backup og meta

ဆီးချိုထိန်းတဲ့အခါ တလွဲမှတ်ကြတဲ့ အမှားတချို့


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုထိန်းတဲ့အခါ တလွဲမှတ်ကြတဲ့ အမှားတချို့

    ဆီးချိုသွေးချိုရောဂါရှိနေပြီလို့သိလိုက်ရတဲ့အချိန်မှာ အရင်လိုနေထိုင်မှုပုံစံနဲ့နေသွားလို့မဖြစ်တော့ဘူးဆိုတာ လူတိုင်းသိကြပါတယ်။ အစားအသောက်အနေအထိုင် အကုန်လုံးကို ဂရုစိုက်ဆင်ခြင်နေထိုင်ရတော့မယ်ဆိုတာလောက်တော့နားလည်မှာပါ။ပြဿနာက အဲဒီကစတာပါပဲ။ ဆင်ခြင်ရမှာကဟုတ်ပါပြီ။ ဘာကိုဆင်ခြင်ရမှာလဲ၊ ဘာတွေလုပ်ရမှာလဲသေချာသိတဲ့သူက အများစုမဟုတ်ကြပါဘူး။

    ဆီးချိုထိန်းဖို့က အချိုရှောင်ရင်ပြီးတာပဲလို့တွေးပြီး ချိုတာမှန်သမျှရှောင်ကြသူတွေရှိသလို ကစီဓာတ်များတာမစားသင့်ဘူးဆိုပြီး ထမင်းလည်းလျှော့၊ ဟိုဟာမစား၊ ဒီဟာမစားနဲ့ အာဟာရလျော့ရသူတွေလည်းရှိပါတယ်။နောက်ဆုံးတော့ ရှိသင့်ရှိထိုက်တဲ့ အာဟာရဓာတ်တွေမပြည့်ဝဘဲ သွေးတွင်းသကြားဓာတ်ပိုကျဆင်းရနိုင်ပါတယ်။ ဒီလိုမျိုး ဆီးချိုရှိသူတွေမှာ ဘာတွေဖြစ်တတ်လဲဆိုတော့ –

    ရောဂါအကြောင်းမသိတာ

    ဘယ်လိုနေ၊ဘယ်လိုထိုင်၊ဘာတွေဆင်ခြင်ရမယ်ဆိုတာ အခြေခံ၊ အကြမ်းဖျင်းလောက်တော့ ဆရာဝန်ကပြောပြနေပေးလိုက်မှာပါ။ နားမလည်တာရှိရင်မေးလို့ရပေမယ့် ကိုယ်ထင်ရာကိုတွေးပြီးမဆုံးဖြတ်ဖို့၊ သူများပြောတိုင်းမယုံဖို့၊ ရမ်းမကုဖို့ အရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ်ကို အတက်အကျ ထိန်းထားနိုင်ဖို့ရောဂါအကြောင်းကိုတတ်နိုသလောက်လေ့လာပါ၊ ရှာဖတ်ပါ၊မေးမြန်းပါ။

    အစာစားချိန် တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ သိပ်ကွာဟနေတာ

    အစာစားပြီးရင် အချိန်အတော်ကြာမှ နောက်တစ်ကြိမ်စားတာ(တစ်ခါတစ်လေ အစာစားချိန်နောက်ကျတာ) ဟာသွေးတွင်းသကြားဓာတ်အတက်အကျ မတည်မငြိမ်ဖြစ်လာဖို့ များပါတယ်။ အစာမရှိတဲ့အခါ၊ ဆာလောင်နေတဲ့အခါ သွေးတွင်းသကြားဓာတ်ကကျဆင်းပြီး အစားစားချလိုက်တာနဲ့ ချက်ချင်းကိုသကြားဓာတ်ထိုးတက်သွားနိုင်ပါတယ်။

    ထမင်းတစ်နပ်လွတ်တာကို ပေါ့ပေါ့ဆဆနေတာ

    အလုပ်ရှုပ်နေတာပဲဖြစ်ဖြစ်၊ ဘာကိစ္စပဲရှိရှိ မနက်စာနဲ့ နေ့လယ်စာပေါင်းစားတာမျိုး၊ နေ့လယ်စာလွတ်သွားလို့ ညနေမှပဲစားလိုက်တော့မယ်ဆိုတာမျိုးက လိုအပ်တဲ့ကယ်လိုရီပမာဏကို မဖြည့်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ်ပမာဏကို အတက်အကျဖြစ်စေနိုင်တယ်၊ လူကအားနည်းလာမယ်၊ ပင်ပန်းနုံးချိနေမယ်၊ တကယ်စားတဲ့အခါကျ အများကြီးပိုစားမိမယ် စတဲ့အကျိုးဆက်တွေရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် အစားပျက်မခံဘဲ ပမာဏနည်းနည်းနဲ့ မကြာခဏစားတဲ့အကျင့်ကို လုပ်ပါ။

