ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ သည် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တာကြောင့် လက္ခဏာတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

မနက်ပိုင်းမှာ ဆီးချိုတက်ရတဲ့ အကြောင်းရင်း

မနက်ပိုင်းဘာမှမစားရသေးဘဲ ဆီးချိုဖောက်ကြည့်လိုက်လို့ ဆီးချိုတက်နေရင် လူနာတွေက စိတ်ညစ်ကြပါတယ်။ ဘာမှ မစားရသေးတာတောင် တက်နေရင်  စားများစားလို့ကတော့ တော်တော်ကြီး တက်သွားမှာဆိုပြီး စိုးရိမ်ကြပါတယ်။ ဒီတော့ အစားအသောက် အလွန်အကျွံတွေရှောင်၊ အစာနဲ့ ဆေးနဲ့ မကိုက်တော့ ဒုက္ခတွေများကုန်တာပေါ့။ မနက်ပိုင်းမှာ ဆီးချိုတက်ရတဲ့ အကြောင်းရင်း တွေက အများကြီး ရှိပါတယ်။ တစ်ခုချင်းဆီကို လေ့လာကြည့်ရအောင်။ မနက်ပိုင်းမှာ ဆီးချိုတက်ရတဲ့ အကြောင်းရင်း The dawn phenomenon မနက်အစောပိုင်းမှာဆိုရင် တစ်နေ့တာလုံး လန်းဆန်းနေအောင်ဆိုပြီး ခန္ဓာကိုယ်က သဘာဝအလျောက် ကော်တီစောတွေ၊ ကြီးထွားဟော်မုန်းတွေ ထွက်ပါတယ်။ ဒီဟော်မုန်းတွေက အသည်းကနေ ခန္ဓာကိုယ် အလုပ်လုပ်ဖို့ စွမ်းအင်ရအောင်ဆိုပြီး အသည်းကနေ သကြားဓာတ်တွေကို ထုတ်ခိုင်းပါတယ်။ ဒီလိုနဲ့ သွေးတွင်းသကြားဓာတ် တက်လာပါရော။ ခက်တာက ကိုယ့်မှာ ဆီးချိုရှိနေတော့ အင်ဆူလင် မထွက်တာ၊ အင်ဆူလင် မတိုးဘူး […]

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ ကို ရှာဖွေမည်။

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုသမားများ ဆီးချိုကျတဲ့အခါ

ဆီးချိုသမား ဖြစ်ရတာ မလွယ်ပါဘူး။ သူတို့မှာ ဆီးချိုတက်မှာကြောက်ရ ဆီးချိုကျမှာကြောက်ရနဲ့။ အစားအသောက်တွေ မထိန်းဘဲ စားလိုက်ရင်လဲ ဆီးချိုတွေက မိုးထိုးနေပြန်ပြီ။ ရှောင်မယ် ဘာမှမစားဘူးဆိုပြန်တော့လည်း ဆီးချိုတွေကျလိုက်တာများ မူးလို့။ ဒီနေ့တော့ ဆီးချိုသမားများ ဆီးချိုကျတဲ့အခါ ဖြစ်တတ်တဲ့အကြောင်းကို ပြောပြပေးပါမယ်။ ဆီးချိုကျရင် ရုတ်တရက်မူးဝေပြီး သတိလစ်တတ်တာကြောင့် အချိန်မီမကုနိုင်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုကျတဲ့လက္ခဏာတွေကို သိထားသင့်ပါတယ်။ ဆီးချိုသမားများ ဆီးချိုကျတဲ့အခါ ဘယ်လိုခံစားရမှာလဲ။ ​လက်ထိပ်ဖောက်ကြည့်လိုက်လို့ သွေးတွင်းသကြားဓာတ် 70mg/dL (3.9mmol/L)အောက်ဆိုရင် ဆီးချိုကျတယ်လို့ ပြောလို့ရပါတယ်။ လက္ခဏာရှိရှိ မရှိမရှိပါ။ ဆီးချိုကျတဲ့ အစောပိုင်းလက္ခဏာတွေကတော့ ကတုန်ကရင်ဖြစ်တာ ခေါင်းမူးတာ ချွေးထွက်တာ ဗိုက်ဆာတာ စိတ်ဆတ်တာ စိတ်ရှုပ်ထွေးတာ ခေါင်းကိုက်တာတွေပဲ ဖြစ်ပါတယ်။ ညဖက်မှာ ဆီးချိုကျခဲ့ရင်တော့ ချွေးထွက်များလို့ အဝတ်အစားတွေ၊ အိပ်ရာခင်းတွေချွေးစိုတာ အိပ်မက်ဆိုးတွေမက်တာ အိပ်ရာကနိုးလာရင် နုံးတာ၊ ခေါင်းမကြည်တာတွေဖြစ်တတ်ပါတယ်။ ဆီးချိုကျတာကို အချိန်မီမကုနိုင်ရင်တော့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရှိသူတွေမှာ မအီမသာခံစားရတဲ့ ဒီအချက်တွေကြောင့်ပါ

