ကိုယ်ဝန်ရှိရင် ရာသီလာလား
မေမေတို့ အားလုံးသိထားတာက ကိုယ်ဝန်ရှိရင် ရာသီမလာတော့ဘူး။ ရာသီထိမ်သွားပြီပေါ့။ ဒါက ဟုတ်ပါတယ်။
နောက်တချို့မေမေတွေကလည်း ရှေ့ရက်တွေမှာ ရာသီလာပြီး ဘာလို့ ခုဆီးစစ်လိုက်တော့ နှစ်ကြောင်းပေါ်တာလည်းလို့ မေးကြပါတယ်။
တကယ်က အဲ့တာ ရာသီလာသွားတာ မဟုတ်ပါဘူး။ သန္ဓေသားလေးက သားအိမ်ထဲကိုတိုးဝင်လာလို့ သွေးနည်းနည်းဆင်းတာပါ။ Implantation bleedingလို့ ခေါ်ပါတယ်။
ကိုယ်ဝန်ဆောင်တိုင်းတော့ မဆင်းပါဘူး။ ပုံမှန်ရာသီလာတာထက်လည်း နည်းပါတယ်။ ရက်ပိုင်းလောက်နေရင် ရပ်သွားပါတယ်။
ဒါကြောင့် ရာသီသွေးဆင်းတာနဲ့ မှားတာပါ။ နဂိုတည်းက သွေးဆင်းနည်းတဲ့သူဆို ပိုပြီးမှားနိုင်ပါတယ်။ တချို့ကလည်း ရာသီလာတာနဲ့ မှားတာကြောင့် ကိုယ်ဝန်ရှိမှန်း မသိလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။