံယူ သင့်ပါတယ်။ Rabies (ခွေးရူးပြန်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဝေးလံတဲ့အရပ်ဒေသတွေမှာ နေတဲ့သူတွေမှာ အကိုက်ခံရလျှင် အရေပေါ်ထိုးရန် ကာကွယ်ဆေး မရရှိနိုင်ကြပါဘူး။ ခွေးရူးပြန်ခြင်း ဟာအသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း ၁၅နှစ်အောက် ကလေးတွေ၊ ခွေးရူးပြန် virus ထိတွေ့မှုများတဲ့ ဓါတ်ခွဲခန်းတွေမှာ အလုပ်လုပ်သူတွေမှာ အဖြစ်များပါတယ်။ ဒါ့အပြင် အဖြစ်များနိုင်တဲ့ သူတွေထဲမှာ ခွေးရူးပြန် virus […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Lymphangitis (ပြန်ရည်ကြောရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lymphangitis (ပြန်ရည်ကြောရောင်ခြင်း) ကဘာလဲ။ ပြန်ရည်ကြော ရောင်ခြင်းသည် ပြန်ရည်ကြောများ ရောင် ရမ်းခြင်း ဖြစ်သည်။ ၎င်းသည် ဘတ်တီးရီးယားကူးစက်ခြင်း ၏ အဖြစ်များသော ဆိုးကျိုးတစ်ခုဖြစ်သည်။ ပြန်ရည်ကြောစနစ် သည် ကိုယ်ခံအားစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခန္ဓါ ကိုယ် တစ်လျှောက် အင်္ဂါများ၊ ဂလန်းများ၊ ပြွန်များ၊ နှင့် သွေးကြောများ ပါဝင်သည်။ ၎င်းသည် ပြန်ရည်ဟုခေါ်သော အရည်များကို ထုတ်လုပ်ပြီး တစ်ရှူးမှ သွေးကြောများဆီသို့ ပို့ပေးသည်။ ပြန်ရည်ကြောရောင်ခြင်း သည် ရောဂါပိုးကူးစက်မှုက လျင် မြန်စွာ ဆိုးရွားလာနိုင်သော လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ ရောဂါ သည် သွေးစီးကြောင်းတွင်း ရောဂါပိုးပျံ့ခြင်း နှင့် အခြား ရောဂါပိုးကူးစက်မှုများ ကို ဖြစ်စေပြီး အသက်အန္တရာယ် စိုးရိမ် ရပါသည်။ Lymphangitis (ပြန်ရည်ကြောရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပြန်ရည်ကြောရောင်ခြင်း သည် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Mononucleosis (မိုနိုနူကလီရိုးစစ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Mononucleosis (မိုနိုနူကလီရိုးစစ်) ကဘာလဲ။ Mononucleosis သို့မဟုတ် Mono ဆိုသည်မှာ အဖျား တက်ခြင်း၊ လည်ချောင်းနာခြင်း နှင့် များသောအားဖြင့် လည်ပင်းရှိ ပြန်ရည်ကြော ဂရင်း များရောင်ခြင်းတို့ကို ဖြစ် စေသော ဗိုင်းရပ်စ်ကူးစက်မှုတစ်မျိုးဖြစ်ပါသည်။ ကူးစက် သော Mononucleosis (mono) ကို အနမ်းရောဂါ ဟု လည်းခေါ်ပါသည်။ mono ဖြစ်စေသော ဗိုင်းရပ်စ်သည် တံ တွေးမှတစ်ဆင့် ပျံ့နှံ့သောကြောင့် နမ်းခြင်းမှ ကူးစက်နိုင်ပါ သည်။ ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် mono ရှိသူ ဖြင့် ဖန်ခွက် မီးဖိုချောင်သုံးပစ္စည်းများ မျှဝေသုံးခြင်း တို့မှလည်း ကူးစက်နိုင်ပါသည်။ အဆိုးရွားဆုံး ဆိုးကျိုးမှာ ဘေလုံး ရောင်လာခြင်း ဖြစ်သည်။ သို့သော်လည်း ဤရောဂါသည် များသောအားဖြင့် အန္တရာယ်မရှိဘဲ သူ့အလိုလို […]


