backup og meta

ချက်တစ်ဝိုက်က အောင့်နေတယ်။ ဘာကြောင့်များလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချက်တစ်ဝိုက်က အောင့်နေတယ်။ ဘာကြောင့်များလဲ။

    လူတော်တော်များများ ချက်တစ်ဝိုက်က နာကျင်တာ၊ အောင့်တာကို တော်တော်များများ ခံစားဖူးကြမှာပါ။ တစ်ခါတစ်လေမှာ ဒီလို ချက်တစ်ဝိုက် အောင့်တာ၊ နာတာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေရဲ့ လက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။

    ဒီလို ချက်တစ်ဝိုက်က အောင့်တဲ့အခါ အကောင်းဆုံး နည်းလမ်းက ဆရာဝန်ကို သေချာပြောပြပြီး ဆွေးနွေးတာပါ။ ဒါမှ စိုးရိမ်ရတဲ့ အနေအထားလား၊ မဖြစ်မနေ ကုသမှုခံယူဖို့ လိုတဲ့ အနေအထားလား ဆိုတာကို သေချာ သိရှိနိုင်မှာ ဖြစ်ပါတယ်။

    ဒါတွေကြောင့် ချက်တစ်ဝိုက်မှာ နာကျင်တာဖြစ်နိုင်ပါတယ်

    ချက်တစ်ဝိုက်မှာ နာကျင်ရတဲ့ အကြောင်းအရာက တစ်ချက်မက ရှိနေနိုင်ပါတယ်။ ဒါတွေကတော့

    ကိုယ်ဝန် ရှိနေတာ –  အမျိုးသမီးတွေ အနေနဲ့ ချက်တစ်ဝိုက်မှာ နာကျင်နေမယ်။ အိမ်ထောင်လည်း ရှိနေမယ်ဆိုရင် ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်ပါတယ်။

    အချို့သော ကျန်းမာရေးပြဿနာတွေ – အစာမကြေတာကစလို့ အူအတက်ရောင်တာ၊ အစာခြေစနစ် ပြဿနာရှိနေတာကြောင့်လည်း ချက်တစ်ဝိုက်မှာ နာကျင်နေနိုင်ပါတယ်။

    ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲ ပြဿနာ – ဝမ်းဗိုက်ခွဲစိတ်မှု ခံယူထားသူတွေမှာလည်း ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ အနေနဲ့ ချက်တစ်ဝိုက်မှာ နာကျင်တာ၊ အောင့်တာတွေကို ခံစားရနိုင်ပါတယ်။

    ဝမ်းချုပ်တာ –  ဝမ်းချုပ်တာကလည်း သင့်ကို ချက်တစ်ဝိုက်နာကျင်တာ၊ အောင့်တာတွေ ဖြစ်စေနိုင်ပါတယ်။

    ဘာကြောင့် ချက်တစ်ဝိုက်က နာကျင်နေရတာလဲ။ တိတိကျကျ အဖြေထုတ်ရအောင်

    အနာ သိရင် ဆေးရှိပါတယ်။ ဒါကြောင့် ချက်တစ်ဝိုက်က အောင့်တဲ့အခါ ဘာကြောင့် အောင့်ရတာလဲဆိုတာကို သေသေချာချာ သိရအောင် အဖြေထုတ်ကြည့်ရအောင်လား …….

    အာမကြေတဲ့အခါ ဗိုက်ထဲက အောင့်တာ၊ နာကျင်တာ၊ ရင်ပူသလို ခံစားရတာ၊ ရင်ခေါင်းအောင့်တာ၊ ချက်တစ်ဝိုက်က အောင့်တာ၊ နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။ အစာမကြေတဲ့အခါ ပုံမှန် အိမ်တွင်းကုထုံးတွေနဲ့ သက်သာအောင် လုပ်လို့ရသလို အစာကြေဆေး စားတာမျိုး လုပ်ပေးလို့ရပါတယ်။

    အစာမကြေတဲ့အခါ ချက်အပေါ်တစ်ဝိုက်နားက အောင့်တာ၊ နာတာမျိုး ခံစားရနိုင်ပါတယ်။

    ချက်တစ်ဝိုက်မှာ အရမ်းမပြင်းထန်ဘဲ အောင့်တာမျိုးက စိုးရိမ်စရာမလိုပါဘူး။ တကယ်လို့ ချက်တစ်ဝိုက်ကလည်း အောင့်နေမယ်၊ အမျိုးသမီးလည်း ဖြစ်နေမယ်။ အိမ်ထောင်လည်းရှိတယ်။ အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲ ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ ဆီးစစ်တာမျိုး လုပ်ဖို့လိုပါမယ်။ ဒီလို အောင့်နေတာက ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်တာကြောင့်ပါ။

    ကိုယ်ဝန်ရှိနေတဲ့အခါ

    • ချက်က စူစူလေးဖြစ်နေမယ်
    • ချက်တစ်ဝိုက် ရောင်ရမ်းနေမယ်
    • ချက်တစ်ဝိုက်၊ ချက်ထဲက နာနေမယ်
    • ကိုယ်လက် မအီမသာဖြစ်မယ်
    • အော့အန်မယ်ဆိုရင်တော့ ကိုယ်ဝန်ရှိနေတာဖြစ်နိုင်ပါတယ်။
    • ဝမ်းချုပ်ခြင်း

    ဝမ်းချုပ်တာက လူ ၃ ယောက်မှာ တစ်ယောက်လောက် ခံစားရတဲ့ ဝမ်းဗိုက် ပြဿနာပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် ခံစားရနိုင်ပါတယ်။ ဝမ်းချုပ်တာက ခဏတဖြုတ်ဆိုရင် ပြဿနာ ကြီးကြီးမားမား မရှိပေမယ့် အချိန်ကြာလာမယ်ဆိုရင်တော့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

    ဝမ်းချုပ်တာကို ၂ လနီးပါးလောက် ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ မဖြစ်မနေ သွားပြဖို့ လိုပါမယ်။

    ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲ ပြဿနာ

    ချက်တစ်ဝိုက်က နာကျင်ရတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတစ်ခုက ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲပြဿနာပါ။ ခွဲစိတ်ထားတဲ့ ချုပ်ရိုး အနာကျက်ဖို့ စောင့်ရတဲ့အချိန်မှာ အခုလို နာကျင်တာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခွဲစိတ်ပြီးတဲ့အခါ ဆရာဝန် ညွှန်ကြားတဲ့ အကိုက်အခဲပျောက်ဆေးကို သေချာလေး သောက်စေချင်ပါတယ်။

    ဒါပေမယ့် ဒီလို နာကျင်မှုနဲ့အတူ အခုပြောတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင်တော့ ဆရာဝန်နဲ့ သွားပြစေချင်ပါတယ်။

    ဒါတွေအပြင် 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement