ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း ကိုဖြစ်စေတဲ့ အကြောင်းအရင်း၊ ရောဂါလက္ခဏာ၊ စားသောက်နေထိုင်မှု ပုံစံ ပြောင်းလဲမှုနည်းလမ်းနဲ့ ကုသနည်းတို့ကို သိရှိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေလည်ရင် အနံ့နံတာ ဘာကြောင့်လဲ

လေလည်တဲ့ပုံစံတွေက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တချို့က မသိမသာ မှင်သေသေနဲ့ အသံတိတ် လည်ကြသလို တချို့ကျတော့လည်း ပွင့်ပွင့်လင်းလင်း ဖွင့်ထုတ်ချလိုက်တာတွေ ရှိပါတယ်။ ဘာအနံ့မှ မထွက်ဘဲ တိတ်တခိုးလေး လည်ကြသလို အသံမကြားရဘဲ အနံ့သက်သက်ပေးတဲ့ လေလည်ခြင်းတွေလည်း ရှိပါတယ်။  လေလည်တဲ့အခါ ကသိကအောက်ဖြစ်ကြတာ၊ သူများကို အားနာရတာ အသံကြောင့်ဆိုတာထက် ထွက်လာတဲ့အနံ့ကြောင့်ပါ။ သူများနဲ့ မတူဘဲ ကိုယ် လေလည်ရင် အနံ့နံတာ ဘာကြောင့်များပါလိမ့်။ လေလည်တယ်ဆိုတာ ကျန်းမာ‌ရေး ဖြစ်စဉ်တစ်ခုပါ အစာအိမ်နဲ့ အူလမ်းကြောင်းက ပိုက်လိုင်းကြီးလို ဖြစ်နေတာဆိုတော့ နဂိုတည်းက လေရှိပြီးသားပါ။ အဲ့တာကိုမှ အပြင်ကနေ လေတွေမျိုချမိတာ၊ အစားအသောက်တွေကြောင့် အချဉ်ပေါက်ပြီး ဂတ်စ်တွေ ထွက်လာတာတွေ ရှိပါတယ်။ ဒီလိုမျိုး အူလမ်းကြောင်းထဲမှာ လေတွေများလာရင် ပိုလျှံနေတဲ့လေတွေကို အပေါ်ကနေ လေတက်ပြီးဖြစ်ဖြစ်၊ အောက်ကနေ လေလည်ပြီး […]

ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း ကို ရှာဖွေမည်။

ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေလည် ခြင်း (သို့) အီးပေါက်ခြင်း အနုပညာ

လေလည် ခြင်း ဆိုတာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ Gas တွေများလာတဲ့အခါ အပြင်ကို စွန့်ထုတ်ဖို့အတွက် ဖြစ်လာရတဲ့ သဘာဝလုပ်ငန်းလေးတစ်ခုပဲဖြစ်ပါတယ်။ တချို့က လေလည်တာကို ရှက်စရာ ကိစ္စတစ်ခုအနေနဲ့ စဉ်းစားကြပါတယ်။ လူတွေအရှေ့မှာ လေလည်တဲ့အခါ အသံထွက်လာမှာ၊ အနံ့ဆိုးနေမှာ စိုးရိမ်တဲ့ စိတ်တွေနဲ့ တစ်ခါတစ်လေမှာ အတင်းအောင့်ထားတတ်ကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လေဘာကြောင့် လည်ရတယ်၊ အောင့်ထားရင် ဘာတွေ ဖြစ်နိုင်တယ်၊ လေလည်တဲ့ အကြိမ်နည်းသွားအောင် ဘယ်လို နည်းလမ်းတွေ သုံးနိုင်တယ်ဆိုတာတွေ နဲ့ ပတ်သတ်ပြီး သိသင့်တဲ့ အချက်လေးတွေကို ကျန်းမာရေး ရှုထောင့်ကနေ ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဘာကြောင့် လေလည် ရသလဲ။ ကျွန်ုပ်တို့ စားလိုက်တဲ့အစာတွေကို ခြေဖျက်တဲ့ အခါ gas တွေထွက်လာပါတယ်။ ဒါ့အပြင် စားသောက်ရင်း လေတွေ မျိုချမိတာ၊ carbonated drinks […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေပွလေထစေသော အစားအစာများ

