avatar

စတင်ဆွေးနွေးမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘာလို့ကြက်သွန်ဖြူစားပေးသင့်တာလဲ.....

ကိုယ်ဝန်ဆောင်မေမေတွေကိုဆရာဝန်တွေ တော်တော်များများက ကြက်သွန်ဖြူစားဖို့ တိုက်တွန်းလေ့ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူစားပေးတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေပါတယ်တဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူ စားပေးသင့်တဲ့အကြောင်းအရင်း က ဘာတွေများလဲ တကယ်ပဲ ကြက်သွန်ဖြူက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေလားဆိုတာ ဒီဆောင်းပါးလေးမှာ အတူတူကြည့်လိုက်ရအောင်နော်။

0
17k
မှတ်ချက် 0 ခု
မေမေတို့မှာ ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရလား.....?

ကျန်းမာရေးပြဿနာအခံရှိတဲ့ မေမေတွေမှာ ကလေးယူဖို့ဆိုရင် စဉ်းစားရတဲ့ အချက်တွေက အများကြီးပါ။ဒီအထဲမှာမှ ဆီးချိုရှိနေတဲ့ မေမေတွေ သိချင်နေလောက်မယ့် မေးခွန်းလေးတစ်ခု ဖြစ်တဲ့ ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား ဆိုတဲ့ မေးခွန်းလေးရဲ့ အဖြေလေးကို မနက်ဖြန်တင်မယ့်ဆောင်းပါးလေးမှာ ပြောပြပေးသွားပါမယ်နော်....

မေမေတို့မှာ ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရလား.....?  မေမေတို့မှာ ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရလား.....?  
0
17k
မှတ်ချက် 0 ခု
ဆံပင်တွေ ကျွတ်လာတဲ့ မေမေတို့ ဘာတွေ လုပ်ရမလဲ ...

မေမေတို့ရေ ... မေမေတို့ကလေးမွေးပြီးကာစ နောက်ပိုင်းမှာ ဆံပင်တွေ ကျွတ်လာတာ မေမေတို့ ကြုံတွေ့ဖူးတယ်ဟုတ်။ တချို့ မေမေတွေဆို သိပ်မသိသာပေမယ့် ဆံပင်ရှည်တဲ့ မေမေတွေကျ ဆံပင်ပါးလာတာ ပိုသိသာပါတယ်။ ဒါက ဖြစ်လေ့ရှိတဲ့ သဘာဝမို့ ဆံပင်တွေ ကျွတ်လာတဲ့ မေမေတို့ အရမ်းထိတ်လန့်မသွားပါနဲ့။ ဒီဆောင်းပါးလေး မှာ ပါတဲ့ နည်းလေးတွေလုပ်ကြည့်ရင် အဲဒီအခိုက်အတန့်ကို အလှမပျက်ဘဲကျော်ဖြတ်နိုင်မှာပါ။

2
17k
မှတ်ချက် 0 ခု
ဘေဘီလေးတွေကို ပုံပြင် ပြောပြပါ .... မေမေတို့ရေ

ဘေဘီလေးတွေကို ပုံပြင် ပြောပြပါ။ ဘာကြောင့်လဲဆိုတော့ …….. ပုံပြင်ပြောပြခြင်းက


•ဘေဘီလေးကို လူတော်လူကောင်းလေးတွေ ဖြစ်စေတယ်

•နားထောင်မှု စွမ်းရည် တိုးတက်စေတယ်

•စိတ်ကူးနိုင်စွမ်း ကောင်းစေတယ်

•ဓလေ့ထုံးတမ်းတွေကို နားလည်စေနိုင်တယ််

•လူမှုဆက်ဆံရေး ကောင်းမွန်စေတယ်

•မှတ်ဉာဏ်ကောင်းစေနိုင်တယ်

•သင်ယူမှု လွယ်ကူစေတယ်

•ဝေါဟာရ ကြွယ်ဝစေမယ်

•စိတ်ဖိစီးမှု ပြေလျော့စေတယ်

•EQ ကောင်းစေတယ်


ဘေဘီလေးကို လူရည်ချွန်လေးအဖြစ် ကြီးပြင်းလာစေချင်တယ်ဆိုရင်တော့ ပုံပြောပြဖို့ ပုံပြင် ကောင်းကောင်းလေးတွေကို ရှာဖတ် ထားလိုက်တော့နော် မေမေတို့ရေ.......


