အသည်းရောဂါများ

ကျန်းမာနေစေဖို့အတွက် အရေးကြီးတဲ့ အသည်းကို ကျန်းမာစေဖို့ လိုက်နာရမယ့် အလေ့အထတွေနဲ့ အသည်းကျန်းမာရေးရဲ့ လက္ခဏာတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အသည်းရောဂါများ

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အသည်းရောဂါများ ကို ရှာဖွေမည်။

အသည်းရောဂါများ

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ)

အဓိပ္ပာယ်ဖွင့်ဆိုချက် Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) က ဘာလဲ။ အသည်းရောင်အသားဝါ အေ ရောဂါ ဆိုတာ အေ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်လာတဲ့ အလွန်ကူးစက်နိုင်တဲ့ အသည်းရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါပိုးက အသည်းကိုရောင်စေပြီး အသည်းလုပ်ငန်းစဉ်တွေကို ထိခိုက်စေတဲ့ အသည်းရောင်ရောဂါပိုး အမျိုးအစားတွေထဲက တစ်မျိုးဖြစ်ပါတယ်။ လူအများစုမှာတော့ ထွေထွေထူးထူး ရောဂါကြီးကြီးမားမား မပြဘဲ ၂ လ မှ ၆ လ အတွင်း ပျောက်ကင်းသွားတတ်ကြပါတယ်။ ဒါပေမယ့် တချို့အသည်းရောင် အေ ရောဂါတွေမှာ အသည်းပျက်စီးသည်အထိ ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။ Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အသည်းရောင်အသားဝါ အေ ရောဂါက တော်တော်များများမှာတော့ ဒီရောဂါအဖြစ်များတဲ့ ဒေသကို ခရီးသွားပြီးနောက် ကူးလာတာ ဒါမှမဟုတ် ကူးလာတဲ့သူနဲ့ […]


အသည်းရောဂါများ

Liver Abscess (အသည်းပြည်တည်နာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Liver Abscess (အသည်းပြည်တည်နာ) ကဘာလဲ။ အသည်းပြည်တည်နာဆိုသည်မှာအသည်းတွင် အပေါက်သေးများဖြစ်ကာ ပြည်တည်ခြင်းဖြစ်သည်။ အ သည်းသည် စွမ်းအင်၊ ပရိုတိန်းသိုလှောင်ခြင်း၊ ခန္ဓါကိုယ်မှ အန္တရာယ်ဖြစ်စေသောပစ္စည်းများကိုစွန့်ထုတ်ခြင်းစသောလုပ်ငန်းများစွာဖြင့် အရေးပါသောကိုယ်အင်္ဂါတစ်ခု ဖြစ်ပါ သည်။ အသည်းတွင် ကပ်ပါးပိုးဝင်ပါက ပြည်များဖြင့် အ ပေါက်ငယ်များပေါ်လာပါသည်။ Liver Abscess (အသည်းပြည်တည်နာ) က ဘယ်လောက်အဖြစ်များသလဲ ရောဂါသည် အပူပိုင်းဒေသတွင် နေထိုင်သောလူများတွင် အဖြစ်များပါသည်။ ရောဂါသည် အမျိုးသားများရောအမျိုးသမီးများရောတွင် ဖြစ်ပွားနိုင်ပါသည်။ အန္တရာယ် ဖြစ်စေသောအချက်များကိုလျော့ချ ခြင်းဖြင့် ရောဂါကိုထိန်းချုပ်နိုင်ပါသည်။ ပိုမိုသောအချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများLiver Abscess (အသည်းပြည်တည်နာ) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါ၏ မည်သည့်ပုံစံဖြစ်ပါစေရောဂါလက္ခဏာများသည် ချက်ချင်းမပေါ်လာပါ။ ရောဂါလက္ခဏာများပေါ်ပါကအဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးပြန်ခြင်း၊ မအီမသာဖြစ် ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းဗိုက်၏ အပေါ်ပိုင်းညာဘက်တွင် နာကျင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ အခြားအဖြစ် […]


အသည်းရောဂါများ

Cirrhosis (အသည်းခြောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cirrhosis (အသည်းခြောက်ခြင်း) ကဘာလဲ။ အသည်းခြောက်ခြင်းဆိုသည်မှာ အသည်းပျက်စီးပြီး လုပ်ငန်းကောင်းစွာ မလုပ်နိုင်သော အခြေအနေတစ်ခု ဖြစ် ပါသည်။ ရောင်ရမ်းခြင်းသည် အသည်းတစ်ရှူးများအား အမာရွတ်ဖြစ်စေပြီး အသည်းတွင်း သွေးစီးဆင်းခြင်းကို တစ်စိတ်တစ်ပိုင်းအားဖြင့် ပိတ်ဆို့စေပါသည်။ အသည်းသည် ခန္ဓါကိုယ်တွင် အကြီးဆုံး အတွင်းပိုင်း အင်္ဂါဖြစ်ပါသည်။ အသည်းသည် အရေးကြီးသော ခန္ဓါ ကိုယ် လုပ်ငန်းများစွာကို တာဝန်ယူပြုလုပ်ပေးပါသည်။ အဓိက လုပ်ငန်းများမှာ- အစာချေဖျက်စဉ်တွင် အစာမှ လိုအပ်သော အာ ဟာရများကို စုပ်ယူ၍ သိမ်းဆည်းပေးပါသည်။ ထို့ နောက် ထိုအာဟာရများကို ကျန်သော ခန္ဓါကိုယ် အစိတ်အပိုင်းများသို့ ပို့ဆောင်ပေးပါသည်။ ထိုအာ ဟာရများတွင် ပရိုတိန်း၊ သကြား နှင့် အဆီတို့ ပါဝင်ပါသည်။ ပရိုတိန်းအသစ်များထုတ်လုပ်ပြီး သွေးခဲစေသော ပစ္စည်းများနှင့် ကိုယ်ခံအားပစ္စည်းများကို ပြုလုပ် ပေးပါသည်။ ပျက်စီးသွားသော တစ်ရှူးများကို […]


အသည်းရောဂါများ

Hepatorenal Syndrome (အသည်းနောက်ဆက်တွဲ ကျေက်ကပ်ပျက်စီးသော ရောဂါစု )

အဓိပ္ပါယ်ဖွင့်ဆိုချက်Hepatorenal Syndrome (အသည်းနောက်ဆက်တွဲ ကျေက်ကပ်ပျက်စီးသော ရောဂါစု ) ကဘာလဲ။ Hepatorenal syndrome (HRS) ဆိုသည်မှာအသည်းလုပ်ငန်းချို့ယွင်းမှုကြောင့် ဖြစ်လာသောအသည်းပျက်စီးမှု ရှိသူများတွင်ဆက်စပ်တွေ့ရှိရသောကျောက်ကပ်လုပ်ငန်းချို့ယွင်းမှုတစ်မျိုးဖြစ်သည်။ ကျောက်ကပ် အလုပ်လုပ်ခြင်းရပ်တန့်သွားသောအခါ အဆိပ်အတောက် ပစ္စည်းများ ခန္ဓါကိုယ်ထဲတွင် စုပုံစပြုလာပါသည်။ တဖြည်းဖြည်းနှင့် အသည်းချို့ယွင်းမှု ကို ဖြစ်စေပါသည်။ HRS သည် အလွန်အမင်း ပြင်းထန်သောအခြေအနေဖြစ်ပါသည်။ ယခုအခြေအနေဖြစ်ပေါ်ပါကအမြဲတစေလိုလိုသေစေနိုင်ပါသည်။ HRS နှစ်မျိုးရှိပါသည်။ HRS အမျိုးအစား ၁ သည် လျင်မြန်စွာကျောက်ကပ် ပျက်စီးခြင်းနှင့် ဆက်စပ်နေ၍ creatinineအများအပြားထွက်စေပါသည်။ HRS အမျိုးအစား ၂ သည် တဖြည်းဖြည်းကျောက်ကပ် ပျက်စီးမှု နှင့် ပို၍ ဆက်နွယ်ပါသည်။ ပို၍ ဖြည်းညင်းစွာ ဖြစ်ပွားပါသည်။ ရောဂါလက္ခဏာများမှာလည်းပို၍ သိမ်မွေ့ပါသည်။ Hepatorenal Syndrome (အသည်းနောက်ဆက်တွဲ ကျေက်ကပ်ပျက်စီးသော ရောဂါစု ) က ဘယ်လောက်အဖြစ်များသလဲ ဤရောဂါသည် အဖြစ်များပြီးဝမ်းဗိုက်ဖောရောင်ခြင်း […]


အသည်းရောဂါများ

အသည်းအဆီဖုံးခြင်းကို လျော့ပါးစေမယ့် အကောင်းဆုံးအသီး (၅) မျိုး

အသည်းအဆီဖုံးခြင်းက အဖြစ်များတဲ့ အသည်းရောဂါ တစ်မျိုး ဖြစ်ပါတယ်။ အသည်း တဝိုက်မှာ အဆီပိုတွေ စုလာတဲ့အခါ အသည်းရဲ့ လုပ်ဆောင်ချက်တွေကိုထိခိုက်စေပြီး ရောင်ရမ်းမှုတွေ ဖြစ်စေပါတယ်။ ဒီအခြေအနေကို အစားအသောက် ဆင်ခြင်ပြီး နေထိုင်မှုပုံစံ ပြောင်းလဲတဲ့ နည်းနဲ့ ကုသလို့ ရပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေထိုင်ရင်းနဲ့ အစား ဆင်ခြင်တဲ့ နေရာမှာ အသည်းအဆီဖုံးခြင်း အတွက် အကောင်းဆုံး အသီးအနှံတွေကို သိထားတယ် ဆိုရင် ပိုအထောက်အကူ ဖြစ်ပါလိမ့်မယ်။ ကဲ .... အသည်းအဆီဖုံးခြင်းကို လျော့ပါးစေမယ့် အကောင်းဆုံးအသီး (၅) မျိုး အကြောင်း လေ့လာလိုက်ရအောင်နော်။ အသည်းအဆီဖုံးခြင်းကို လျော့ပါးစေမယ့် အကောင်းဆုံးအသီး (၅) မျိုး အသည်းအဆီဖုံးခြင်းကို လျော့ပါးစေမယ့် အကောင်းဆုံးအသီး (၅) မျိုးကတော့ (၁) သံပရာသီး အဆီတွေ လျော့ပါးစေဖို့ သံပရာသီးက အကောင်းဆုံး […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်