လူ့ကိုယ်ခန္ဓာဟာ ပြင်ပလေကို မျိုချမိရာကနေဖြစ်စေ၊ စားလိုက်တဲ့ အစားအစာတွေကို ချေဖျက်ရာကဖြစ်စေ အူလမ်းကြောင်းထဲမှာ လေပွခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဲ့ဒီအခါ လေချဉ်တက်ခြင်း၊ လေပွခြင်း၊ လေလည်ခြင်း စတာတွေဖြစ်ပေါ်ပါတယ်။ ပျမ်းမျှအားဖြင့် လူတယောက်ဟာ တနေ့မှာ အနည်းဆုံး ၁၄ကြိမ်ခန့် လေလည်လေ့ရှိပါတယ်။ လူတချို့ကတော့ တခြားသူတွေနဲ့စာရင် လေပွခြင်း လေလည်ခြင်း ဖြစ်တတ်ပါတယ်။ တကယ်လို့ သင်ဟာ လေပွတတ်သူဆိုရင် သင့်ရဲ့စားသောက်မှုပုံစံတွေကို ပြောင်းလဲခြင်းအားဖြင့် အထောက်အကူ ပြုနိုင်ပါတယ်။ ယခုဖော်ပြပေးမှာကတော့ လေပွခြင်းကို အများဆုံးဖြစ်ပေါ်စေတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ဒါတွေကို သတိပြုခြင်းအားဖြင့် လူအများအလယ်မှာ မကြာခဏ လေတက်ခြင်း၊ လေလည်ခြင်းတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ ၁။ ပဲအမျိုးမျိုး လေပွစေတတ်တဲ့ အစားအစာတွေကို စဉ်းစားရင် ပဲအမျိုးမျိုးဟာ ထိပ်ဆုံးမှာ ရှိနေပါလိမ့်မယ်။ ပဲတွေမှာ raffinose ဆိုတဲ့ သကြားတမျိုး ပါဝင်ပါတယ်။ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေချဉ်တက် တဲ့ ပြဿနာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရအောင်

တအေ့အေ့ နဲ့ လေချဉ်တက် တယ် ဆိုတာ တစ်နည်းနည်းနဲ့ ဗိုက်ထဲရောက်နေတဲ့ လေတွေကို အစာရေမျိုကနေ ပြန်စွန့်ထုတ်နေတာပါ။ အစား အမြန်စားမိတာ၊ အစာစားရင်း စကားပြောတာ၊ ပီကေ ဝါးတာ၊ ဂက်စ်ပါတဲ့ အချိုရည်တွေ သောက်တာ၊ ဆေးလိပ်သောက်တာတွေကြောင့် လေတွေ မျိုချမိစေနိုင်ပါတယ်။ ဒါ့ပြင် အစာခြေရည် ပြန်ဆန်တက်ခြင်း နဲ့ ရင်ပူနာ ဝေဒနာတွေ ကြောင့်လည်း လေတက်တဲ့ လက္ခဏာ ဖြစ်တတ်ပါတယ်။ မကြာခဏ လေတက်သံတွေ ထွက်နေရတယ် ဆိုရင်တော့ အစာအိမ်အနာဖြစ်စေတဲ့ Helicobacter pylori ဘက်တီးရီးယား ကြောင့် ဒါမှမဟုတ် အစာအိမ်နံရံ ရောင်ရမ်းခြင်း ကြောင့် ဖြစ်နိုင်ပါတယ်။ လေချဉ်တက် တဲ့ ပြဿနာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရအောင် (၁) ဖြည်းဖြည်း စားပါ၊ ဖြည်းဖြည်း သောက်ပါ ဖြည်းဖြည်း စားသောက်မယ်ဆို လေတွေ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ဒါတွေက ဗိုက်ပွ စေနိုင်တာ သင်သိရဲ့လား

ဗိုက်ပွ ၊လေပွတယ်ဆိုတာ ဘယ်လောက်နေရခက်တယ်ဆိုတာ ခံစားဖူးတဲ့သူတွေပဲသိပါတယ်။ အခန့်မသင့်ရင် လေထိုးလေအောင့်တာတွေလည်း ထဖြစ်နိုင်ပါသေးတယ်။ ရေတောင်သိပ်မသောက်ရဲဘဲ အီလည်လည်နဲ့ ဗိုက်ကယ်နေတတ်တာပါ။ ဆိုးဆိုးဝါးဝါးမဟုတ်ပေမယ့် မသိမသာဝေဒနာလေးတွေကနေ နေလို့မကောင်းဖြစ်စေတာလေ။ ဒီလို ဗိုက်ပွဝေဒနာဖြစ်လွယ်စေတဲ့ အစားအစာတွေကိုတော့ သိထားသင့်တယ်မဟုတ်လား။ အထူးသဖြင့် အစာမကြေဖြစ်လွယ်၊ လေထိုးလေအောင့်လွယ်၊ လေပွလွယ်၊ ရင်ပြည့်ရင်ကယ်ဖြစ်လွယ်တဲ့သူတွေအတွက် အသုံးဝင်မှာပါ။ သူတို့မှာ အရေးပါတဲ့ အာဟာရဓာတ်တွေပါဝင်တာမို့ အပြီးရှောင်ရမှာမဟုတ်ပေမယ့် ကိုယ့်အစာအိမ်အခြေအနေကို ချင့်ချိန်ပြီး ဉာဏ်ရှိသလိုစားသုံးနိုင်ဖို့ပြောပြပေးမှာဖြစ်ပါတယ်။ ဗိုက်ပွ စေနိုင်တဲ့ အစားအစာ (၈) မျိုး (၁) ပန်းသီး ပန်းသီးမှာ sorbitol လို့ခေါ်တဲ့ သဘာဝသကြားဓာတ် ပါဝင်ပါတယ်။ တချို့လူတွေရဲ့ ခန္ဓာကိုယ်က ဒီဓာတ်ကို ကောင်းကောင်းမစုပ်ယူနိုင်တဲ့အခါ လေပွတာတွေ ဖြစ်လာနိုင်တယ်။ (၂) ဘလက်ဘယ်ရီသီး ဘလက်ဘယ်ရီသီးကို  ဒီတိုင်းလည်း စားတယ်၊ ဖျော်သောက်တယ်၊ မုန့်ထဲထည့် လုပ်တယ်၊ အသီးခြောက်အနေနဲ့လည်း ပုံစံအမျိုးမျိုးစားကြပါတယ်။ သူ့ရဲ့သဘာဝသကြားဓာတ်က အချိုလျှော့စားချင်သူတွေအတွက် အဆင်ပြေတယ်ဆိုပေမယ့် […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အောင့်မထားနဲ့…ဖွင့်ချလိုက်ပါ လေပြဿနာ