ဘေဘီလေးတွေကို ပုံပြင် ပြောပြပါ .... မေမေတို့ရေ  ဘေဘီလေးတွေကို ပုံပြင် ပြောပြပါ .... မေမေတို့ရေ  
0
17k
မှတ်ချက် 0 ခု
မေမေတို့ စိတ်ပူတတ်တဲ့ မီးနေသွေးဆင်းတာက အန္တရာယ်ရှိလား...?

အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်တဲ့အချိန်ကစပြီ မီးဖွားချိန်မှာရော မီးတွင်းမှာရော

တစ်ခါမှမကြုံဖူးတဲ့ ပြောင်းလဲမှုတွေကို ခံစားရတာပါ။ ။ ဒီထဲမှာ မီးနေသွေး ဆင်းတာလည်းပါပါတယ်။ မွေးပြီးခါစမှာ မိခင်တွေက မိန်းမကိုယ်က သွေးဆင်းရင် တစ်ခုခုဖြစ်တယ်ဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သားဦးအမေတွေဆိုရင်ပိုဆိုးပါတယ်။ ဒါကြောင့် မီးနေသွေး ဘယ်လောက်ကြာအောင်ဆင်းမှာလဲ။ အန္တရာယ်ရှိလားဆိုတာကို ဒီဆောင်းပါးလေးမှာ လေ့လာကြည့်ရအောင်။

မေမေတို့ စိတ်ပူတတ်တဲ့ မီးနေသွေးဆင်းတာက အန္တရာယ်ရှိလား...?မေမေတို့ စိတ်ပူတတ်တဲ့ မီးနေသွေးဆင်းတာက အန္တရာယ်ရှိလား...?
0
17k
မှတ်ချက် 0 ခု
မေမေတို့အတွက် မေးမယ် ဖြေမယ်။

ဒီနေ့တော့ ကိုယ်ဝန်ဆောင်မေမေတွေရော၊ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေကြတဲ့ မေေမတို့ရော သိချင်တာ၊ မေးချင်တာလေးတွေ ရှိရင် အောက်မှာ မေးခဲ့ကြနော်။

နောက်ရက်တွေမှာ ပြန်ဖြေပေးပါ့မယ်။

မေမေတို့အတွက် မေးမယ် ဖြေမယ်။မေမေတို့အတွက် မေးမယ် ဖြေမယ်။
1
17k
မှတ်ချက် 0 ခု
မီးနေသည် မေမေ စိတ်ကျခြင်း

ဒီတစ်ခေါက်တော့ ခုတလော hotဖြစ်နေတဲ့ အကြောင်းလေးပြောရအောင် မေမေတို့။


ဒီတလော သတင်းတွေမှာ မီးဖွားပြီးတဲ့ မေမေတို့ စိတ်ကျတဲ့ အကြောင်းလေးတွေ မျှဝေတာ ဖတ်ရမှာပါ။


ဟုတ်ပါတယ်။ ဒီလို စိတ်ကျတာက မေမေတွေ တော်တော်များများမှာ ဖြစ်ပါတယ်။ မွေးပြီး ၁ပတ်လောက်ကနေ နှစ်ပေါက်တဲ့ထိဖြစ်ပါတယ်တဲ့။


သူက အဓိကတော့ ၃ခုရှိပါတယ်။


သာမန် စိတ်ထဲနေလို့မကောင်းတဲ့ Baby bluesရယ်၊

စိတ်ကျတဲ့ Postpartum depressionရယ်၊

စိတ်ဖောက်သွားတဲ့ Psychosisရယ်ဆိုပြီးတော့ပါ။


စိတ်ကျသွားတာ၊ စိတ်ဖောက်သွားတဲ့အခါကျရင်တော့ မေမေတွေက ကိုယ့်ကိုယ်ကိုရော၊ ကလေးကိုပါ

အန္တရာယ်ပေးတတ်ပါတယ်။ ဒါကြောင့် ဒါက အရေးကြီးပါတယ်။


မေမေတို့ကို အကြံပေးချင်တာက


-ကလေးမွေးပြီးရင် စိတ်အပြောင်းအလဲဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ 'ငါ baby blues'ဖြစ်နေပါလားဆိုပြီး

လက်ခံလိုက်ပါ။

ပြီးရင်တော့ ကိုယ်ရောစိတ်ပါသက်သာဖို့


-Me timeလေးတွေထားပါ။ တစ်ရက်ကို ၁နာရီလောက် အေးအေးဆေးဆေး အနားယူပါ။ ဒါမှမဟုတ် လုပ်ချင်တာလေးတွေလုပ်ပါ။ အဲ့ဒီအခ

... ပိုမိုကြည့်ရှုရန်
မီးနေသည် မေမေ စိတ်ကျခြင်းမီးနေသည် မေမေ စိတ်ကျခြင်း
2
17k
မှတ်ချက် 2 ခု
ဂျူးဒိတ်နီးနေတဲ့ မေမေတို့အတွက်

