နားပြဿနာများ

နားပြဿနာများ ၊ ရောဂါလက္ခဏာများ၊ အဖြစ်များတဲ့ ရောဂါများ၊ ကုသနည်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို လေ့လာပြီး နားကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

နားပြဿနာများ

နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ!

နားယားတာက အတော်လေး ကသိကအောက် ဖြစ်စရာ ကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် တော်တော်များများက နားယားတာကို ပုံစံအမျိုးမျိုး အကြောင်းရင်းခံ အဖုံဖုံနဲ့ ကြုံဖူးကြမှာပါ။ အခုတစ်ခေါက်တော့ နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ ဆိုတာနဲ့ ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ! နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ နားပိုးဝင်တာ နားယားတယ်ဆိုတာက တစ်ခါတလေမှာ နားအတွင်းပိုင်းထဲကို ပိုးဝင်ကူးစက်တာကို ဖော်ပြနေတဲ့ လက္ခဏာ တစ်ခုပါ။ ဒီလိုမျိုး ပိုးဝင်တာကြောင့် နားယားတာက အစပိုင်းမှာ သိပ်မပြင်းထန်ပေမယ့် နောက်ပိုင်းမှာ ပိုဆိုးလာနိုင်ပါတယ်။ နားထဲကို ပိုးဝင်တာက နားယားတာနဲ့အတူ အဖျားဝင်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ နားထဲမှာ နားဖာချေးတွေရှိနေတာာ ဒါမှမဟုတ် နားထဲ ရေဝင်သွားမယ်ဆိုရင်လည်း နားပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။  […]

နားပြဿနာများ ကို ရှာဖွေမည်။

နားပြဿနာများ

အကြားအာရုံ ကျန်းမာစေမယ့် သဘာဝဓာတ်စာများ

အကြားအာရုံဆိုတာ အာရုံ ၅ ပါးထဲမှာ တစ်ပါးအပါအဝင်ဖြစ်ပြီးတော့ လူတိုင်းအတွက် အစားထိုးဖို့ခက်ခဲတဲ့ အရာတစ်မျိုးဖြစ်ပါတယ်။ ဒီနားအကြားအာရုံ ထိခိုက်မိပြီဆိုရင် အလုံးစုံပြန်လည်ကောင်းမွန်လာအောင် ကုသဖို့ ခက်ခဲပါတယ်။ လူအချင်းချင်း ဆက်သွယ်ကြရာမှာ နားနဲ့ အကြားအာရုံဟာ အဓိကအကျဆုံး ကြားခံအရာတစ်ခုဖြစ်ပေမယ့် တခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလောက်တော့ ဂရုစိုက်ခြင်း ခံရလေ့မရှိပါဘူး။ အကြားအာရုံ ဆုံးရှုံးသွားသူတွေအနေနဲ့ မူလအတိုင်း ပြန်လည်ကောင်းမွန်လာဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီလိုတန်ဖိုးရှိလှတဲ့ နားအကြားစွမ်းရည်ကို ဂရုတစိုက် ထိမ်းသိမ်းဖို့ လိုအပ်သလို အစဉ်အမြဲ ကျန်းမာအောင် စောင့်ရှောက်ပေးနေဖို့လည်း အရေးကြီးပါတယ်။ ခုဆောင်းပါးမှာတော့ လူတစ်ဦးချင်းစီရဲ့ နားအကြားအာရုံကို ပိုမိုကျန်းမာစေပြီး ရေရှည် ကောင်းမွန်နေအောင် ပံ့ပိုးပေးနိုင်မယ့် အာဟာရဓာတ်တွေနဲ့ အစားအစာတွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ သဘာဝတရားကြီးဟာ လူ့ခန္တာကိုယ်က အစိတ်အပိုင်းတွေတိုင်းကို ပံ့ပိုးပေးနိုင်တဲ့ အာဟာရဓာတ်တွေကို သဘာဝထွက်ကုန်တွေထဲမှာ ဖြည့်ဆည်းပေးထားပြီးသားပါ။ အဲ့ဒီ လိုအပ်တဲ့ အာဟာရဓာတ်တွေကို နည်းမှန်လမ်းမှန်နဲ့ သုံးစွဲဖြည့်ဆည်းပေးဖို့သာ […]


နားပြဿနာများ

ပုန်းကွယ်နေတဲ့ ရောဂါဆိုး Hidden Hearing Loss

Hidden Hearing Loss (မသိမသာ အကြားအာရုံ ဆုံးရှုံးခြင်း) ဟာ ရှုပ်ထွေးပြီး ဆန်းကျယ်တဲ့ အကြားအာရုံချို့ယွင်းမှု ရောဂါတစ်မျိုးဖြစ်ပါတယ်။ သာမန် အကြားအာရုံချို့ယွင်းမှု ရှာဖွေစစ်ဆေးတဲ့ နည်းလမ်းတွေနဲ့ စမ်းသပ်စစ်ဆေးချိန်တွေမှာ ရှာဖွေတွေ့ရှိဖို့ မလွယ်ကူနိုင်ပါဘူး။ ဒီရောဂါကို လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်ကတည်းက အကြားအာရုံအထူးကုဆရာဝန်တွေက သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ တစ်ချို့လူနာတွေဟာ Audiogram လို့ခေါ်တဲ့ ပုံမှန်အကြားအာရုံစစ်ဆေးမှုတွေမှာ ရောဂါလက္ခဏာမပြခဲ့ပဲ သီးသန့်ကြိမ်နှုန်းတွေနဲ့ စမ်းသပ်မှုပြုလုပ်ကြည့်မှသာ အနိမ့်သံတွေကို နားထောင်ရ ခက်ခဲနေကြကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။ တချို့လူတွေဟာ သူတို့အနေနဲ့ အကြားအာရုံဆိုင်ရာ ပြဿနာရှိနေတယ်လို့ ခံစားမိနေပေမယ့် စမ်းသပ်စစ်ဆေးမှုတွေမှာ ပုံမှန်ရလဒ်တွေသာ ပြသနေတတ်တာမျိုး ကြုံရတတ်ပါတယ်။ ဒီလိုပြဿနာမျိုးတွေ များပြားလာချိန်မှာ နည်းလမ်းတကျ ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်လာခဲ့ပြီး Hidden Hearing Loss အကြောင်းကို သိရှိလာရတာဖြစ်ပါတယ်။ Hidden Hearing Loss အကြားအာရုံချို့ယွင်းနေတဲ့ […]


နားပြဿနာများ

မသောက်ဘဲ ချာချာလည်အောင် မူးနေပြီလား။

မသောက်ဘဲ ချာချာလည်အောင် မူးနေပြီလား။ အိုးထိန်းစက်ထဲထည့်လှည့်သလို ဘယ်နေရာကိုကြည့်ကြည့် ချာချာလည်နေပြီလား။ ဒါကို ချာချာလည်အောင် မူးတယ်။ ဆေးပညာအရ vertigo (ဗာတိုင်ဂို)လို့ခေါ်ပါတယ်။ ဒါကဘာကြောင့်ဖြစ်ရတာလဲ။ အသက်အန္တရာယ်ရှိလား။ ကုလို့ရပါ့မလားဆိုတာ ဆက်ဆွေးနွေးပေးပါမယ်။ မသောက်ဘဲ ချာချာလည်အောင် မူးနေပြီလား။ ဘာလို့ဒီလိုမူးတာလဲ။ ဒီအကြောင်းကို မပြောခင် အရင်ဆုံး ခန္ဓာကိုယ်ရဲ့ ဟန်ချက် အကြောင်း ပြောပြပါမယ်။ နားအတွင်းပိုင်းမှာ ခရုခွေလေးတွေ ရှိပြီး အဲ့ထဲမှာ အရည်လေးတွေ ရှိပါတယ်။ ဒါကို labyrinthလို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်က လှုပ်ရှားတဲ့ အခါ မမူးအောင်၊ ဟန်ချက် မပျက်အောင်လို့ သူက ဦးနှောက်ကို သတင်းပို့ပြီး ချိတ်ဆက်ပေးပါတယ်။ ဒါက ပုံမှန်ပါ။ ဒါကြောင့် နားအတွင်းပိုင်းမှာ ပြဿနာ တစ်ခုခုရှိရင် ဒီစနစ်ပျက်ပြီး ဟန်ချက် မထိန်းနိုင်ဘဲ မူးလာပါတယ်။ အဖြစ်များတဲ့ ရောဂါတွေကတော့ (၁)BPPV […]


နားပြဿနာများ

နားကြပ်လည်း သုံးမယ်၊ အကြားအာရုံလည်း မထိခိုက်ချင်ဘူးဆိုရင်

ဒီကနေ့ခေတ်မှာ နားကြပ်တွေ၊ Headphones တွေနဲ့ Earbuds တွေကို လူတိုင်းနီးပါး ပိုင်ဆိုင်ထားကြပါတယ်။ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ ဖုန်းပြောတာနဲ့ ဂိမ်းဆော့တဲ့အချိန်တွေမှာ အဆိုပါ ပစ္စည်းတွေကို အချိန်အတော်ကြာအောင် အသုံးပြုကြလေ့လည်းရှိပါတယ်။ တကယ်တော့ နားကြပ်တွေ၊ Headphones တွေနဲ့ Earbuds တွေဟာ သင့်ရဲ့ အကြားအာရုံကို ဆိုးဆိုးရွားရွား ချို့ယွင်းသွားလောက်တဲ့အထိ အန္တရာယ် ပေးနိုင်ပါတယ်။ တကယ်ကို ဂရုတစိုက် အသုံးပြုသင့်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ နားရဲ့အတွင်းပိုင်းမှာရှိတဲ့ ဆဲလ်လေးတွေဟာ အရမ်းကို နူးညံ့ပြီး ထိခိုက်လွယ်ကြပါတယ်။ လေ့လာချက်တွေအရ အဆိုပါ ဆဲလ်လေးတွေဟာ ထိခိုက်ပျက်ဆီးသွားပြီဆိုရင် ပြန်လည်ကောင်းမွန်လာခြင်းမရှိတော့ပဲ လုံးဝပျက်စီးသွားတတ်တယ်လို့ ဆိုပါတယ်။ ဒီကနေ့ကမ္ဘာပေါ်မှာ အကြားအာရုံချို့ယွင်းတဲ့ လူငယ်အရေအတွက် တိုးပွားလာနေပြီး ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ်ဝန်းကျင်ကနဲ့ နှိုင်းစာရင် ၃ ပုံ တစ်ပုံလောက် တိုးပွားလာတာဖြစ်တယ်လို့ Journal of […]


နားပြဿနာများ

နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား

နားကြပ်တံလေးတွေ တချို့တွေ အိတ်ထဲ ဆောင်ထားကြတာ တွေ့ဖူးပါတယ်။ နားသန့်ရှင်းရေး အဖြစ်နဲ့ မကြာခဏ သုံးတတ်ကြတယ်ပေါ့။ နားဖာကလော်လေးတွေ သော့ချိတ်မှာ ချိတ်ထားတာက ရှိသေးတယ်။ ဒီပစ္စည်းတွေနဲ့ မကြာမကြာ နားဖာချေး သန့်ရှင်းရေး မလုပ်ပေးရင်ဘဲ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိသူလိုလို ဆက်ဆံခံရတတ်တာ သေချာတာပေါ့။ တကယ်ပဲ နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား ဆိုတော့ ဒီလို အယူအဆမျိုးကို ဆေးပညာ ကတော့ နိုးပါ တဲ့။ နား အတွင်းပိုင်းဆိုတာ သူ့အလိုအလျောက် သန့်စင်နိုင်စွမ်း ရှိသလို ထူးထူးခြားခြား သန့်ရှင်းပေးဖို့ မလိုပါဘူး။ အတော်များများ လုပ်လေ့ရှိတဲ့ နားသန့်ရှင်းရေးကတော့ နားဖာချေးတွေကို […]


နားပြဿနာများ

နားရေဝင်ရာကနေ ပိုးမဝင်စေဖို့ ဘယ်လိုကာကွယ်မလဲ

ရေကူးရင်းဖြစ်ဖြစ်၊ ခေါင်းလျှော်ရင်းဖြစ်ဖြစ်၊ ရေချိုးရင်းဖြစ်ဖြစ် အမှုမဲ့အမှတ်မဲ့နဲ့ နားထဲရေဝင်တဲ့အခါ တော်တော်လေး နေရခက်ပါတယ်။ အချိန်ကြာလာတဲ့အခါ နားပြည်ယိုတာအပါအဝင် အခြားအကြားအာရုံဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ နားထဲရေဝင်တာက လူ ၁၀ ယောက်မှာ တစ်​ယောက်လောက်ခံစားရလေ့ရှိတဲ့ အခြေအနေတစ်ရပ်ပါ။ နားရေဝင်ရာကနေ ပိုးမဝင်စေဖို့ ကာကွယ်ထားလို့ ရပါတယ်။ နားထဲရေဝင်တဲ့အခါ ဘယ်လိုခံစားရနိုင်လဲ ....... နားထဲရေဝင်တဲ့အခါ နားအတွင်းပိုင်းထဲက ပြွန်လေးတွေရောင်ရမ်းပြီး နားထဲက နာမယ် နားထဲက ယားသလိုလိုဖြစ်မယ် နားထဲက ပြည်ထွက်မယ် နားအူမယ် အသံကို ကောင်းကောင်းမကြားရဘဲ ဖြစ်နေမယ်။ နားရေဝင်ရာကနေ ပိုးမဝင်စေဖို့ ဘယ်လိုကာကွယ်မလဲ နားထဲကို ခဏခဏ ရေဝင်မယ်ဆိုရင် နောက်ပိုင်းမှာ နားကိုက်တာ၊  နားပြည်ယိုတာ စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေ မဖြစ်အောင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။ ခြောက်သွေ့သန့်ရှင်းအောင် ထားပါ နားထဲမှာ စိုထိုင်းထိုင်းဖြစ်ပြီး ပိုးပေါက်ဖွားမှုတွေ […]


နားပြဿနာများ

ခရီးသွားရင် နောက်ဆုံးခုံမှာထိုင်ရတဲ့အခါ ပိုမူးတတ်တာ ဒါတွေကြောင့်ပါ။

ခရီးသွားရင် နောက်ဆုံးခုံမှာထိုင်ရတဲ့အခါ ပိုမူးတတ်တာ ဒါတွေကြောင့်ပါ။ ဘာတွေလဲဆိုတာကိုတော့ ကိုယ်တိုင် လေ့လာလိုက်ပါ။ ခရီးသွားခါနီး ကားလတ်မှတ်သွားဝယ်တဲ့အခါ နောက်ဆုံးခုံပဲရတော့တယ်ဆိုရင် လူတိုင်းစိတ်ညစ်ကြပါတယ်။ နောက်ဆုံးခုံကြီးကလည်းဖြစ်၊ ခုံတန်းကရှည်၊ လူကလည်း ၅ ယောက်လောက်ပူးထိုင်ရဆိုတော့ ကြဉ်းကြပ်တာပေါ့။ ကားမူးတဲ့သူတွေဆို နောက်ဆုံးခုံမှာ ထိုင်စီးရမှာ အသေကြောက်။ နဂို အေးအေး ၂ ယောက်တွဲခုံတွေထိုင်တာတောင် ကိုယ့်မှာ မရှုနိုင် မကယ်နိုင်ဖြစ်နေတာ နောက်ဆုံးခုံမှာသာ ထိုင်စီးလိုက်လို့ကတော့ ဘာပြောကောင်းမလဲ။ တစ်လမ်းလုံး အမူးကမ္ဘာထဲက ထွက်တော့မှာကို မဟုတ်ဘူး။ ခရီးသွားရင် နောက်ဆုံးခုံမှာထိုင်ရတဲ့အခါ ပိုမူးတတ်တာ ဒါတွေကြောင့်ပါ။ ဘာ့ကြောင့်လဲ ။ အခြားခုံတွေထက် ကားနောက်ဆုံးတန်းက ထိုင်ခုံက ဘာ့ကြောင့် ကားပိုမူးစေရတာလဲ ဆိုတော့ ခရီးသွားရင် နောက်ဆုံးခုံမှာထိုင်ရတဲ့အခါ ပိုမူးတတ်တာ ဒါတွေကြောင့်ပါ။ ကားအင်ဂျင်တုံးကြီးက ကိုယ့်အောက်မှာပါ။ - အင်ဂျင်ခန်းဆိုတော့ အပူတွေ ထွက်မှာ ကျိန်းသေနေတယ်လေ။ […]


