နှာစေးနှာပိတ်တာကို သက်သာစေဖို့

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဖျားတော့မယ်ထင်တယ်။ နှာတွေချေနေတယ်။ နှာရည်တွေလည်းကျပြီး အသက်ရှုရတာလည်း မကောင်းလိုက်တာလို့များဖြစ်နေလား။ နှာခေါင်းပိတ်တာနှာစေးတာတွေကို သက်သာစေမယ့်နည်းလမ်းလေးတွေပြောပြပေးမယ်နော်။

နှာခေါင်းပိတ်ရတာက ဘက်တီးရီးယားတွေဗိုင်းရပ်စ်ပိုးတွေ အစရှိတဲ့ပိုးမွှားတွေကြောင့် နှာခေါင်းအတွင်းပိုင်းမှာရှိတဲ့ တစ်ရှုးတွေရောင်ရမ်းတာကြောင့်နောက်ဆက်တွဲ နှာခေါင်းထဲက သွေးကြောလေးတွေရောင်ရမ်းလာတာကြောင့် အဓိကဖြစ်ရပါတယ်။ နှာခေါင်းပိတ်တာနဲ့ နှာစေးတာနဲ့ကတော့ အမြဲလိုလိုတွဲပြီးဖြစ်ပေါ်လေ့ရှိပါတယ်။ ညဘက်ဆို နှာခေါင်းပိတ်နေလို့ အသက်ရှူကြပ် အိပ်မရဖြစ်၊ လူကြားထဲမှာ နှာခေါင်းတစ်ရှုတ်ရှုတ်နဲ့ နေရထိုင်ရတာခက်၊ အစားအသောက်တွေလည်း အရသာမရှိနဲ့ သိပ်ဝေဒနာမဆိုးလှပေမယ့် နေရထိုင်ရခက်တဲ့ဝေဒနာပေါ့။

ဒီအချက်တွေကြောင့် နှာစေးနှာပိတ်အများဆုံးဖြစ်နိုင်ပါတယ်

နှာစေးနှာပိတ်တာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

နှာခေါင်းကို သန့်စင်ပေးပါ – နှာခေါင်းထဲမှာပိတ်ဆို့နေတဲ့ ချွဲသလိပ်တွေကိုဖြည်းဖြည်းချင်းညှစ်ထုတ်ဖယ်ရှားပေးပါ။ နှာခေါင်းထဲက ချွဲသလိပ်တွေကို ဖယ်ရှားတာက နှာစေးနှာပိတ်တာကို သက်သာစေမယ့်အကောင်းဆုံးသောနည်းလမ်းတစ်ခုပါ။ တစ်သျှူးစနုနုလေးသုံးပြီး နှာခေါင်းထဲက ချွဲသလိပ်တွေကိုဖြည်းဖြည်းချင်းဖယ်ရှားပေးပါ။ တကယ်လို့များနှာရည်တွေက တစ်စက်စက်ကျနေမယ်ဆိုရင် တစ်သျှူးစလေးတွေကို လုံးပြီး နှာခေါင်းမှာ စို့ထားပေးလို့ရပါတယ်။ နှာစေးနှာပိတ်နေတဲ့အခါ ပါးစပ်ကနေ အသက်ရှုပေးပါ။

ရေဓါတ်ပြည့်ဝအောင်လုပ်ပေးပါ –ရေနွေးသောက်တာရေသောက်တာနဲ့ စွပ်ပြုတ်သောက်တာလိုမျိုး ခန္ဓါကိုယ်ကိုရေဓါတ်ဖြည့်ပေးနိုင်မယ့်သောက်စရာတွေကို များများသောက်ပေးပါ။ ဒီလိုသောက်ပေးတာက ကိုယ်ခံအားကိုကောင်းလာစေပြီး ခပ်နွေးနွေးဖြစ်တဲ့အရာတွေကိုသောက်ပေးတာက ချွဲတွေကိုပျော်သွားစေပြီး နှာစေးနှာပိတ်တာကိုမြန်မြန်သက်သာစေမှာပါ။

