နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

နေ့ရက်တိုင်းမှာ တက်ကြွပြီး ကျန်းမာနေစေဖို့အတွက် နှလုံးလေး ကျန်းမာဖို့ လိုပါတယ်။ ဒီတော့ နှလုံးကျန်းမာစေဖို့ ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ရမလဲဆိုတာကို သိချင်တယ်ဆိုရင် ဒီကဏ္ဍလေးမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

နှလုံးရောဂါ ရှိသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်း လုပ်တာက ကျန်းမာစေတယ်ဆိုပေမယ့် ရောဂါအခံရှိသူတွေအတွက် လေ့ကျင့်ခန်းတိုင်းက အဆင်မပြေနိုင်ပါဘူး။ ဥပမာ နှလုံးရောဂါ ရှိသူတွေအတွက်ဆိုရင် အရမ်းကို ပင်ပန်းစေမယ့် လေ့ကျင့်ခန်းတွေက အဆင်မပြေနိုင်ပါဘူး။ ဒီတစ်ခေါက်တော့ နှလုံးရောဂါ ရှိသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ရှင်သန်မှု အချက်ပြ အရာလေးတစ်ခု [သို့မဟုတ်] နှလုံး ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ပါ နှလုံးရောဂါက ပြင်းထန်သလို ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ နှလုံးရောဂါရှိသူတွေရော မရှိသူတွေမှာပါ ကျန်းမာစေဖို့၊ နှလုံးကြွက်သားတွေ သန်မာစေဖို့ လေ့ကျင့်ခန်း လုပ်ဆောင်ဖို့ လိုပါမယ်။ နှလုံးကျန်းမာမှ နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ နှလုံးမှာ နှလုံးသွေးကြောကျဉ်းတာကစလို့ နှလုံးရောဂါ အမျိုးမျိုးကို ခံစားရနီုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက နှလုံးကျန်းမာစေတယ်ဆိုပေမယ့် နှလုံးရောဂါရှိသူတွေအတွက်တော့ […]

နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ ကို ရှာဖွေမည်။

နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းများ

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို စဉ်းစားတဲ့အခါ ကိုယ်အလေးချိန်ကျဖို့နဲ့ ကြွက်သားများသန်မာဖို့ကို အရင်ဆုံး စဉ်းစားမိကြပါတယ်။ ဒီထက် ပိုပြီး အရေးပါတဲ့ အကျိုးကျေးဇူးတစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာက နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်းပဲ ဖြစ်ပါတယ်။ နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းများ နှလုံးဟာ သင့်ကိုယ်ခန္ဓာထဲမှာ အရေးအကြီးဆုံးကြွက်သားပဲ ဖြစ်ပါတယ်။ တစ်ကိုယ်လုံးဆီ သွေးများဖြန့်ဝေပေးတဲ့ ကိုယ်အင်္ဂါဖြစ်တာမို့ အထူးဂရုစိုက်ရပါမယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ သင့်ရဲ့နှလုံးကို သန်မာစေပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်း ဖြစ်နိုင်ခြေအန္တရာယ်ကို လျော့ကျစေတဲ့ လေ့ကျင့်ခန်းတွေအကြောင်းပဲ ဖြစ်ပါတယ်။ နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းများ ကတော့ အေရိုးဗစ် ကာဒီယို (Cardio) လေ့ကျင့်ခန်းလို့လည်းသိကြတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းများဟာ နှလုံးခုန်နှုန်းကို မြန်ဆန်လာစေပြီး ချွေးထွက်လာစေပါလိမ့်မယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။ ဆီးချိုရှိသူတွေမှာလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်စေဖို့ အထောက်အကူပြုပါတယ်။ အရွယ်ရောက်ပြီးသူများအနေနဲ့ အတော်အသင့်လှုပ်ရှားရတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းကို ရက်သတ္တပတ်တပတ်မှာ အနည်းဆုံး […]


နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

နှလုံးရောဂါ ကာကွယ်နိုင်သော လေ့ကျင့်ခန်းများ

နှလုံးရောဂါသည် ပြင်းထန်သောရောဂါတစ်ခုဖြစ်ပြီး သင့်လျော်သော စားသောက်နေထိုင်မှု ပုံစံမရှိပါက မည်သူမဆို ရောဂါဖြစ်နိုင်သည့် အန္တရာယ်ရှိသည် ။ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်စေသည့်အကြောင်းရင်းများမှ တစ်ခုမှာ လှုပ်ရှားမှုနည်းသည့် နေထိုင်မှုပုံစံဖြစ်သည်။ ထို့ကြောင့် ဤရောဂါကို ကာကွယ်သည့် ရိုးရှင်းသောနည်းလမ်းတစ်ခုအဖြစ် လေ့ကျင့်ခန်းလုပ်သင့်သည်။ လမ်းသွက်သွက်လျှောက်ခြင်း လမ်းလျှောက်ခြင်းသည် အလွန်ကောင်းသောလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ဖြည်းဖြည်းချင်း လေ့ကျင့်ယူပါက အင်အားစိုက်ထုတ်ရန် မလိုသောကြောင့် နှလုံးနှင့် သွေးကြောဝေဒနာရှင်များအတွက်လည်း သင့်တော်သည်။ နံနက်စောစောလမ်းလျှောက်ခြင်း (သို့) လမ်းသွက်သွက်လျှောက်ခြင်းသည် နှလုံးခုန်နှုန်းကို မြန်စေပြီး မကြာခဏပြုလုပ်ပါက ရုတ်တရက်နှလုံးထိခိုက်မှုအန္တရာယ်ကို လျော့ချနိုင်သည်။ ဤလှုပ်ရှားမှုသည် ခန္ဓာကိုယ်တွင်း မကောင်းသည့်အဆီများကို ကျစေပြီး ကောင်းသည့်အဆီများကို တက်စေသည်။ သွေးပေါင်ကျစေပြီး ကိုယ်အလေးချိန်လည်း ကျကာ စိတ်ခံစားမှုကိုလည်း ကောင်းစေသည်။ သင်သည် အိမ်တွင်လမ်းလျှောက်စက်ဖြင့် လျှောက်နိုင်သလို လမ်းမပေါ်တွင်လည်း လျှောက်နိုင်သည်။ လမ်းလျှောက်စဉ်တွင် ချွေးအလွန်ထွက်သည် မောပန်းသည်ဟု […]


နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

လမ်းလျှောက်ခြင်းက အကောင်းဆုံးစတင်မှုတစ်ခုပါ

လမ်းလျှောက်ခြင်းက ကျန်းမာဖို့အတွက် အကောင်းဆုံးနည်းပါ။ ဒီဆောင်းပါးမှာ လမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးတွေကို ဖော်ပြသွားမှာပါ။ လမ်းလျှောက်တာက Gym ကစားတာလိုမျိုး အသင်းဝင်ကြေးတွေ ကိရိယာတွေမလိုသလို ဘာအကုန်အကျမှလည်း မရှိပါဘူး။ ဒါက ကျွန်တော်တို့နေ့စဉ် လုပ်နေကျဖြစ်တဲ့အတွက် ထူးထူးထွေထွေ သင်ကြားစရာမလိုတဲ့ အလွယ်ကူဆုံးနည်းလမ်း တစ်ခုပါ။ လမ်းလျှောက်ခြင်းက အကောင်းဆုံးစတင်မှုတစ်ခုပါ လမ်းလျှောက်ခြင်းက သွေးတိုး၊ ကိုလက်စထရော၊ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းတို့ကို သက်သာစေပါတယ်။ ကိုယ်အလေးချိန်ကျအောင် ကူညီပေးတဲ့အပြင် နှလုံးရောဂါနဲ့ လေဖြတ်၊ လေဖြန်းစတဲ့ နာတာရှည်ရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။ လူအများနဲ့ ပျော်ပျော်ရွှင်ရွှင် အတူလုပ်လို့ရတဲ့ နည်းလမ်းတစ်မျိုးလည်းဖြစ်ပါတယ်။ လမ်းလျှောက်တာက အန္တရာယ်မရှိသလို အနာတရဖြစ်တာတွေလည်း မရှိပါဘူး။ ဒါက အလွယ်တကူ လိုက်လုပ်လို့ရတာမျိုးဖြစ်ပြီး လုပ်လို့ရတဲ့နေရာတွေလည်းအများကြီးပါ။ သင်က တက်တက်ကြွကြွ နေကျင့်မရှိသူဆိုရင် အရင်ဆုံးတစ်ရက် ၁၀မိနစ်လမ်းလျှောက်ရာကနေ တဖြည်းဖြည်းတိုးသွားပါ။ သင်လမ်းစလျှောက်ရင် သက်သောင့်သက်သာဖြစ်စေမယ့် အရှိန်နဲ့ စလျှောက်ပြီး တစ်ပတ်ပြီးတစ်ပတ် […]


နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

အေရိုးဗစ် လေ့ကျင့်ခန်းက သင့်ခန္ဓါကိုယ်အတွက် ဘယ်လိုကောင်းစေသလဲ

အေရိုးဗစ်လေ့ကျင့်ခန်းတွေကလူ့ခန္ဓါကိုယ်ကိုဘယ်လိုကူညီလဲ အေရိုးဗစ်လေ့ကျင့်ခန်းတွေကသင့်ကိုယ်ထဲကအင်ဆူလင်တွေကို ကောင်းကောင်းအသုံးပြုနိုင်အောင်ကူညီပေးပါတယ်။ ဒါ့အပြင်သင့်ရဲ့နှလုံးနဲ့အရိုးတွေကိုသန်မာစေတဲ့အပြင်စိတ်ဖိစီးမှုတွေကိုလျော့ကျစေပြီးသွေးလည်ပတ်မှုအားကောင်းစေပါတယ်။ ဒါကြောင့် သွေးချိုနဲ့ သွေးတိုးကျစေပြီးသင့်ကိုနှလုံးရောဂါဖြစ်နိုင်ချေလျော့ကျစေပါတယ်။ တစ်ပတ်မှာငါးရက်၊တစ်ရက်မှာအနည်းဆုံးမိနစ်၃၀မိနစ်ဒါမှမဟုတ်တစ်ပတ်မိနစ်၁၅၀ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ သင့်ရဲ့လေ့ကျင့်ခန်းကိုတစ်ပတ်မှာ၃ရက်ထက်ပိုလုပ်သင့်ပြီး၂ရက်ထက်ပိုပြီးနားတာမျိုးမဖြစ်ပါစေနဲ့။ မှတ်ချက်။ ။ အလယ်အလတ်လေ့ကျင့်ခန်းဆိုတာက လေ့ကျင့်ခန်းလုပ်နေစဉ်သင်စကားပြောနိုင်ပေမယ့်သီချင်းမဆိုနိုင်တဲ့အနေအထားဖြစ်ပါတယ်။ အပြင်းစားလေ့ကျင့်ခန်းဆိုတာကလေ့ကျင့်ခန်းလုပ်နေစဉ်သင်ခဏမနား၊အသက်မရှူဘဲနဲ့စကားအများကြီးမပြောနိုင်တဲ့အနေအထားဖြစ်ပါတယ်။   စတင်ခြင်း သင်မကြာသေးခင်ကသိပ်မလှုပ်ရှားဖြစ်ဘူးဆိုရင်အစပိုင်းတစ်ရက်ကို၅မိနစ်ကနေ၁၀မိနစ်လောက်ကနေပဲစတင်နိုင်ပါတယ်။ နောက်ပိုင်းမှာတော့တစ်ပတ်ချင်းစီမိနစ်အနည်းငယ်တိုးတိုးလုပ်သွားပါ။ အချိန်ကြာလာတာနဲ့အမျှသင်လေ့ကျင့်ခန်းလုပ်တာကတိုးတက်မှုရှိတာကိုတွေ့ရပြီးသင်ပိုပိုပြီးလုပ်နိုင်လာတာလည်းတွေ့မြင်လာမှာပါ။   အချိန်ရအောင်ယူပါ တကယ်လို့သင်ကအရမ်းအလုပ်များပြီးတစ်ရက်မိနစ်၃၀အချိန်မပေးနိုင်ဘူးဆိုရင်၁၀မိနစ်စီခွဲလုပ်လို့ရပါတယ်။ လေ့လာမှုတွေအရဒီလိုခွဲလုပ်တာကလည်းဆက်တိုက်လုပ်တာနဲ့အကျိုးသက်ရောက်မှုတူတယ်ဆိုတာ တွေ့ရပါတယ်။ ဥပမာ - အစာစားပြီးတိုင်း၁၀မိနစ်အမြန်လမ်းလျှောက်ခြင်း၊ဒါမှမဟုတ်အလုပ်မသွားခင် လေ့ကျင့်ခန်း၁၅မိနစ်အလုပ်ကပြန်လာရင်၁၅မိနစ်လုပ်ခြင်း စသည်ဖြင့်ခွဲလုပ်လို့ရပါတယ်။ တကယ်လို့သင်ကဝိတ်ချနေတယ်ဆိုရင်တော့တစ်ရက်ကိုလေ့ကျင့်ခန်းမိနစ်၆၀နီးပါးလုပ်ရပါမယ်။ အောက်မှာပြထားတာတွေကတော့လေ့ကျင့်ခန်းဥပမာတွေပါ။ • အမြန်လမ်းလျှောက်ခြင်း • စက်ဘီးစီးခြင်း • ကခြင်း • အေရိုးဗစ်အပျော့စား • ရေကူးခြင်း/ ရေထဲအေရိုးဗစ်ကစားခြင်း • တင်းနစ်ကစားခြင်း • လှေကားတက်ခြင်း • ပြေးခြင်း • တောင်တက်ခြင်း • လှေလှော်ခြင်း • ရေခဲပြင်စကိတ်စီးခြင်း • စကိတ်စီးခြင်း • ဥယျာဉ်စိုက်ခြင်း ခွန်အားလေ့ကျင့်ခြင်း ခွန်အားလေ့ကျင့်ခြင်း/ခံနိုင်ရည်အားလေ့ကျင့်ခြင်းကသင့်ရဲ့ခန္ဓါကိုယ်က အင်ဆူလင်ကို ပိုတုံ့ပြန်စေပြီး သွေးတွင်းသကြားဓါတ်ကို ကျစေပါတယ်။ ခွန်အားလေ့ကျင့်ခြင်းကသင့်ကြွက်သားနဲ့အရိုးတွေကိုတည်ဆောက်ထိန်းသိမ်းပေးပြီးသင့်ကိုအဆစ်ရောင်ခြင်းနဲ့အရိုးအက်ခြင်းမှကာကွယ်ပေးပါတယ်။ သင့်မှာကြွက်သားများလေလေသင့်ရဲ့ကယ်လိုရီများများလောင်ကျွမ်းလေပါဘဲ။ အနားယူချိန်မှာတောင်လောင်ကျွမ်းပါတယ်။ ကြွက်သားတွေဆုံးရှုံးမှုမဖြစ်အောင်ခွန်အားလေ့ကျင့်ပေးခြင်းကသင့်နေထိုင်မှုပုံစံကိုပိုအဆင်ပြေစေတဲ့အပြင်အသက်ကြီးလာရင်လည်းအကျိုးကျေးဇူးတွေရစေပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းတွေအပြင်ခွန်အားလေ့ကျင့်ခြင်းတစ်မျိုးမျိုးကိုပါတစ်ပတ်အနည်းဆုံး၂ကြိမ်လောက်လုပ်ပေးသင့်ပါတယ်။ အောက်ဖော်ပြပါတွေကတော့ခွန်အားလေ့ကျင့်နည်းဥပမာတွေပါ။ • Gym မှာရှိတဲ့အလေးမစက်တွေမှာအလေးမခြင်း • ခပ်ပေါ့ပေါ့အရာတွေကို‘မ’ခြင်း၊အိမ်မှာရေသန့်ဘူးတွေ ‘မ’ခြင်း • ဒိုက်ထိုးခြင်း၊ထိုင်ထလုပ်ခြင်းစတဲ့မိမိကိုယ်လက်တွေကိုပဲအသုံးပြုရတဲ့လေ့ကျင့်ခန်းတွေကိုလုပ်ခြင်း • ပြင်းထန်တဲ့ဥယျာဉ်စိုက်ပျိုးခြင်းလိုမျိုးတခြားလှုပ်ရှားမှုများ ဒါ့အပြင်သင်ပြုလုပ်နိုင်တဲ့ အခြားသောလေ့ကျင့်ခန်းတွေလည်းအများကြီးကျန်ရှိပါသေးတယ်။


နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

နှလုံးကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်စို့

သင့်နှလုံးကျန်းမာရေးအတွက် အလုပ်သင့်ဆုံးဟာ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ တခြားသော ကြွက်သားတွေလိုပဲ သင့်နှလုံးဟာလည်း လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်ဆိုရင် ပိုပြီးသန်စွမ်းလာနိုင်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းအားဖြင့် • သင့်နှလုံး သန်စွမ်းလာမယ် • သွေးပေါင်ချိန်ကျလာမယ် • ကိုယ်အလေးချိန်ကျမယ် • စိတ်ဖိစီးမှုတွေ ပြေပျော်ကမယ် • ကိုယ့်ကိုယ်ကိုယ်လေးစားမှုတွေ ရလာပြီး စိတ်ခံစားမှုတွေ ကြည်လင်မယ် • အိပ်လို့ပျော်မယ်   တကယ်ဆို သင့်ဆရာဝန်က လေ့ကျင့်ခန်းကို ဘယ်လိုလုပ်သင့်ကြောင်း ပြောပြပြီးသား ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တကယ်လို့ မပြောပြရသေးရင်တော့ ဒါတွေမေးကြည့်ပါ • တစ်နေ့ကို လေ့ကျင့်ခန်း ဘယ်လောက်လုပ်လို့ရသလဲ • တစ်ပတ်ဘယ်နှကြိမ် လုပ်သင့်သလဲ • ဘယ်လိုလေ့ကျင့်ခန်းမျိုး လု ပ်သင့်ပြီး ဘယ်လိုလေ့ကျင့်ခန်းမျိုးကို ရှောင်သင့်သလဲ • လေ့ကျင့်ခန်းလုပ်ချိန်တစ်ဝိုက်မှာ ဆေးသောက်လို့ရသလား • လေ့ကျင့်ခန်းလုပ်နေတုန်း ဘယ်လိုလက္ခဏာမျိုးတွေ သတိထားစောင့်ကြည့်သင့်သလဲ။ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းများ အဓိကအားဖြင့် (၂)မျိုးရှိပါတယ်။ ၁။ အေရိုးဗစ် သို့မဟုတ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း သင့်ရဲ့နှလုံးကို အားကောင်းစေတဲ့ ပုံစံဖြစ်ပါတယ်။ လမ်းလျှောက်ခြင်း၊ ကြိုးခုန်ခြင်း၊ စက်ဘီးစီးခြင်း၊ စကိတ်စီးခြင်းနဲ့ ကခုန်ခြင်းတို့ပါဝင်ပါတယ်။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း