ဟာ..ဘယ်သူပေါက်လိုက်လဲမသိဘူး နံလိုက်တာ ဆိုတဲ့စကားသံထွက်လာမှာကို လေလည်သူတွေအကြောက်ဆုံး၊ အရှက်ဆုံးပါ။ မသိမသာလေး ခိုးပေါက်တတ်သူတွေရှိသလို ပိတ်အောင့်ထားလိုက်သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် လေလည်ရမှာရှက်လို့၊ သူများနှာခေါင်းရှုံ့မှာစိုးလို့ အောင့်ထားလိုက်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲသိလား။ ကိုယ်သတိမထားမိလောက်ပေမယ့် ခန္ဓာကိုယ်ထဲက ပြန်ထွက်ချင်နေတဲ့လေက အောက်ကနေမထွက်ရတဲ့အခါ ပါးစပ်ကပြန်ထွက်လာနိုင်ပါတယ်။ အမှန်က လေလည်တာကို ကြာကြာအောင့်ထားလိုက်ရင် အူလမ်းကြောင်းမှာ စုနေတဲ့လေတွေက နောက်ဆုံးမှာ ထိန်းမရအောင် ကန်ထွက်တော့တာပဲ။ ထိန်းမရတဲ့အခါ လေလည်သံကျယ်ကျယ်နဲ့ ဝုန်းခနဲပေါက်ကွဲနိုင်သလို ဗိုက်အောင့်တာလည်းဖြစ်လာနိုင်ပါတယ်။ အခြေအနေကြည့်ပြီး ဖွင့်ချပါ ဒါ့ကြောင့်လေလည်ချင်နေပြီဆိုရင် ဖွင့်ချလိုက်ပါ။ လူရှင်းတဲ့နေရာကို လစ်တာပဲဖြစ်ဖြစ်၊ အိမ်သာထဲပြေးတာဖြစ်ဖြစ် မသိမသာလေးဖြေရှင်းလိုက်ပါ။ အောင့်ထားလိုက်လို့ အန္တရာယ်ကြီးကြီးမားမားမဖြစ်ပေမယ့် နေရခက်တာ၊ လေထိုးလေအောင့်တာတွေဖြစ်နိုင်တာကိုး။ အမှန်တော့ လေလည်တယ်ဆိုတာက အစာကို ဖြိုခွဲပြီး ချေဖျက်ဖို့ ခန္ဓာကိုယ်က ကြိုးစားတဲ့အခါ သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုပါပဲ။ ကိုယ်စားချလိုက်တဲ့အစားအသောက်တွေကို အစာအိမ်နဲ့ အစာခြေစနစ်က စီမံခန့်ခွဲရတာဖြစ်လို့ လေနည်းနည်းတော့ စွန့်ထုတ်မှာပါပဲ။ အဲဒီကမှ လေလည်မှာလား၊ လေတက်မှာလား ခန္ဓာကိုယ်ကလုပ်ဆောင်ပါလိမ့်မယ်။ ပျမ်းမျှအားဖြင့် […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ခဏခဏ လေလည် တတ်လို့ လူကြားထဲအခက်ကြုံရသူတွေအတွက် နည်းလမ်းကောင်း (၈) ခု

အသက်ရှင်ဖို့ အသက်ရှူနေကြတဲ့သူတွေချည်းပဲမို့ ကိုယ်ရှူရှိုက်နေတဲ့လေထုထဲ လေလည်ချလိုက်မှာကို ဘယ်သူမှ သဘောမကျလောက်ပါဘူး။ သူများမပြောနဲ့ ကိုယ့်ဆီကထုတ်လိုက်တဲ့လေတောင် ကိုယ်ပြန်မရှူနိုင်တာ ကိုယ်တွေ့မဟုတ်လား။ လေလည်လိုက်တာက အနံ့ရှိရှိ မရှိရှိ လူက အလိုလိုမျက်နှာလွှဲ၊ နှာခေါင်းအလိုလိုကျုံ့လိုက်မိတာပဲ။ လေလည် တိုင်း နံသလား လေလည်တာ အသံကျယ်ကျယ်၊ မကျယ်ကျယ် ပြဿနာရှိတာက အနံ့ပါ။ အသံမကြားလိုက်ရပေမယ့် အနံ့ထွက်လာရင် လူသိတာပဲမို့ အတော်ဒုက္ခရောက်ရမှာပါ။ ဘာလို့ တစ်ခါတလေ အနံ့မရှိဘဲ တစ်ခါတလေကျ နှာခေါင်းပိတ်ပြေးရတဲ့အထိ အနံ့ဆိုးရတာလဲ။ ဒါက ကိုယ်စားထားတဲ့ အစားအသောက်တွေ၊ အစာအိမ်နဲ့အူလမ်းကြောင်း လုပ်ဆောင်ချက်တွေနဲ့ ဆိုင်ပါတယ်။ အနံ့ပြင်းတဲ့ လေလည်ခြင်းကို ဖြစ်စေတာက - အမျှင်ဓာတ်များတဲ့ အစားအသောက်တွေ၊ ပဋိဇီဝပိုးသတ်ဆေးတွေအပါအဝင် သောက်သုံးနေတဲ့ဆေးဝါးတွေ၊ ဝမ်းချုပ်နေတာ ဒါမှမဟုတ် ဝမ်းအကုန်အစင်မသွားတာ အစာခြေစနစ်အတွင်းမှာ ဘက်တီးရီးယားတွေစုနေတာ စတဲ့အကြောင်းရင်းတွေပါဝင်တတ်ပါတယ်။   လူကြားထဲ အခက်မကြုံရအောင် ဘယ်လိုကာကွယ်၊ ဖြေရှင်းရမလဲ ကဲ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ပုံမှန်ထက် ပိုပြီးလေလည်တာ ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်

