အသည်းစ နမူနာယူစစ်ဆေးခြင်း (Liver Biopsy) ဆိုတာကတော့ အသည်းကနေ တစ်ရှူးစ အနည်းငယ်ကို ခွဲစိတ်မှုနည်းလမ်းအားဖြင့် ရယူပြီး ရောဂါဗေဒဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ တစ်ရှူးစကို နမူနာယူစစ်ဆေးခြင်းအားဖြင့် အသည်းမှာ ကင်ဆာ၊ အသည်းခြောက်ခြင်း စတဲ့ ပုံမှန်မဟုတ်တဲ့ အနေအထားတွေ ဖြစ်ပေါ်နေခြင်း ရှိမရှိ သိနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်ရင် သွေးစစ်ခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်း စတာတွေ ထပ်မံလုပ်ဆောင်ပါတယ်။