မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

အမြင်အာရုံ ကြည်လင်နေဖို့ ထူးထူးထွေထွေ ဂရုစိုက်စရာ မလိုဘူးဆိုပေမယ့် တချို့သော မျက်စိရောဂါတွေ ဖြစ်မလာအောင်၊ မျက်လုံး မထိခိုက်အောင် လိုက်နာရမယ့် အချက်တွေ၊ ဆင်ခြင်ရမယ့် အချက်လေးတွေ ရှိပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

အဝေးမှုန်စေနိုင်တဲ့ အရာများ

အနီးဆိုရင် ကောင်းကောင်း မြင်ရတယ် နည်းနည်း လှမ်းသွားရင် စာလုံး အကြီးကြီးတွေဆို မြင်ရပေမယ့် စာလုံး  ဆိုဒ်သေးရင် မမြင်ရတော့ဘူး ဆိုပြီး ဖြစ်နေပြီလား! ဒါဆိုရင်တော့ အဝေးမှုန်နေတာ ဖြစ်နိုင်ပါတယ်။ ဒီလို အဝေးမှုန်ရတာက ဘာတွေကြောင့်လဲဆိုတာကို သိရှိပြီး ဆင်ခြင်လို့ရမယ့် အရာတွေရှိရင် ဆင်ခြင်နိုင်စေဖို့အတွက် အဝေးမှုန်စေနိုင်တဲ့ အရာများ အကြောင်း ပြောပြပေးလိုက်ရပါတယ်။ https://hellosayarwon.com/healthy-eating/special-diets/best-foods-for-myopia/ အဝေးမှုန် ဆိုတာ အဝေးမှုန်တယ်ဆိုတာက အမြင်အာရုံ ပြဿနာ တစ်ခုပါ။ အနီးအနားမှာ ရှိတာတွေကို ကောင်းကောင်းမွန်မွန် သဲသဲကွဲကွဲ မြင်ရပေမယ့် အဝေးက အရာတွေကိုတော့ မျက်လုံးရဲ့ ရောင်ပြန်ဟပ်မှု မှားယွင်းတာကြောင့် တိကျပြတ်သားစွာ မမြင်ရတာ  ဝါးတားတား ဖြစ်တာမျိုးတွေကို ခံစားရနိုင်တဲ့ အခြေအနေပါ။ အဝေးမှုန်တာ အဖြစ်များသလား! အဝေးမှုန်တာက တော်တော်လေး အဖြစ်များပါတယ်။ အယောက် ၁၀၀ မှာ ၃၀% လောက် […]

မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း ကို ရှာဖွေမည်။

မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

မျက်စိနှစ်ကွင်း အလင်းမရသူတစ်ယောက်ရဲ့ အတွေး၊ အမြင်တွေထဲမှာ ဘာတွေရှိနေမလဲ

အမြင်အာရုံဆုံးရှုံးနေတဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ အရာရာ ခက်ခဲလှပါတယ်။ သာမန်လူတွေအကြားမှာ ဘဝကို လမ်းကြောင်းမှန်ပေါ်ကနေ မချော်ထွက်သွားအောင် ရပ်တည်ရှင်သန်နေထိုင်နေကြတဲ့ မျက်စိနှစ်ကွင်း အလင်းမရသူတွေဟာ အထင်ကြီးလေးစားဖွယ် ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်။ မျက်စိနှစ်ကွင်း အလင်းမရတဲ့ လူတစ်ယောက်ရဲ့ အတွေးတွေထဲမှာ ဘာတွေရှိနေမလဲ? ဒီလိုအတွေးမျိုး သင်တွေးမိဖူးရဲ့လား? သူတို့ ဘယ်လိုခံစားနေကြရသလဲ? သူတို့က လုံးဝ အမြင်အာရုံ ကွယ်ပျောက်သွားတာလား? တချို့တလေသော အရာတွေကို မြင်တွေ့ရနိုင်သလား? သူတို့ရဲ့ ဘဝကို တွေးဝင်ခံစားကြည့်ကြရအောင်။ အမြင်အာရုံဆုံးရှုံးနေသူတွေဟာ ဘယ်လိုသိရှိနိုင်ကြသလဲ? ဒီကိစ္စက ယေဘုယျဆန်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ သာမန် အမြင်အာရုံပြည့်စုံနေသူတစ်ယောက်အနေနဲ့ အမြင်အာရုံချို့တဲ့နေသူတစ်ဦးရဲ့ ရှုမြင်ပုံ၊ ခံစားပုံ၊ သိရှိနိုင်ပုံတွေကို နားလည်နိုင်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ အမြင်အာရုံချို့တဲ့နေသူအများစုဟာ ရောဂါအခြေအနေ အနုအရင့်နဲ့ နက်ရှိုင်းမှုအပေါ်မူတည်ပြီး အာရုံခံနိုင်စွမ်း သိရှိနိုင်စွမ်းလည်း ကွာခြားလေ့ရှိပါတယ်။ ဒါပေမယ့် သာမန်လူတွေနဲ့ တူညီတဲ့အချက်ကတော့ ဦးနှောက်ဟာ အချက်အလက်တွေကို […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

ပါဝါနဲ့ ဆလင်ဒါကို လျှော့နိုင်မယ့် မျက်စိကျန်းမာရေး အကြံပြုချက်(၆) ချက်

မျက်စိ ပါဝါနဲ့ ဆလင်ဒါ ဆိုတာ မျက်စိစမ်းသပ်တဲ့အခါတိုင်း မျက်စိဆရာဝန်ဆီက ကြားရလေ့ရှိတဲ့ အသုံးအနှုန်းတွေပါ။ ပါဝါ ဘယ်လောက်ရှိတယ်၊ ဆလင်ဒါရှိတယ် ဆိုတာတွေကို မျက်မှန်လုပ်ဖို့အတွက်လောက်ပဲ သိထားကြပါတယ်။ တချို့ဆို စစ်ဆေးချက်ကိုတောင် မကြည့်ဘဲ မျက်မှန်ဆိုင်ကို စာရွက်ထိုးပြပြီး အပ်လိုက်တာပဲ။ မျက်စိပါဝါဆိုတာ အနီးမှုန်နဲ့ အဝေးမှုန်ကို တိုင်းတာတဲ့ရလဒ်ဖြစ်ပြီး မျက်စိစမ်းသပ်တဲ့အခါ Sphereလို့ဖော်ပြပါတယ်။မျက်စိပါဝါကို diopters (D) unit နဲ့တိုင်းပါတယ်။ Sphere မှာ (+) လက္ခဏာ သို့မဟုတ် ဘာလက္ခဏာမှမပါဘဲ ဆိုရင် အနီးမှုန်(farsighted) ပါဝါကိုဖော်ပြပြီး (-) နဲ့ဆိုရင် အဝေးမှုန်(nearsighted) ပါဝါဖြစ်ပါတယ်။ Hyperopia လို့ ခေါ်ကြတဲ့Farsighted (အနီးမှုန်ခြင်း) ဆိုတာ အဝေးက ပစ္စည်းတွေကို ကွဲပြားစွာ မြင်နိုင်ပေမယ့် အနီးကပစ္စည်းတွေ မမြင်နိုင်ခြင်းကို ဆိုလိုပါတယ်။ အနီးမှုန်ခြင်းက အာရုံစူးစိုက်မှုကို […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