လေလည်တယ်ဆိုတာ အမျှင်ဓာတ်များတဲ့အစားအစာတွေကို အစာခြေစနစ်ရဲ့ပုံမှန်လုပ်ဆောင်ချက်က ချေဖျက်နေတယ်ဆိုတဲ့ သင်္ကေတဖြစ်ပါတယ်။ မီသိန်း၊နိုက်ထရိုဂျင်နဲ့ ဟိုက်ဒရိုဂျင်ဂက်စ်တွေကို စအိုဝကတဆင့် ခန္ဓာကိုယ်ထဲကစွန့်ထုတ်လိုက်တာပါ။ ကောင်းတဲ့အရာတစ်ခုဖြစ်လို့အောင့်မထားသင့်ပါဘူး။ တော်ရုံလောက်ဆို လူမသိသူမသိ ဖြေရှင်းလိုက်ကြတာပါပဲ။ ဒါပေမယ့် ထိန်းလို့မရ၊ နေရာမရွေးတော့ဘဲ လူတစ်ယောက်က ပုံမှန်ထက် ခဏခဏလေလည်နေပြီဆိုရင်ရော… ဒီအကြောင်းရင်းတွေ ရှိနေနိုင်ပါတယ် - အစာကြေဖို့မလွယ်တဲ့ အစားအသောက်တွေ ခန္ဓာကိုယ်က ချေဖျက်ရာမှာ အချိန်ပိုကြာနိုင်တဲ့ တချို့အစားအသောက်တွေရှိပါတယ်။ သူတို့မှာ အမျှင်ဓာတ်နဲ့ သကြားဓာတ်အမျိုးအစားတချို့ ပမာဏများများပါဝင်တာမို့ သူတို့ကို ချေဖျက်တဲ့အခါ အချိန်ပိုကြာတတ်ပါတယ်။ ဒီလိုဖြစ်ရာကနေ လေပွလာစေနိုင်တဲ့ အစားအသောက်တွေထဲမှာ  - ပဲသီးတွေ၊ ပဲနီလေး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ နို့ထွက်ပစ္စည်းတွေ၊ အသီးတချို့မှာ ဒါမှမဟုတ် အချိုရည်နဲ့ သကြားလုံးတွေမှာ ပါတဲ့ fructose (သကြားဓာတ်)၊ သကြားလုံးနဲ့သကြားအတုတွေမှာသုံးတဲ့အစားထိုးပစ္စည်း sorbitol၊ ဂက်စ်ပါတဲ့ အချိုရည်၊ ဘီယာ၊ ဂျုံ စတာတွေ ပါဝင်ပါတယ်။ အစာခြေစနစ်ပြဿနာတွေ အစာခြေစနစ်၊ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အစာမကြေဖြစ်တာ ဘာလို့လဲ

အဓိကကတော့ ကိုယ့်ရဲ့ တစ်နေ့တာ စားသောက်နေထိုင်မှုပုံစံ မမှန်ကန်တာကြောင့် အဖြစ်များပြီး အစာခြေစနစ်နဲ့ ဆက်စပ်နေတဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်မလုပ်တာ၊ ချို့ယွင်းတာကြောင့်ဖြစ်ရတာပါ။ အစာမကြေတဲ့အခါ ကိုယ်ခန္ဓာက ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ။ ဗိုက်ထဲမှာ အောင့်နေတာ မအီမသာဖြစ်ပြီး မလှုပ်ချင်လောက်အောင် နေရခက်တာ ဗိုက်က ဖောရောင်နေတာ ရင်ပူတာ ခေါင်းမူးတာ အော့အန်တာ ဘာမှမစားလိုက်ရသေးဘဲ ဗိုက်ပြည့်သွားတာ ရင်ခေါင်းအောင့်၊ ရင်ခေါင်းတောင့်တာ ဝမ်းဗိုက်နဲ့ အစာရေပြွန်တစ်ဝိုက်မှာ ပူစပ်ပူလောင်ဖြစ်နေတာ ဗိုက်ထဲမှာ လေတွေနဲ့ ပြည့်နေတယ်လို့ ခံစားရတာ လေချဉ်တက်တဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။ အစာမကြေတာ အရမ်းပြင်းထန်လွန်းတဲ့အခါ အရမ်းအန်တာ၊ အန်လိုက်တဲ့အစာတွေက ကော်ဖီရောင်တွေဖြစ်နေတာ၊ ဝမ်းက အမည်းရောင်ဖြစ်နေတာ၊ အစာမမျိုချနိုင်တာတွေပါ ဖြစ်နိုင်ပါတယ်။ အဓိက ဘာကြောင့် အစာမကြေဖြစ်ရတာလဲ။ များသောအားဖြင့် အစာကို အများကြီးစားလိုက်တာ၊ လောကြီးပြီးတော့ အစာကို တစ်လုပ်ပြီး တစ်လုပ်စားတာ၊ သေချာမဝါးတာကြောင့် […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အစာမကြေမဖြစ်ချင်ရင် ရှောင်သင့်တဲ့အချက်များ

ဟိုဟာစားလည်း အစာမကြေ၊ ဒီဟာစားလည်းအစာမကြေဖြစ်နေတယ်ဆို စိတ်ညစ်စရာပေါ့နော်။ အစားတလိုင်းလေးတွေဆို ပိုခံစားရတာပေါ့။ အစာစားလိုက်၊ မအီမသာဖြစ်လိုက်၊ လေထိုးလေအောင့်ဖြစ်လိုက်နဲ့ ပတ်ချာလည်ကိုရိုက်နေရော။ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ဝေဒနာသက်သာတဲ့အထိ ရှောင်သင့်တာရှောင်နိုင်ဖို့ပဲ။ ဘယ်အစားအစာတွေက အစာမကြေဖြစ်စေနိုင်သလဲ၊ ဘယ်အပြုအမူ၊ ဘယ်အခြေအနေတွေက အစာမကြေခြင်းကိုပိုဆိုးစေနိုင်သလဲဆိုတာ သိထားဖို့တော့လိုမယ်နော်။ အလွယ်ဆုံးနည်းကတော့ စားကြည့်လို့ ဒီတခါဖြစ်ရင် နောက်တခါမစားနဲ့ပေါ့။ နောက်တာပါ။ တကယ်တော့ အစားအစာတစ်ခုကို ကိုယ်စားလိုက်လို့ အစာမကြေဖြစ်ထားဖူးတယ်ဆို မှတ်သာထားလိုက်ပါ။ နောက် ချင့်ချိန်လို့ရတာပေါ့။ ကဲ အစာမကြေဖြစ်တတ်သူတွေ ရှောင်ရမှာတွေပြောပြမယ် - တစ်ခါတည်း တနင့်တပိုးမစားနဲ့။ အလှူမှာကြိတ်တာ၊ အဝစားဘူဖေးမှာ အချိန်မပြည့်မချင်းနင်းကန်စားတာတွေနော်၊ သတိထားပါ။ အစာအိမ်ကို ဝန်မပိစေဖို့ ပမာဏနည်းနည်းချင်း အကြိမ်ရေခွဲစားတာကောင်းပါတယ်။ အမြန်မစားနဲ့။ သိပ်မဝါးဘဲ ကျားလိုက်သလို မျိုချတာက အစာမကြေဖြစ်စေတဲ့အပြင် ဗိုက်ဝမှန်းမသိ၊ မဝမှန်းမသိ တရစပ်စားမိတတ်တာကြောင့် ဝိတ်တောင်ပိုတက်စေလိမ့်မယ် နော်။ အက်စစ်ဓာတ်များတာတွေမစားနဲ့။ အရည်ရွှမ်းတဲ့ အချဉ်သီးတွေ၊ ခရမ်းချဉ်သီးတွေလို အက်စစ်ဓာတ်ပါဝင်မှုများတာတွေ သိပ်မစားနဲ့။ (လုံးဝရှောင်ခိုင်းတာမဟုတ်) ကဖင်းလျှော့ပါ။ ကော်ဖီ၊ လက်ဖက်ရည် […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ခဏခဏလေတက်နေတာ ဘယ်လိုလုပ်ရမလဲ

တအေ့အေ့နဲ့ လေတက်တယ်ဆိုတာ တနည်းနည်းနဲ့ ဗိုက်ထဲရောက်နေတဲ့လေတွေကို အစာရေမျိုကနေ ပြန်စွန့်ထုတ်နေတာပါ။ အစားအမြန်စားမိတာ၊ အစာစားရင်းစကားပြောတာ၊ ပီကေဝါးတာ၊ ဂက်စ်ပါတဲ့အချိုရည်တွေသောက်တာ၊ ဆေးလိပ်သောက်တာတွေကြောင့် လေတွေမျိုချမိစေနိုင်ပါတယ်။ အစာခြေရည်ပြန်ဆန်တက်ခြင်းနဲ့ရင်ပူနာ ဝေဒနာတွေကြောင့်လည်း လေတက်တဲ့လက္ခဏာဖြစ်တတ်ပါတယ်။ မကြာခဏ လေတက်သံတွေထွက်နေရတယ်ဆိုရင်တော့ Helicobacter pylori ဘက်တီးရီးယားကြောင့် ဒါမှမဟုတ် အစာအိမ်နံရံရောင်ရမ်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ လေတက်ခြင်းကို သက်သာစေနိုင်တဲ့နည်းလမ်းတွေက -  ဖြည်းဖြည်းစားပါ၊ ဖြည်းဖြည်းသောက်ပါ  ဖြည်းဖြည်းစားသောက်မယ်ဆို လေတွေသိပ်မျိုမချမိစေဘူးပေါ့။ စိတ်လောနေရင်၊ စိတ်ဖိစီးနေရင် လေမျိုချမိတာပိုများစေနိုင်လို့ အစားစားချိန်မှာ စိတ်ကိုဖြေလျှော့ထားပါ။ ဂက်စ်ပါတဲ့အချိုရည်နဲ့ ဘီယာကို ရှောင်ပါ လေနဲ့ပတ်သက်တဲ့ဝေဒနာရှိတတ်သူဟာ ကာဗွန်ဒိုင်အောက်ဆိုက်တွေဖြစ်စေတဲ့ ဒီသောက်စရာတွေကိုရှောင်သင့်ပါတယ်။ ပီကေဝါးတာ၊ သကြားလုံးစုပ်လုံးစားတာ ရှောင်ပါ ဒါတွေစားတဲ့အခါ ပုံမှန်ထက်ပိုပြီး ခဏခဏမျိုချရတာများတာမို့ လေတွေပိုဝင်နိုင်စေတာပေါ့။ ဆေးလိပ်လျှော့သောက်ပါ  မသောက်ပါနဲ့လို့ တားလို့ရမှာမဟုတ်တော့ လျှော့သောက်ဖို့ပဲ ပြောရမှာပေါ့။ ဆေးလိပ်ကိုရှိုက်တဲ့အခါ လေကို နှာခေါင်းကရှူသွင်းရုံမကဘဲ ပါးစပ်ကပါ မျိုချမိပါလိမ့်မယ်။ လှုပ်ရှားပါ အစာစားပြီး ငြိမ်အိပ်မနေဘဲ ခဏလောက်တော့ ဖြည်းဖြည်းလမ်းလျှောက်လိုက်ပါ။ ရင်ပူနာကို ကုသပါ  အစာခြေရည်ပြန်ဆန်တက်ခြင်း၊ ရင်ပူနာ တို့ကို ဒီအတိုင်းမထားဘဲ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း