Implantation or Menstrual Period?
6.1.2024မှာရာသီလာခဲ့ပါတယ်။ကိုယ်ဝန်ရချင်သူမို့ဆရာဝန်ပြဆေးသောက်ပြီးသားဥကြွေနိုင်တဲ့ရက်တွေ(15/17/20)မှာအတူနေခဲ့ပါတယ်။ရာသီစက်ဝန်းကရက်အတိအကျမဟုတ်ပေမယ့်26/27/28cycle lengthပါရှင့်။မနေ့(1.2.2024)ညနေ၄နာရီလောက်ကစပီးည၁၀နာရီဝန်းကျင်အထိ သွေးအရောင်ဖျော့ဖျော့စွန်းရုံဆင်းလာပါတယ်။ညအိပ်ချိန်padသုံးပီးမနက်အိပ်ယာနိုးချိန်မှာသာမာန်ရာသီလာချိန်Flowလောက်ဆင်းတာမျိုးမရှိသလိုဗိုက်နာဗိုက်အောင့်လဲမခံစားရပဲအရမ်းပေါ့ပါးပီးနေရအဆင်ပြေနေပါတယ်။အရင်လတွေရာသီစရက်ဆိုမခံနိုင်လောက်အောင်ကိုက်ခဲပီးBreast painပါရတက်လို့Dofenal 250mgသောက်ရတဲ့အထိပါပဲ။ခုကဘာမှမခံစားရပဲသွေးချည်းသက်သက်ဆင်းနေတာပုံမှန်ပဲလားရှင့်။ကလေးယူနေရင်းမရသေးသူမို့ဆရာဝန်ဆီပြန်ပြဖို့လဲစိတ်ဓါတ်ကျနေပါပီ🥺ကျေးဇူးပြုပီးHello Sayarwonမှဆရာ/မများဖြေပေးနိုင်မလားရှင့်🥺🙏















အတူနေတာ ၃ပတ်ပြည့်ရင် ဒါမှမဟုတ် ရာသီရက်ကျော်ရင် ဆီးစစ်ကြည့်လိုက်ပါ။ အဲ့တာ အသေချာဆုံးပါ။