အသည်းရောဂါများ

ကျန်းမာနေစေဖို့အတွက် အရေးကြီးတဲ့ အသည်းကို ကျန်းမာစေဖို့ လိုက်နာရမယ့် အလေ့အထတွေနဲ့ အသည်းကျန်းမာရေးရဲ့ လက္ခဏာတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အသည်းရောဂါများ

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အသည်းရောဂါများ ကို ရှာဖွေမည်။

အသည်းရောဂါများ

မျိုးရိုးလိုက်သောအသည်းရောဂါ ။ Alpha-1 antitrypsin ချို့ယွင်းခြင်း

Alpha-1 antitrypsin ချို့ယွင်းမှု အတွက် အချက်အလက်တွေကို ရှာဖွေနေပါသလား။ အသုံးဝင်တဲ့ အချက်အလက်တွေကို ဒီဆောင်းပါးမှာ ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ Alpha-1 antitrypsin ချို့ယွင်းမှုဆိုတာ ဘာလဲ။ Alpha-1 antitrypsin ချို့ယွင်းမှုဟာ အဆုတ်နဲ့ အသည်းကို ထိခိုက်စေတဲ့ မျိုးရိုးလိုက်တတ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ လက္ခဏာတွေနဲ့ ဒီရောဂါဖြစ်တတ်တဲ့ အသက်အရွယ်တွေဟာ လူပေါ်လိုက်ပြီး ကွာခြားမှု ရှိပါတယ်။ ဘယ်အရာတွေက Alpha-1 antitrypsin ချို့ယွင်းမှုကို ဖြစ်စေပါသလဲ။ တကယ်တော့ Alpha-1 antitrypsin ဟာ အသည်းမှာ ပြုလုပ်တဲ့ ပရိုတင်းတစ်မျိုး ဖြစ်ပြီး ကိုယ်အင်္ဂါ အတော်များများမှာ အင်ဇိုင်းတွေကို ချေဖျက်ဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ Alpha-1 antitrypsin ချို့ ယွင်းမှု ဟာ သင့်မှာ ဒီပရိုတင်းကို ထုတ်လုပ်ဖို့ တားမြစ်နေတဲ့ […]


အသည်းရောဂါများ

မျိုးရိုးလိုက်သော အသည်းရောဂါများ

အဖြစ်အများဆုံးမွေးရာပါ အသည်းရောဂါနှစ်မျိုးကတော့ သံဓါတ်များပြားစုပုံခြင်း (Hemochromatosis) နဲ့ alpha-1 antitrypsin ချို့ယွင်းခြင်းတို့ပဲ ဖြစ်ပါတယ်။ သံဓါတ်များသောရောဂါ(Hemochromatosis) ဒီရောဂါဟာ အသည်းနဲ့ အခြားကိုယ်အင်္ဂါတွေမှာ သံဓါတ် စုပြုံတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါရဲ့ အဓိက ပုံစံဟာ အဖြစ်များတဲ့ မွေးရာပါတစ်ခု ဖြစ်ပြီးတော့ လူအယောက် ၂၀၀မှာ တစ်ယောက် ဖြစ်တတ်ပါတယ်။ မိသားစုဝင်တစ်ဦးမှာ ဒီရောဂါဖြစ်နေပြီဆိုရင် ကျန်မိသားစုဝင်တွေမှာလည်း ရောဂါဖြစ်နိုင်ခြေ ရှိပါတယ်။ ဒီရောဂါရဲ့ ဒုတိယပုံစံကတော့ မျိုးရိုးလိုက်ခြင်းကြောင့် မဟုတ်ပဲ အခြားရောဂါတွေ ဖြစ်တဲ့ သယ်လ်ဆီးမီယားရောဂါ၊ သွေးအားနည်းရောဂါလိုမျိုး သွေးရောဂါတွေကြောင့် ဖြစ်ပါတယ်။ Hemochromatosis နဲ့ ဆက်စပ်နေတဲ့ သံဓါတ်များခြင်းဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုမို ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေဟာ ရာသီလာစဉ်မှာ သွေးဆုံးရှုံးမှု ရှိတာကြောင့် သွေးဆုံးချိန်မရောက်မချင်း သံဓါတ်များခြင်းရဲ့ လက္ခဏာတွေကို ကြုံတွေ့ရခြင်း မရှိပါဘူး။ Hemochromatosis […]


အသည်းရောဂါများ

အသည်းရောဂါ ရှာဖွေအတည်ပြုခြင်းအကြောင်း သိကောင်းစရာ

ဆရာဝန်ဆီ သွားရောက်ပြသခြင်းဟာ အနည်းငယ်ကြောက်စရာကောင်းနိုင်ပါတယ်။ ဆရာဝန်တွေနဲ့ ဆရာမတွေဟာ သင့်ကိုအကြောင်းရင်းတစ်စုံတစ်ရာ မပြောပြပဲ သွေးဖေါက်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီလိုသွေးဖောက် စစ်ဆေးမှုတွေအကြောင်းကို စိုးရိမ်မှုလျော့ပါးစေဖို့ ရှင်းပြပေးမှာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓါနဲ့ ရောဂါရာဇဝင် စစ်ဆေးခြင်း သင့်ဆရာဝန် ပထမဆုံးလုပ်မယ့်အရာကတော့ ကိုယ်ခန္ဓါ စစ်ဆေးမှုပြုလုပ်ပြီး ကျန်းမာရေးရာဇဝင် မေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်ဟာ သင့်ကို မေးခွန်းတွေ မေးပြီး ရောဂါလက္ခဏာတွေကို ရှာဖွေမှာ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေကတော့- • အသားဝါခြင်း၊ မျက်လုံးဝါခြင်း • ဗိုက်အောင့်ခြင်း၊ ရောင်ရမ်းခြင်း • ခြေထောက်၊ ခြေချင်းဝတ် ရောင်ရမ်းခြင်း • အရေပြား ယားယံခြင်း • ဆီးအရောင်ရင့်ခြင်း • ဝမ်းအရောင် ဖျော့ခြင်း၊ သွေး ပါခြင်း (သို့) ကတ္တရာစေးရောင် ဝမ်းသွားခြင်း • နာတာရှည် ပင်ပန်းနွမ်းနယ်ခြင်း • ပျို့အန်ခြင်း • အစာစားချင်စိတ် မရှိခြင်း • အလွယ်အကူ အညိုအမဲ စွဲခြင်း ဒီလက္ခဏာတွေကို […]