ကြည့်လေရာ မြင်ကွင်းတိုင်း ဘာကြောင့် ဝါးနေရတာလဲ ။ ။

အိပ်ရာနိုးလာလို့ မျက်လုံးဖွင့်ပြီး ကြည့်လိုက်တာနဲ့ ကိုယ်ကြည့်တဲ့ မြင်ကွင်းက ကြည်မနေရင် လူတိုင်း စိတ်ရှုပ်ကြရပါတယ်။ မျက်လုံးကောင်းနေတဲ့အချိန်တုန်းကတော့ မျက်လုံးရဲ့ အရေးကြီးပုံကို သတိမထားပေမယ့်လည်း ချို့ယွင်းချက်ဖြစ်ပြီဆိုရင်တော့ တကယ်ကို စိတ်ရှုပ်ရတဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ မျက်လုံးက ထိပ်ဆုံးက ပါပါတယ်။ ဒီဆောင်းပါးထဲမှာ ကြည့်လေရာ မြင်ကွင်းတိုင်းကို မှုန်ဝါးစေတဲ့ မျက်လုံး ပြဿနာတွေ အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ။ ကြည့်လေရာ မြင်ကွင်းတိုင်း ဘာကြောင့် ဝါးနေရတာလဲ ။ ။ Myopia ( အဝေးမှုန်ခြင်း) – ဒီ အဝေးမှုန်တဲ့ ပြဿနာဟာ မျက်လုံး တစ်ဖက်တည်းဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ်ကို ပြဿနာတက်စေနိုင်တဲ့အရာပါ။ အဝေးတစ်နေရာရှိနေတဲ့ အရာကို ပြတ်သားစွာ မမြင်ရတော့တဲ့ သူတွေဟာ ငယ်ငယ်တည်းက အရာဝတ္တုတစ်ခုကို အရမ်းအနီးကပ်ပြီး ကြည့်လေ့ရှိသူတွေနဲ့ အဝေးမှုန်တဲ့ ပြဿနာ မိဘမျိုးရိုးရှိတဲ့သူတွေ […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ

မျက်လုံးတွေ ကြည့်လို့ မကောင်းဘူး၊ ရီဝေဝေနဲ့ရယ်။ စာဖတ်လို့လည်း အဆင်မပြေဘူး။ ကြည့်ရတာ အားမရဘူး ဆိုတာ မကြာခဏ ကြားရပါတယ်။ အကြောင်းရင်းတွေက အများကြီး ရှိနိုင်တယ်နော်။ မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။ မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ ဆိုတော့ မျက်မှန်လိုနေပြီ မျက်စိအသုံးပြုရတာများလို့ အပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် အဝေးမှုန်၊ အနီးမှုန် မျက်စိပါဝါတွေရှိလာတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ မျက်စိကျန်းမာရေးစစ်ဆေးပြီး မျက်မှန်လုပ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ မျက်စိညောင်းနေတာဖြစ်နိုင်တယ် တီဗီ၊ ကွန်ပျူတာ သို့မဟုတ် ဖုန်းကို အကြာကြီး ကြည့်နေတတ်တဲ့သူလား။ ဒီလိုကြည့်တဲ့အခါ မျက်တောင်ခတ်တာနည်းတတ်ပါတယ်။ မျက်တောင်တစ်ခါခတ်တိုင်းမှာ မျက်လုံးထဲမှာ မျက်ရည်တွေကဖြန့်ကြက်ပြီး အစိုဓါတ်ပေးနိုင်တယ်၊လန်းဆန်းစေတယ် ။ ဒါ့ကြောင့် မျက်စိမညောင်းရအောင် ဒီလိုအကြာကြီးကြည့်တဲ့အခါ မကြာခဏမျက်တောင်ခတ်ဖို့ကို မမေ့ပါနဲ့။ အသက်ကြီးလာလို့ အသက် ၄၀လောက်ရောက်တဲ့အခါ […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