    ကာဗိုဟိုက်ဒရိတ်တွေကိုရှောင်တာ

    ကာဗိုဟိုက်ဒရိတ်တွေက ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်အဖြစ် ပြောင်းလဲသွားတဲ့အတွက် ဒါတွေကို လျှော့စားသင့်တယ်လို့ ထင်မှတ်ကြတာတွေရှိပါတယ်။ မဟုတ်ပါဘူး။ အဲဒီလိုလျှော့စားတဲ့အခါမှသာ ကာဗိုဟိုက်ဒရိတ်စားသုံးမှုတွေနည်းပြီး အကျိုးပြုအာဟာရဓာတ်တွေကိုမရလိုက်ဘဲ ရှိပါလိမ့်မယ်။ ကာဗိုဟိုက်ဒရိတ်တိုင်းကို ရှောင်ရမှာမဟုတ်တဲ့အကြောင်းရယ်၊ ဘယ်ဟာတွေကိုပိုစားသင့်ပြီး ဘယ်ဟာတွေကိုလျှော့စားသင့်လဲဆိုတဲ့အကြောင်းကို ဆီးချိုရှိသူတွေအနေနဲ့ သိထားသင့်ပါတယ်။ အမှန်က လုံးဝရှောင်တာထက် ပမာဏအတိုင်းအဆကိုချင့်ချိန်ဖို့သာ အဓိကဖြစ်ပါတယ်။

    အသီးအနှံတွေ မစားရဲတာ

    အသီးအနှံတွေမှာ သကြားဓာတ်ပါလို့ ဆိုပြီးရှောင်ကြပါတယ်။ အသီးတွေမှာ သကြားဓာတ်ပါတာမှန်ပေမယ့် အချို့ကဲပြုပြင်ဖန်တီးထားတဲ့တခြားစားစရာတွေထက်တော့ ပမာဏနည်းပါတယ်။ အသီးအနှံတွေမှာ သကြားဓာတ်နဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။ သွေးလည်ပတ်မှုထဲကို အသီးတွေဆီက သကြားဓာတ်ထွက်ရှိမှု နှေးကွေးစေဖို့ အမျှင်ဓာတ်က ကူညီပေးတာပါ။ ဒါ့ကြောင့် အချိုပြင်းလွန်းတဲ့အသီးတွေကလွဲလို့ တခြားအသီးအနှံတွေကို ဆီးချိုသမားတွေ တော်သင့်ရုံ စားလို့ရပါတယ်။

    ဆီးချိုပိုဆိုးစေနိုင်တဲ့ တခြားပြဿနာတွေကို လျစ်လျူရှုထားတာ

    စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေက သွေးတွင်းသကြားဓာတ်ပမာဏအပေါ် သက်ရောက်မှုမကောင်းပါဘူး။ စိတ်ဖိစီးမှုတာရှည်နေရင်ဟော်မုန်းတွေ ပိုထွက်စေတာကြောင့် အင်ဆူလင်ရဲ့လုပ်ဆောင်ချက်တွေမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီအခြေအနေမှာ စိတ်ဖိစီးမှုကိုပြေလျော့စေမယ့် ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်တာနဲ့ တရားထိုင်တာတွေက အထောက်အကူဖြစ်စေပါလိမ့်မယ်။

    တစ်ခါတစ်လေစားတာ ရပါတယ်ဆိုတဲ့အတွေး

    တစ်ပတ်မှာခြောက်ရက်လောက် ချုပ်တည်းစားသောက်ခဲ့တာပဲ၊ ဒီတစ်ခါလေးပဲစားလိုက်မယ် ဘာမှမဖြစ်လောက်ပါဘူးလို့ မတွေးသင့်ပါဘူး။ အမြဲဆင်ခြင်နေရာကနေ သွေးချိုတက်စေမယ့်အရာတွေ အကြိုက်စားလိုက်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်က ထိုးတက်သွားနိုင်ပါတယ်။ ဘယ်တော့မဆို ပမာဏမလွန်ကဲဖို့ သတိရှိပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement