လှုပ်ရှားရ အဆင်ပြေစေနိုင်တယ်- အကြောပုံမှန်လျှော့ပေးတာက အဆစ်တွေ နဲ့ ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပြီး နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။
လေ့ကျင့်ခန်းလုပ်ရတာ အဆင်ပြေစေနိုင်တယ် – ကိုယ်လက်လှုပ်ရှားမှုတွေမလုပ်ခင်မှာ အကြေလျှော့လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေသလို လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ကြွက်သားတွေ အဆစ်တွေ ထိခိုက်နာကျင်တာမျိုးမဖြစ်စေဘဲ အကောင်းဆုံးလှုပ်ရှားနိုင်စေမှာပါ။
ကြွက်သားတွေဆီ သွေစီးဆင်းရောက်ရှိမှုကောင်းစေနိုင်တယ် – အကြောလျှော့လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးတာက ကြွက်သားတွေ တောင့်တင်းနာကျင်တာမျိုးမဖြစ်အောင်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။
ခန္ဓာကိုယ်ကို အနေအထားမှန်စေတယ် – အရိုးနဲ့ကြွက်သားနာကျင်မှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ်ကို ဟန်ချက်ညီညီလှုပ်ရှားနိုင်စေမှာပါ။
ခါးနာမျိုးမဖြစ်အောင်ကာကွယ်ပေးတယ် – ပုံမှန်အကြောလျှော့ပေးတာက နောက်ကျောနဲ့ခါးကြွက်သားတွေ တောင့်တင်းနေတာကို ပြေလျော့စေနိုင်ပြီး ခါးမနာအောင်ကာကွယ်ပေးနိုင်ပါတယ်။ ခါးကြွက်သားတွေကို သန်မာစေနိုင်သလို ခါးနာနေတာကိုလည်း သက်သာစေနိုင်ပါတယ်။
စိတ်ဖိစီးမှု ပြေလျော့စေတယ် – စိတ်ဖိစီးမှုများတဲ့အခါ ကြွက်သားတွေ တောင့်တင်းနေတာကို ကြုံဖူးမှာပေါ့။ အကြောလျှော့ပေးတာက စိတ်ဖိစီးမှုကို သိသိသာသာပြေလျော့စေမှာပါ။
စိတ်ခံစားမှုကောင်းစေနိုင်တယ်- ပုံမှန်အကြောလျှော့ပေးတာက ကြွက်သားတွေကိုတင်ပြေလျော့စေတာမဟုတ်ပါဘူး ။ စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေနိုင်ပါတယ်။ အကြောလျှော့ပေးတဲ့အခါ ဝင်သက် ထွက်သက်မှန်မှန်ရှုပေးပါ။
ခေါင်းကိုက်တာကို သက်သာစေနိုင်တယ် – တစ်ခါတလေမှာ ခေါင်းကိုက်နေတာက ကြွက်သားတွေတောင့်တင်းနေတာကြောင့်ဖြစ်တတ်ပါတယ်။ ဒါ ကြွက်သားတွေ ပြေလျော့သွားတာကလည်း ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်မှာပါ။
ဒီ အချက်တွေကို မပြုလုပ်ပါနဲ့။
- အကြောဆန့်နေစဉ် ခုန်တာတွေ၊ ခန္ဓာကိုယ်ကို နိမ့်လိုက် မြင့်လိုက် ပြုလုပ်ခြင်း။
- ခန္ဓာကိုယ်ကို တောင့်ထားခြင်း။
- နာကျင်နေသည့် နေရာသို့ အားစိုက်ပြီး ပြုလုပ်ခြင်း

ဟန်ချက်ထိန်း လေ့ကျင့်ခန်းတွေက သင့်ကို သင့်ခြေထောက်ပေါ်မှာ ငြိမ်ငြိမ်နဲ့ မှန်မှန် ရပ်နေစေနိုင်ပြီး ချော်လဲခြင်း အနာတရဖြစ်စေခြင်းကို လျော့နည်းစေပါတယ်။ ဟန်ချက်ထိန်း လေ့ကျင့်ခန်းတွေက အထူးသဖြင့် အသက်ကြီးသူတွေ လေ့ကျင့်ခန်း မှန်မှန်လုပ်နိုင်ဖို့အတွက် အရေးကြီး ပါတယ်။
ဟန်ချက်ထိန်း လေ့ကျင့်ခန်း ဥပမာ တချို့ကတော့-
- နောက်ပြန်သို့မဟုတ် ဘေးတိုက် လမ်းလျှောက်ခြင်း
- ဖနောင့် နဲ့ ခြေဖျား တစ်ဖြောင့်တည်း လမ်းလျှောက်ခြင်း
- ခြေ တစ်ဖက် ထောက်ရပ်ခြင်း
- ထိုင်ရာက ထခြင်း
ဒါတွေက လူ့ ကိုယ်အောက်ပိုင်း သာမက အဓိက ကြွက်သားတွေရဲ့အားကိုလည်း ပိုပြီး ဟန်ချက်ညီအောင် ကူညီပေးပါတယ်။ ဒီ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးပြီး ခန္ဓာကိုယ်ကို ဟန်ချက်ညီစေဖို့ အကောင်းဆုံး ထောက်ပံ့ပေး နိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။