အသည်းရောဂါများ

ကိုယ်အင်္ဂါအစိတ်အပိုင်း လှူတဲ့ မိသားစုဆီ ကျေးဇူးတင်စာရေးနည်း

စာရေးသင့်မသင့် ဆုံးဖြတ်ခြင်းဟာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်ပါတယ်။ သင့်ရဲ့ ကျေးဇူးတင်မှုကို ဖေါ်ပြဖို့ လုံလောက်တဲ့စကား ရှာမရ ဖြစ်နိုင်ပါတယ်။ ကိုယ်အင်္ဂါ တစ်ရှူး လက်ခံရရှိသူတွေဟာ လှူတဲ့ မိသားစုကို ကျေးဇူးတင်စကားပြောလိုကြပြီး အစားထိုးခွဲစိတ်မှုအပြီး အခြေအနေကို ဝေမျှလိုကြပါတယ်။   အများသောအားဖြင့် အလှူရှင်မိသားစုကို စာရေးခြင်းဟာ လန့်စရာကောင်းတာမို့ ကတ်တစ်ခုခုကိုလည်း ရွေးချယ်နိုင်ပါတယ်။ စာမရေးခင် အစားထိုးကုသမှုအပြီး အနည်းဆုံးသုံးလလောက် စောင့်ဆိုင်းသင့်ပါတယ်။ ဒါဟာ သင့်ကလေးငယ်ကိုရော အလှူရှင်မိသားစုကိုပါ နာလာထူဖို့ အချိန်ပေးနိုင်ပါတယ်။ သင့်ဆေးရုံဟာ လက်ခံသူနဲ့ အလှူရှင်မိသားစုကြားက တွေ့ဆုံမှုတွေကို စီစဉ်ပေးမှာ မဟုတ်ပါဘူး။ ပါဝင်ပတ်သက်တဲ့သူတွေရဲ့ အနှောင့်အယှက်ကင်းစွာ လုံခြုံမှုကို ထိန်းသိမ်းပေးကြမှာ ဖြစ်ပါတယ်။   အလှူရှင်မိသားစုကို ရေးသားရန် အချက်တချို့ အလှူရှင်မိသားစုကို ကျေးဇူးတင်စကားပြောပြီး သူတို့ရဲ့ မိသားစုဝင် သေဆုံးခြင်းကို စိတ်မကောင်းကြောင်းပြောပါ။ သင့်ကလေးငယ်နဲ့ မိသားစုအကြောင်းပြောပြပါ။ အစားထိုးကုသခြင်းဟာ သင့်ကလေးနဲ့ […]


အသည်းရောဂါများ

အသည်းရောဂါအတွက် အထူးအစားအစာများ

အသည်းရောဂါအတွက် အထူးအစားအစာများ အသည်းရောဂါမှန်း အဖြေရှာအတည်ပြုပြီးတာနဲ့ လူနာတွေမေးလေ့ရှိတဲ့မေးခွန်းတွေဟာ အစားအစာ၊ လေ့ကျင့်ခန်းတွေနဲ့ ပတ်သက်သော အကြောင်းအရာတွေဖြစ်ပါတယ်။ မေးလေ့ရှိတဲ့မေးခွန်းတွေကတော့ အသည်းအတွက် ဘယ်အစားအစာတွေက ကောင်းလဲ၊ ပရိုတိန်းဓါတ် ဘယ်လောက်စားရမလဲ၊ လေ့ကျင့်ခန်းလုပ်ခြင်းက ကောင်းလား၊ ဘယ်အားကစားမျိုးတွေ မလုပ်သင့်ဘူးလဲ စတာတွေဖြစ်ပါတယ်။ အသည်းရောဂါလူနာတွေမှာ အချို့အစားအစာတွေကို အတိုင်းအတာပမာဏနဲ့ စားသင့်ပါတယ်။ ဒါကိုပြစ်ဒဏ်တစ်ခုလို မစဉ်းစားဘဲနဲ့ အသည်းကျန်းမာဖို့အတွက် လှေကားထစ်တစ်ဆင့်လို့မှတ်သင့်ပါတယ်။   အသည်းရောင်ရောဂါသည်တွေအတွက် သင့်တော်တဲ့ အကောင်းဆုံး အစားအစာတွေဆိုတာ ရှိသလား။ ဆရာဝန်ဆီသွားပြီး အသည်းရောဂါအတွက် ဘာစားသင့်လဲလို့ မတောင်းဆိုရဲကြပါဘူး။ အသည်းရောဂါအမျိုးအစား (သည်းခြေလမ်းကြောင်းကြောင့်ဖြစ်တဲ့ အသည်းခြောက်ခြင်း အရက်ကြောင့်ဖြစ်တဲ့ အသည်းခြောက်ခြင်း)၊ အသည်းရောဂါအဆင့် ( အပျော့စားအသည်းရောဂါ၊ ဆိုးရွားပြင်းထန်တဲ့အသည်းရောဂါ) စတဲ့အခြေအနေတွေပေါ်မူတည်ပြီး အသည်းရောဂါအတွက် အစားအစာကို စံသတ်မှတ်ထားလို့မရပါဘူး။ လူတစ်ယောက်ချင်းစီမှာ အာဟာရဆိုင်ရာလိုအပ်မှုတွေရှိပြီး ထိုလိုအပ်မှုတွေကလည်း အချိန်တိုင်းပြောင်းလဲနေပါတယ်။ အသည်းရောဂါသည်တွေအတွက် တစ်နေ့လုံး အစာနည်းနည်းစီ စားခြင်းက စွမ်းအင်များများရရှိပြီး အစာချေဖို့ […]


