အိုင်အိုဒင်း ချို့တဲ့နေပြီလား
အိုင်အိုဒင်း ချို့တဲ့နေပြီလား …… ခန္ဓါကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်တဲ့ အိုင်အိုဒင်း ချို့တဲ့လာတဲ့အခါ
အိုင်အိုဒင်းချို့တဲ့လာတဲ့အခါ လည်ပင်းအရှေ့ဘက်မှာရောင်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကအတွေ့ရအများဆုံးသော အိုင်အိုဒင်းချို့တဲ့မှုတစ်ခုပါ။ အိုင်အိုဒင်းချို့တဲ့မှုကြောင့် သိုင်းရွိုက်ဂလင်းတွေ အဆမတန်ကြီးလာတဲ့ အခြေအနေတစ်ရပ်ပါ။ သိုင်းရွိုက်ဂလင်း ဆိုတာ လည်ပင်းအရှေ့ဘက်မှာရှိနေတဲ့သေးငယ်ပြီး လိပ်ပြာပုံစံရှိနေတဲ့ ဂလင်းလေးတွေပါ။
thyroid-stimulating hormone (TSH) ရဲ့စေ့ဆော်မှုကိုရရှိတဲ့အခါ သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟော်မုန်းလေးတွေကို စတင်ထုတ်လုပ်ပါတယ်။ ဒီလုပ်ဆောင်မှုတွေ ဟန်ချက်ညီနေစေဖို့အတွက်က အိုင်အိုဒင်းကို လိုအပ်ပါတယ်။ ခန္ဓါကိုယ်မှာ အိုင်အိုဒင်း နည်းတဲ့အခါ ဒီလုပ်ဆောင်မှုတွေကိုကောင်းကောင်းမလုပ်ဆောင်နိုင်တော့ဘဲ ဆဲလ်တွေကို ပုံမှန်မဟုတ်တဲ့ ကြီးထွားမှုဖြစ်ပေါ်စေပြီး လည်ပင်းကြီးတာတွေဖြစ်လာစေနိုင်ပါတယ်။
ကိုယ်အလေးချိန် အဆမတန်တက်လာတာကလည်း အိုင်အိုဒင်းချို့တဲ့မှုလက္ခဏာတစ်ရပ်ပါ။ သိုင်းရွိုက်ဟော်မုန်းတွေ ထုတ်လုပ်ဖို့အတွက် အိုင်အိုဒင်း အလုံအလောက်မရတဲ့အခါ ကိုယ်အလေးချိန် အဆမတန်တိုးလာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းက သိုင်းရွိုက်ဟော်မုန်းတွေက ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေ အကောင်းဆုံးလည်ပတ်နိုင်အောင် ထောက်ပံ့ပေးတာပါ။