backup og meta

ဆီးချိုရှိသူတွေမှာ မအီမသာခံစားရတဲ့ ဒီအချက်တွေကြောင့်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရှိသူတွေမှာ မအီမသာခံစားရတဲ့ ဒီအချက်တွေကြောင့်ပါ
    မအီမသာဖြစ်တာက ဆီးချိုရောဂါခံစားနေရသူတစ်ယောက်အဖို့ သိပ်တော့ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဆီးချိုရှိသူတွေမှာ မအီမသာခံစားရတာက ဆီးချိုရဲ့နေက်ဆက်တွဲ ရောဂါအခြေအနေတစ်ရပ်ရပ်ကိုဖော်ပြနေတာဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ မအီမသာဖြစ်တာကခေတ္တခဏသာခံစားရတာဖြစ်ပြီး ပြဿနာကြီးကြီးမားမာမရှိဘူးဆိုပေမယ့် မအီမသာဖြစ်တာနဲ့အတူ အခြားပြင်းထန်တဲ့ လက္ခဏာတွေကိုပါခံစားလာရပြီဆိုရင်တော့ မဖြစ်မနေသေချာလေးဂရုစိုက်ဖို့လိုပါမယ်နော်။

    ဆီးချိုရှိသူတွေမှာ မအီမသာခံစားရတာ ဒီအချက်တွေကြောင့်ပါ

    ဆီးချိုရောဂါရှိသူတွေကို မအီမသာခံစားရစေနိုင်တဲ့အချက်တွေက တစ်ချက်မကရှိနေနိုင်ပါတယ်။ အခြေအနေကိုသေချာသိမှ မှန်ကန်တဲ့ပြုစုကုသမှုကိုပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ခန္ဓာကိုယ်မှာဖြစ်လာတဲ့ပြောင်းလဲမှုတွေက ဘာကြောင့်လဲဆိုတာကို သိရှိနိုင်စေဖို့ ဒီဆာင်းပါးလေးကို ဖတ်ကြည့်ဖို့ပြောပါရစေ။

    ဆီးချိုရှိသူတွေမှာခံစားရနိုင်တဲ့ လက္ခဏာတွေ

    ဆီးချို အမျိုးအစား (၁) ဆီးချိုရောဂါ ရှိသူတွေရော အမျိုးအစား (၂) ဆီးချိုရှိသူတွေမှာရော အခုလိုလက္ခဏာတွေခံစားရနိုင်ပါတယ်။

    (၁) သွေးတွင်းသကြားဓာတ်အရမ်းများတာ၊ အရမ်းနည်းတာ

    ဆီးချိုရောဂါရှိသူတွေအနေနဲ့ အချိုကဲတဲ့ အစားအစာတွေကို အများအပြားစားသုံးမိတာနဲ့ သွေးချိုတက်စေနိုင်တဲ့ အမူအကျင့်တွေကြောင့်သွေးတွင်းသကြားဓာတ်မြင့်တက်တဲ့အခါမျိုး နဲ့လေ့ကျင့်ခန်းတွေလုပ်မယ်။ အစားမစားဘဲနေမယ်၊ လှုပ်ရှားမှုအရမ်းများသွားတဲ့ အခြေအနေတွေကြောင့်သွေးတွင်းသကြားဓာတ်အရမ်းနည်းသွားတဲ့ အခါမျိုးမှာလည်းခေါင်းထဲက မူးဝေပြီး မအီမသာခံစားရနိုင်ပါတယ်။ ဒါကြောင့် ဒီလိုဖြစ်တဲ့အခါသွေးတွင်းသကြားဓာတ်ကို အရင်တိုင်းကြည့်ပြီး လိုအပ်တဲ့ကုသမှုကို ခံယူဖို့လိုပါမယ်။

    လက္ခဏာတွေက

    ဒီအခြေအနေကိုခံစားရတဲ့အခါ

    • စိတ်ရှုပ်ထွေးတာ
    • ခြေလက်တွေထဲမှာ အားမရှိသလိုဖြစ်တာ
    • အမြင်အာရုံတွေဝေဝါးတာ
    • ခေါင်းထဲကမူးတာ
    • တက်တာမျိုးတွေဖြစ်နိုင်ပါတယ်။

    ဘယ်လိုကာကွယ်မလဲ

  • အစားကိုပုံမှန်စားမယ်
  • ဆေးတွေကိုအချိန်မှန်သောက်မယ်
  • ပုံမှန်သွေးချိုတိုင်းမယ်
  • ကိုယ်လက်လှုပ်ရှားမှုလုပ်မယ်စတဲ့နည်းတွေနဲ့ ကြိုတင်ကာကွယ်လို့ရပါတယ်။ ဆရာဝန်နဲ့ပြသပြီး ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုယူတာကလည်း ဒီအခြေအနေကို ကာကွယ်ရာမှာ ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။
  • (၂) အစာခြေချိန်ကြာမြင့်တာ

