ကိုယ်ဝန်ဆောင်ကျန်းမာရေး

11 ခေါင်းစဉ်များ
12k အပြန်အလှန်
21k အဖွဲ့ဝင်များ
avatar

စတင်ဆွေးနွေးမယ်။

မေးခွန်းလေးတွေ ဖြေဆိုပြီး Gaullac Mom ကိုယ်ဝန်ဆောင်အာဟာရဖြည့်စွက်စာကို လက်ဆောင်ယူကြမယ်

မတ်လ ၈ရက်နေ့က ‘အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့’

ဖြစ်ပါတယ်။ ဒီနေ့မှာ ပုခက်လွှဲတဲ့ မိခင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့

ဆုလက်ဆောင်အစီအစဉ်လေးတစ်ခု စီစဉ်ထားပါတယ်။


အောက်ကလင့်ကနေတဆင့် ကိုယ်ဝန်ဆောင်အာဟာရနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ ဖြေဆိုပြီး Gaullac Mom ကိုယ်ဝန်ဆောင်အာဟာရဖြည့်စွက်စာကို အခုပဲရယူလိုက်ကြရအောင်နော်။


ဖြေဆိုပြီးကြောင်းကို Screenshotရိုက်ပြီး အောက်မှာ မန့်ခဲ့မှ ဆုလက်ဆောင် ရွေးချယ်တဲ့စာရင်းထဲပါမှာ ဖြစ်ပါတယ်။


ဖြေဆိုရန် - https://hellosayarwon.com/bot/guallac_giveaway/


#Hellosayarwon #GaullacMom #Pregnancy_Community #InternationalWomensDay2024

မေးခွန်းလေးတွေ ဖြေဆိုပြီး Gaullac Mom ကိုယ်ဝန်ဆောင်အာဟာရဖြည့်စွက်စာကို လက်ဆောင်ယူကြမယ်မေးခွန်းလေးတွေ ဖြေဆိုပြီး Gaullac Mom ကိုယ်ဝန်ဆောင်အာဟာရဖြည့်စွက်စာကို လက်ဆောင်ယူကြမယ်
6
236
မှတ်ချက် 20 ခု
ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား... ?

ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက် အနေအထိုင် အစစအရာရာ ဂရုစိုက်ရပါတယ်။ ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား …. ဆိုတဲ့ မေးခွန်းလေးအပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ပျားရည်စားတာက မေမေ့ကို ထိခိုက်စေတာမျိုး ရှိလား... ဗိုက်ထဲက ဘေဘီလေးကို ထိခိုက်စေတာမျိုးရှိလား.... စတဲ့ မေးခွန်းများကို အခု ဆောင်းပါးလေး မှာ ဖြေကြားပေးထားပါတယ်။ ဖတ်ကြည့်လိုက်နော်....

0
1
မှတ်ချက် 0 ခု
Implementation bleeding ရက်ကြာခြင်း

Hello Dr ,


ကျွန်မက ကိုယ်ဝန် ၁လခွဲထဲမှာပါရှင့်

လွန်ခဲ့တဲ့ ၁ ပတ်ကနေ စပီး implantation bleeding ပုံစံမျိူး သွေး နည်းနည်းဆင်းပါတယ် လုံးဝ နည်းနည်းလေးပါ အပေါ့သွားပီးမှ သုတ်မှ သိရတာပါ တစ်ချို့ချိန်တွေဆို အတွင်းခံကိုတောင် မပေပါဘူးရှင့်


ကျွန်မ လဲ စာဖတ်ကြည့်တော့ implantation bleeding က တစ်ရက်၂ ရက်ပြင် ပိုမဖြစ်ဘူးဆိုတော့ ကျွန်မ က ခု ဒီနေ့နဲ့ဆို ၈ရက်ထဲ ဝင်ပါပီ အဲ့လို သုတ်မှ ပေလာတယ် daily pad ဆိုလဲ အစက်လေးလောက်ပဲ ပေပါတယ်


OG ဆီ သွားပီးလဲ ပြပီးပါပီ သားအိမ်ခိုင်ဆေးနဲ့ ထိုးဆေး သောက်ဆေး အကုန် ပေးထားပါတယ်


သွေး စဆင်းတဲ့ ရက်နဲ့ ဒီနေ့နဲ့ဆို ၈ ရက်ထဲ ဝင်နေပါပီ


ကျွန်မလို ရက်ကြာတဲ့ သူရှိနိုင်လားရှင့်


လုံးဝ ဘိုက်မအောင့် ခါးရမကိုက်ပါရှင့်


ဘာ နာကျင်မှုမှ မခံစားရပဲ ကလေးက ပျက်ကျနိုင်လားရှင့်


သားဦးမို့ပါရှင့်

0
4
မှတ်ချက် 1 ခု
ကိုယ်ဝန်ရှိ မရှိ သိချင်ပါတယ်ရှင့်

25ရက်နေ့က မေးထားဖူးပါတယ်ရှင့်..ရာသီရက်6ရက်ကျော်ပီးမှ သွေးနည်းနည်းဆင်းပါတယ်ရှင့်..တစ်နေ့ကို ၁စက်၂စက်လောက်ပဲ ဆင်းတာပါရှင့်..၂ရက်လောက် အဲ့လိုမျိုးဆင်းပီး ထပ်မဆင်းတော့ပါဘူးရှင့်..စစ်ကြည့်တော့လဲ ၁ကြောင်းပဲ ပေါ်ပါတယ်ရှင့်..အဒါ ကိုယ်ဝန်ရှိနေတာလား မရှိတာလားရှင့်..အကယ်၍ မရှိဘူးဆိုရင် နောက်လကြ သားဥကြွေရက်ကို သွေးနည်းနည်းစ ဆင်းတဲ့ ရက်ကနေ စရေတွက်ရမှာလားရှင့်😔

0
37
မှတ်ချက် 1 ခု
ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား...?

မေမေတို့ ဘေဘီလေးကို ကိုယ်ဝန်လွယ်ထားတဲ့ ကာလမှာ တစ်ခုခု စားမယ်စဉ်းစားလိုက်တိုင်း တည့်ပါးမလားလို့ စဉ်းစားမိတတ်ကြပါတယ်။ ဒီလိုစဉ်းစားမိတဲ့အထဲမှာ

ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား …. ဆိုတဲ့ မေးခွန်းလေးရော ပါလား။ ဒီမေးခွန်းလေးရဲ့ အဖြေကို မနက်ဖြန်ဆောင်းပါးလေးမှာ ဖြေကြားပေးသွားပါမယ်နော်....

ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား...? ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား...? 
0
17
မှတ်ချက် 0 ခု
သားကြောဖြတ်ခြင်း

ကျန်မက ၃၂နှစ် ဒုတိယမြောက် ရင်သွေး နဲ့ မလို့ သားကြောဖြတ်ခြင်းတာကို လူမှု့ဖူလုံရေး မှ ပြပြီး အလုပ်သမာဆေးရုံမှ မွေးပြီး သာကြောဖြတ်လို့ ရပါသလား ရှင်

0
1
မှတ်ချက် 1 ခု
ကိုယ်ဝန်ဆောင်မေမေများနဲ့ အဖြူဆင်းခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အရင်ကထက် ပိုပြီး အဖြူဆင်းတတ်ပါတယ်။

ခပ်ပျစ်ပျစ်ကနေ အရည်ကျဲအထိ ဆင်းတတ်ပါတယ်။ ဒါက ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တိုင်း ကြုံရတတ်ပါတယ်။

သာမန်အဖြူဆင်းတာကတော့

-ခပ်ကျဲကျဲ ဒါမှမဟုတ် ခပ်ပျစ်ပျစ်

-အဖြူရောင် ဒါမှမဟုတ် နို့နှစ်ရောင်

-ခပ်သက်သက် အနံ့ရှိတတ်ပါတယ်။

သတိထားရမယ့် အဖြူဆင်းတာတွေကတော့

-အရောင်တွေပါလာတာ

-အနံ့ဆိုးတာ

-မိန်းမကိုယ်ယားယံတာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

မေမေတို့ လုပ်နိုင်တာက

-ဆင်းတာများလွန်းရင် Panty linerလေး ခံနိုင်ပါတယ်။

-မိန်းမကိုယ်ကို ရေ ဒါမှမဟုတ် မိန်းမကိုယ် သန့်စင်ဆေးရည်နဲ့ ဆေးပါ။ ဆပ်ပြာနဲ့ မဆေးပါနဲ့။

-အထိုင်မများပါစေနဲ့။ ရေများများသောက်ပါ။

-ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးတွေ သောက်တာ၊ မိန်းမကိုယ်ထဲကို ဆေးတောင့်တွေ ထည့်တာ မလုပ်ပါနဲ့။

ကိုယ်ဝန်ဆောင်မေမေများနဲ့ အဖြူဆင်းခြင်းကိုယ်ဝန်ဆောင်မေမေများနဲ့ အဖြူဆင်းခြင်း
3
66
မှတ်ချက် 0 ခု
ကလေးဘာလို့ပြန်မရသေးတာလဲ

ကျမအသက်၂၇နှစ်ပါ အသက်၂၅နှစ်တုန်းက ကိုယ်ဝန်၆လနဲ့ပျက်ကျဖူးပါတယ် (အသေလေးမွေးတာပါ)ပျက်ကျပီး ၄၅ရက်မာ သုံးလခံတားဆေးထိုးပါတယ် ထိုးဆေးထိုးတာရာသီလာတာမရပ်လို့ နားပီး စားဆေးနဲ့ပြန်စားခဲ့ပါတယ် ကြားထဲမှာ၈လနားထားပါတယ် ၈လနားပီးပြန်သောက်ပါတယ် ခုမသောက်တာ ၆လလောက်ရှိပါပီ ဒါပေမယ့်ကလေးကမရသေးပါဘူး ဘာဖြစ်လို့လဲရှင့် သားအိမ်အားနည်းလို့လား တားဆေးစားတာလွန်သွားလို့လား ပထမကိုယ်ဝန်ပျက်ကျတုန်းကသားအိမ်မခြစ်လိုက်ရဘူးရှင့် ခုလက်ရှိရာသီလာတော့လည်းအတုံးအခဲတွေများနေတယ်ရှင့် အရင်ကနဲ့မတူလို့ပါ ဘယ်ချိန်လောက်စောင့်ရင်နောက်ထပ်ကလေးထပ်ရနိုင်လဲရှင့်

0
31
မှတ်ချက် 1 ခု
ကိုယ်ဝန်ရရှိရေး

ကျမအသက် ၂၉နှစ်တွင် သားဆက်ခြားပစည်း IUCD အား ကလေးမွေးပြိး ၄၅ရက်ကြာ ထည့်ထားပြိး ကလေး၄နှစ်ခွဲ ပြန်ထုတ်ပြိးသော်လည်း ယခု ကလေးအသ် ၇နှစ်ရှိသည် ကိုယ်ဝန်နောက်ထပ် ဘာကြောင့်မရသေးတာလဲ သိချင်လို့ပါရှင့်


0
9
မှတ်ချက် 1 ခု
မေမေတို့ စိတ်ပူတတ်တဲ့ မီးနေသွေးဆင်းတာက အန္တရာယ်ရှိလား...?

အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်တဲ့အချိန်ကစပြီ မီးဖွားချိန်မှာရော မီးတွင်းမှာရော

တစ်ခါမှမကြုံဖူးတဲ့ ပြောင်းလဲမှုတွေကို ခံစားရတာပါ။ ။ ဒီထဲမှာ မီးနေသွေး ဆင်းတာလည်းပါပါတယ်။ မွေးပြီးခါစမှာ မိခင်တွေက မိန်းမကိုယ်က သွေးဆင်းရင် တစ်ခုခုဖြစ်တယ်ဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သားဦးအမေတွေဆိုရင်ပိုဆိုးပါတယ်။ ဒါကြောင့် မီးနေသွေး ဘယ်လောက်ကြာအောင်ဆင်းမှာလဲ။ အန္တရာယ်ရှိလားဆိုတာကို ဒီဆောင်းပါးလေးမှာ လေ့လာကြည့်ရအောင်။

မေမေတို့ စိတ်ပူတတ်တဲ့ မီးနေသွေးဆင်းတာက အန္တရာယ်ရှိလား...?မေမေတို့ စိတ်ပူတတ်တဲ့ မီးနေသွေးဆင်းတာက အန္တရာယ်ရှိလား...?
0
1
မှတ်ချက် 0 ခု
ကိုယ်​ဝန်​ရလိုခြင်း

တစ်​ခု​လောက်​​မေးခွင့်​ပြုပါ ရှင်

အစက ခ​လေးမယူဘူး ဆုံးဖြတ်​ထား​ပေမဲ့ အခု​တော့ စိတ်​​ပြောင်းသွားလို့ တစ်​​ယောက်​​တော့ ယူမယ်​လို့ ဆုံးဖြတ်​ထားပါတယ်​ရှင်​ ဒါ​ပေမဲ့ အရင်​က ယူရင်​ ချက်​ချင်းရမယ်​ထင်​ထား​ပေမယ့်​ အခု 5လ ရှိပြီ ခ​လေးမရ​သေးလို့ ​ဆေး​သောက်​ဖို့လိုလားရှင်​ ဘာ​ဆေး​တွေ​သောက်​ရတာလဲ​နော်​ ဆရာဝန်​က​ကောပြဖို့ လိုလားရှင်​ အသက်​က ၃၈ ပါ😔

0
30
မှတ်ချက် 1 ခု
အဖွဲ့အစည်းအကြောင်း
ကိုယ်ဝန်ဆောင်ချိန်တလျှောက်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဗိုက်ထဲမှာ နောက်ထပ်သက်ရှိလေးက ကြီးထွားနေပြီး သူလေးကျန်းမ... ပိုမိုကြည့်ရှုရန်

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

avatar
Holl Dr

1

20

avatar
Hello Doctor

0

7

avatar
Doctorရှင့်

1

6

avatar
Pregnancy 

0

7

avatar
Hello sayr

1

6

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်