မျက်စိအဆုံး နားအရှုံးလို့ ဆိုကြသလိုပဲ အသံတွေ မကြားရတာဟာ လူ့ဘဝမှာ အရှုံးတစ်ခုပဲမို့လို့ နားကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ နားဆိုတဲ့ အစိတ်အပိုင်းဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အထူးသဖြင့် ဒီနားသေးသေးလေးတွေကနေ အသံပေါင်းစုံကို ကြားပြီး မှတ်မိနေတာက အံ့သြဖွယ်ရာပါ။ အသံတွေဘယ်လိုကြားနေရတာလဲ။ အဖြစ်များတဲ့ နားပြဿနာ တွေက ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။