စွမ်းအင်ထုတ်ဖို့ ဂလူးကို့စ်လိုကြောင်း လူတိုင်းသိကြမှာပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ စွမ်းအင်တွေအများကြီးလိုအပ်ပါတယ်။ ဆီးချိုရှိတယ်ဆိုတာ ယေဘုယျအားဖြင့်တော့ လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်တဲ့ ဂလူးကို့စ်ပမာဏ ရှိမနေတာကို ဆိုလိုတာပါ။ ဒီတော့ ပြေးတယ်ဆိုတာကလဲ နေရောင်အောက် ပန်းခြံထဲမှာ ပြေးတာဆိုတော့ ချွေးကလဲထွက်ဦးမယ်။ ဆီးချိုရှိသူတွေက ဒါကြောင့်ပဲ မောပန်းလွယ်ပြီး သကြားဓါတ်ထိုးကျတာမျိုး ဒါမှမဟုတ် သကြားဓါတ်စောင့်တက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ခုစလုံးအတွက် အသင့်ပြင်ဆင်ထားရပါမယ်။
အမျိုးအစား ၁ ဆီးချို
ဆီးချိုလူနာ ၁၀၀ မှာ ၅ ယောက်ကနေ ၁၀ ယောက်လောက်ထိက အင်ဆူလင် (သွေးတွင်းသကြားဓါတ်ထိန်း ဟော်မုန်း) မထုတ်နိုင်ပဲ သကြားကို စွမ်းအင်အဖြစ်မပြောင်းနိုင်တဲ့ အမျိုးအစား ၁ ဆီးချိုသမားတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ အမျိုးအစား ၁ ဆီးချိုသမားတွေမှာ အင်ဆူလင်ချို့တဲ့နေတတ်တာကြောင့် စွမ်းအင်လဲ ကုန်ခမ်းနေတတ်ပါတယ်။
ပြောရရင် ထိုဆီးချိုသမားမျိုး အပြေးလေ့ကျင့်မယ်ဆိုရင်တော့ အင်ဆူလင်ပုံမှန်သုံးထားဖို့ လိုအပ်ပါလိမ့်မယ်။ ပြေးနေတဲ့အချိန်မှာ လိုအပ်မယ့် အင်ဆူလင်နဲ့ ကာဗိုဟိုက်ဒြိုက်ပမာဏကို သိနိုင်ဖို့ရန်အတွက် ပြေးတာနဲ့ သွေးတွင်းဂလူးကို့စ်လယ်ဗယ်ကို စောင့်ကြည့်ရပါမယ်။ ဒါကလည်း ပြေးတဲ့နှုန်းတဲ့ စားထားတဲ့အစာပေါ်ပါ မူတည်ပါသေးတယ်။ ယေဘုယျအားဖြင့် မိနစ် ၃၀ မှ ၆၀ အထိပြေးထားလျှင် ၁၅ -၃၀ ဂရမ် ရှိသင့်ပါတယ်။ ပြောထားသလို အစားအသောက်ကလဲ အရေးကြီးတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။