ကိုယ်ဝန်ရနိုင်လား
အတူနေပြီး condomလဲ သုံးပါတယ်။ဒါပေမဲ့ condomက အခုမှ first time သုံးဖူးတာရယ် အခုမှ ပထမဆုံးအတူတူလိင်ဆက်ဆံဖူးတာကြောင့် condom စ
... ပိုမိုကြည့်ရှုရန်🔥 ရေပန်းစားသောအကြောင်းအရာ
ကိုယ်ဝန်ဆောင်ပြီဆိုရင် လူကြီးတွေက အစပ်မစားနဲ့။ ကလေးမှာ ဆံပင်မပါလာဘဲနေမယ်။ ထိပ်ပြောင်လေးမွေးမယ်။ ဒီလိုလေးတွေ ပြောတတ်တယ်နော်။
တကယ်တမ်း ဒီလိုလေး မွေးလာတော့ မေမေတွေက သူတို့ အစပ်စားမိလို့လားပေါ့။ တချို့မေမေကျတော့လည်း သူလည်း ဘာမှမစားဘဲနဲ့ ကလေးက ဘာလို့ ဆံပင်ပါးရတာလဲဆိုပြီး စိတ်ပူကြပါတယ်။
ကလေးတွေ ဆံပင်ပါးတယ်၊ ထူတယ်ဆိုတာက မျိုးဗီဇနဲ့ပဲ ဆိုင်ပါတယ်။ နောက်ပြီး ကလေးတော်တော်များများက မွေးစကနေ ၆လလောက်ထိဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ကျွတ်တတ်ကြပါတယ်။ ကလေးကို ဆံပင်ထူအောင် ခေါင်းတုံးတုံးပေးတာတွေလည်း မလုပ်ရပါဘူး။ ခေါင်းတုံးတုံးတာက ဆံပင်မသန်စေပါဘူး။ ပြန်ထွက်လာတဲ့ ဆံပင်ငုပ်စိလေးတွေက ကြမ်းနေလို့ ထူတယ်လို့ ထင်ရတာပါ။
နောက်တစ်ခုက အစပ်စားတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာပါးစပ်ပျက်တယ်ဆို အစပ်လေး အချဉ်လေးစားပေးလို့ ရပါတယ်။ အနည်းငယ်လောက်ပေါ့။ ဒါပေမယ့် အလွန်အကျွံစားရင်တော့ ရင်ပူတတ်ပါတယ်။ ဗိုက်အောင့်တတ်ပါတယ်။
ကြည့်ရတာ လူကြီးတွေက အမေတွေကို ရင်ပူတယ် အစပ်မစားနဲ့လို့ ပြောတာ နားမထောင်လို့ ကလေးဆံပင်ပါးမယ်လို့ ခြိမ်းခြောက်ခဲ့သလားပဲ။
မှတ်ချက် 0ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်
ခုကစပြီး သင်ပို့စ်တင်တာ၊ မှတ်ချက်ပေးတာတွေ လုပ်နိုင်ပါပြီ။
ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များနဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေဆီကနေ အကြံဉာဏ်များ ရယူနိုင်ပါပြီ။
သင့်အကြံပြုချက်လိုနိုင်တဲ့ သူတွေအတွက် အတွေ့အကြုံများကို မျှဝေပေးပါ။
အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွပါဝင်ပြီး ပွိုင့်တွေစုခြင်းအားဖြင့် အဖွဲ့အစည်း ကိုယ်စားလှယ်ဖြစ်နိုင်ပါပြီ။