သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ

ကြွက်သားတက်လာစေချင်တယ်။ ခန္ဓာကိုယ်ကို အခုထက်ပိုပြီး ကြံခိုင်ချင်တယ် ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ရင် အဆင်ပြေမလဲဆိုတာကို သိချင်နေတယ်။ ကိရိယာတွေကို သုံးပြီး လေ့ကျင့်ရမလား၊ ကိရိယာလွတ်လေ့ကျင့်လို့ရလားလည်း သိချင်တယ်ဆိုရင် ဒီကဏ္ဍလေးမှာ အဖြေရှာကြည့်ပါ။

ကျန်းမာရေးဗဟုသုတ

သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ

ဒူးနာတာကို သက်သာစေဖို့ လေ့ကျင့်ခန်း အချို့

ဒူးနာတာကို လူလတ်ပိုင်းတွေရော လူကြီးပိုင်းတွေပါ ခံစားရနိုင်ပါတယ်။ ဒူးနာတာက ပြောတော့သာ ဘာမှ မဟုတ်ပေမယ့် ဒူးနာတာက အတော်လေးကို စိတ်ကသိကအောက် ဖြစ်စေပါတယ်။ ဒူးနာနေပြီဆိုရင် နေ့စဉ် လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ ခက်စေမှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဒူးနာတာကို သက်သာစေဖို့ လေ့ကျင့်ခန်း အချို့ ကိုပြောပြပေးချင်ပါတယ်။ ဒူးက ခန္ဓာကိုယ်အတွက် အရေးပါသလား! ဒူးဆစ်တွေက ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအဆစ်တွေပါ။ ဒူးတွေက နေ့စဉ်လှုပ်ရှားမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသလို ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းနိုင်စေဖို့၊ ထိုင်နိုင်စေဖို့၊ မတ်မတ်ရပ်နိုင်စေဖို့၊ လမ်းလျှောက်နိုင်စေဖို့ ထောက်ကူပေးနေပါတယ်။  ဒီလို အရေးပါတဲ့ ဒူးဆစ်က နာကျင်နေမယ်ဆိုရင်တော့ နေ့စဉ်လှုပ်ရှားမှုတွေကို ထိခိုက်စေမယ်ဆိုတာကို ပြောနေစရာ မလိုအောင်ကို သိပြီးဖြစ်မှာပါ။ ဒီလိုမျိုး ဒူးနာတာကို ခံစားရပြီဆိုရင် သက်သာစေဖို့ လုပ်ဆောင်ပေးလို့ရတဲ့ လေ့ကျင့်ခန်းလေးတွေက ဘာတွေ ဖြစ်မလဲဆိုတာကို […]

သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ကို ရှာဖွေမည်။

သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ

ထိုင်ထလေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် ဒါလေးတွေ သိထားသင့်တယ်နော် ။ ။

တင်ပါးက ပြားနေလို့၊ တင်းပါးဘေးက ချိုင့်နေလို့၊ တင်ကျနေလို့ဆိုပြီး စိတ်ညစ်နေကြတဲ့ ချိမတို့ရှိလား။ မိန်းကလေးပဲလေ။ အခြားနေရာတွေ မကိတ်ရင်နေပါစေ။ တင်ပါးလေးမှာတော့ ကိတ်ချင်ကြတာပေါ့နော်။ ဒါပေမယ့် ကိုယ်က နဂိုတည်းက ကိတ်တဲ့သူမဟုတ်တော့ တင်ပါးဝိုင်းပြည့်ပြည့်လေးရဖို့ လေ့ကျင့်ခန်းလုပ်ရမယ်ဆိုရင် ထိုင်ထလေ့ကျင့်ခန်း ကို ပြေးမြင်မိမှာပေါ့နော်။ စိတ်ကူးထဲက တင်ပါးဝိုင်းဝိုင်းလေးရဖို့ ကြိုးစားနေကြတဲ့ မမတိုင်း ဒါလေးတွေသိသင့်ပါတယ်။ ။ လေ့ကျင့်ခန်းအားလုံးမှာ အရေးအကြီးဆုံးကတော့ ဘယ်လောက်ပုံမှန်လုပ်ဖြစ်လဲ ( frequency ) ဆိုတာနဲ့ လုပ်တဲ့အချိန် စိုက်ထုတ်တဲ့အား( intensity ) ပါပဲ။ ဒီတော့ တင်ပါးလေ့ကျင့်ခန်း ထိုင်ထ လုပ်တဲ့နေရာမှာလည်း သိသင့်တဲ့ အခြေခံအချက်တွေ အတိုင်း လိုက်နာမယ်ဆိုရင် ပြောင်းလဲလာမယ့် သင့်တင်ပါးလေးကို ၁၂ပတ်အတွင်း မြင်ရမှာပါ။ ကဲ ဆက်ကြည့်လိုက်ရအောင်။ ။ ဘယ်လောက်ပြင်းပြင်းထန်ထန်လုပ်ရမလဲ ။ ။ ( […]


သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ

ပြားချပ်ချပ် တင်ပါးလေးကို ဘယ်လိုပုံပြန်သွင်းမလဲ

တင်ပါး ဆိုတာ မိန်းကလေးတွေအတွက်ပဲ အရေးကြီးတယ်ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ ကျား၊ မ၊ အသက်အရွယ် တင်ပါးလေးလုံးပြီး ကြွက်သားနဲ့ တင်းတင်းရင်းရင်းနဲ့ ဖြစ်နေမှ အဲ့လူတစ်ယောက်က တော်တော်လေးကို ကြည့်ကောင်းမှာပါ။ ဒီလို တင်ပါးပြားချပ်တဲ့ ပြဿနာက ကျန်းမာရေးကြောင့်မဟုတ်ဘဲ ကိုယ့်ရဲ့ နေထိုင်မှုပုံစံ၊ အသက်အရွယ်နဲ့ အများကြီးသက်ဆိုင်မှုရှိပါတယ်။ ဒီနေ့ဆောင်းပါးမှာ တင်ပါးလှခြင်းရဲ့ ကောင်းကျိုးတွေနဲ့ ပြားချပ်ချပ် တင်ပါးလေးကို ဘယ်လိုပုံပြန်သွင်းမလဲ ဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ တင်ပါးလှခြင်းရဲ့ အားသာချက်တွေ ကျန်းမာသွက်လက်တဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ လုံးဝန်းလှပတဲ့ တင်ပါးကောက်ကြောင်းလေးတွေလည်း ရှိနေဖို့လိုပါတယ်။ ကြွက်သားတွေနဲ့ အဆီပိုမရှိတဲ့ တင်ပါးက လူတစ်ယောက်ရဲ့ ကိုယ်နေဟန်ထားကို ဟန်ချက်ညီစေတယ်။ ခါးကို မတ်မတ်ရပ်ဖို့ အနောက်ကနေ ထောက်မပေးတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ပိုပြီး အားစိုက်ထုတ်နိုင်ဖို့ ကြွက်သားအဖြစ် ကူညီပေးတယ်။ လမ်းလျှောက်တာ ပိုသွက်လက်လာတယ်။ တင်ပါးဆုံရိုးကို မထိခိုက်စေဖို့ […]


သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ

မနက်ခင်းလေးကို လေ့ကျင့်ခန်း လုပ်ခြင်းဖြင့်စတင်ပါ

မနက်ခင်းလေးကို လေ့ကျင့်ခန်း လုပ်ခြင်းဖြင့်စတင်ပါ လို့ ဘာကြောင့်ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ကြည့်စေချင်ပါတယ်။ တစ်နေ့တာအတွက် အရေးကြီးဆုံး အချိန်က မနက်ခင်း ပါ။ မနက်ခင်းကို ကျက်သရေ ရှိရှိလေး နိုးထမှုက တစ်နေ့တာကို စိတ်ကြည်လင်စေနိုင်ပါတယ်။ ဒီတော့ မနက်ခင်းကို ကောင်းမွန်စွာ စတင်နိုင်ဖို့ ဒီ အလေ့အထလေးကို မွေးမြူကြည့်ဖို့ တိုက်တွန်းပါရစေ။ မနက်ခင်းလေးကို လေ့ကျင့်ခန်း လုပ်ခြင်းဖြင့်စတင်ပါ မနက်ခင်း အလင်းရောင်ပျို့ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ လန်းဆန်းစေနိုင်ပါတယ်။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ မနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်တာက အခုလို အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါသေးတယ်။ အာရုံစူးစိုက်မှု ကောင်းစေတယ် မနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်တာက စိတ်ပိုင်းဆိုင်ရာကို လန်းဆန်းတက်ကြွစေပြီး တစ်နေ့တာလုံးမှာ အာရုံ မစူးစိုက်နိုင်တာကို ကင်းဝေးချင်ရင်တော့ မနက်ခင်းမှာ အနည်းဆုံး ၁၅ မိနစ်လောက် လေ့ကျင့်ခန်း […]


သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ

ပြန်လည်သန်စွမ်းလေ့ကျင့်ခန်းမှ လူတွေမသိသေးသောအချက်များ

ခန္ဓါကိုယ်လှုပ်ရှားလေ့ကျင့်ခြင်း (Physiotherapy)ဟာ သင့်ကျန်းမာရေးအတွက် အထူးအကျိုးရှိပါတယ်။ ဒါပေမယ့် Physiotherapy နဲ့ ပတ်သက်လို့ သင်အကုန်သိတယ်ဆိုတာ သေချာပြီလား။ တကယ်တော့ Physiotherapy နဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အံ့ဩစရာ အချက်လေးတွေ ရှိနေပါတယ်။ ဘာတွေလဲဆိုတာ သိရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။   Physiotherapy ကုသမှုဟာ ပထမကမ္ဘာစစ်ကာလက စတင် ပေါ်ပေါက်ခဲ့တယ်။ Physiotherapyရဲ့ သမိုင်းကို သင့်အနေနဲ့ သိချင်မှသိပါလိမ့်မယ်။ ဒါပေမယ့် Physiotherapy ဟာ အဖိုးတန်ထိရောက်တဲ့ ကုသမှုတခုဆိုတာကို ပထမကမ္ဘာစစ်အချိန်ကတည်းက လူတွေစတင်သိရှိခဲ့ကြပြီး ဒါဏ်ရာရတဲ့ စစ်သားတွေကို ကုသပေးဖို့ Physiotherapy ကို စတင်အသုံးပြုခဲ့ကြပါတယ်။ Physiotherapy ကို အိမ်နေရင်း ပြုလုပ်နိုင်တယ်။ Physiotherapyကို နေရာအစုံမှာ ပြုလုပ်နိုင်ပါတယ် (ဥပမာ ကျန်းမာရေးစင်တာတွေ၊ပုဂ္ဂလိက ဆေးခန်း၊ဆေးရုံတွေ၊ကျောင်းတွေ ဒါမှမဟုတ် အိမ်မှာ)။Physiotherapy ကုသမှုနည်းလမ်းမှာ အားစိုက်သုံးစရာမလိုတဲ့ ပုံစံ (ဥပမာ […]


သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ

တင်ပါး နှင့် ပေါင် လေ့ကျင့်ခန်းများ

တင်ပါး နှင့် ပေါင် လေ့ကျင့်ခန်းများ မြန်မြန်ပြေးချင်သည် ဖြစ်စေ၊ လှေကားတက်လို့ ပေါ့ပေါ့ပါးပါး ပြေးတက်လိုသည် ဖြစ်စေ တင်ပါးဆုံနဲ့ ပေါင်လေ့ကျင့်ခန်းတွေဟာ အသုံးဝင်ပါတယ်။ သင့်ကိုယ်ခန္ဓါအောက်ပိုင်းကို လျစ်လျုရှုထားခြင်းဟာ လှုပ်ရှားမှုတွေမှုတွေ ဆုံးရှုံးနိုင်စေပါတယ်။ ကလေးတွေနဲ့ ကြမ်းပြင်ပေါ်မှာ ကစားခြင်း၊ ဇိမ်ကျတဲ့ ကုလားထိုင်ပေါ်က အလွယ်တကူ ထရပ်ခြင်းတို့ကို မပြုလုပ်နိုင်အောင် ဒုက္ခပေးနိုင်ပါတယ်။ လူအတော်များများဟာ တစ်နေကုန် ထိုင်နေကြပြီး glute ကြွက်သား (တင်ပါးကြွက်သား) တွေကို အသုံးမပြုကြဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။ လူအတော်များများဟာ ကားကိုသာ တစ်ချိန်လုံး အသုံးပြုကြပြီး ကိုယ်ခန္ဓါအောက်ပိုင်းကို အသုံးပြုမှု နည်းပါးတယ်လို့ ဆိုပါတယ်။ တင်ပါး နှင့် ပေါင် လေ့ကျင့်ခန်းများ အောက်ဖေါ်ပြပါ လှုပ်ရှားမှု ငါးမျိုးကို တစ်ပတ်အနည်းဆုံးနှစ်ရက်၊ ၁၂-၁၅ ကြိမ် ကို သုံးခါပြုလုပ် ပြီးစီးပါက ကိုယ်ခန္ဓာအောက်ပိုင်းကို သန်စွမ်းစေပါတယ်။ ၁။ […]


သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ

နောက်ကျောနာတာသက်သာစေမယ့်လေ့ကျင့်ခန်း ၃ မျိုး

ခါးနာခြင်းအတွက် လေ့ကျင့်ခန်းများ ခါးနာခြင်းဟာအဖြစ်များတဲ့ ကြွက်သားနာကျင်ခြင်း အမျိုးအစားတမျိုး ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ထိခိုက်မှု၊ ရောဂါတို့ကြောင့် ဖြစ်တတ်ပြီး သာမန်အဆစ်လွဲခြင်း၊ ဒဏ်ဖြစ်ခြင်း ဒါမှမဟုတ် အာရုံကြောညပ်ခြင်း၊ ထိခိုက်ခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီပြဿနာကိုကာကွယ်ဖို့၊ ကုသဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ဆောင်ဖို့ ဆရာဝန်များက အကြံပြုပါလိမ့်မယ်။ ခဏတာခါးနာခြင်းကိုတော့ အိပ်ရာထဲလှဲပြီးမလှုပ်ရှားဘဲနေခြင်းဟာ အထောက်အကူပြုတယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် သုတေသနအချို့အရ မလှုပ်ရှားဘဲနေခြင်းဟာ ခဏတာမျှဘဲ အထောက်အကူပြုတယ်လို့ သိရပါတယ်။ ဘာလှုပ်ရှားမှုမှမရှိဘဲနေခြင်းဟာ ပျောက်ကင်းမှုကို ကြာရှည်စေပြီး ကြွက်သားတောင့်တင်းခြင်းကို ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ လှုပ်လှုပ်ရှားရှားနေမှသာ ကြွက်သားများကိုအသုံးချနိုင်မှာ ဖြစ်ပါတယ်။ ခါးနာတဲ့အခါ ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမယ်ဆိုတဲ့ အချက်တွေကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒီအစီအစဉ်မစခင်မှာ • သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေ ဝတ်ဆင်သင့်ပါတယ်။ • လုပ်သင့်တဲ့ အတိုင်းအတာထက် ပိုပြီးလုပ်အောင် မိမိကိုယ်ကိုဖိအားမပေးပါနဲ့။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ထိခိုက်ရတာမျိုးမဖြစ်သင့်ပါ။ • လေ့ကျင့်ခန်းကိုဖြည်းဖြည်းမှန်မှန် စတင်ဖို့လုပ်ပါ။ ချက်ချင်းကြီးမစပါနဲ့။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း