နားစည်ပေါက် တိုင်း နားကန်းသလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
Share now

ကလေးကို နားရင်းမအုပ်နဲ့၊ နားစည်ပေါက် ပြီး ကန်းသွားတတ်တယ်။ နားထဲကို ဇွတ်မကလော်နဲ့။ နားစည်ပေါက်ပြီး ကန်းသွားမယ် စသဖြင့် လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ နားစည်ပေါက်တိုင်း နားကန်းနိုင်သလား။ ကုမရဘူးလား။ တကယ်ဘဲ မျက်စိအဆုံး၊ နားအရှုံး ဖြစ်တော့မှာလား။

ဒါတွေ မပြောခင် ဘာလုပ်ရင် နားစည်ပေါက်နိုင်လဲ ဆိုတာက စရအောင်။

နားစည်ပေါက် နိုင်တဲ့ အကြောင်းရင်းတွေက

  • နားပိုးဝင်တာ – အထူးသဖြင့် နားအလယ်ပိုင်းမှာ ပိုးဝင်ပြီး အရည်တွေ စုလာတဲ့အခါ အရည်တွေရဲ့ ဖိအားကြောင့် နားစည်ပေါက်တတ်ပါတယ်။
  • လေဖိအား ပြင်းပြင်း ခံရတာ – နားထဲက ဖိအားနဲ့ ပြင်ပက ဖိအားနဲ့ ကွာခြားလွန်းတဲ့အခါ ဖြစ်တတ်ပါတယ်။ ဖိအားများတဲ့အခါ နားစည်ပေါက်တတ်ပါတယ်။ ဥပမာ ပြောရရင် ရေငုပ်တာ၊ နားကို တိုက်ရိုက် ထိခိုက်မိတာ (ကားတိုက်ရာက လေအိတ်ပွင့်ပြီး နားကို ဆောင့်မိတာ)
  • အသံဆူဆူတွေ နားထောင်တာ – ကိုယ့်အနားမှာ ဗုံးပေါက်တာ၊ သေနတ်သံ ကြားရတာ စတဲ့ ရုတ်တရက် အသံဆူဆူတွေကို ကြားရတဲ့အခါ နားစည်ပေါက်တတ်ပါတယ်။
  • နားထဲကို တစ်ခုခုနဲ့ ထိုးမိတာ – ဟိုအရင် နားကြပ်တံရယ်လို့ မရှိခင်တုန်းက သစ်သားချောင်းလေးတွေ၊ ဆံညှပ်လေးတွေနဲ့ နားဖာကလော်လေ့ရှိပါတယ်။ မတော်တဆ ထိုးမိရင် နားစည်ပေါက်သွားနိုင်တဲ့ ပစ္စည်းတွေပေါ့။
  • ခေါင်းခိုက်မိတာ – ဥပမာ ကားတိုက်လို့ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်မိတယ်ဆိုရင် နားထဲက အတွင်းပစ္စည်းတွေပါ ထိခိုက်ပြီး နားစည်ပေါက်တတ်ပါတယ်။

နားစည်ပေါက် မှန်း ဘယ်လို သိနိုင်မလဲ။

နားစည်ပေါက်တာက လူအများထင်သလို ဖောင်းခနဲ၊ ဖောက်ခနဲ ကြားလိုက်ရမှာ မဟုတ်ပါဘူး။ သူ့လက္ခဏာတွေကတော့

  • နားကိုက်နေရာက ဘာမှမလုပ်ဘဲနဲ့ ယူပစ်သလို ပျောက်သွားတာ (နားပိုးဝင်တဲ့အခါ အရည်တွေစုပြီး နားစည်ကို ဖိလို့ နားကိုက်ပါတယ်။ နားစည်လည်း ပေါက်သွားရော အရည်ဖိအားတွေ မရှိတော့လို့ မကိုက်တော့တာပါ။ နားပိုးဝင်တာ မပျောက်တဲ့အပြင် နားစည်ပါ ပေါက်သွားတာပါ။ ရောဂါပျောက်သွားပြီဆိုပြီး အထင်မှားတတ်ပါတယ်။ )
  • နားထဲကနေ ပြည်လို၊ သွေးလို အရည်တွေ ထွက်လာပါတယ်။
  • ရုတ်တရက် ကောင်းကောင်း မကြားရတော့ပါဘူး။
  • နားအူပါတယ်။
  • ချာချာလည်အောင် ခေါင်းမူးပါတယ်။ ဒါကြောင့်ပဲ ပျို့တာ၊ အန်တာ ဖြစ်တတ်ပါတယ်။