ကောင်းကောင်းအနားယူပေးပါ – လူတစ်ယောက်ကျန်းမာနေဖို့အတွက် အိပ်စက်မှုကတော်တော်လေးအရေးပါပါတယ်။ ဒါကြောင့် ခန္ဓါကိုယ်မှာနေထိုင်မကောင်းတဲ့အခါပြည့်ပြည့်ဝဝအနားယူအိပ်စက်ပေးဖို့ကိုမေ့မထားသင့်ပါဘူး။ ဒါကြောင့်နှာစေးနှာပိတ်တာတွေဖြစ်တဲ့အခါမှာလည်းကောင်းကောင်းအိပ်စက်အနားယူပေးပါ။

ရေနွေးဝတ်ကပ်ပေးပါ – နှာစေးနှာပိတ်နေတဲ့အခါ နှာခေါင်းနဲ့နဖူးပေါ်ကိုရေနွေးဝတ်ကပ်ပေးတာက ချွဲတွေကိုပျော်စေပြီးနေရထိုင်ရသက်သာစေနိုင်ပါတယ်။ တစ်နေ့တာမှာ သတိရတိုင်း မျက်နှာကိုရေနွေးဝတ်ကပ်ပေးပါ။

ရေနွေးငွေ့ခံပေးပါ – နှာခေါင်းပိတ်တဲ့အခါ အလွယ်ကူဆုံးနည်းလမ်းကရေနွေးငွေ့ခံပေးပါ။ အဝကျယ်ရေဇလုံတစ်ခုထဲမှာရေနွေးထည့်ပြီးရေခပ်နွေးနွေးအချိန်မှာရေနွေးငွေ့ခံပေးပါ။ ပိုပြီးထိရောက်ချင်ရင်တော့ခေါင်းကိုတဘက်လေးနဲ့အုပ်ထားပြီးရေနွေးငွေ့ခံပေးပါ။ နှာခေါင်းထဲက ပိတ်ဆို့နေတဲ့ ချွဲသလိပ်တွေကိုပျော်စေမှာပါ။

Nasal spray (နှာခေါင်းဖြန်းဆေး) သုံးပေးပါ – ဒီနည်းကနှာစေးနှာပိတ်တာကို အမြန်ဆန်ဆုံးနဲ့ အထိရောက်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ်။ Nasal spray က နှာခေါင်းထဲက ချွဲသလိပ်တွေကိုဖယ်ရှားပေးပြီး အသက်ရှုရအဆင်ပြေစေမှာပါ။Nasal spray သုံးတာရဲ့ အကောင်းဆုံးအားသာချက်ကတော့ နှာခေါင်းပိတ်တာ၊ နှာရည်ယိုတာနဲ့ အသက်ရှူမရဖြစ်နေတာတွေကို ချက်ခြင်းသက်သာစေနိုင်တာပါ။

အိပ်တဲ့အခါခေါင်းကိုခပ်မြင့်မြင့်လေးထားပေးပါ – နှာခေါင်းပိတ်တာကြောင့် အိပ်စက်ရတာ အနှောင့်အယှက်ဖြစ်တဲ့သူတွေအနေနဲ့ ညဘက်အိပ်တဲ့အခါခေါင်းကိုခပ်မြင့်မြင့်လေးထားပေးပါ။ ဒီလိုလုပ်ပေးတာက နှာခေါင်းပိတ်တာကြောင့် အသက်ရှုရခက်ပြီး အိပ်ရေးပျက်တာကို သက်သာစေနိုင်ပါတယ်။

ရေနွေးနဲ့ရေချိုးပေးပါ – နှာခေါင်းပိတ်တဲ့အခါ နှာစေးတဲ့အခါ အအေးတွေများနေလို့ဖြစ်မယ်။ ရေမချိုးနဲ့လို့ပြောတာကြားဖူးမှာပါ။ ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ နှာစေးနှာပိတ်တဲ့အခါရေခပ်နွေးနွေးလေးနဲ့ရေချိုးပေးတာက နှာစေးနှာပိတ်တာကို သက်သာစေနိုင်သလို အသက်ရှုလမ်းကြောင်းမှာရှိနေတဲ့ ပိုးတွေကိုသေစေနိုင်ပြီး အသက်ရှုရပိုအဆင်ပြေစေမှာပါ။

ဒီနည်းလေးတွေသုံးပြီး နှာစေးနှာပိတ်တာကို အမြစ်ပြတ်ဖယ်ရှားပြီး စမတ်ကျကျနေ့လေးတစ်နေ့ကို ပိုင်ဆိုင်လိုက်ပါနော်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 18, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019

ရင်းမြစ်များ