ဆက်ဆံရေးပြေပြစ်လာပြီး အသင်းအဖွဲ့စိတ်ဓာတ် (Team Spirit) လည်း ရှိလာမှာပါ။
စိတ်တက်ကြွရွှင်လန်းစေဖို့ အကောင်းဆုံးသော လေ့ကျင့်ခန်းဟာ Zumba ပါပဲ။ တစ်နေ့လုံးကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို Zumba ကလိုက်ခြင်းဖြင့် လွှတ်ချလိုက်နိုင်ပါတယ်။ သီချင်းထဲမှာ ပါဝင်တဲ့ စည်းချက်တွေနဲ့ အတူတကွ ကခုန်လိုက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲကနေပြီးတော့ ‘Endorphin’ လို့ခေါ်တဲ့ ပျော်ရွှင်ခြင်း ဟော်မုန်းထွက်လာလို့ ပါပဲ။
သီချင်းတစ်ပုဒ်နဲ့ မြူးကြွစွာ ကလိုက်ခြင်းအားဖြင့် နှလုံးခုန်မြန်လာစေပြီး နှလုံးရဲ့စွမ်းအားကို မြင့်မားစေနိုင်ပါတယ်။ နှလုံးပဲလားဆိုတော့ မဟုတ်ပါဘူး။ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်အတွက် အကျိုးရှိသလို သက်လုံလည်း ကောင်းလာစေနိုင်ပါတယ်။
၂၀၁၆ ခုနှစ်ရဲ့ လေ့လာချက်တစ်ခုမှာတော့ ၃ လတာ Zumba ကခဲ့တဲ့ သွေးတိုး ဝေဒနာရှင်အမျိုးသမီးဟာ ကိုယ်အလေးချိန်ကျဆင်းသွားပြီး သွေးပေါင်ချိန်လည်း သိသိ သာသာ လျော့နည်းသွားပါသတဲ့။ သွေးတိုးလို ရောဂါမျိုးရဲ့ အဓိကနည်းလမ်းဟာ နေထိုင် စားသောက်မှုပုံစံပြောင်းလိုက်ခြင်း မဟုတ်ပါလား။ Zumba ကခြင်းနဲ့ ကျန်းမာတဲ့ နေထိုင်မှု ပုံစံကိုမွေးမြူလိုက်တဲ့ သဘောပါပဲ။
လေ့ကျင့်ခန်းတွေအပေါ်မှာ စွဲလမ်းတတ်လာမယ်။
Gym ဆော့ရခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ရခြင်းကို လူတွေဟာ သိပ်မကြိုက်ပါဘူး။ ဆက်တိုက် Gym ဆော့နေရင်းကနေ ခေတ္တရပ်နားလိုက်တဲ့အခါ တစ်ခါပြန်ဆော့ဖို့ အတော်လေး အားမွေးရတတ်ပါတယ်။ Zumba ကတော့ ဒီလိုမဟုတ်ပါဘူး။ ကခုန်ရခြင်း ကိုက ပျော်ရွှင်စရာလေးတစ်ခု ဖြစ်နေတော့ ရပ်ထားပြီး ပြန်ဆော့သည်ဖြစ်စေ၊ ဆက်တိုက် အလေ့အကျင့်တစ်ခုလို ဆော့နေရင်ဖြစ်စေ လုံးဝမငြီးငွေ့ပါဘူး။
Zumba အကဟာ အသက်ကြီး၊ငယ် အရွယ်မရွေး ကခုန်လို့ရတဲ့အရာ တစ်မျိုးပါ။
တခြားနိုင်ငံတွေမှာဆိုရင် ကလေးတွေအတွက် ရေမှာကခုန်ရတဲ့ ‘Agua-Zumba Class’ တွေတောင် ဖွင့်ထားကြပါသေးတယ်။ မိမိကိုယ်ကို ယုံကြည်မှုတွေလည်း တိုးပွားလာမှာအမှန်ပါပဲ။
မပြုလုပ်ရဲတဲ့အရာတွေ မှေးမှိန်ပျောက်ကွယ်သွားမယ်။ လူရှေ့သူရှေ့ထွက်ရဲလာမယ်။ လုပ်ချင်တာကို ရဲရဲတင်းတင်း ပြုလုပ်လာနိုင်မယ်။ လူမကြောက်တော့ဘူး။ လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်လာမယ်။
မိမိကိုယ်ကို ပိုမိုကျေနပ်အားရလာနိုင်ပါသေးတယ်။ ဒီလိုပြောင်းလဲမှုတွေဟာ သင့်ရဲ့ရုပ်ရည် အသွင်အပြင်ပေါ်မှာလည်း ရောင်ပြန်ဟပ်လာပြီး ပိုမိုကြည့်ကောင်းလာနိုင်ပါတယ်။ အဓိကကတော့ မိမိကိုယ်ကို ယုံကြည်မှုတွေ ပြည့်ဝလာမယ်လို့ ဆိုလိုပါတယ်။ မယုံမရှိပါနဲ့ တကယ်ပါပဲ။ နာကျင်မှုကို ခံနိုင်တဲ့ စွမ်းရည်လည်း မြင့်လာနိုင်ပါသေးတယ်။
အချုပ်အားဖြင့် ပြောပြချင်တာကတော့ ယနေ့ခေတ် လူငယ်တွေ တစိုက်မတ်မတ် ကခုန်ကြတဲ့ ‘Zumba Dance’ ဟာ ကျန်းမာခြင်းစွမ်းရည်တွေ သာမက လူမှုဆက်ဆံရေးစွမ်းရည်တွေပါ ပေးစွမ်းနိုင်ပါတယ်။ အသက်အရွယ်မရွေးလည်း ကခုန်နိုင်တာမို့ အခုပဲသွားပြီး ‘Zumba’ သင်တန်းတစ်ခုကို သွားရောက်ပါဝင်လိုက်ပါတော့နော်။
ရေးသားသူ-ဒေါက်တာမှူးခင်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။