မအီမသာဖြစ်တာက ဆီးချိုရောဂါခံစားနေရသူတစ်ယောက်အဖို့ သိပ်တော့ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဆီးချိုရှိသူတွေမှာ မအီမသာခံစားရတာက ဆီးချိုရဲ့နေက်ဆက်တွဲ ရောဂါအခြေအနေတစ်ရပ်ရပ်ကိုဖော်ပြနေတာဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ မအီမသာဖြစ်တာကခေတ္တခဏသာခံစားရတာဖြစ်ပြီး ပြဿနာကြီးကြီးမားမာမရှိဘူးဆိုပေမယ့် မအီမသာဖြစ်တာနဲ့အတူ အခြားပြင်းထန်တဲ့ လက္ခဏာတွေကိုပါခံစားလာရပြီဆိုရင်တော့ မဖြစ်မနေသေချာလေးဂရုစိုက်ဖို့လိုပါမယ်နော်။ ဆီးချိုရှိသူတွေမှာ မအီမသာခံစားရတာ ဒီအချက်တွေကြောင့်ပါ ဆီးချိုရောဂါရှိသူတွေကို မအီမသာခံစားရစေနိုင်တဲ့အချက်တွေက တစ်ချက်မကရှိနေနိုင်ပါတယ်။ အခြေအနေကိုသေချာသိမှ မှန်ကန်တဲ့ပြုစုကုသမှုကိုပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ခန္ဓာကိုယ်မှာဖြစ်လာတဲ့ပြောင်းလဲမှုတွေက ဘာကြောင့်လဲဆိုတာကို သိရှိနိုင်စေဖို့ ဒီဆာင်းပါးလေးကို ဖတ်ကြည့်ဖို့ပြောပါရစေ။ ဆီးချိုရှိသူတွေမှာခံစားရနိုင်တဲ့ လက္ခဏာတွေ ဆီးချို အမျိုးအစား (၁) ဆီးချိုရောဂါ ရှိသူတွေရော အမျိုးအစား (၂) ဆီးချိုရှိသူတွေမှာရော အခုလိုလက္ခဏာတွေခံစားရနိုင်ပါတယ်။ အစားအစာဓာတ်မတည့်မှုဖြစ်မယ် ခေါင်းတစ်ခြမ်းကိုက်မယ် အစားတွေအလွန်အကျွံစားမိမယ် အစာအိမ်အူလမ်းကြောင်းပိုးဝင်တာ စိုးရိမ်စိတ်များတာလိုမျိုး လက္ခဏာတွေခံစားရနိုင်ပါတယ်။ (၁) သွေးတွင်းသကြားဓာတ်အရမ်းများတာ၊ အရမ်းနည်းတာ ဆီးချိုရောဂါရှိသူတွေအနေနဲ့ အချိုကဲတဲ့ အစားအစာတွေကို အများအပြားစားသုံးမိတာနဲ့ သွေးချိုတက်စေနိုင်တဲ့ အမူအကျင့်တွေကြောင့်သွေးတွင်းသကြားဓာတ်မြင့်တက်တဲ့အခါမျိုး နဲ့လေ့ကျင့်ခန်းတွေလုပ်မယ်။ အစားမစားဘဲနေမယ်၊ လှုပ်ရှားမှုအရမ်းများသွားတဲ့ အခြေအနေတွေကြောင့်သွေးတွင်းသကြားဓာတ်အရမ်းနည်းသွားတဲ့ အခါမျိုးမှာလည်းခေါင်းထဲက […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရှိသူတွေ ဖျားတဲ့အခါ