နားပြဿနာများ

ဒါတွေကြောင့် ကားမူးတာ ပိုဆိုးသွားနိုင်ပါတယ်။

ကားစီးလို့ ကားမူးတတ်ကြတဲ့သူတိုင်း ကားသမားမောင်းတာမတော်လို့၊ ကားအနံ့ကြီးက အီနေလို့၊ ကိုယ့်ကျမှ ကားမူးတတ်အောင် ကံကြမ္မာကြီးက ဖန်တီးပေးထားလို့ ဆိုပြီး အားလုံးကို ရမယ်ရှာ အပြစ်နေကြတဲ့သူများပါ။ ပြောမယ်သာပြောရတာပါ။ ကားမူးတယ်ဆိုတာ တကယ်ကို ခံစားရခက်ပြီး အတော်ကြီးကို ဒုက္ခပေးတဲ့ဝေဒနာ တစ်ခုပါ။ ဒါပေမယ့် ဒီလို ကားမူးတိုင်း အခြားအရာတွေ အပေါ်မှာပဲ အပြစ်တင်နေလို့မရပါဘူး။ ကိုယ်လုပ်နေမိတဲ့ တစ်ချို့ အပြုအမူတွေကြောင့် ကားမူးတာဖြစ်ရတာလည်း ဖြစ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အရင်အပြစ်ရှာသင့်တယ် မထင်ဘူးလား။ ဒီတော့ ဘယ်လို အပြုအမူတွေက ကားမူးတာကို ပိုဆိုးစေတာလဲ ။ ။ ကိုယ်လုပ်မိနေတဲ့ ကားမူးတာကို ပိုဆိုးစေတဲ့ အပြုအမူတွေကို အပိုင်း ၃ ပိုင်း ခွဲကြည့်ရအောင်။ ။ ခရီးမသွားခင် ။ ။ ခရီးသွားရမှာ စိတ်တွေ လှုပ်ရှားပြီး အိပ်မပျော်တဲ့သူတွေ၊ မနက် […]


နားပြဿနာများ

စောင့်ရှောက်သင့်တဲ့ နားကျန်းမာရေး

နားက ဘယ်လောက်ထိအသုံးဝင်လဲ မှန်းကြည့်ပါလား။ အကြားအာရုံမရှိရင် ဘယ်လောက်ခက်လဲဆိုတာကို ခံစားဖူးကြည့်ရင် လုပ်လို့ရတဲ့နည်းလမ်းလေးတစ်ခုရှိပါတယ်။ ရုပ်ရှင်ကို အသံပိတ်ပြီး ခဏလောက်ကြည့်လိုက်ပါ။ ဘာမှ မကြားရဘဲနေရတဲ့ခံစားချက်ကတော်တော်လေးဆိုးတာနားလည်သွားပါလိမ့်မယ်။ ပါးစပ်လှုပ်တာကို ကြည့်ရုံနဲ့ အရာရာကို နားလည်ဖို့ကတော်တော်လေးတော့ခက်တယ်။ ဒီတော့ အကြားအာရုံက ဂရုစိုက်သင့်တယ်၊လို့ မထင်မိဘူးလား။ အကြားအာရုံက ဒီလောက်အထိအရေးပါတာပါ အကြားအာရုံကြောင့် စကားပြောတတ်လာရတာပါ။ အကြားအာရုံချို့တဲ့မှုက အပြောစွမ်းရည်ကိုပါထိခိုက်စေနိုင်ပါတယ်။ အကြားအာရုံကောင်းမှပဲနေ့စဉ်ဘဝမှာ အခက်အခဲမရှိရှင်သန်နေထိုင်နိုင်မှာပါ။ အကြားအာရုံကြောင့်ပဲ အဆင်ပြေနေတာတွေအများကြီးပါ။ အကြားအာရုံချို့ယွင်းနေသူတစ်ယောက်အနေနဲ့နေ့စဉ်ဘဝမှာ အကောင်းဆုံးလည်ပတ်နိုင်စေဖို့ခက်ခဲမှာပါ။ ဒီတော့ အကြားအာရုံကို ထိခိုက်အောင်လုပ်မိနေတာတွေရှိရင်ပြင်ဆင်နိုင်စေဖို့ ဒီဆောင်းပါးေးလကနေတဆင့် သတိပေးပါရစေ။ ဒါတွေကြောင့် အကြားအာရုံထိခိုက်နိုင်ပါတယ် အကြားအာရုံကလည်း ဂရုစိုက်ဖို့ လိုတဲ့ အချက်တွေထဲကတစ်ခုပါ။ ကျယ်လောင်လွန်းတဲ့ အသံတွေ ဆူညံသံတွေ သီချင်းအကျယ်ကြီးနားထောင်တာ နားထဲကိုရေဝင်တာ နားထဲကိုပြင်ပအရာဝတ္ထုတစ်ခုခုဝင်တာ နားကလော်တာ နားသန့်ရှင်းရေးလုပ်တာတွေကြောင့် နားထိခိုက်နိုင်ပါတယ်။ နားကို ဒီလိုဂရုစိုက်ပါ အကြားအာရုံကို ထိန်းသိမ်းဖို့ဆိုရင် နားကို ဒီလိုဂရုစိုက်ဖို့လိုမှာပါ။ နားသန့်ရှင်းတဲ့အခါ နားကို အလွန်အကျွံသန့်စင်တာမျိုးရှောင်ပါ။ နားအတွင်ပိုင်းထဲကို […]


နားပြဿနာများ

ကမ္ဘာကြီးချာချာလည်စေတဲ့ ဝေဒနာ

ကိုယ့်မျက်စိရှေ့ကမြင်နေရသမျှအရာအားလုံး ချာချာလည်နေသလိုမျိုးခေါင်းမူးဖူးလား။Vertigo လို့ခေါ်တဲ့ ချာချာလည်မူးခြင်းဝေဒနာက နားအတွင်းပိုင်း၊ ဦးနှောက် ဒါမှမဟုတ် အာရုံကြောစနစ်မှာပြဿနာတစ်ခုခုရှိတဲ့အခါဖြစ်လာတတ်တဲ့ဝေဒနာပါ။အသက်အရွယ်မရွေးမှာဒီခေါင်းမူးဝေဒနာခံစားရနိုင်ပေမယ့် အသက် ၆၅ နှစ်နဲ့အထက်အရွယ်တွေမှာ အဖြစ်များပါတယ်။ သူက ခဏတာလည်းဖြစ်နိုင်တယ်၊ နာတာရှည်လည်းဖြစ်နိုင်တယ်။ ကာလတာရှည်vertigoဖြစ်နေရင်တော့ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ဆက်နွှယ်နေနိုင်ပါတယ်။ ဒီခေါင်းမူးဝေဒနာကနေ့စဉ်ဘဝမှာ လုပ်ဆောင်နိုင်စွမ်းတွေထိခိုက်စေနိုင်ပြီး စိတ်ကျခြင်းနဲ့ ပူပန်ခြင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ လက္ခဏာတွေက Vertigo ခံစားရတဲ့သူဟာခေါင်းထဲမှာ ဒါမှမဟုတ် ပတ်ဝန်းကျင်တစ်ခုလုံးရွေ့လျားနေသလို၊ လည်နေသလို ခံစားရတာဖြစ်ပါတယ်။ ဒါက တခြားရောဂါတွေရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပေမယ့် သူနဲ့ဆက်စပ်နေတဲ့လက္ခဏာတွေက ဒီလိုတွေပါတဲ့။ ခန္ဓါကိုယ်ဟန်ချက်ပျက်ခြင်း၊ခေါင်းထဲမှာပေါ့နေခြင်း ကားမူးသလို ခံစားနေရခြင်း မအီမသာဖြစ်ပြီး ပျို့အန်ခြင်း နားအူခြင်း နားထဲပြည့်ပိတ်နေသလို ခံစားရခြင်း ခေါင်းကိုက်ခြင်း အသိသာဆုံးကတော့ Vertigo ဆိုတာ ရိုးရိုးမူးတာမဟုတ်ဘဲ ချာချာလည်တဲ့ အမူးဝေဒနာပါ။ အကြောင်းရင်းများ Vertigoဖြစ်စေတဲ့အကြောင်းရင်းနဲ့ရောဂါတွေကအမျိုးမျိုးရှိပါတယ်။ နားအတွင်းပိုင်းပြဿနာကြောင့်ဖြစ်လာတတ်ပေမယ့် ဦးနှောက်အစိတ်အပိုင်းတွေရဲ့ပြဿနာကြောင့်လည်းဖြစ်စေတတ်ပါတယ်။ သူ့ကိုဖြစ်စေနိုင်တဲ့တခြားရောဂါအခြေအနေတွေကတော့ - Labyrinthitis -နားအတွင်းပိုင်း labyrinthရောင်ရမ်းခြင်း။labyrinth အတွင်းကအာရုံကြောဟာ ခန္ဓါကိုယ်ရဲ့ဦးခေါင်းလှုပ်ရှားမှုနဲ့အနေအထားတွေကို ထိန်းပေးတာဖြစ်ပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်