🔥 ရေပန်းစားသောအကြောင်းအရာ

Q. 'ခုတလော လက်ကောက်ဝတ်က တင်းပြီး နာနေလို့ သက်သာအောင် ဘာလုပ်ပေးရမလဲရှင့်။ ဆေးတွေ ဘာတွေရော သောက်ဖို့ လိုမလားရှင့်။'

ဒီမေမေဖြစ်နေတာက လက်ကောက်ဝတ်အကြောညပ်တယ်လို့ ခေါ်တဲ့ Carpal tunnel syndrome ဖြစ်ဖို့ များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ရှူးတွေ ဖောင်းလာပြီး လက်ကောက်ဝတ်က အကြောတွေ၊ အရွတ်တွေကို ဖိလို့ ဖြစ်တာာပါ။ အများစုက ကလေးမွေးပြီးရင် ပြန်သက်သာသွားပါတယ်။

သက်သာအောင် ဘာလုပ်ရမလဲဆိုတော့

  • လက်ကောက်ဝတ်ကို အစွပ်လေးစွပ်ထားပါ။ ဆေးဆိုင်တွေမှာ wrist braceဆိုပြီး မေးဝယ်လို့ ရပါတယ်။
  • ညအိပ်ရင် လက်ကို ဖိမအိပ်ပါနဲ့။
  • လက်လေ့ကျင့်ခန်း လုပ်ပေးပါ။
  • ကွန်ပျူတာာနှိပ်ပြီး အလုပ်လုပ်တဲ့ မေမေဆိုရင်တော့ လက်ကို ပုံစံမှန်အောင်ထားပါ။ မကြာခဏ အနားပေးပါ။
  • သွေးလည်ပတ်မှုကောင်းအောင် လက်သီးဆုပ်လိုက် ဖြန့်လိုက် လုပ်ပေးပါ။
  • အငန်လျှော့စားပါ။ ရေဆွဲပြီးတစ်ရှူးတွေ ပိုရောင်တတ်ပါတယ်။

ဆေးကတော့ ကိုယ်ဝန်ဆောင်ဆိုတော့ များသောအားဖြ့င့်တော့ မပေးပါဘူး။ တကယ်လို့ မခံနိုင်လောက်အောင် နာရင်တော့ သားဖွားမီးယပ်ဆရာဝန်ကို မေးပြီး အနာသက်သာဆေးတွေ သောက်နိုင်ပါတယ်။

Q. 'ခုတလော လက်ကောက်ဝတ်က တင်းပြီး နာနေလို့ သက်သာအောင် ဘာလုပ်ပေးရမလဲရှင့်။ ဆေးတွေ ဘာတွေရော သောက်ဖို့ လိုမလားရှင့်။'Q. 'ခုတလော လက်ကောက်ဝတ်က တင်းပြီး နာနေလို့ သက်သာအောင် ဘာလုပ်ပေးရမလဲရှင့်။ ဆေးတွေ ဘာတွေရော သောက်ဖို့ လိုမလားရှင့်။'
0
16
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်