    ဆီးချိုရောဂါခံစားရသူတွေမှာတွေ့ကြုံရများတဲ့ပြဿနာတစ်ခုက အစာကြေခဲတာပါ။ အစာခြေစနစ်ကကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့် အစာခြေချိန်ကြာမြင့်တဲ့ အခြေအနေတစ်ရပ်ကို ခံစားရနိုင်ပါတယ်။ အစာတွေက အူလမ်းကြောင်းတလျှောက်မှာ ပုံမှန်ထက်နှေးကွေးတဲ့အရှိန်နဲ့ သွားတဲ့အနေအထားပါ။ ဒီအခြေအနေကြောင့် မအီမသာဖြစ်နိုင်ပါတယ်။

    လက္ခဏာတွေက

    ဒီအခြေအနေကို ခံစားရတဲ့အခါ

    • လေပွမယ်
    • ရင်ပူမယ်
    • နည်းနည်းလေးစားမိရင်တောင် ရင်ပြည့်သလိုဖြစ်နေမယ်
    • အစားစားချင်စိတ်မရှိဖြစ်မယ်
    • သွေးတွင်းသကြားဓာတ်အတက်အကျဖြစ်နေမယ်
    • ဝမ်းဗိုက်အပေါ်ပိုင်းကအောင့်နေမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

    ဘယ်လိုကာကွယ်မလဲ

    • နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများ စားပေးပါ။
    • အမျှင်ဓာတ်ကို သင့်တင့်မျှတအောင် စားသုံးမယ်။
    • အစားတစ်ခုခုစားပြီးတိုင်းရေသောက်မယ်။
    • စားပြီးတာနဲ့ ချက်ချင်းလှဲတာမျိုးမလုပ်ပါနဲ့။
    • အစားစားပြီးချိန်မှာ လမ်းလျှောက်တာ၊လေ့ကျင့်ခန်းလုပ်တာမျိုး မလုပ်ပါနဲ့။
    (၃) ပန်ကရိယရောင်ခြင်း

    ပန်ကရိယရောင်ရမ်းတာကြောင့်လည်း မအီမသာခံစားရနိုင်ပါ။ ဒီအခြေအနေက သာမန်လူတွေမျာလည်းဖြစ်နိုင်တယ်ဆိုပေမယ့် ဆီးချိုရှိသူတွေမှာက ပိုဆိုးပါတယ်။

    လက္ခဏာတွေက

    ဒီအခြေအနေကို ခံစားရတဲ့အခါ

    • ဗိုက်အောင့်မယ်
    • သွေးတွင်းကိုလက်စထရောမြင့်မယ်
    • အော့အန်မယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

    ဘယ်လိုကာကွယ်မလဲ

    • အဆီနည်းတာတွေစားမယ်
    • ဆေးလိပ်ဖြတ်မယ်
    • အရက်ဖြတ်မယ်။
    (၄) Diabetic ketoacidosisဖြစ်တာ
    သွေးတွင်းသကြားဓာတ်မြင့်တဲ့အခြေအနေမှာ ခံစားရတဲ့ အခြေအနေတစ်ရပ်ပါ။သွေးတွင်းမှာ အက်ဆစ်ဓာတ်တွေအရမ်းများတဲ့ အခြေအနေတစ်ရပ်ပေါ့။ အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အရေးပေါ်ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ ဒီအခြေအနေကြောင့်လည်း ခန္ဓာကိုယ်မှာ မအီမသာခံစားရနိုင်ပါတယ်။

    လက္ခဏာတွေက

    • မကြာခဏဆီးသွားမယ်
    • ရေအရမ်းငတ်မယ်
    • ဗိုက်ထဲကအောင့်မယ်
    • အာရုံရှုပ်ထွေးမယ်
    • အသက်ရှုရခက်မယ်
    • ခြေကုန်လက်ပမ်းကျမယ်
    • ကြွက်သားတွေကမလှုပ်ချင်ဖြစ်မယ်
    • ချွေးနံ့က အသီးနံ့လိုထွက်နေမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

    ဘယ်လိုကာကွယ်မလဲ

    • ဆေးတွေကိုပုံမှန်သောက်မယ်
    • အစားကို ပုံမှန်စားမယ်
    • အရက်ဖြတ်မယ်
    • ဆေးလိပ်ဖြတ်မယ်
    • တစ်ဆင့်ခံဆေးလိပ်ငွေ့ရှောင်မယ်
    • အာဟာရသင့်တင့်မျှတအောင်စားမယ်။

    အိမ်တွင်းကုထုံးတွေက ဘာတွေများဖြစ်မလဲ…..

    ဒီလိုမျိုးမအီမသာဖြစ်တာတွေကို ခံစားရတဲ့အခါ

    • ချင်း (ဂျင်း) ဝါးစားပေးတာ
    • ပရိုတင်းပြည့်ဝအောင်စားပေးတာ
    • ရေဓာတ်ပြည့်ဝအောင်နေတာ
    • လေ့ကျင့်ခန်းလုပ်တာ
    • အစားစားပြီးပြီးချင်း ခပ်မတ်မတ်လေးထိုင်နေတာ
    • အနံ့ပြင်းတာတွေကိုရှောင်တာတွေက မအီမသာဖြစ်တာကို နည်းစေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement