ဆီးချိုဝေဒနာရှင်တွေအတွက်အကောင်းဆုံးသောလေ့ကျင့်ခန်း ၅ မျိုး
တကယ်လို့ သင့်မှာ ဆီးချိုရောဂါရှိနေတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ အံ့အားသင့်လောက်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုကျဆင်းစေသလို သွေးတွင်းသကြားဓါတ်ပမာဏကို ကျဆင်းစေပါတယ်။
ဆီးချိုဝေဒနာရှင်တွေအတွက်ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်တဲ့ လေ့ကျင့်ခန်းအများကြီးရှိပါတယ်။ ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ကခြင်း၊အေရိုးဗစ်ကစားခြင်း၊ရေကူးတာ ဒါမှမဟုတ် ရေထဲမှာ ကစားရတဲ့ အေရိုးဗစ် (water aerobics) ကစားခြင်း၊တင်းနစ်ရိုက်ခြင်း၊လှေကားတက်ခြင်း၊ရွရွလေး ပြေးခြင်း၊ တောင်တက်ခြင်း၊လှေလှော်ခြင်း၊ ရေခဲပြင်စကိတ်စီးခြင်း၊စကိတ်စီးခြင်းနဲ့ဥယျာဉ်စိုက်ပျိုးခြင်းတွေလုပ်ဆောင် ပေးနိုင်ပါတယ်။ အဲဒီထဲကမှ ဆီးချိုဝေဒနာရှင်တွေအတွက်အကောင်းဆုံးလေ့ကျင့်ခန်း ၅ ခုကိုအကြံပြုရရင်တော့-
လမ်းလျှောက်ခြင်း- လမ်းလျှောက်တာကနေရာမရွေးလုပ်ဆောင်နိုင်ပြီး ဆီးချိုဝေဒနာသည်တွေအတွက် အကောင်းဆုံးသော လေ့ကျင့်ခန်းတစ်ရပ်ပဲဖြစ်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ ကနေ ၁ နာရီလောက်အထိ တစ်ပတ်ကို ၃ ကြိမ်လောက်လမ်းလျှောက်ပေးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။