နားစည်ပေါက် ရင် နောက်ဆက်တွဲ ဘာဖြစ်နိုင်သလဲ။

ဒါမပြောခင် နားစည်က ဘာလုပ်ပေးသလဲဆိုတာ ရှင်းပြပေးပါမယ်။ နားစည်က

  • အသံကြားစေပါတယ်။ အသံလှိုင်းက နားစည်ကို လာရိုက်တဲ့အခါ နားထဲက အသံကို လက်ခံတဲ့နေရာလေးတွေ လှုပ်ရှားသွားပြီး အသံကြားရပါတယ်။
  • နားအလယ်ပိုင်းကို ရေတွေ၊ ဘက်တီးရီးယားတွေ၊ တခြားပစ္စည်းတွေ မဝင်အောင် ကာကွယ်ပေးပါတယ်။

နားစည်ပေါက် တိုင်း နားကန်းသလား။

ဒါကြောင့် နားစည်ပေါက်တဲ့အခါ နားမကြားတာ၊ နားပိုးဝင်တာ၊ နားထဲက ဆဲလ်သေတွေ၊ အညစ်အကြေးတွေ ပေါင်းပြီး အရည်အိတ်လေး ဖြစ်သွားတတ်ပါတယ်။ ဒါတွေက ပေါက်ပေါက်ချင်း ဖြစ်တာ မဟုတ်ပါဘူး။ ၃လကနေ ၆လလောက်ထိ ကြာတတ်ပါတယ်။

နားစည်ပေါက်တိုင်း နားကန်းသလား။

နားစည်ပေါက်တဲ့အခါ ခဏတဖြုတ်တော့ နားမကြားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပေါက်သွားတဲ့ နားစည်က သူ့ဟာသူ ကုစားပါတယ်။ ဆိုလိုတာက သူ့ဟာသူ ပြန်ကောင်းနိုင်ပါတယ်။ ပေါက်တဲ့ အရွယ်အစားနဲ့ နေရာပေါ် မူတည်ပြီး ဘယ်လောက်ကြာကြာ မကြားရသလဲဆိုတာ ကွာသွားနိုင်ပါတယ်။

နားစည်ပေါက်တဲ့အခါ ဘာလုပ်သင့်သလဲ။

များသောအားဖြင့် ပေါက်သွားတဲ့ နားစည်က ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပြန်ကောင်းသွားတတ်ပါတယ်။ ဒါဆို ဆရာဝန်နဲ့ ပြစရာ မလိုဘူးလား။ ဒီလိုတော့လည်း မဟုတ်ပါဘူး။ နားပိုးဝင်တာကြောင့် နားစည်ပေါက်တာဆိုရင် ပိုးဝင်တာကို ကုသရမှာပါ။ မဟုတ်ရင် ခဏခဏ ပြန်ဖြစ်ပါလိမ့်မယ်။ လိုအပ်ရင် နားထဲကို ပိုးသတ်ဆေး အစက်ချဆေးတွေနဲ့ ကုသရမှာ ဖြစ်တဲ့အတွက် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။

နောက်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာတာတောင် နားက ပြန်မကြားရသေးဘူးဆိုရင် နားစည်က သူ့ဟာသူ ပြန်မကုစားနိုင်လို့ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်အကူအညီနဲ့ ပေါက်သွားတဲ့ နားစည်ကို ဖာထေးရမှာပါ။ နည်းလမ်းတွေကတော့

  • Eardrum patch လို့ခေါ်တဲ့ အပြားလေးကို နားစည်မှာ ကပ်ပေးတာပါ။ ခွဲစိတ်စရာ မလိုပါဘူး။ တစ်ခေါက်မကတော့ ကပ်ပေးဖို့ လိုပါတယ်။
  • ဒီEardrum patchနဲ့ အဆင်မပြေဘူးဆိုမှ ခွဲစိတ်ရမှာပါ။ ခွဲစိတ်တာကလည်း အသေးစား ခွဲစိတ်မှုပဲ ဖြစ်ပြိး ဆေးရုံမှာ ရက်ရှည်နေစရာ မလိုပါဘူး။

နားစည်ပေါက်တဲ့အခါ ဆောင်ရန်၊ ရှောင်ရန်များ

နားစည်ပေါက်တာက သိပ်မစိုးရိမ်ရဘူးဆိုရင် သူ့ဟာသူ ပြန်ကုစားတာကိုပဲ စောင့်ကြည့်ပါတယ်။ ရက်သတ္တပတ်ကနေ လလောက်ထိ ကြာနိုင်ပါတယ်။ နားစည်ပေါက်တာ ကောင်းကောင်း မသက်သာခင်မှာ

-နားကို ရေစိုမခံပါနဲ့။ ရေချိုးတဲ့အခါ ရေကူးသမားတွေ သုံးတဲ့ နားကြပ်တပ်ပါ။ မရှိရင် ရေခြောက်အောင် သုတ်ပါ။ အတွင်းထဲကို နှိုက်ပြီး မသုတ်ပါနဲ့။

-နားဖာ မကလော်ပါနဲ့။ နားထဲကို ဘာနဲ့မှ မကလိပါနဲ့။

နားစည်ပေါက် တိုင်း နားကန်းသလား။

-နှပ်မညှစ်ပါနဲ့။ နား၊ နှာခေါင်း၊ လည်ချောင်းက တစ်ခုနဲ့ တစ်ခု ဆက်နေတာ ဖြစ်တဲ့အတွက် နားစည်ပြန်ဖာနေချိန်မှာ အားပြင်းပြင်း နှပ်ညှစ်တာကို ရှောင်ပါ။

ပြန်ချုပ်ရရင် နားစည်ပေါက်တိုင်း တစ်သက်လုံး နားမကြားတာ မဟုတ်ပါဘူး။ နားစည်ပေါက်တာက သူ့အလိုလို ပြန်ကောင်းနိုင်ပါတယ်။ ဒါပေမယ့် လိုအပ်တာတွေ လုပ်ဖို့ ဆရာဝန်နဲ့ ပြဖို့တော့ လိုပါတယ်။ ပြန်မကောင်းနိုင်ဘူးထင်ပြီး ကုသမှု မခံယူမိရင် အချိန်ကြာလာတဲ့အမျှ ကုရခက်ပါတယ်။ နားစည်ပေါက်တာ ကြောက်စရာ မဟုတ်ပါလို့ အကြံပြုချင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နား၊ နှာခေါင်း၊ လည်ချောင်းမှာ ဘယ်လိုအစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားသလဲ။

နား၊ နှာခေါင်း၊ လည်ချောင်း က တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတာကြောင့် တစ်နေရာမှာ ရောဂါဖြစ်ရင် နောက်တစ်နေရာကို အလွယ်တကူ ပျံ့နှံ့သွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အအေးမိခြင်း

အအေးမိဖျားနာဆိုတာ သာမန်ရောဂါပါပဲ။ ကာကွယ်နည်းတွေကို စနစ်တကျ လိုက်နာရင် ဖြစ်နိုင်ခြေ နည်းသွားမှာပါ။ ခုခံအားကောင်းနေမယ်ဆိုရင် မြန်မြန်သက်သာမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်ကလေး ခဏခဏ နားပြည်ယို နေရင် ဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။

နားပြည်ယို ဆေးလိပ်သောက် ဆေးလိပ်ငွေ့ နားမကြား နီကိုတင်း စကားမပြော ဦးနှောက်အမြှေးရောင် ပန်းနာရင်ကျပ် SIDS ဦးနှောက်ရောင် ဆေးလိပ်ဖြတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်ကလေးက စကားပြောနောက်ကျ နေပြီလား။

စကားပြောနောက်ကျ developmental milesones ကလေးကိုမြှူ နားမကြား လျှာခင်တွယ် စကားပြောတတ်အောင်သင် အော်တစ်ဇင် Cerebral palsy အသိဉာဏ်မဖွံ့ဖြိုး အကြားအာရုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

သင့်ရဲ့ အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 3 mins read
အဖြစ်များတဲ့ နားပြဿနာ များ

အဖြစ်များတဲ့ နားပြဿနာ များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 15, 2021 . 2 mins read
နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေသုံးတဲ့ မှန်ပြောင်းလေးများ

နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေသုံးတဲ့ မှန်ပြောင်းလေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 4, 2020 . 2 mins read
အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ

အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read