အမြင်အာရုံချို့ယွင်းခြင်းဆိုတာဘာလဲ

အမြင်အာရုံချို့ယွင်းခြင်းသည် မျက်ကြည်လွှာပုံစံပြဿနာကြောင့် မျက်လုံးပြဿနာဖြစ်ခြင်းဖြစ်သည်။ အမြင်ချို့ယွင်းခြင်းတစ်ဖက်ကိုမကုသပါက မျက်လုံးေဝဝါးခြင်း သို့မဟုတ် လေးဇီးအိုင်းဖြစ်လာစေနိုင်သည်။ အမြင်အာရုံချို့ယွင်းခြင်းဆိုတာဘာလဲ။ ပုံမှန်မျက်လုံးသည် ဘောလုံးတစ်လုံးကဲ့သို့ဝိုင်းပြီး မျက်ကြည်လွှာက ညီမျှစွာခုံးနေသည်။ ထိုသို့ခုံးပေးထားခြင်းကြောင့် မျက်လုံးအနောက်တွင်အလင်းကိုစုဆုံစေကာ ပုံရိပ်ပေါ်စေသည်။ မျက်လုံးအမြင်အာရုံချို့ယွင်းခြင်းသည် အလင်းသွားစုံဆုံခြင်းကိုပြောင်းလဲစေသည်ထိုသို့ပြောင်းလဲခြင်းကြောင့် အနီးအဝေးရှိပစ္စည်းများ ဝါးခြင်း ရှုပ်ထွေးခြင်းများဖြစ်လာနိုင်သည်။ ပုံစံ။ အမြင်အာရုံပျက်စီးခြင်းပုံစံနှစ်မျိုးရှိသည်။ မျက်ကြည်လွှာနှင့် မျက်စိမှန်ဘီလူးကြောင့်ဖြစ်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ မျက်ကြည်လွှာ အမြင်အာရုံချို့ယွင်းခြင်းသည် မျက်ကြည်လွာပုံစံ မမှန်ခြင်းကြောင့်ဖြစ်ပြီး မှန်ဘီလူး ပုံစံမမုန်က အခြားဟာကိုဖြစ်စေသည်။ ဖြစ်စေသောအကြောင်း။ ဖြစ်စေသော အကြောင်းအတိအကျကို မသိသေးပါ။ မျိုးရိုးဗီဇကြောင့်အဓိကဖြစ်နိုင်သည် သို့သော် အသက်ကြီးလာသည်အမျှမျက်လုံးထိခိုက်ခြင်း သို့မဟုတ် မျက်လုံးခွဲစိတ်ခြင်းကြောင့်လည်းဖြစ်လာနိုင်သည်။ မျက်လုံးချို့ယွင်းခြင်း သည် အဝေးမှုန်ခြင်းအနီးမှုန်ခြင်းတို့မှစလာနိုင်သည်။ ရောဂါလက္ခဏာများ ရောဂါရှာဖွေခြင်း နှင့်ကုသခြင်းများ။ အဝေးမှပစ္စည်းကိုအမြင်ဝါးခြင်းသည် အဓိကလက္ခဏာဖြစ်သည်။ အခြားလက္ခဏာများဥပမာ မျက်ရိုးကိုက်ခြင်း မျက်လုံးစွေခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးယားခြင်းတို့ဖြစ်လာနိုင်သည်။ ထိုလက္ခဏာများဖြစ်ပါက ဆရာဝန်နဲ့တိုင်ပင်ပြီး ဖြစ်စေသော ပြဿနာကိုရှာသင့်သည်။ မျက်လုံးကိုစမ်းသပ်ခြင်း သည် အမြင်ပြဿနာကိုစမ်းသပ်ရန် ပြုလုပ်ဖို့လိုအပ်သည်။ ကုသမှုပုံစံနှစ်မျိုးအဓိကရှိသည်။ မှန်ဘီလူးပြင်ခြင်း။ အသုံးအများဆုံးကုထုံးဖြစ်သည်။ […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

Age-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Age-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း) ဆိုတာ ဘာလဲ အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း ဆိုတာ မြင်ကွင်းအလယ်မှာ မှုန်နေတာ သို့မဟုတ် လုံးဝမမြင်ရတဲ့ ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်ပါတယ်။ Age-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီအခြေအနေဟာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAge-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း (ARM) အမျိုးမျိုးရှိပြီး ရောဂါလက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ ပုံမှန်အားဖြင့် အစပိုင်းမှာ မြင်ကွင်းအလယ် မှုန်ဝါးတာကနေ အမည်းကွက်ကြီးအထိ ဖြစ်လာနိုင်ပါတယ်။ တခြားလက္ခဏာတွေကတော့   အရောင်တွေခွဲခြားနိုင်စွမ်းပျောက်ဆုံးခြင်း အမြင်မကြည်လင်ခြင်း ပုံရိပ်ဖျော့နေခြင်း သို့ ထပ်နေခြင်း အနီးမှုန်၊ အဝေးမှုန် နှင့် ပြတ်သားမှုမရှိခြင်း   အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ တခြားလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