အခြေခံကျန်းမာရေး

Abdominal Aortic Aneurysm (ဝမ်းဗိုက်ပိုင်း ပင်မ သွေးလွှတ်ကြော ဖောင်းလာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Abdominal Aortic Aneurysm (ဝမ်းဗိုက်ပိုင်း ပင်မ သွေးလွှတ်ကြော ဖောင်းလာခြင်း) ကဘာလဲ။ ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းသည် နှလုံးမှသွေးများကို ခန္ဓါကိုယ်အောက်ပိုင်းရှိ တစ်ရှူးများအင်္ဂါများသို့ သယ်ဆောင်ပေးသောအဓိကသွေးလွှတ်ကြောဖေါင်းလာခြင်း ဖြစ်ပါသည်။ ပင်မသွေးလွှတ်ကြောမသည် ခန္ဓါကိုယ်အတွင်းအကြီးမားဆုံးသွေးလွှတ်ကြော ဖြစ်ပါသည်။ ပင်မသွေးကြောဖေါင်းခြင်းဆန့်ကားခြင်းသည် အန္တရာယ်များပါသည်။ အဘယ်ကြောင့်ဆိုသော် လျင်မြန်စွာမကုသပါကသွေးလွှတ်ကြောနံရံသည် အားပျော့လာပြီးပေါက်ကာသွေးထွက်နိုင်သောကြောင့် ဖြစ်သည်။ Abdominal Aortic Aneurysm (ဝမ်းဗိုက်ပိုင်း ပင်မ သွေးလွှတ်ကြော ဖောင်းလာခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းသည် အဖြစ်များသောရောဂါ ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ အဆိုအရဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းသည် အမျိုးသားများထက် အမျိုးသမီးများတွင်ပို၍ ဖြစ်ပွားပါသည်။ အထူးသဖြင့် အသက် ၆၀ ကျော်သူများတွင် ပို၍ ဖြစ်ပွားပါသည်။ ပိုမိုသောအချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပါ။ လက္ခဏာများAbdominal Aortic Aneurysm (ဝမ်းဗိုက်ပိုင်း ပင်မ သွေးလွှတ်ကြော ဖောင်းလာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းသည် ဖြည်းညင်းစွာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Lipoma (အဆီကျိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lipoma (အဆီကျိတ်) ကဘာလဲ။ အဆီကျိတ်ဆိုသည်မှာအရေပြားအောက် အရေပြားနှင့် ကြွက်သားအလွှာကြားတွင် တဖြည်းဖြည်းချင်းစုပြုံလာသောအဆီလွှာတစ်ခု ဖြစ်သည်။ လည်ပင်း၊ နောက်ကျော၊ ပခုံး၊ လက်မောင်း နှင့် ပေါင် တို့တွင် မကြာခဏ ဖြစ်ပွားတတ်သည်။ အူကဲ့သို့ အခြား ခန္ဓါကိုယ်အစိတ်အပိုင်းများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။ အဆီကျိတ်သည် ကင်ဆာမဖြစ်စေသောအကျိတ် ဖြစ်ပြီးအရွယ်ရောက်ပြီးသူများတွင် အဖြစ်များပါသည်။ Lipoma (အဆီကျိတ်) က ဘယ်လောက်အဖြစ်များသလဲ အဆီကျိတ်သည် အသက်အရွယ်မရွေးအမျိုးသားများရောအမျိုးသမီးများတွင်ပါ ဖြစ်ပွားနိုင်ပါသည်။ သို့သော်လည်းအသက် အလယ်အလတ်ခန့် အမျိုးသမီးများတွင် အများအားဖြင့် ဖြစ်ပွားပါသည်။ ရောဂါ အခြေအနေသည် တစ်ယောက်နှင့် တစ်ယောက် ကွာခြားနိုင်ပါသည်။ ရောဂါအဖြေရှာခြင်းကုသခြင်းတို့ ပြုလုပ်ရန် နှင့် သင့်အတွက် အကောင်းဆုံးကုသမှု ရရှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ လက္ခဏာများLipoma (အဆီကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ အဆီကျိတ်သည် အရေပြားအောက်လွှာတွင် ပေါ်လာသောမနာကျင်သသည့်ခပ်ပျော့ပျော့အလုံးအခဲအနေဖြင့် စတင်ပေါ်ပေါက် လာပါသည်။ လူနာများသည် အဆီကျိတ်ရှိနေမှန်းမသိကြပါ။ […]


ရောဂါလက္ခဏာများ

Cushing Syndrome (ကော်တီစောများသော ကူးရှင်းရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Cushing Syndrome (ကော်တီစောများသော ကူးရှင်းရောဂါ ) ကဘာလဲ။ Cushing syndrome ဆိုသည်မှာသင်၏ခန္ဓါကိုယ်တွင် ကော်တီစောဟော်မုန်းပမာဏအချိန်ကြာမြင့်စွာမြင့်တက်လျက်ရှိသောအခြေအနေကိုခေါ်ပါသည်။ ခန္ဓါကိုယ်ကကော်တီစောများကိုများစွာထုတ်လုပ်နေသောအချိန်တွင် ဖြစ်ပွားနိုင်သလိုကော်တီကိုစတီးရွိုက် သောက်ဆေးများအလွန်အကျွံသောက်မိလျှင်လည်း Cushing syndrome ဖြစ်နိုင်ပါသည်။ ကော်တီစောများများခြင်းသည် ပုခုံးတွင်အဆီပိုများတက်လာခြင်း၊ မျက်နှာပြည့်ဝန်းခြင်း၊ အရေပြားပေါ်တွင် ပန်းရောင် သို့မဟုတ် ခရမ်းရောင် အစင်းကြောင်းများ ဖြစ်ခြင်းစသောရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို ဖြစ်ပေါ်စေပါသည်။ Cushing syndrome သည် သွေးတိုးခြင်း၊ အရိုးသိပ်သည်းမှုနည်းခြင်းနဲ့ တစ်ခါတစ်ရံဆီးချိုအမျိုးအစား ၂ ကိုလဲ ဖြစ်စေနိုင်ပါသည်။ Cushing syndrome ၏ကုသမှုများသည် သင့်ခန္ဓါကိုယ်၏ ကော်တီစောထုတ်လုပ်မှု ကိုပုံမှန်သို့ ပြန်ရောက်အောင် ပြုလုပ်ပေးနိုင်ပြီးရောဂါလက္ခဏာများကိုသိသာစွာတိုးတက် ကောင်းမွန် လာစေပါသည်။ ကုသမှု စောစီးလေ ပြန်လည် သက်သာရန် အခွင့်အရေးပိုများလေ ဖြစ်ပါသည်။ Cushing Syndrome (ကော်တီစောများသော ကူးရှင်းရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသားများထက် အမျိုးသမီးများတွင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း