-လိုအပ်ရင် တခြားဆေးတစ်မျိုးကို ကြားဖောက်အနေနဲ့ တစ်ပတ်ကို ၃ကြိမ်လောက် မစားထိုးပေးပါတယ်။ မဟုတ်ရင် Aminoglycosideတွေ ကိုယ်ထဲမှာ အများကြီး စုနေနိုင်လို့ပါ။
-ဒါနဲ့ မရဘူးဆိုရင် တီဘီသောက်ဆေးထဲက တခြားဆေးတစ်မျိုးကို အစားထိုးပေးပါတယ်။
-ဒီလိုအစားထိုးဖို့ အဆင်မပြေဘူးဆိုရင် ဆေးကို ပမာဏ လျှော့တာဖြစ်ဖြစ် လုပ်ရပါတယ်။
ဆေးရပ်လိုက်မယ်ဆိုရင်တော့ အကြားအာရုံထိခိုက်တာကို ပိုမဆိုးလာအောင် တားနိုင်ပါတယ်။ မသိဘဲ ဆက်ထိုးနေမယ်ဆိုရင်တော့ အကြားအာရုံ လုံးဝဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့် တီဘီဆေးသောက်နေတဲ့သူတွေ (အထူးသဖြင့် ဆေးယဉ်ပါးတီဘီ) အနေနဲ့ ရက်ချိန်းမှန်မှန် သွားပြဖို့၊ ကိုယ်ခံစားနေရတာကို ပြောပြဖို့၊ ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မရပ်ဖို့ အရေးကြီးပါတယ်။
သူကလည်း ပိုးသတ်ဆေး အမျိုးအစားဖြစ်ပြီး နားပိုးဝင်တာ၊ လေပြွန်ရောင်တာ၊ အဆုတ်ပွတဲ့ ရောဂါတွေမှာ အသုံးများပါတယ်။ သူက သူများပြောတဲ့ စကားတွေကို ကောင်းကောင်းမကြားတဲ့ လက္ခဏာကနေ စပြတဲ့အတွက် နားလေးနေပြီဆိုတာကို အလွယ်တကူသိနိုင်ပါတယ်။ နောက်ထပ်ကောင်းတဲ့အချက်ကတော့ နားလေးတာကို သတိထားမိလို့ ဆေးရပ်လိုက်ရင် အကြားအာရုံပြန်ကောင်းလာနိုင်တာပါပဲ။
- Salicylate ပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ
ဥပမာပြောရရင် အက်စပရင် အကိုက်အခဲပျောက်ဆေးပါ။ (သွေးကျဲဆေး မဟုတ်ပါ။ သွေးကျဲဆေးက အကိုက်အခဲပျောက်ဆေးထက် ဆေးပမာဏ အင်မတန်နည်းပါတယ်။) အက်စပရင် အကိုက်အခဲပျောက်ဆေးကို ပမာဏ အများကြီး (တစ်နေ့ကို ၈လုံးကနေ ၁၂လုံးလောက်ထိ) သောက်တဲ့အခါ အကြားအာရုံ ယာယီဆုံးရှုံးတတ်ပါတယ်။
Ibuprofenတို့ Naproxenတို့လို ဆေးတွေ ပါဝင်ပြီး ပမာဏအများကြီး သောက်မယ်ဆိုရင် အကြားအာရုံ ယာယီဆုံးရှုံးတတ်ပါတယ်။
ငှက်ဖျားဆေးအနေနဲ့ရော ညဘက်မှာ ကြွက်တက်တာ သက်သာစေဖို့အတွက်ရော သုံးကြပါတယ်။ အကြားအာရုံယာယီဆုံးရှုံးတတ်တယ်ဆိုပေမယ့် ဆေးရပ်လိုက်တဲ့အခါ ပြန်ကောင်းသွားနိုင်ပါတယ်။