Nearsighted (အဝေးမှုန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Nearsighted (အဝေးမှုန်ခြင်း) ကဘာလဲ။ Myopia လို့လည်းသိထားကြသည့် အဝေးမှုန်ခြင်းသည် အမြင်အာရုံနဲ့ဆိုင်သည့် ရောဂါတစ်မျိုးဖြစ်ပြီး အနီးနားက ပစ္စည်းများကို ပြတ်သားစွာ မြင်ရသော်လည်း အဝေးမှ အရာတွေကိုတော့ မမြင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါသည်။ အဝေးမှုန်ပြီဆိုလျှင် အဝေးမှအရာဝတ္ထုများကို တွေ့မြင်နိုင်ရန် ခက်ခဲလေ့ရှိပါသည်။ ဥပမာအားဖြင့် ကားလမ်းမပေါ်မှ သင်္ကေတဆိုင်းဘုတ်များကို သုံး၊ လေးပေအကွာရောက်မှ သေချာမြင်နိုင်တာမျိုး ဖြစ်သည်။ ဒီအခြေအနေသည် တဖြည်းဖြည်း သို့မဟုတ် လျင်မြန်စွာ ဆိုးဝါးနိုင်ပြီး ကလေးဘဝနှင့် ကြီးကောင်ဝင်ချိန်တွေမှာ ပိုဆိုးလာတတ်ပါသည် Nearsighted (အဝေးမှုန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဤကျန်းမာရေးအခြေအနေသည် အသက် ၈ နှစ်မှ ၁၂ နှစ်အတွင်းရှိသူများမှာ အဖြစ်များတတ်သော်လည်း မည်သည့်အသက်အရွယ်မဆို ဖြစ်နိုင်ပါသည်။ ဝေဒနာဖြစ်စေနိုင်သည့် အကြောင်းရင်းများကို လျှော့ချခြင်းဖြင့် ၎င်းကိုထိန်းချုပ်နိုင်ပါသည်။ နောက်ထပ်သိလိုသည်များအတွက် သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများNearsighted (အဝေးမှုန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဝေးမှုန်ခြင်း၏ […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

