
ပန်းသီး၊ သစ်ကြံပိုးခေါက် Detox Waterလုပ်ဖို့ဆိုရင် ပန်းသီးအရွယ်တော်တစ်လုံး၊ သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ၊ ရေသန့်တစ်လီတာလောက် လိုအပ်ပါတယ်။
အရင်ဆုံး ရေထဲကို ရေစင်အောင်ဆေးပြီး စိတ်ထားတဲ့ ပန်းသီးလေးတွေထည့်ပါ။ ပြီးရင် သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း တဝက်စာထည့်ပါ။ သမအောင်မွှေလို့ ရေခဲသေတ္တာထဲမှာ ၃ နာရီကြာစိမ်းထားပါ။ ပြီးရင်တော့ သောက်လို့ရပါပြီ။
သခွားသီး၊ ရှောက်ချိုသီးDetox Water

သခွားသီး၊ ရှောက်ချိုသီး Detox Waterလုပ်ဖို့ဆိုရင် သခွားသီးအရွယ်တော်တစ်လုံး၊ ရှောက်ချိုသီး အရွယ်တော်တစ်လုံး၊ ပူစီနံအနည်းငယ် နဲ့ ရေသန့်တို့လိုမှာပါ။
သခွားသီး နဲ့ ရှောက်ချိုသီးကို ရေစင်အောင်ဆေးပါ။ ပြီးရင် မထူမပါး အကွင်းလေးတွေလှီးပါ။ ပူစီနံရွက်လေးတွေကို စိတ်လို့ ရေစင်အောင်ဆေးပြီး ရေဗူးထဲမှာ ရေနဲ့အတူ ရောထည့်လိုက်ပါ။ ၃ နာရီလောက် ရေခဲသေတ္တာထဲမှာ စိမ်ထားပြီးရင် သောက်လို့ရပါပြီ။
ခရင်ဘယ်ရီ၊ သံပရာ Detox Water

ခရင်ဘယ်ရီ၊ သံပရာ Detox Waterလုပ်ဖို့ဆိုရင် သကြားမပါတဲ့ ခရင်ဘယ်ရီသီးဖျော်ရည်အဆီ ထမင်းစားဇွန်း တစ်ဇွန်းစာ၊ သံပရာသီး တစ်ခြမ်း နဲ့ ရေသန့်တို့ လိုအပ်မှာပါ။
အရင်ဆုံးရေထဲကို ခရင်ဘယ်ရီသီးဖျော်ရည် အဆီထည့်ပါ။ သံပရာသီးကို ညှစ်ပြီး အခွံကိုပါထည့်စိမ်ပါ။ ရေခဲသေတ္တာထဲ ၃ နာရီကြာထည့်စိမ်ထားပြီးရင် သောက်လို့ရပါပြီ။
ဖရဲသီး၊ ပူစီနံ Detox Water

ဖရဲသီး၊ ပူစီနံ Detox Waterလုပ်ဖို့ ဖရဲသီးတစ်စိတ်၊ ပူစီနံရွက်အနည်းငယ်နဲ့ ရေသန့်တို့လိုအပ်မှာပါ။
အရင်ဆုံး ဖရဲသီးလေးတွေကို အရွယ်တော်လေးတွေ တုံးပါ။ ပူစီနံရွက်တွေကိုခြွေပြီး ရေစင်အောင်ဆေးပါ။ ပြီးရင် ရေဗူးထဲရေပါအကုန်ရောထည့်လို့ ၃ နာရီကြာစိမ်ထားပါ။ ရေခံသေတ္တာထဲ ထည့်ထားပေးဖို့မမေ့ပါနဲ့။ ပြီးရင် သောက်လို့ရပါပြီ။
အရေးကြီးတာက Detox Waterပဲ သောက်ပြီး အစာမစားတာမျိုး မလုပ်ဖို့ပါပဲ။ Detox Waterတွေမှာ ရေနဲ့ အသီးပဲ ပါတာကြောင့် တစ်နေ့တာ အာဟာရလိုအပ်ချက်ကို မဖြည့်ပေးနိုင်ပါဘူး။ ဒါကြောင့် ဘာမှမစားဘဲ ဒါပဲ သောက်နေရင် အာဟာရချို့တဲ့ လာပါလိမ့်မယ်။
နောက်တစ်ချက်က Detox Waterတွေက အသည်းကို သန့်စင်ပေးနိုင်တယ်လို့ တိကျတဲ့ အထောက်အထား မရှိပါဘူး။ အသည်းကိုယ်တိုင်ကလည်း အထူးတလည် detox လုပ်စရာ မလိုတာလည်း ပါပါတယ်။ ဒါကြောင့် Detox Waterကိုပဲ အားမကိုးဘဲ အသည်းကို ထိခိုက်စေတဲ့ အပြုအမူတွေကိုပါ ရှောင်ကြဉ်ဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။