မိုးရာသီကို ကျော်လွန်လို့ ဆောင်းရာသီထဲကို စတင်ချဉ်းနင်းလာနေပါပြီ။ ဒီနှစ်လည်း အအေးလှိုင်းဖြတ်ဖို့ရှိနေတာမို့ အေးချမ်းလှတဲ့ ဆောင်းမနက်ခင်းလေးတွေကို ပိုင်ဆိုင်ရဖို့ရှိနေပါတယ်။ ဒီလို ဆောင်းမနက်ခင်း အေးအေးလေးတွေမှာ ကျန်းမာရေးအတွက် စက်ဘီးစီးပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။