မျက်စိမြင်နိုင်စွမ်းကျခြင်း

မျက်စိမြင်အားကျခြင်းက ကလေးငယ်တွေနဲ့ကလေးဘဝအစမှာ အမြင်အာရုံစူးရှမှုလျော့နည်းသွားခြင်း ဖြစ်ပါတယ်။ မျက်မှန်တပ်ခြင်း၊ မျက်ကပ်မှန်တပ်ဆင်ခြင်းက ဒီအခြေအနေအတွက် အသုံးမဝင်ပါဘူး။ အများစုမှာ မျက်လုံးတစ်ဖက်တည်းဖြစ်ပေမယ့် အမြင်ကျသွားခြင်းက နှစ်ဖက်လုံးမှာဖြစ်နိုင်ပါတယ်။ မကုသဘဲထားမယ်ဆိုရင် မြင်အားကျခြင်းကနေ မျက်စိကန်းတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ လက္ခဏာများ တစ်နှစ်အောက်ကလေးငယ်တွေနဲ့ ကလေးဘဝအစအမြင်အာရုံဖွံ့ဖြိုးမှုပြဿနာဖြစ်တာကြောင့် လက္ခဏာတွေကိုလွယ်လွယ်သတိမထားတတ်ပါဘူး။ ကလေးအများစုက အမြင်ဆိုင်ရာပြဿနာတွေကို သတိမထားမိတတ်ကြပါဘူး။ တစ်ဖက်မျက်လုံးအမြင်ကောင်းပြီး အခြားတစ်ဖက်ကမကောင်းပေမယ့် အခက်အခဲမရှိဘဲနေသားကျနေတတ်ကြပါတယ်။ မျက်လုံးမကြာခဏစွေသွားခြင်း သု့ိမဟုတ် ကောင်းကောင်းမြင်ရဖို့ခေါင်းစောင်းခြင်းစတဲ့ အမြင်အာရုံပြဿနာရှိတဲ့အခါမှာ မိဘတွေအနေနဲ့သတိပြုမိနိုင်ပါတယ်။ အချို့ကလေးတွေမှာ ရှုထောင့်သုံးခုကို ကြည့်ရာမှာအခက်ခဲဖြစ်နိုငိပါတယ်။ မိဘတစ်ယောက်အနေနဲ့ တစ်ချိန်တည်းမှာ မျက်လုံးတစ်ဖက်ကိုအုပ်ထားပြီး အခြားမျက်လုံးတစ်ဖက်ကိုဒီတိုင်းထားခြင်းဖြင့် ကလေးရဲ့အမြင်အာရုံအခြေအနေကိုမေးမြန်းကာ အိမ်မှာပဲပြုလုပ်ကြိုးစားနိုင်ပါတယ်။ ကလေးက မျက်လုံးတစ်ဖက်ကိုအုပ်ထားချိန်မှာ အနှောင့်အယှက်မဖြစ်ပေမယ့် နောက်မျက်လုံးတစ်လုံးကိုအုပ်ထားချိန်မှာ မသက်မသာဖြစ်မယ်ဆိုရင်တော့ မအုပ်ထားတဲ့မျက်လုံးက မြင်အားကျနေတယ်လို့ဆိုလိုပါတယ်။ ဒီရိုးရှင်းတဲ့နည်းလမ်းက ပြီးပြည့်စုံတဲ့စစ်ဆေးမှုတော့မဖြစ်နိုင်ပါဘူး။ မိဘတွေက ကလေးမျက်လုံးစစ်ဖို့အတွက် ချက်ချင်းဆရာဝန်နဲ့တွေ့ဆုံပြသသင့်ပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်းများ မျက်လုံးတစ်လုံးရဲ့ဆုံမှတ်က အခြားတစ်လုံးထက်ပိုကောင်းတဲ့အခါမှာ မျက်လုံးအမြင်ကျခြင်းဖြစ်ပါတယ်။ အကြောင်းရင်းပေါ်မူတည်ပြီး အမျိုးအစား၃မျိုးရှိပါတယ်။ နှစ်ထပ်မြင်ခြင်းနဲ့တွဲတဲ့မျက်စိအမြင်ကျခြင်းက အဖြစ်အများဆုံးအကြောင်းရင်းဖြစ်ပါတယ်။ မျက်လုံးနှစ်ဖက်မညီခြင်းက နှစ်ထပ်မြင်ခြင်းကိုဖြစ်စေပြီး မညီတဲ့မျက်လုံးကနေလာတဲ့အမြင်အာရုံကို ဦးနှောက်ကလျစ်လျူရှုလိုက်ပါတယ်။ မျက်လုံးအနေအထားက […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ကဘာလဲ။ အဝေးမှုန်ခြင်းသည် အဝေးမှအရာဝတ္ထုအားကောင်းမွန်စွာမမြင်နိုင်ခြင်းဖြစ်သည်။ သင့်တွင်အဝေးမှုန်ခြင်းရှိက အဝေးရှိအရာအားမြင်ရန်ခက်ခဲလိမ့်မည်။ဥပမာ အနည်းငယ်ကွာဝေးသောအဝေးပြေးလမ်းပြမှုများကိုမမြင်နိုင်ခြင်း။ဤအခြေအနေသည် ရုတ်ချည်းသို့မဟုတ် တဖြည်းဖြည်းချင်းဖြစ်တတ်သည်။ ကလေးငယ်နှင့် အရွယ်ရောက်ချိန်များတွင်ပို၍ဆိုးတတ်သည်။ Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ ဤရောဂါသည် အသက် ရှစ်နှစ်နှင့် ဆယ့်နှစ်နှစ်ကြားပိုဖြစ်တတ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများNearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဝေးမှုန်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အဝေးရှိအရာကိုကြည့်ပါက ဝါးခြင်း ရှင်းရှင်းလင်းလင်းမြင်နီုင်ရန် မျက်မှောင်ကျုတ်၍ကြည့်ရန်လိုအပ်ခြင်း မျက်စိကိုက်ခြင်းကြောင့်ခေါင်းကိုက်လာခြင်း ကားမောင်းချိန် များသောအားဖြင့်ညအချိန်များတွင်မြင်ရန်ခက်ခဲခြင်း         ကလေးတွင်ဖြစ်တတ်သောအဝေးမှုန်၏လက္ခဏာများမှာ တောက်လျောက်မျက်မှောင်ကုတ်နေခြင်း ရုပ်ရှင်ကြည့်ရာတွင် အနီးကပ်ကြည့်ရန်လိုအပ်ခြင်း သို့မဟုတ် စာသင်ချိန်တွင် ရှေ့ဆုံးတွင်ထိုင်ရန်လိုအပ်ခြင်း အဝေးမှရှိသောပစ္စည်းများကိုသတိမထားမိခြင်း မျက်တောင်ခဏခဏခတ်နေခြင်း မျက်လုံးခဏခဏပွတ်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါအခြေအနေများရှိပါကဆရာဝန်နှင့်ပြသပါ။ အဝေးကအရာကိုကောင်းမွန်စွာမမြင်နိုင်ခြင်းတို့ကြောင့် အလုပ်လုပ်ရန်ခက်ခဲခြင်း။ ပုံမှန်လှုပ်ရှားမှုကိုပါအနှောက်အယှက်ဖြစ်စေခြင်း။ သူ့မြင်ကွင်းအတွင်း အရိပ်တခုရုတ်တရက်ဖုံးလွမ်းသည်ခံစားရခြင်း။ အကြောင်းရင်းများNearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ကိုဘာတွေကဖြစ်စေသလဲ အဝေးမှုန်သည် သင့်မျက်စံရှည်လွန်းခြင်း မျက်ကြည်လွှာကွေးလွန်းခြင်း တို့ကြောင့် ပုံရိပ်အားမျက်စိကြောပေါ်သို့မစုဆုံပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ ပုံရိပ်အားမျက်စိကြောရှေ့တွင် စုဆုံစေပြီး ပုံရိပ်ဝါးခြင်းအားဖြစ်ပေါ်စေသည်။ ဖြစ်နိုင်ခြေများငါ့ဆီမှာ Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ အဝေးမှုန် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