အအေးမိတယ်၊ ဖျားတယ်ဆိုတာက သာမန်လူတွေအတွက်တော့ အသေးအဖွဲလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ဆီးချိုရှိသူတွေ မှာတော့ အသေးအဖွဲမဟုတ်ပါဘူး။ အအေးမိတာ၊နှာစေးတာ၊ ချောင်းဆိုးတာတွေ အကုန်လုံးက သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေနိုင်တဲ့ အခြေအနေတွေရှိနေတာပါ။ ရောဂါကြောင့်ရော သောက်သုံးရတဲ့ ဆေးဝါးတွေကြောင့်ပါ ခန္ဓာကိုယ်မှာ ထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေ ဖျားတဲ့အခါ ပုံမှန် ပြုစုစောင့်ရှောက်တာထက် ပိုပြီး ဂရုစိုက်ဖို့လိုပါမယ်။ ဖျားနေချိန်မှာ ဘာလို့သွေးတွင်းသကြားဓာတ် မြင့်တက်ရတာလဲ.... အဖျား ရှိတဲ့အခါ ခန္ဓာကိုယ်က ကိုယ်တွင်းကို ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီအခြေအနေက ကိုယ်တွင်းမှာ အင်ဆူလင် ထွက်ရှိမှုကို နှေးစေပြီး သွေးတွင်းသကြားဓာတ်က မြင့်တက်လာနိုင် ပါတယ်။ တကယ်လို့ အမျိုးအစား - ၁ ဆီးချိုရောဂါသာ ရှိနေမယ် ဆိုရင် ဒီအခြေအနေက ထိန်းချုပ်ရခက်ခဲနိုင်ပြီး သွေးတွင်းမှာ အက်ဆစ်ဓာတ်တွေများလာပြီး […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုနဲ့ကျောက်ကပ်ရောဂါရှိသူတွေအတွက်အထောက်အကူပြုပေးမယ့် ကျန်းမာရေးစောင့်ရှောက်မှု ဖေ့ဘွတ်ဂရု

