brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ယာယီ အမြင်အာရုံဆုံးရှုံးမှု ဝေဒနာမခံစားရဖို့ဆိုရင်

ယာယီ အမြင်အာရုံ ဆုံးရှုံးမှု (Temporary Blindness) ဆိုတဲ့ ဝေဒနာဟာ လူတိုင်းမှာဖြစ်နိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပြီးတော့ အသက်အရွယ်မရွေးမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ရှားပါးတဲ့ ဝေဒနာတစ်မျိုးဖြစ်ပေမယ့် ကျန်းမာရေးအခြေအနေ တစ်မျိုးမျိုးနဲ့ ဆပ်စပ်ပြီး ဖြစ်ပွားနိုင်ခြေရှိတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။

ယာယီ အမြင်အာရုံဆုံးရှုံးမှု ဝေဒနာမခံစားရဖို့ဆိုရင်

များသောအားဖြင့် Temporary Blindness ဟာ ခေါင်းကိုက်မှုနဲ့ ဆက်စပ်နေလေ့ရှိပါတယ်။ Temporary Blindness ဖြစ်စေနိုင်တဲ့ အကြောင်းပြချက် အများအပြားရှိပေမယ့် ခေါင်းကိုက်ဝေဒနာဟာ အဖြစ်အများဆုံး အဓိက အကြောင်းအရင်းတမျိုးပါ။ ယာယီ အမြင်အာရုံမဆုံးရှုံးခင်မှာ ခေါင်းအလွန်အကျွံကိုက်လေ့ရှိပါတယ်။

ကိုယ့်မှာရှိနေတဲ့ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်

Temporary Blindness ဝေဒနာဟာ ကိုယ့်မှာရှိနေတဲ့ ရောဂါဝေဒနာအခံတွေကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။ ဒါတွေကတော့ …

ဒီလို ယာယီ အမြင်အာရုံဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်တဲ့ ရောဂါတစ်ချို့ ကိုယ့်မှာရှိနေပြီဆိုရင် သတိထားဖို့ လိုအပ်ပါတယ်။

ဘာကြောင့်ဖြစ်သလဲ

ရုတ်တရက် အမြင်အာရုံဆုံးရှုံးပြီး ဘာမှမမြင်ရဖြစ်ရတာဟာ မျက်လုံးဆီ စီးဝင်တဲ့ လည်ပင်းက သွေးလွှတ်ကြောတွေဆီကို သွေးတွေ လုံလောက်စွာ မဆီးစင်းတော့တာကြောင့် ဒါမှမဟုတ် မျက်ကြည်လွှာထဲက သွေးလွှတ်ကြောတွေ ခဲသွားတာတွေကြောင့် ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးကို မျက်စိနှစ်ဘက်လုံး ဒါမှမဟုတ် တစ်ဘက်တည်းလည်း ခံစားရနိုင်ပါတယ်။ Temporary Blindness ဖြစ်တာဟာ နှလုံးဖောက်ပြန်တာ ဒါမှမဟုတ် လေဖြတ်တာဖြစ်ဖို့ နီးစပ်တဲ့ ရှေ့ပြေးလက္ခဏာအခြေအနေလို့ မှတ်ယူထားကြပါတယ်။

ပုံမှန်အားဖြင့် ယာယီ အမြင်အာရုံဆုံးရှုံးတာဟာ မိနစ် ၂၀ ကနေ နာရီဝက်လောက်အထိပဲ ကြုံရလေ့ရှိပါတယ်။ မိမိရဲ့ မြင်ကွင်းကို အမည်းရောင် ကန့်လန့်ကာနဲ့ ကာကွယ်ထားသလို ဖြစ်နေမှာဖြစ်ပါတယ်။ လိုအပ်တဲ့ ကုသမှုတွေ အလျှင်အမြန်မပြုလုပ်ဖူးဆိုရင် အမြဲတမ်း အမြင်အာရုံဆုံးရရှုံးတာမျိုးအထိ ဖြစ်နိုင်ချေရှိပါတယ်။

နောက်ထပ် အရေးပါတဲ့ အချက်တစ်ချက်က ရုတ်တရက် အမြင်အာရုံဆုံးရှုံးမှုကြုံတိုင်း ယာယီ အမြင်အာရုံဆုံးရှုံးမှုလို့ မှတ်ယူလို့ မရနိုင်ပါဘူး။ တစ်ခါတစ်ရံမှာ အမြဲတမ်း အမြင်အာရုံဆုံးရှုံးတာမျိုးအဖြစ် ဖြစ်နိုင်တာမို့ နီးစပ်ရာကျန်းမာရေးဌာနတွေဆီ သွားရောက်ပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

Temporary Blindness ဟာ ရောဂါအခြေအနေပေါ်မူတည်ပြီး ကုသပုံ မတူညီတတ်ကြပါဘူး။ ဒါကြောင့်လည်း ဆေးရုံဆေးခန်းကို အလျှင်အမြန် သွားရောက်ကုသမှု ခံယူဖို့ မဖြစ်မနေလိုပ်တဲ့ ဝေဒနာမျိုးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးတွေမှာဆိုရင်တော့ Aspirin ဒါမှမဟုတ် Blood thinner လိုဟာမျိုးတွေနဲ့ တိုက်ကျွေးလို့ရနိုင်ပါတယ်။

Temporary Blindness ကို ဘယ်လိုကာကွယ်မလဲ

Temporary Blindness ဝေဒနာမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတချို့ရှိပါတယ်။ အထူးသဖြင့်တော့ ဆေးလိပ်သောက်သုံးတာ၊ ဆေးလိပ်ငွေ့နဲ့ နီးစပ်တဲ့နေရာတွေမှာ မကြာခနရှိနေတတ်တာတွေကို ရှောင်ကျဉ်ဖို့ပါပဲ။

ဒါ့အပြင် သွေးတွင်း ကိုလက်စထရော ပမာဏ မြင့်မားမှုမရှိအောင် ထိမ်းသိမ်းတာ၊ သွေးတိုးဝေဒနာမဖြစ်ပေါ်အောင် ဂရုစိုက်နေထိုင်တာ၊ ဆီးချိုမတက်အောင် ထိမ်းသိမ်းတာတွေပြုလုပ်ဖို့လည်း အရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ်နည်းပါးအောင်လည်း ဂရုစိုက်ရမှာဖြစ်ပြီးတော့ ကိုယ်အလေးချိန် လျှော့ချပြီး ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်တာမျိုးတွေလည်း လုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Ye Zon Aung · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။