Farsightedness (အနီးမှုန်)

Farsighted ဆိုတာဘာလဲ။ Farsighted ကို hyperopia လို့ ခေါ်ကြပြီးသူဟာ အဝေးက ပစ္စည်းတွေကို ကွဲပြားစွာ မြင်နိုင်ပေမယ့် အနီးကပစ္စည်းတွေ မမြင်နိုင်ခြင်းကို ဆိုလိုပါတယ်။ Farsighted ဟာ အာရုံစူးစိုက်မှုကို ထိခိုက်နိုင်ပါတယ်။ ရောဂါပြင်းထန်သူတွေမှာ အလွန်ဝေးတဲ့ အနေရာက ပစ္စည်းတွေကိုသာ မြင်ရပါတော့တယ်။ ဒီအခြေအနေဟာ အသက် အလွန်ငယ်စဉ်မှာအဖြစ်များပြီး မျိုးရိုးလိုက်နိုင်ပါတယ်။   Farsighted ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Farsighted ဟာ အမြင်အာရုံချို့ယွင်းတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ သူဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အများစုကတော့ ငယ်ရွယ်စဉ်မှာ ဖြစ်ကြပါတယ်။ အသက်ကြီးလာခြင်း (သို့) ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   ရောဂါလက္ခဏာများ။ Farsighted ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Farsighted ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အနီးမှ အရာဝတ္ထုတွေကို ဝါးနေခြင်း […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း