ရောဂါတစ်ခုခုဖြစ်လာရင် သက်တမ်းစေ့နေနိုင်ဖို့ ချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့ အသက်ရှည်ရှည်ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက်က ကိုယ်တိုင်ကရော မိသားစုဝင်တွေကပါသေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ ဒီလိုဂရုစိုက်တဲ့အခါနားလည်တတ်ကျွမ်းသူတွေ နဲ့ မိသားစုဝင်တွေအတူတူတိုင်တိုင်ပင်ပင်နဲ့ ဂရုစိုက်တာက ပိုပြီး အထောက်အပံ့ဖြစ်နိုင်ပါတယ်။ ဆီးချို၊သွေးတိုး၊ နှလုံး၊ကျောက်ကပ်ရောဂါတို့လိုမျိုး နာတာရှည်ရောဂါသမားတွေအတွက်ဆိုရင် ဒီလိုဂရုစိုက်မှုမျိုးနဲ့ မျှဝေပြောဆိုခြင်းတွေက ပိုပြီး လိုအပ်မှာပါ။ ရောဂါအကြောင်းတတ်သိနားလည်သူတွေနဲ့ အမြဲမပြတ်ထိတွေ့နေမှုကနေ ဒီလိုကောင်းကျိုးတွေရရှိခံစားရနိုင်ပါတယ် ဆီးချိုရောဂါ၊ကျောက်ကပ်ရောဂါတွေက တစ်ခဏတာပဲခံစားရတာမဟုတ်သလို ကုသလိုက်ရုံနဲ့ ချက်ချင်းပျောက်ကင်းသွားတာတော့လည်း မဟုတ်ပါဘူး။ နာတာရှည်ရောဂါဆိုတာက အခါမလပ်သေချာလေးဂရုစိုက်ပေးနိုင်မှတော်ကာကျတာပါ။ ဒါကြောင့် ကိုယ်တိုင်ရော မိသားစုဝင်တွေအပြင်ရောဂါအကြောင်းတတ်သိနားလည်သူတွေ ပါဝင်နေတဲ့ အဝန်းအဝိုင်းအတွင်းမှာနေတာက တိုင်ပင်ဖော်ရသလို လိုအပ်တဲ့စောင့်ရှောက်မှုတွေနဲ့ လိုက်နာကျင့်ကြံရမယ့် အကြံဉာဏ်ကောင်းတွေကိုပါ ရရှိနိုင်မှာပါ။ အရေးပေါ်အခြေအနေမှာ အကြံဉာဏ်ကောင်းတွေရနိုင်တယ် နောက်တစ်ချက်က ဆီးချိုရှိသူတွေအနေနဲ့သွေးချိုအတက်အကျမှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေကြောင့် ကြီးမားတဲ့ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။သွေးချိုတက်တယ်၊ကျတယ်ဆိုတာက မကြုံဖူးတဲ့သူတွေအဖို့ အရမ်းထိတ်လန့်စရာကောင်းတဲ့အခြေအနေပါ။ ဒီအခြေအနေမျိုးမှာ တတ်သိနားလည်သူတွေရဲ့ အကူအညီကို လိုအပ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ချစ်ခင်ရသူကိုအကောင်းဆုံးစောင့်ရှောက်မှုပေးနိုင်ဖို့ဆိုရင် ရောဂါအကြောင်း တတ်သိနားလည်သူတွေ ပါဝင်နေတဲ့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ချင်ရင် ဒီ စစ်ဆေးမှုတွေကို ပုံမှန်လုပ်ပါ ။

သွေးတွင်းသကြားဓာတ် တွေ များနေရင် ဆီးချိုဖြစ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ ကိုယ်စားချင်တိုင်းလည်း စားမရ၊ ဆေးတွေလည်း တောက်လျှောက်သောက်ရတာကြောင့် ဆီးချိုလို့ဆိုလိုက်တာနဲ့ လူတိုင်း စိတ်ညစ်ကြပါတယ်။ ဒါပေမယ့်လည်း ရှောင်လွဲမရလို့ ကိုယ့်မှာ ဆီးချို ဖြစ်ခဲ့ပြီဆိုရင် တက်နေတဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ အရေးကြီးဆုံးဖြစ်သလို ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို ကြိုတင်ကာကွယ်ထားဖို့ကလည်း အရေးကြီးပါသေးတယ်။ တကယ်လို့ ဆီးချိုရှိနေတယ်။ နောက်ဆက်တွဲတွေဖြစ်လာမှာကြောက်လို့ ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ချင်ရင် ဒီစစ်ဆေးမှုလေးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ ဘယ်လို စစ်ဆေးမှုတွေလဲ ဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဒီတော့ ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ချင်ရင် ဘယ်လို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်သင့်လဲ။  မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်သလို၊ ဖြစ်တာကို စောစောသိရင် စောစောကုသလို့ရခြင်းကလည်း အရာရောက်တာကြောင့် ဆီးချို ဝေဒနာရှင်တိုင်း ခုပြောမယ့် ကျန်းမာရေးစစ်ဆေးမှုတွေကို ပုံမှန် […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုနဲ့အရေပြားထိန်းသိမ်းစောင့်ရှောက်မှု

ဆီးချိုက ခုနောက်ပိုင်းမှာ လူတော်တော်များများမှာ ခံစားရတဲ့ရောဂါတစ်ခုလိုတောင်ဖြစ်နေပါပြီ။ပြောင်းလဲလာတဲ့ စားသောက်မှုပုံစံ လှုပ်ရှားမှုနည်းတဲ့ လူနေမှုပုံစံတွေကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါခံစားရသူအရေအတွက်ကတော်ေ်တာ်လေးများလာပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါက တစ်ကိုယ်တည်းနေတတ်တဲ့ရောဂါမဟုတ်တာတော့အသေအချာပါ။ ဒီတော့နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်မှုတွေက လုပ်ဖို့လိုအပ်လာမှာ အမှန်ပါ။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအတွက် အရေပြားထိန်းသိမ်နည်းလေးပြောပြပေးပါရစေ။ ဆီးချိုသမားတွေက အခြားသူတွေထက် အသားအရေကို ပိုဂရုစိုက်ဖို့လိုပါမယ် ဆီးချိုသမားတွေက ကိုယ်ခံအားနည်းနေတတ်ကြပါတယ်။ ဒါကဆီးချိုသမားတွေမှာမှ မဟုတ်ပါဘူး။ရောဂါအခံတစ်ခုခုခံစားနေရသူတိုင်းက ကိုယ်ခံအားနည်းတတ်ကြတာပါ။ ဆီးချိုရှိသူတွေက အရေပြားမှာရောဂါကူးစက်ခံရနိုင်ခြေ၊ အရေပြားထိခိုက်နိုင်ခြေက ပုံမှန်ထက် ပိုများနေတာတော့ အမှန်ပါ။ ဆီးချိုရောဂါရှိသူတွေမှာခြေထောက်နဲ့ နားအရေပြားတွေက ထိခိုက်မိနိုင်ခြေများသလို ပိုးဝင်ကူးစက်နိုင်ခြေလည်းများပါတယ်။ ဆီးချိုရောဂါခံစားနေရသူတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်က အရေပြားပြဿနာကို ခံစားနေရကြရတာပါ။ အမျိုးအစား (၁) ဆီးချိုရောဂါခံစားနေရသူ ၅၀ ရာခိုင်နှုန်းလောက်ကလည်း အရေပြားခြောက်သွေ့မှုကို ခံစားနေကြရပါတယ်။ အရေပြားယားယံမှုကြောင့် ကုတ်ရာကနေ ထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေက အပေါ်ယံအရေပြားလွှာကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ နောက်ထပ်ကြုံရနိုင်တဲ့ပြဿနာက […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်နိုင်စေဖို့ ဘဝနေထိုင်မှုပုံစံ

ဆီးချိုက ကမ္ဘာ့လူဦးရေ တော်တော်များများ ခံစားရတဲ့ ရောဂါ တစ်ခုပါ။ ဒီရောဂါက စစချင်းမှာ တစ်ယောက်တည်း လာတတ်ပေမယ့် အချိန် ကြာလာနဲ့အမျှတွေ့သမျှ ရောဂါတွေကို ဖိတ်ခေါ်တော့တာပါပဲ။ အချိန်ကြာလာတာနဲ့အမျှ ဆီးချိုကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေ များလာပါတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုဝေဒနာ ခံစားနေရတဲ့ သူတွေအတွက် ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်နိုင်စေဖို့ ဘဝနေထိုင်မှုပုံစံ ကို ပြောပြပေးချင်ပါတယ်။ ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေ ဆီးချို သက်တမ်းရင့်လာတဲ့အခါ ဒီရောဂါတွေက မဖိတ်ခေါ်ဘဲ သူ့သဘောနဲ့ သူဝင်လာတတ်ပါတယ်။ နှလုံးရောဂါ ကျောက်ကပ် ပျက်စီးခြင်း မျက်လုံးထိခိုက်ခြင်း အာရုံကြော ထိခိုက်ပျက်စီးခြင်း လေဖြတ်ခြင်း ခြေတွေ လက်တွေ သွေးကြောပိတ်ခြင်း https://hellosayarwon.com/diabetes/diabetes-complications/diabetes-complications-overview/ ဆီးချိုကြောင့်ဖြစ်လာမယ့်နောက်ဆက်တွဲဝေဒနာတွေကို ဒီလိုကာကွယ်ပါ ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်နိုင်စေဖို့ ကိုယ်အလေးချိန် ချပါ - ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အထောက်အကူပြု ပေးနိုင်ပါတယ်။ ဒါကြောင့် […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုဖြစ်နေတဲ့ လူတစ်ယောက်က ခြေထောက်ကို အခြားသူတွေထက်ပိုဂရုစိုက်သင့်ပါတယ်။