ကိုယ်ဝန်ဆောင်တွေက ဂျုးဒိတ်ရက်အတိုင်း အတိအကျမွေးတာ ရှားပါတယ်။ ဂျူးဒိတ်နဲ့ တစ်ပတ်စော တစ်ပတ်နောက်ကျ မွေးကြတာ များပါတယ်။ ဒီတော့ မွေးရမယ့်ရက်နည်းလာပြီဆိုရင် ဒီလက္ခဏာတွေကို စောင့်ကြည့်နေပါ။ ဒီလက္ခဏာတွေ ပေါ်လာပြီဆိုရင် အထုပ်ဆွဲပြီး ဆေးရုံသာ သွားပါတော့။

-ဗိုက်ထဲက ညှစ်လာမယ်။ ညှစ်တာက ကြာလေလေ ပိုစိပ်လေ ဖြစ်လာမယ်။ ညှစ်အားလည်း ပိုကောင်းလာမယ်။

ပိုပြီးလည်း ကြာကြာညှစ်လာမယ်။ ဒီတော့ မေမေတို့ ကြာလေနာလေပေါ့။

-အချွဲတွေဆင်းလာမယ်။

-ခါးနာလာမယ်။

-ဆီးစပ်ကိုက်လာမယ်။

-အိမ်သာတက်ချင်သလို တစ်စိုစို့ ဖြစ်လာမယ်။

-ရေမြွာပေါက်လာမယ်။

ဒါတွေက ကလေးမွေးတော့မယ် လက္ခဏာပါ။ ဒီလက္ခဏာတွေ ပေါ်လာရင် ကိုယ်မွေးမယ့်ဆေးရုံကို မြန်မြန်သွားကြပါလို့ အကြံပြုချင်ပါတယ်။

ဂျူးဒိတ်နီးနေတဲ့ မေမေတို့အတွက်ဂျူးဒိတ်နီးနေတဲ့ မေမေတို့အတွက်
0
17k
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဒါတွေစားပေးပါနော်....

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ ကောင်းကောင်းမွန်မွန်ကျန်းမာမှ ဗိုက်ထဲက ဘေဘီလေးက ကျန်းမာမှာပါ။ မေမေတို့ကျန်းမာအောင် အရေးကြီးတဲ့ အချက်ထဲမှာ ကိုယ်ခံအားကောင်းဖို့လည်း ပါဝင်ပါတယ်နော်။ ဒါကြောင့် မေမေတို့ ကိုယ်ခံအားကောင်းအောင် ဘာတွေစားရမလဲ ဆိုတာကို ဒီဆောင်းပါးလေးမှာ ဖော်ပြထားပါတယ်နော်....

မေမေတို့ လက်ရှိအားရှိဖို့စားဖြစ်နေတာလေးတွေနဲ့ တူရဲ့လား ကြည့်ကြည့်လိုက်စို့နော်.....

0
17k
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားရမလဲ....?

ကိုယ်ဝန်ဆောင်ချိန်မှာမိခင် ကျန်းမာမှ ဗိုက်ထဲကဘေဘီလေးက ကျန်းမာမှာပါ။ အခုလို ရောဂါပိုးတွေပြန့်နှံ့နေချိန်မှာ ကိုယ်ခံအားကောင်းဖို့ကလည်း အရေးကြီးနေတာဆိုတော့ ကိုယ်ဝန်ဆောင်နေရတဲ့ လေဒီတွေအနေနဲ့ ကိုယ်ခံအားကောင်းအောင် စားသောက်ဖို့

လိုပါမယ်။ ဒါဆို မေမေတို့ ကိုယ်ခံအားကောင်းအောင် ဘာတွေစားရမလဲ ဆိုတာ မနက်ဖြန်ဆောင်းပါးလေးမှာ ဖော်ပြပေးပါမယ်နော်....

မေမေတို့ရော လက်ရှိ ကိုယ်ခံအားကောင်းဖို့ အတွက် ဘာတွေစားဖြစ်ကြလဲ

ဖြေသွားဦးနော်....

ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားရမလဲ....? ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားရမလဲ....? 
0
17k
မှတ်ချက် 0 ခု
အဖွဲ့အစည်းအကြောင်း
ကိုယ်ဝန်ဆောင်ချိန်တလျှောက်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဗိုက်ထဲမှာ နောက်ထပ်သက်ရှိလေးက ကြီးထွားနေပြီး သူလေးကျန်းမ... ပိုမိုကြည့်ရှုရန်

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်