အသည်းရောဂါများ

အသည်းသွေးကြော ရိုးရိုးအလုံးအကျိတ်

Hemangioma (ရိုးရိုးသွေးကြောအကျိတ်) ဟာ မွေးရာပါ အမှတ်တစ်ခု ဖြစ်ပါတယ်။ သူတို့တွေမှာ သေးငယ်တဲ့ သွေးကြောပေါင်းများစွာ ပါဝင်ပြီး အရေပြားကို အနီရောင် (သို့) ခရမ်းရောင် တွေ ဖြစ်ပေါ်စေပါတယ်။ Liver Hemangioma ဟာ အသည်းပေါ်မှာ ရှိတဲ့ သွေးကြောအလုံးအကျိတ်တစ်မျိုး ဖြစ်ပါတယ်။ သူဟာကင်ဆာ မဟုတ်ဘဲ ရိုးရိုး အကျိတ်တစ်ခုသာ ဖြစ်ပါတယ်။ အသည်းမျက်နှာပြင်ပေါ်မှာ သို့ အသည်းမျက်နှာပြင်အောက်မှာ ရှုပ်ထွေးနေတဲ့ သွေးကြောတွေပဲ ဖြစ်ပါတယ်။ အသည်းသွေးကြောကျိတ် တွေဟာ များသောအားဖြင့် အန္တရာယ်မရှိပဲ လက္ခဏာတွေ မပြတတ်ပါဘူး။ ဒီလိုလက္ခဏာတွေကို မတွေ့ရှိရတတ်တာကြောင့် အခြား မဆိုင်တဲ့ အခြေအနေတစ်ခုကို စစ်ဆေးကြည့်ချိန်မှ ဒါတွေကို တွေ့ရတာ ဖြစ်ပါတယ်။ အသည်း သွေးကြောကျိတ် တွေဟာ ကင်ဆာမဟုတ်ပဲ ကင်ဆာဖြစ်စေခြင်းလည်း မရှိပါဘူး။ ဒီအကျိတ်တွေဟာ 4cm […]


အသည်းရောဂါများ

သင့်အသည်း ဘယ်လိုအလုပ်လုပ်သလဲ

အသည်းဟာ အရေးကြီးတဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို လုပ်ဆောင်ပေးပါတယ်။ သူဟာ ၁.၅ ကီလိုဂရမ် လေးပြီး ကိုယ်ခန္ဓါရဲ့ အကြီးမားဆုံး အင်္ဂါအစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ အသည်းလုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဒီဆောင်းပါးမှာ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ အသည်းတည်နေရာ အသည်းဟာ ဗိုက်အပေါ်ပိုင်းညာဘက်အခြမ်း ရင်ဝမ်းခြားကြွက်သား အောက်မှာ ရှိနေတာ ဖြစ်ပါတယ်။ သူဟာ နံရိုးအောက်က နေရာအတော်များများနဲ့ ဘက်ဘက်အခြမ်း ဗိုက်အပေါ်ပိုင်းမှာ နေရာအချို့ကို ယူထားတာဖြစ်ပါတယ်။ အပြင်ကနေ ကြည့်မယ်ဆိုရင် ညာဘက်က ကြီးမားတဲ့ အပိုင်းနဲ့ ဘယ်ဘက်က သေးငယ်တဲ့အပိုင်းတွေဟာ ကွာခြားမှု ရှိပါတယ်။ ဒီအပိုင်းနှစ်ခုကို အသည်းကို ဝမ်းဗိုက်ပိုင်းမှာ မြဲနေစေတဲ့ သွယ်ဆက်တစ်ရှူး နဲ့ ခွဲခြားထားပါတယ်။ သည်းခြေရည် တွေထုတ်ပေးတဲ့ သည်းခြေအိတ်ဟာ အသည်းရဲ့ အောက်ဘက်မှာ သေးငယ်ပြီး အခေါင်းပေါက်ပါတဲ့ […]


အသည်းရောဂါများ

အသည်းခြောက်ခြင်း ။ အခြေခံအချက်အလက်များ

အသည်းခြောက်ခြင်းဟာ အသည်းပျက်စီးခြင်းကြောင့် ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ အသည်းခြောက်ခြင်းဟာ ရောဂါသေဆုံးနှုန်းအများဆုံး အကြောင်းရင်း နံပါတ် ၁၂ မှာ ရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့ အသည်းခြောက်ခြင်းအကြောင်းကို အသေးစိတ်ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ အသည်းခြောက်ခြင်းဟာ ကျန်းမာတဲ့ အသည်းတစ်ရှူးတွေနေရာမှာ အမာရွတ်တစ်ရှူးတွေနဲ့ အစားထိုးလိုက်တဲ့ ဖြည်းညင်းစွာ ဖြစ်ပေါ်လာတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါဟာ အသည်းကို ကောင်းမွန်စွာ လုပ်ငန်းဆောင်တာဆောင်ရွက်နိုင်ခြင်းကနေ ကာကွယ်ပေးပါတယ်။ အမာရွတ်တစ်ရှူးတွေဟာ အသည်းကို သွေးဖြတ်သန်းစီးဆင်းမှုကို တားမြစ်ပြီး အာဟာရဓါတ်တွေ၊ ဟော်မုန်းတွေ သန့်စင်တဲ့ ဖြစ်စဉ်ကို နှောင့်နှေးစေပြီး အဆိပ်အတောက်တွေ ဖြစ်ပေါ်စေပါတယ်။ သူတို့ဟာ အသည်းကနေ ထုတ်လိုက်တဲ့ ပရိုတင်းနဲ့ အခြားအရာဝတ္ထုတွေ ထုတ်လုပ်ခြင်းကိုလည်း နှောင့်နှေးစေပါတယ်။ ဘယ်အရာတွေက အသည်းခြောက်ခြင်းကို ဖြစ်ပေါ်စေသလဲ။ အသည်းပျက်စီးခြင်းနဲ့ အသည်းခြောက်ရောဂါကို ဖြစ်စေနိုင်တဲ့ ရောဂါအခြေအနေ အများအပြား ရှိပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ အရက်ကို […]


အသည်းရောဂါများ

အသည်းရောင်(စီ)ပိုး ကို လိင်မှတဆင့် မကူးစက်အောင် ဘယ်လိုဆင်ခြင်နိုင်မလဲ

အသည်းရောင်ရောဂါ(စီ)သည် အသည်းရောင်(စီ)ပိုးကြောင့်ဖြစ်သော ကူးစက်တတ်သည့် အသည်းရောဂါ ဖြစ်ပါသည်။ ဤရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ နည်းလမ်းမျိုးစုံဖြင့် ကူးစက်နိုင်ပါသည်။ ဥပမာ-အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း။ အသည်းရောင် (စီ) ပိုးနှင့် လိင်ဆက်ဆံခြင်း ဆက်နွယ်မှုများကို အောက်တွင် ဆက်လက်ဖော်ပြထားပါသည်။ ဒီတစ်ခေါက်တော့ အသည်းရောင်(စီ)ပိုး ကို လိင်မှတဆင့် မကူးစက်အောင် ဘယ်လိုဆင်ခြင်နိုင်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီအကြောင်းကို မပြောခင် အရင်ဆုံး အသည်းရောင်(စီ)ပိုး ဘယ်လိုကူးစက်တတ်သလဲဆိုတာကို အရင်ပြောပြပေးချင်ပါတယ်။ အသည်းရောင်(စီ)ပိုး ဘယ်လိုကူးသလဲ အသည်းရောင်ရောဂါ(စီ)သည် နာတာရှည်ရောဂါမဖြစ်ခင်အထိ လက္ခဏာပြလေ့မရှိပါ။ လူအများစုသည် အသည်းပျက်စီးနေပြီဟု မသိမချင်း နှစ်ပေါင်းများစွာကြာတဲ့အထိ ရောဂါပိုးရှိကြောင်းမသိပါ။ ထို့ကြောင့် ပုံမှန်ရောဂါစစ်ဆေးမှုများ ပြုလုပ်သင့်သည်။ ကူးစက်နိုင်သောနည်းလမ်းများမှာ- Heroin ကဲ့သို့ မူးယစ်ဆေးအလွဲသုံးစားပြုသူများတွင် ပိုးမသတ်ထားသော အပ်များသုံးခြင်း မိခင်မှကလေးသို့ မီးဖွားစဉ်ကူးခြင်း ရောဂါရှိသူသုံးထားသော အပ်နှင့်ထိခိုက်မိခြင်း ရောဂါရှိသူထံမှ သင်တုန်းဓားနှင့် […]


အသည်းရောဂါများ

အသည်းရောင်ရောဂါကုထုံးများ

အသည်းရောင်ရောဂါဆိုသည်မှာ အသည်းရောင်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ ကျွမ်းကျင်သူများက ၎င်းဗိုင်းရပ်စ်ပိုးများကို အေ၊ ဘီ၊ စီ၊ ဒီ၊ အီး ဟူ၍ ခွဲခြားထားပါသည်။ ထို့ကြောင့် ရောဂါပိုးတစ်မျိုးစီအတွက် ကုသမှု ကြီးမားစွာကွဲပြားသည့်အပြင် ရုတ်တရက် နှင့် နာတာရှည်ရောဂါအတွက်လည်း ကုသမှုများခြားနားပါသည်။ အသည်းရောင်ရောဂါရှိသည်ဟု သိရှိသည်နှင့် သင်၏ဘဝသည် ပြောင်းလဲနိုင်သည်။ အသည်းရောင်ရောဂါအတွက် သုံးသည့်ဆေးများမှာ ဈေးကြီးသည့်အပြင် ဘေးထွက်ဆိုးကျိုးများပါသည်။ ထို့ကြောင့်ကုသမှုယူခြင်း၊ မယူခြင်းမှာ အောက်ပါအချက်ပေါ်တွင် မူတည်ပါသည်။ • အသည်းမည်မျှပျက်စီးသလဲ • အခြားကျန်မာရေးအခြေအနေ • ရောဂါပိုးများခန္ဓါကိုယ်တွင်မည်မျှရှိသလဲ။ • မည်သည့်အသည်းရောင်ရောဂါအမျိုးအစားရှိသလဲ။ ချက်ချင်းရုတ်တရက် ဖြစ်သောအသည်းရောင်ရောဂါကုသမှု(acute hepatitis) ထိုရောဂါရှိသူအများစုသည် ၎င်းတို့၏အခြေအနေကို မသိသောကြောင့် ကုသမှုမခံယူကြပေ။ လူတစ်ဦးက ဤပိုးနှင့်ထိတွေ့ခဲ့လျှင် ဥပမာ-ကျန်းမာရေးဝန်ထမ်းမှ အပ်စူးခဲ့လျှင် စောစောဆေးကုသမှုခံယူရမည် ဖြစ်သည်။ ရောဂါရှိသည့်လူအများစုသည် ဆေးကုသမှုခံယူပါက ရောဂါလက္ခဏာများကို လျှော့ချပေးပါသည်။ ၎င်းကုသမှုများမှာ- • အနားယူခြင်း။ အသည်းရောင်လူနာများသည် ပင်ပန်းကာဖျားနေသောကြောင့် အနားယူရန်လိုအပ်သည်။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း