ဆီးချိုဆိုတာ ဖြစ်တဲ့သူတွေ အင်မတန်များပြီး နာမည်ကြီးလွန်းတဲ့ ရောဂါတစ်ခုပါ။ ခုနောက်ပိုင်းမှာ အသက်ကြီးပြီဆိုတာနဲ့ ဆီးချို မဖြစ်တဲ့သူ မရှိသလောက်ကို ရှားနေပါပြီ။ ဖြစ်တဲ့သူတွေများသလို ဆီးချိုမထိန်းနိုင်ရင် သူ့ကြောင့် ထပ်ဖြစ်ရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကလည်းများပါတယ်။ ဆီးချိုရဲ့နောက်ဆကိတွဲဆိုးကျိုးတွေက ဘာတွေလဲ။ ။ ဆီးချိုကိုသေချာ မကုရင်တော့ နှလုံးထိမယ်၊ ကျောက်ကပ်ပျက်စီးမယ်၊ မျက်လုံးကွယ်မယ်၊ လေဖြတ်မယ်၊ အနျာကျက်နှေး မယ်။ နောက်ပိုင်း ြေခထောက်တွေ ထုံလာပြီး အတွေ့အထိကို မသိတော့တာတွေ ဆက်ဖြစ်နိုင်ပါတယ်။ ဆီးချိုကနေ ဆက်ဖြစ်တဲ့ နှလုံး၊ကျောက်ကပ်ထိခိုက်ရတဲ့ အကြောင်းတွေ၊ ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့အကြောင်း တွေကို တော်တော်များများသိပြီးကြပြီးဖြစ်လို့ ခုတစ်ခေါက်မှာတော့ ဆီးချိုဖြစ်ရင် ခြေထောက်ကို ဂရုစိုက်ဖို့ ဘာကြောင့် ပိုလိုအပ်လဲဆိုတဲ့ အကြောင်းပြောပြချင်ပါတယ်။ ဆီးချိုက ခြေထောက်ကို ဘယ်လိုဒုက္ခပေးသလဲ။ ။ ဆီးချိုကြောင့် ဖြစ်ရတဲ့ ခြေထောက်ပြဿနာ ၂ ခုရှိပါတယ်။ ၁။ ခြေထောက်က အကြောတွေထုံပြီး အာရုံမခံစားနိုင်တော့တာ။ ဆီးချိုသမားတွေ လမ်းလျှောက်နေရင်းနဲ့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုခြေထောက်နာရောဂါ

Diabetic Foot ဆိုတာဘာလဲ။ ဆီးချိုဝေဒနာရှင်တွေဟာ မတူညီတဲ့ ခြေဖဝါးပြဿနာမျိုးစုံကို ရင်ဆိုင်ကြရပါတယ်။ ပုံမှန်ပြဿနာတွေကတောင် ပိုဆိုးလာနိုင်ပြီး ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ခြေဖဝါးပြဿနာတွေဟာ အာရုံကြောပျက်စီးခြင်း (neuropathy) ဖြစ်ရင် အဖြစ်များပါတယ်။ သူဟာ နာကျင်စေပေမယ့် ဆီးချိုကြောင့် အာရုံကြောပျက်စီးခြင်းကြောင့် နာကျင်မှု၊ အပူ၊ အအေး အစရှိတာတွေကို ခံစားနိုင်ခြေ နည်းပါးပါတယ်။ ခံစားမှု ပျောက်ဆုံးခြင်းဟာ ခြေဖဝါးဒဏ်ရာရရှိမှုကို မခံစားရဘူးလို့ မဆိုလိုပါဘူး။ သင်ဟာ ဖိနပ်အတွင်းပိုင်းမှာ ကျောက်ခဲတစ်လုံးရှိနေတာကို မသိပဲ တစ်နေကုန် လမ်းလျှောက်နေနိုင်ပါတယ်။ အရေပြား ကွဲမကျမချင်း၊ ရောဂါပိုးဝင်ခြင်း မရှိမချင်း ခြေဖဝါးဒဏ်ရာရရှိခြင်းကို သတိထားမိမှာ မဟုတ်ပါဘူး။ အာရုံကြော ထိခိုက်ခြင်းဟာ ခြေဖဝါးနဲ့ ခြေချောင်းတွေရဲ့ ပုံစံကို ပြောင်းလဲမှုများစွာ ဖြစ်စေနိုင်ပါတယ်။ ရောဂါလက္ခဏာများ။ Diabetic Foot ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Diabetic Foot ရဲ့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

မျက်စိ ပြဿနာများနှင့် ဆီးချိုရောဂါ

သွေးတွင်းသကြားဓာတ်မြင့်မားခြင်းဟာ အမြင်အာရုံဝေဝါးခြင်း၊ အမြင်လွှာရောဂါဖြစ်ခြင်း၊ တိမ်ဖြစ်ခြင်း စတာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဆီးချိုရှိသူများဟာ မျက်စိ ဆရာဝန်ဆီမှာ ပုံမှန်ပြသသင့်ပါတယ်။ မျက်စိ အမြင်အာရုံဝေဝါးခြင်း အမြင်အာရုံဝေဝါးခြင်းဟာ ဆီးချိုရှိသူတွေမှာ ကြုံရတတ်တဲ့ပြဿနာတခု ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ် တက်လာတဲ့အခါ မျက်စိရဲ့ မှန်ဘီလူးဟာ ရောင်ရမ်းလာပြီး အမြင်အာရုံမှာ အပြောင်းအလဲ ဖြစ်သွားပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သွေးတွင်းသကြားဓာတ်ကို ပုံမှန် အတိုင်းအတာတစ်ခုမှာ ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ အမြင်အာရုံ ပုံမှန်ပြန်ဖြစ်စေဖို့ ၃လလောက် အချိန်ယူရပါတယ်။ မျက်စိ ရေတိမ်ဖြစ်ခြင်း ဆီးချိုရှိသူတွေဟာ တခြားသူတွေထက် ရေတိမ်ဖြစ်နိုင်ခြေ ၄၀%များပါတယ်။ အသက်အရွယ် အရလည်း ပိုဖြစ်တတ်ပါတယ်။ မျက်လုံးအတွင်းပိုင်းမှာ ဖိအားများလာပြီး အရည်များကောင်းကောင်း မစီးဆင်းနိုင်ရင် ရေတိမ်ဖြစ်တတ်ပါတယ်။ အဲဒီအခါ သွေးကြောများ၊ အမြင်အာရုံကြောများကို ထိခိုက်စေပြီး မျက်စိကွယ်နိုင်ပါတယ်။ ဖြစ်ခါစမှာ လက္ခဏာ မပြတတ်ပါဘူး။ ကြီးကြီးမားမား အမြင်အာရုံချို့ယွင်းမှသာ သတိပြုမိတတ်ကြပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်