နှလုံးမကောင်းတာ၊ ကျောက်ကပ်မကောင်းတာ၊ အသည်းခြောက်တာနဲ့ သွေးတိုးရောဂါရှိတဲ့သူတွေမှာ သုံးလေ့ရှိပါတယ်။ Loop diuretics အမျိုးအစား ဥပမာ Lasixက ယာယီရော၊ နာတာရှည် အကြားအာရုံ ဆုံးရှုံးတာရော ဖြစ်စေနိုင်ပါတယ်။
ကင်ဆာဆေးတွေထဲမှာ cisplatin နဲ့ carboplatin တို့က အကြားအာရုံ ထိခိုက်တတ်ပါတယ်။ Cisplatin ဆိုရင် ဆေးကုပြီး တစ်နှစ်လောက်ကြာတဲ့အထိ နားအတွင်းရည်ထဲမှာ ဆေးအကြွင်းအကျန်တွေ အောင်းနေနိုင်ပါသေးတယ်။ အစာရေမျိုပြွန်၊ သားအိမ်ခေါင်း၊ သားဥအိမ်၊ ဝှေးစေ့၊ ဆီးအိမ်၊ အဆုတ်နဲ့ ဦးနှောက်ကင်ဆာတွေမှာ သုံးလေ့ရှိပါတယ်။ ကင်ဆာဆေးတွေကြောင့် အကြားအာရုံဆုံးရှုံးတာက တစ်သက်လုံးလည်း ဖြစ်သွားနိုင်ပါတယ်။ ဆေးကုသမှု မစခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။
ဒီဆေးတွေ သုံးတာနဲ့ အကြားအာရုံ ဆုံးရှုံးရမှာလား။
အကြားအာရုံ ဆုံးရှုံးသွားမလား ဆိုတာကတော့ သုံးတဲ့ ပမာဏ၊ ကြာချိန်၊ ဆေးတွေ ကိုယ်ထဲမှာ ဘယ်လောက်ထိ စုနေမလဲ၊ အသက်အရွယ်၊ မျိုးဗီဇ၊ ရေဓာတ်အခြေအနေ၊ ကျောက်ကပ်နဲ့ အသည်းလုပ်ဆောင်ချက်တွေအပေါ် မူတည်ပါတယ်။

ဒါ့ပြင် ဒီဆေးတွေ သုံးတဲ့အချိန်မှာ တခြားအကြားအာရုံ ထိခိုက်နိုင်တဲ့ အချက်တွေ လုပ်နေမိရင်လည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဥပမာ ဆူဆူညံညံ အသံတွေ နားထောင်တာ၊ အာဆင်းနစ်၊ မာကျူရီ စတာတွေကို ကိုင်တွယ်ရတာ၊ ကာဗွန်မိုနောက်ဆိုဒ် ရှူမိတာမျိုးပါ။ ဒါ့ပြင် ဖိနပ်စက်ရုံ၊ ဘက်ထရီစက်ရုံ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အိမ်သုတ်ဆေး စတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်နေရရင်လည်း ဓာတုပစ္စည်းနဲ့ ထိတွေ့မှု များတာကြောင့် ပိုဖြစ်နိုင်ပါတယ်။
ခုပြောခဲ့တဲ့ ဆေးတွေက အကြားအာရုံ ထိခိုက်နိုင်တယ်ဆိုပေမယ့် တစ်ဖက်ကကြည့်ရင် အစွမ်းထက်တဲ့ ဆေးတွေ ဖြစ်နေပြန်ပါတယ်။ ဒါကြောင့်လည်း ခုချိန်ထိ သုံးနေရတာပါ။ ကောင်းကျိုး ဆိုးကျိုး ချိန်ပြီး သုံးရတာဖြစ်တဲ့အတွက် ဒီဆေးတွေ သုံးနေတုန်းမှာ အကြားအာရုံမှာ အပြောင်းအလဲဖြစ်လာတယ်ဆိုရင် ဆရာဝန်ကို အသိပေးဖို့ အကြံပြုလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။