backup og meta

အသည်းအဆီဖုံးခြင်းကို လျော့ပါးစေမယ့် အကောင်းဆုံးအသီး (၅) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းအဆီဖုံးခြင်းကို လျော့ပါးစေမယ့် အကောင်းဆုံးအသီး (၅) မျိုး

    အသည်းအဆီဖုံးခြင်းက အဖြစ်များတဲ့ အသည်းရောဂါ တစ်မျိုး ဖြစ်ပါတယ်။ အသည်း တဝိုက်မှာ အဆီပိုတွေ စုလာတဲ့အခါ အသည်းရဲ့ လုပ်ဆောင်ချက်တွေကိုထိခိုက်စေပြီး ရောင်ရမ်းမှုတွေ ဖြစ်စေပါတယ်။ ဒီအခြေအနေကို အစားအသောက် ဆင်ခြင်ပြီး နေထိုင်မှုပုံစံ ပြောင်းလဲတဲ့ နည်းနဲ့ ကုသလို့ ရပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေထိုင်ရင်းနဲ့ အစား ဆင်ခြင်တဲ့ နေရာမှာ အသည်းအဆီဖုံးခြင်း အတွက် အကောင်းဆုံး အသီးအနှံတွေကို သိထားတယ် ဆိုရင် ပိုအထောက်အကူ ဖြစ်ပါလိမ့်မယ်။ ကဲ …. အသည်းအဆီဖုံးခြင်းကို လျော့ပါးစေမယ့် အကောင်းဆုံးအသီး (၅) မျိုး အကြောင်း လေ့လာလိုက်ရအောင်နော်။

    အသည်းအဆီဖုံးခြင်းကို လျော့ပါးစေမယ့် အကောင်းဆုံးအသီး (၅) မျိုး

    အသည်းအဆီဖုံးခြင်းကို လျော့ပါးစေမယ့် အကောင်းဆုံးအသီး (၅) မျိုးကတော့

    (၁) သံပရာသီး

    အဆီတွေ လျော့ပါးစေဖို့ သံပရာသီးက အကောင်းဆုံး ဓာတ်စာပါပဲ။ နေ့စဉ် သံပရာရည် သောက်ပေးတာက အသည်းမှာ စုနေတဲ့ အဆီတွေကို အမြန်ဆုံး ကျဆင်းစေပါတယ်။ သံပရာသီးက အဆိပ်အတောက် ဖယ်ရှားရာမှာ အစွမ်းထက်သလို ဗီတာမင် စီလည်း ကြွယ်ဝပါတယ်။ သံပရာသီးကြောင့် အစာခြေစနစ် ပိုကောင်းစေတဲ့အပြင် အသည်းကိုလည်း အကာအကွယ် ပေးနိုင်ပါတယ်။

    (၂) မန်ကျည်းသီး

    ဟင်းချက်တဲ့အခါ ထည့်ချက်နေကျ မန်ကျည်းသီးမှာ အစွမ်းသတ္တိတွေ ရှိနေတယ် ဆိုတာ သင်သိပါသလား။ မန်ကျည်းသီးဟာ အမျှင်ဓာတ်နဲ့ မပြည့်ဝဆီတွေပါဝင်မှု မြင့်မားလို့ အဆီကြောင့် သွေးကြောကျဉ်းရောဂါ ( arteriosclerosis) ကို ကုသရာမှာ အထောက်အကူ ပေးပါတယ်။ အစာအိမ် နဲ့ အူလမ်းကြောင်းကို အညစ်အကြေး ဖယ်ရှားသန့်စင်ပေးနိုင်စွမ်း ရှိလို့ အစာခြေစနစ်ကို ကောင်းစေပြီး အဆီတွေကို ကျစေပါတယ်။ အဲဒီလို မန်ကျည်းသီးဟာ သွေးကို သန့်စင်စေပြီး ကိုလက်စထရောတွေ ကျစေတဲ့အပြင် အသည်းမှာ ဖုံးနေတဲ့ အဆီတွေကို လျော့ပါးစေနိုင်ပါတယ်။

    (၃) သစ်တော်သီး

    သစ်တော်သီးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဓာတ်တွေ အများကြီး ပါဝင်တဲ့အပြင် ချိုမြတဲ့ အရသာကြောင့် လူကို လန်းဆန်းစေပါတယ်။ ရေဓာတ် ပါဝင်မှု များပြီး အမျှင်ဓာတ် ပါဝင်မှုများလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင် စီအပြင် ဗီတာမင် ဘီအုပ်စု နဲ့ ဗီတာမင် အီးတို့ ပါဝင်ပါတယ်။ သွေးတွင်း ကိုလက်စထရောကို ကျစေပြီး အစာခြေစနစ်ကို ပုံမှန် ဖြစ်စေပါတယ်။ ဒီအချက်တွေကြောင့်ပဲ သစ်တော်သီးက အသည်းကို အကျိုးပြုနေတာ ဖြစ်ပြီး ပန်ကရိယ နဲ့ အသည်းကို သန့်စင်စေပါတယ်။

    (၄) ဖရဲသီး နဲ့ သင်္ဘော

    ဖရဲသီး နဲ့ သင်္ဘောတို့က သဘာဝ ဆေးဖက်ဝင် ပစ္စည်းတွေ ဖြစ်နေတာ သင်သိရဲ့လား။ ဒီနှစ်မျိုးကို ရောကြိတ် ဖျော်စပ်ထားတဲ့ အချိုရည် တစ်ခွက်ဟာ အသည်းကို သန့်စင်စေပြီး အသည်းမှာ စုနေတဲ့ အဆီတွေကို လျော့ပါးစေနိုင်စွမ်း ရှိပါတယ်။ တစ်နေ့ တစ်ခွက် သောက်ခြင်းအားဖြင့် အသည်းအဆီဖုံးခြင်းကို သက်သာလျော့ပါးစေပါတယ်။

    (၅) စတော်ဘယ်ရီ

    ချိုချိုချဉ်ချဉ် စတော်ဘယ်ရီသီးလေးတွေက အသည်းနဲ့ ခန္ဓာကိုယ်တွင်းကို သန့်စင်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ စတော်ဘယ်ရီမှာ အမျှင်ဓာတ်၊ ဗီတာမင် စီနဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။ သွေးတိုးကို ကျစေပြီး ယူရစ်အက်စစ်ကို လျော့ကျစေပါသေးတယ်။ ရေထဲမှာ စတော်ဘယ်ရီ ထည့်၊ သံပရာသီးလေး နည်းနည်း ထည့်ပြီး detox အဖြစ် သောက်လို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement